စိတ်ကိုအိမ်သာတက်ခြင်း

              လူ့ဘ၀မှာ အရေးကြီးဆုံးက ဘာလဲ?ငွေကြေး ပိုက်ဆံလား?အာဏာ?အောင်မြင်ကျော်
ကြားမှု့လား?တီထွင်နိုင်မှု့စွမ်းအား?
လူအမျိုးမျိုး စိတ်ထွေထွေဆိုတာမျိုးပါပဲ လက်ချောင်းလေးတွေမတူညီသလို လိုအင်ဆန္ဒတွေလဲဘယ်သူညီနိုင်ပါ့မလဲ။သို့ပေမဲ့လဲ လူသားတိုင်းအတွက် အရေးကြီးဆုံးနဲ့ လူအင်ဆန္ဒထပ်တူကျတာတစ်ခုတော့ရှိတယ် အဲ့ဒါဘာလဲဆိုတော့ ကျန်းမာရေးပါပဲ။ဆင်းရဲသူဖြစ်ဖြစ် ချမ်းသာသူဖြစ်ဖြစ် အုပ်ချူပ်သူကော အုပ်ချူပ်ခံ အတန်းအစားမရွေး ဘာသာမရွေး လူမျိုးမရွေးတောင်းတ လိုချင်တာကတော့ ကျန်းမာရေးကောင်းဖို့ပါပဲ။ကျန်းမာရေးကောင်းမှလဲ လူတွေဟာ စိတ်သွားတိုင်းကိုယ်ပါ လိုချင်တဲ့ခရီး သွားလိုရာပန်းတိုင် ဖြောင့်ဖြောင့်လေးလှမ်းနိုင်မယ်မဟုတ်လား။ကျန်းမာရေးဆိုတာကလဲ ငွေရှိတိုင်းကောင်းနိုင်တာမဟုတ်တဲ့ ဘက်မလိုက်တဲ့အရာဖြစ်နေတော့ ဥစ္စာကံစောင့် အသက်ကို ဥာဏ်စောင့်ဆိုတဲ့ဆိုရိုးစကားပေါ်လာတာပေါ့။ထို့ကြောင့်လူတွေဟာ ကျန်းမာရေးကောင်းဖို့အတွက် ကိုယ်လက်လှုပ်ရှားမှု့တွေလုပ်တယ် ဆေးဝါးတွေမှီဝဲကြတယ် ကိုယ်နဲ့ တည့်မဲ့အစားအစာတွေကိုရွေးစားကြတယ် ဒီလိုနဲ့ကောင်းမာရေးကောင်းအောင်အမျိုးမျိုး ကာကွယ်ခြင်းရင်းနဲ့ကုသခြင်းတွေလုပ်ကြတာပေါ့။အဓိကလုပ်တာကတော့ အစာအိမ်အတွက်ပါပဲ အာဟာရပြည့်ဝတဲ့ အစားအစာတွေစားမှ ကျန်းမာဝဖြိုးအလှတိုးမှာဖြစ်သောကြောင့် ဆေးလဲအစာ အစာလဲဆေးမို့လူတွေဟာ နေ့စဉ်အာဟာရဖြစ်မဲ့အစာကိုစားသုံးကြတယ် အစာမစားရင် အသက်မရှင်နိုင်တာမို့ ကြီးကြီးငယ်ငယ်အားလုံးဟာ အဓိကကျတဲ့ အစာကို စားသုံးကြတယ် အစာကိုစားသုံးပြီး နောက်ဆက်တွဲကတော့ အစာချက်ပြီးရင် လိုအပ်တဲ့အရာတွေ သက်ဆိုင်ရာအစိတ်အပိုင်သို့ပို့ပေးပြီး မလိုတဲ့အရာတွေကိုတော့ မစင်ဆိုပြီးစွန့်ထုတ်ဖို့ အိမ်သာတက်ကြရတာပါပဲလေ။လူတွေအားလုံးဟာ အိမ်သာကို နေ့စဉ် တနေ့တကြိမ်တော့ တက်ကြရတာပဲ တကယ်လို့ တနေ့တကြိမ်မှ ၀မ်းမသွားရင် ဗိုက်ထဲကအောင့်ပြီး မအီမသာနဲ့ နေမထိထိုင်မသာဖြစ်ပြီး အမျိုးမျိုးအိမ်သာတက်ချင်အောင် ဆေးခန်းပြ ဆေးစားနဲ့ အညစ်အကြေးကို အမျိုးမျိုးစွန့်ထုတ်တတ်ကြပါတယ် င်္ဒီလိုစွန့်ထုတ်နိုင်မှလဲ နေသာထိုင်သာရှိပြီး