ကွာရှင်းပြတ်စဲခြင်း


Friends18.com Orkut Scraps
မင်းကိုစတွေ့ကတည်းက
အလှတရားရဲ့ ဆုံးဆည်ရာလေးမို့
တခြား မိန်းကလေးတွေရဲ့
အလှကဗျာတွေကို
မကြည့်ဖြစ်အောင်
ငါ့အသိနဲ့ ငါ့အမြင်မှာ
ဖြတ်ပစ်ခဲ့တယ်  ။

မင်းကို စချစ်ကတည်းက
ငါ့ရဲ့ ရင်ခုန်သံ
အပုပ်အသိုးတွေကို
မြေမြုပ် သင်္ဂြုလ်ပြီး
ရည်စားဟောင်းတွေကို
သူငယ်ချင်းကောင်းအဖြစ်ပဲ
သတ်မှတ်ထားလိုက်တော့တယ်  ။

မင်းကို အိမ်သူသက်ထား
ဇနီးမယားအဖြစ်
ရင်ခွင်နန်းမှာ
ကြင်နာခြင်းတွေ ခြွေရံပြီး
နှလုံးသား ပလ္လင်ထက်
မင်းကို ဘုရင်မမြောက်ပြီးကတည်းက
အပျော်အပါးအတွက်
ဘ၀ပျက်စေမယ့်
ငါ့အကျင့်တွေကိုလဲ ပြင်ခဲ့ပါပြီ ။

ယူရင်တော့ ပြုံးပြီး
တောင်းမယ်ကြံတော့
အလောင်းကောင် တစ်ကောင်လိုရှောင်ရှား
အမှောင်ကြားက သရဲတစ်ကောင်လို သဘောမှာထား
နင့်ကို စိတ်ဆင်းရဲစေပြီး
ငါ့ပိုက်ဆံအိတ်ကို ခင်တဲ့
သူငယ်ချင်းတွေကိုလဲ ဖြတ်လိုက်ပါပြီ ။

မမူးရင် ရေခဲစားပြီး
မွေးဖွားသလားထင်ရတဲ့ ငါက
မူးရင် အရူးတစ်ယောက်တောင်
ငါ့နားမကပ်ချင်အောင် ယစ်တတ်တဲ့
အကျင့်ဆိုးကြားက
မင်းမျက်ရည်ကို မြင်ရတဲ့ ခဏ
သေကောင်ပေါင်းလဲဖြစ်နေအုံးတော့
အရက်နဲ့စပ်တဲ့ဆေးတောင်
ရှောင်ရှားလိုက်ပါပြီ ။

ခုတော့ ဘ၀မှာ
မကောင်းတဲ့ သူငယ်ချင်းတွေကို ကွာ
စိတ်ရိုင်းစိတ်မိုက်တွေကို ရှင်း
ရည်စားဟောင်တွေနဲ့ ပြတ်
သံသရာ အဆက်ဆက်မစဲ
ရွာသွန်းမယ့် အချစ်မိုးရေထဲကို
မင်း ခေါင်းမော့ပြီး လျှောက်လိုက်စမ်းပါ ချစ်သူ  ။

လွင်ပြင်လှိုင်းငယ်

22 comments:

လက်ဝဲ said...

ကွာရှင်းပြတ်စဲ တယ် ဆိုလို့...


နောက်တီးနောက်တောက်နဲ့ ဘာမှန်းလဲ မတိဘူး.. လူဆိုး..

Cameron said...

မိုက်တယ် ...၀န်ခံချက်လေးတွေကို ကဗျာချရေးထားပုံက... နောက်ဆုံးပိုက်လေးတော့ ကြွေချင်းစရာလေးပေါ့...။

မဒမ်ကိုး said...

အင်းကောင်းတယ် ကွာရှင်းပြတ်စဲလိုက် အေးရော ဟိဟိ

ညီရဲ said...

ကွာရှင်းပြတ်စဲခြင်းဆိုလို့ အပြေးအလွှား လာကြည့်ရတယ်... ဘာတွေများ ဖြစ်လဲလို့ ... ဘာမှလဲ ဟုတ်ဘူး... ဒါပေမယ့် ကဗျာလေးကတော့ တော်တော်လေး ကောင်းတယ်...

Thameesan said...

ဝိုးးးးး
ကောင်းလိုက်တဲ့စာသားလေးတွေး)

ချော(အစိမ်းရောင်လွင်ပြင်) said...

မဒမ်လွင်ပြင်လှိုင်းကတော့ ဒီကဗျာဖတ်ပြီး ကြွေသွားမှာ မြင်ယောင်သေးတယ်း))
ကဗျာလေး ကောင်းတယ်

စံပယ်ချို said...

ခေါင်းစဉ်ကြည့်ပြီးလန့်တာဟယ်
ဘုစုခရု ကိုကွာရှင်းပြတ်စဲ မလို့လားလို့
မနိုင်ရင်ဘလော့ဂါ မမညီမတွေခေါ်ပြီးရိုက်ခိုင်းမလို့
တော်သေးတာပေါ့ အရင်မခေါ်မိလို့

အောင်သက်ခိုင် said...

လန်းတယ်ဗျာကဗျာလေးကအားပေးသွားပါတယ်အကို

သိင်္ဂါကျော် said...

လိမ္မာလိုက်တဲ့ ကောင်လေး ပါလား..

ချစ်စံအိမ် said...

လူကိုအလန့်ထန်းလျက်လုပ်တယ်..

ကဗျာလေးကောင်း၏ မကောင်းတာဆိုဖြတ်လိုက်တာ
အကောင်းဆုံးပဲလေ မလိုအပ်တာတွေကိုရှောင်နိုင်မှာ
သာယာတဲ့အိမ်ထောင်ရေးဖြစ်မှာပေါ့...
ပျော်ရွှင်နိုင်ကြပါစေ....

