စကာလုံးက အမုန်းလား အချစ်လား


ချစ်တယ် ချစ်တယ်နဲ့
လူတွေတော်တော်သုံးတဲ့ စကားပဲ
မြန်မာလိုက အချစ်
တရုတ်တွေက အိုက်တဲ့
loveကို အင်္ဂလိပ်တွေက အချစ်တဲ့
ဒီစကာလုံးတွေ ထုဆစ်ကြည့်ရင်
ဘာတွေတွေ့ရ မြင်ရမလဲ
အဖြေရှာပေမဲ့လဲ
မရေရာတဲ့ ပုဒ်စာအတွက်
ဦးနှောက်ကို အလုပ်ပေး
နှလုံးသားကို အချိန်ပိုဆင်းခိုင်မလို့လား  ။

သေချာနေတဲ့အရာတစ်ခုတော့ရှိတယ်
အချိန်ကြာကြာ နှလုံးသားမှာ
စုဆောင်းတာကော ထပ်လောင်းတာကော
ဖြည့်လေဖြည့်လေ မပြည့်သေးတဲ့
နှစ်ချို့ခံစားချက်အိုးတစ်အိုးတော့ရှိတယ်
အချိန်တိုင်းမြင်ချင်တဲ့ မင်းရဲ့လှတမျက်နှာ
စကားချိုချိုတွေ အိုးမှာအပြည့်ပေါ့
မမြင်ရတဲ့နေ့ရက်ရဲ့ အလွမ်းတွေလဲ
လောင်းထည့်ထားပါတယ်
ဘာပဲလုပ်လုပ်မင်းအတွက်ဆိုတဲ့
မျှော်လင့်ချက်လေးကိုလဲ
သစ္စာရည်နဲ့ သေချာဆေးကျောပြီး
နားလည်မှု့တွေ ဘေးမှာသေချာစီရီ
အိပ်မက်မှာ မင်းအကြောင်းပါရင်တောင်
ဒီအိုးလေးထဲပစ်ထည့်ထားလိုက်တယ်
အကြင်နာဆိုလား ဘာလားတော့မသိဘူး
ဂျင်စင်းထက်တော့ အဖိုးတန်တဲ့
နှုတ်ခမ်းလေးတစ်စုံလဲ နစ်မြုပ်လို့
နံနက်ခင်းရဲ့ ကော်ဖီတစ်ခွက်တောင်မသောက်ရက်လို
မင်းအတွက် ဒီအထဲပဲလောင်းထည့်မိခဲ့တယ်
အရာရာအားလုံး မင်းအတွက်
နှလုံးသားထဲက ဒီအိုလေးမှာရှိတယ်
အိုးလေးကိုနာမည်ပေးရင်
လက်ရှိစကားနဲ့ ချစ်တယ်ပေါ့
မြန်မာစကားတီထွင်တုန်းက
ဒါဟာ အမုန်းဆိုရင် မုန်းတယ်ပေါ့
ဘာပဲပြောပြောပါ
စကာလုံးက အဓိကမကျပါဘူး
နှလုံးသားရဲ့ ခံစားချက်သာ
ပုံဖော်တတ်ရင်
အရာရာပြီးပြည့်စုံတဲ့
ဘ၀တစ်ခုကို မင်းနဲ့ငါပိုင်ဆိုင်ပြီပေါ့  ။

လွင်ပြင်လှိုင်းငယ်

6 comments:

မဒမ်ကိုး said...

ဟုတ်ပါပြီ ဟုတ်ပါပြီ
ပြည့်စုံကြပါစေတော်း)

မောင်ဘုန်း said...

ပြည့်စုံစေ ... သတည်း ....

ဟုတ်ပြီလား

jasmine(တောင်ကြီး) said...

ခု မပိုင်သေးလို့လားရှင်
အဲလိုသာမေးပါရစေတော့ =

လမင်းငယ် said...

အရာရာပြီးပြည့်စုံတဲ့
ဘ၀တစ်ခုကို မင်းနဲ့ငါပိုင်ဆိုင်ပြီပေါ့ ။နော်

June Moe said...

မပိုင်သေးဘူးလား အကိုရ
ပိုင်ပြီမလား..ဟိ
မမ ကမေးနေတယ်.. ပိုင်သေးဘူးလားတဲ့.. :D

ခင်လျက်

ညီရဲ said...

ကဗျာလေး ကောင်းတယ်...
ဟုတ်တယ် တကယ်က ခံစားချက်က အဓိက ကျပါတယ်လေ...
ကျန်တာတွေက သတ်မှက်ချက်တွေပါ...

လက်စွမ်းပြနေသူများ

You can replace this text by going to "Layout" and then "Page Elements" section. Edit " About "

Blogger templates

ဆုံဆည်းရာလေး

သူတို့ရဲ့ အမြင်လေးများ

  • နေမျိုးထက် on blog post_17
    ကြိုက်တယ်ဗျာ
  • Thwin on blog post_11
    လွင်ပြင်+စံပယ်=စံပယ်+လွင်ပြင် ပေါ့..။
  • Thwin on blog post_22
    အိပ်မက်လေး အရမ်းကံကောင်းတာပဲနော်။
  •ွှThwin on blog post_18
    အရမ်းကို အားကျမိတယ်..။ နှလုံးလှဘုရင်မ ကို ပေါ့။
  • Anonymous on blog post_26
    စိတ်ချ အကို ပြောင်းချိတ်လိုက်မယ်။ ကျွန်တော်လည်း ခုမှသိတာ။

အဖြူရောင်သံဇဉ်

Powered by Blogger.

ရေးခဲ့သမျှ မှတ်တမ်း