ကျန်းမာရေးကောင်းနိုင်မယ်မဟုတ်လား။ထို့ကြောင်းလူသားတွေဟာ အိမ်သာကို တနေ့တခါတော့အနည်းဆုံးတက်သင့်ပါတယ်။ဆိုလိုသာကတော့ လူတွေဟာ ကျန်းမာရေးအတွက်အိမ်သာရပါမယ်။နောက်တစ်ချက် နှလုံးသားလှဖို့ စိတ်ထားလှဖို့ မကောင်းတဲ့အရာတွေများများမလုပ်ဖို့ ကျန်းမာရေးအတွက် အိမ်သာတက်သလို စိတ်ထားအတွက် လူသားတိုင်း စိတ်ကိုအိမ်သာတက်ခိုင်းရင်ကောမကောင်းဘူးလား။
               စိတ်ကိုအိမ်သာတက်တယ် ဒီလိုပြောရင် ရီစကားများဖြစ်နေမလားမသိဘူးနော် တကယ်တော့ စိတ်ကို အိမ်သာတက်ဖို့လိုမယ်လို့ ကျွန်တော်တော့မြင်တယ် ဘာကြောင့်လဲဆိုတော့ လူတွေဟာ နေ့စဉ်ဝမ်းရေးအတွက် အလုပ်လုပ်ရင်း မကောင်းတဲ့စိတ်တွေ လိမ်ညာတဲ့စိတ်တွေနဲ့ ကိုယ်ခန္ဒာမှာပြည့်နေပါလိမ့်မယ် ဒါကြောင့်နေ့စဉ်မှန်မှန် ညမအိပ်ခင် ၁၀မိနစ်လောက်ထိုင် မျက်စိလေးမှိတ်ပြီး ဒီနေ့ငါဘာတွေကောင်းတာလုပ်ခဲ့လဲ မကောင်းတာတွေကို ဘာလုပ်ခဲ့လဲ ပြန်တွေးပြီး ကောင်းတာလုပ်တဲ့စိတ်တွေကို နှလုံးသားထဲထည့် မကောင်းတာလုပ်ခဲ့တဲ့ စိတ်အညစ်အကြေးတွေကို စွန့်ထုတ်လိုက်မယ်ဆိုရင် မနက်ဖြန်အတွက် ယနေ့ရဲ့စိတ်အညစ်အကြေးတွေကင်းစင်သွားနိုင်ပါတယ်။လူ့ဘ၀မှာ အရေးကြီးဆုံးက စိတ်ကို လွတ်လပ်ပေါ့ပါးပြီး စိတ်ထားလေးဟာ မညစ်နွမ်းပဲ ဖြူစင်နေရင် မြင်မြင်သမျှဟာလဲ အပြစ်ပြောစရာမရှိတဲ့ အသစ်အတိုင်းပဲ မြင်နေပါလိမ့်မယ် ရှင်သန်ခြင်းရဲ့ သက်တမ်းမှာ စိတ်ထားကို မြင့်သထက်မြင့် လှသထက်လှအောင်နေသွားမယ်ဆို၇င် သောကများများ ရောဂါများများနဲ့အထီးကျန်ရင်း ဘ၀ကိုဖြတ်သန်းစရာမလိုတော့ပါဘူး။လူတစ်ယောက်ဟာ အဓိက စိတ်လှဖို့ပါ ရုပ်လှပေမဲ့ စိတ်မလှတဲ့သူကို သင်မြင်ဖူးပါလိမ့်မယ် သူ့အလှဟာသူ့စိတ်ကိုမသိခင် ခဏတာပဲ လှပပြီးတော့ သူ့စိတ်ကို သင်သိရာမှစလို့ သူဟာ ဘယ်တော့မှ သင့်မျက်စိနဲ့ ပတ်ဝန်းကျင်မျက်စိမှာ အကျည်းတန်ရုပ်ဆိုးနေပါ့လိမ့်မည်။ ရုပ်မလှပေမဲ့ စိတ်လှတဲ့ သူကတော့ ဘယ်အချိန်ပဲကြည့်ကြည့် ကြည့်မ၀တဲ့ ပန်းချီးကားတချပ်လိုပါပဲ။စိတ်ဆိုတာ ပြုပြင်ပြောင်းလဲယူလို့ရတဲ့ အရာမို့ စိတ်ကို အမြဲတမ်းဆန်းစစ်ပြီး မကောင်းတဲ့စိတ်တွေကိုထုတ် ကောင်းတဲ့စိတ်တွေကို နှလုံးသားမှာစုပြီး ဘ၀ကို လှပစွာ ကြည်နူးစရာအပြည့်နဲ့ လှမ်းလျှောက်လိုက်ပါ။