ပျိုးယုဝသုန် (Pyo Yu Wathone) said...

မနက်မိုးလင်းလင်းချင်း မျက်လုံးတောင်ကျယ်သွားတယ်...လန့်သွားတာပဲ..
အလြိုနောက်ရဘူးလေကိုလွင်ပြင်..
ကဗျာလေးဖတ်ပြီးမှ....တော်သေးရဲ့လို့သက်မချနိုင်တယ်..

ခင်တဲ့
ဝသုန်

မိုးသက် said...

ကျွန်တော့်ရင်ထဲက စကားတွေနဲ့တစ်ထပ်တည်းပဲ.။
ရင်ဘတ်နဲ့ဖတ်သွားတယ်အစ်ကို.။

ခရစ္စတလ် said...

သိတယ်လေ လူတွေကို လန့်အောင် ခေါင်းစဉ်ကြီးက :P

ကဗျာလေးကို ထောက်ခံသွားတယ် ဂွတ် :D

ဆူးသစ် said...

မဂျပ်တော့ ပစ်ကြွေပြီ။ လုပ်ထား။ လုပ်ထား။ ကဗျာထဲက အယူအဆတွေကို သဘောကျမိပါတယ်။ စကားမစပ် ကျွန်တော့်ဆီမှာ လင့်ချိတ်ထားတာ ၀ဲလ် စစ်လိုက်တော့ မဲလ်ဝဲ ရှိနေတယ်။ ခဏပြန်ဖြုတ်ထားပါတယ်။ ပြန်စစ်ကြည့်ပါဦးခင်ဗျား။

နွေလ said...

ကဗျာလေးက အရမ်းမိုက်တယ်
ကတိပေးထားတာလေးတွေက
ကြွေလောက်ပါတယ်ဗျာ

ထော်ဦး said...

ဟူး.. လန့် တောင်လန့် မိတယ်
တကယ်များ လင်ခန်းမယားခန်းပြတ်တော့ မလားလို့ 
လူကို ရင်တုန်စေနိုင်အောင် လုပ်ရက်တယ်နော်
ထော်ဦး

မျိုးဆက်သစ်မှတ်တိုင် said...

ကဗျာခေါင်းစဉ်ကြည့်ပီး

စိုးရိမ်စိတ်တွေလွန်ကဲသွားလို့

တော်တော်တွေဝေသွားမိတယ်

နောက်ဆုံးတော့ ...

"ဒါဟာ မိုက်တီးထက် ရိုက်ချက်ပြင်းတဲ့ကဗျာ"

"ပင်လယ်ရေလှိုင်းတံပိုးထန်သွားတဲ့ကဗျာ"အဖြစ်

ကောက်ချက်ချသွားပါတယ်..

ဘလော့ဂါညီကိုမောင်နှမအားလုံးလည်း
ဒီကဗျာထဲကလိုအဖြစ်မျိုး
ဘယ်တော့မှ မကြုံကြပါစေနဲ့လို့
ဆုတောင်းပေးသွားပါတယ်
ကိုလွင်ပြင်ရေ

လေးစားခင်မင်လျှက်

ဆန်းသစ်အောင်

Candy said...

မမဂျက်စ် ခေါင်းအရမ်းမမော့နဲ့နော်.. ရေမွှမ်းမှာစိုးလို့ :P

ဖြိုးဇာနည် said...

မသိလိုက်မသိပါနဲ့ပဲ အဆုံးထိကိုခံစားသွားမိတယ်

နောက်များကြုံရင် ဒါမျိုးလေးဆက် ဆွဲ ပေးပါအုံး

နောက်တစ်ပုဒ်လောက်ပါ

Thiha Lu Lin said...

ရည်စား “ဟောင်” တွေဆိုတာတော့ စိတ်ဝင်စားတယ်။ ဟိဟိ... (နောက်တာ) စာလုံးပေါင်းကျန်ခဲ့လို့....

ရေလည်လန်းတယ် ကဗျာလေးက.. Twist လေးသုံးပြီး ခေါင်းစီးနဲ့ ကိုယ်ထည်ကို ဖန်တီးသီကုံးသွားတယ်။ :)

San San Htun said...

ခေါင်းစဉ်လေးဖတ်ပြီး ရင်ထိတ်သွားတယ်..ဖတ်ပြီးတဲ့အခါမှာတော့ နှစ်သက်စွာ ပြုံးမိသွားတယ်..

ဖြိုးဇာနည် said...
This comment has been removed by the author.

လက်စွမ်းပြနေသူများ

You can replace this text by going to "Layout" and then "Page Elements" section. Edit " About "

Blogger templates

ဆုံဆည်းရာလေး

သူတို့ရဲ့ အမြင်လေးများ

  • နေမျိုးထက် on blog post_17
    ကြိုက်တယ်ဗျာ
  • Thwin on blog post_11
    လွင်ပြင်+စံပယ်=စံပယ်+လွင်ပြင် ပေါ့..။
  • Thwin on blog post_22
    အိပ်မက်လေး အရမ်းကံကောင်းတာပဲနော်။
  •ွှThwin on blog post_18
    အရမ်းကို အားကျမိတယ်..။ နှလုံးလှဘုရင်မ ကို ပေါ့။
  • Anonymous on blog post_26
    စိတ်ချ အကို ပြောင်းချိတ်လိုက်မယ်။ ကျွန်တော်လည်း ခုမှသိတာ။

အဖြူရောင်သံဇဉ်

Powered by Blogger.