             စိတ်ကို အိမ်သာတက်ခြင်းသည် တနေ့ ၁၀မိနစ်လောက်ဆိုပေမဲ့လဲ အကျိုးကျေးဇူးကတော့ ဖော်ပြလို့မရတဲ့ အတိုင်းအသာအထိ သင့်ကို အကျိုးကျေးဇူးပြုပါလိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ဒီတော့  ဒီနေ့မှ စလို့ စိတ်ကို အိမ်သာတက်ကြည့်ရအောင်လား   ။

(မရေးတတ်ပေမဲ့ တွေးစတာလေးကို လေးစားရပါသော သင်ဆရာ မြင်ဆရာ ၀ါသနာတူများကို ရေးချပြတာဖြစ်လို့ အမှားအယွင်းရှိပါက လွင်ပြင်ကို နားလည်ပေးနိုင်ကြပါစေ)

လွင်ပြင်လှိုင်းငယ်

12 comments:

jasmine(တောင်ကြီး) said...

ဖြစ်မှဖြစ်ရလေရှင်
ကောင်းတော့လဲကောင်းပါတယ်
ဟီး

ဘိုဖြူ said...

စိတ်မလှဘူးထင်သူများစိတ်အိမ်သာတက်ကျပါတော့ဗျာ
လုပ်သင့်ပါတယ်
လုပ်နိုင်ရင်ပြောတာပါ

Aung Htut said...

မှန်လိုက်ပ ကိုလွင်ပြင်ရေ... အဟုတ် အဟုတ်ဗျို့. .. ကျွန်တော်လည်း အဲ့ဒီလိုပဲ ထင်တယ်။ ချမ်းသာတာ၊ ဆင်းရဲတာထက် ရောင့်ရဲနိုင်ဖို့ လိုတယ်လို့ထင်တယ်။ မရောင့်ရဲ၊ ကိုယ့်ဘ၀ကို ကိုယ် မပျော်ရွှင်နိုင်တဲ့ လူတစ်ယောက်ဟာ မသေခင်ကထည်းက ဘ၀တစ်ဝက် သေနေသလိုပဲလို့ ထင်တယ်။ သူဘာလုပ်လုပ် ဘာတွေဖြစ်ဖြစ် သူပျော်ရွှင်မှာမဟုတ်ဘူး၊ ကျေနပ်နိုင်မှာမဟုတ်ဘူး။

မဒမ်ကိုး said...

တနေ့ကို ၃ ခါတက်ပါတယ် အိမ်သာပြောပါဒယ်း)

ကိုကိုမောင်(ပန်းရနံ့) said...

ဝမ်းနှုတ်ဆေးစားပြီး အစာပုပ်တွေ အကုန် ထုတ်ပစ်လိုက်ရင် အကောင်းဆုံးပါဘဲ။ ဒီလို အညစ်အကြေးတွေကြောင့် လူ့ဘောင်လောကကြီး ဒုက်ခတွေ များနေရတာ မဟုတ်လား။

ချောကလက်ကျူးပစ်လေး said...

လောလောဆယ်ဝမ်းချုပ်နေတယ်ကိုကြီးရေ

Anonymous said...

ကျွန်တော်တော့ ခဏခဏအိမ်သာတက်တယ်ဗျာ...စိတ်ပြောပါတယ်..ဟီး...
အရင်က လုပ်ဖြစ်ပေမယ့် အခုတော့ အထီးကျန်စိတ်တွေကို မနည်းထိန်းချုပ်ရင်း ပျက်ကွက်နေတယ်..ပြန်လေ့ကျင့်မယ်ဗျို့...

ခင်လျက်
Junemoe

လမင်းငယ် said...

အားသလာက်တော့ လုပ်ဖြစ်ပေမဲ့
အချိန်သိပ်မပေးနိုင်ဘူးကွယ်
ကျေးဇူးတင်ပါ၏

Candy said...

ဟုတ်ကဲ့.. အစ်ကိုပြောသလို စိတ်ကိုအိမ်သာတက်ခိုင်းပါ့မယ် :D

ကိုရင် said...

ခုမှ သတိထားမိတယ်..၀မ်းချုပ်နေတဲ့လူတွေ တော်တော်များကြသားဟ.. :D

♫♪★လွမ်းပိုင်ရှင်★♪♫ said...

အီးးး အီးးးး အီးးးးး ရ၀ူး ဘာဒေလဲတိဝူး ထွက်လာဝူး

mstint said...

ဒီပို့စ်ကို ညကဝင်ဖတ်ပြီးပြီ လွင်ပြင်လေးရေ။
ကွန်မန့်ကိုဘယ်လိုပေးရမယ်မသိလို့ မနက်တစ်ကြိမ်
ပြန်လာဖတ်တယ်။ စိတ်စေတသိတ်နဲ့ပတ်သက်ပြီး
အင်မတန်နက်ရှိုင်းခဲ့သလို အဓိပ္ပာယ်ကျယ်ဝန်းတဲ့
ပို့စ်ထူးထူးဆန်းဆန်းတစ်ပုဒ်မို့ ခေါင်းစားစေတယ်း)
မတင်မကျကွန်မန့်လေးရေးခဲ့တယ်နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

လက်စွမ်းပြနေသူများ

You can replace this text by going to "Layout" and then "Page Elements" section. Edit " About "

Blogger templates

ဆုံဆည်းရာလေး

သူတို့ရဲ့ အမြင်လေးများ

အဖြူရောင်သံဇဉ်

Powered by Blogger.

ရေးခဲ့သမျှ မှတ်တမ်း