ခေါင်းစဉ် တစ်ခုကို အမှတ်မထင်တွေ့လိုက်ရသည် ခေါင်းစဉ်လေးက "ရိုးရိုးလေးပဲချစ်တယ်"ဆိုတဲ့ ကဗျာလေးပါပဲ ဒါနဲ့ ငါ့ကဗျာခေါင်းစဉ်လေးနဲ့ တူပါလားဆိုပြီး ဘယ်သူများရေးထားပါလိမ့် ငါလဲတင်မထားပါဘူး
ခေါင်းစဉ်များတူနေလို့ဆိုးပြီး သိချင်စိတ်များလာတာနဲ့ မီးအိမ်ရှင် ဆိုဒ်လေးသို့ ၀င်လိုက်ရာ ကဗျာလေးက ကျွန်တော့်ကဗျာပါပဲ ဒါပေမယ့် ရေးသားသူနေရာမှာတော့ ထိုဆိုဒ်မှ အက်မင်လုပ်နေသော Maythဆိုသူဖြစ်ပါသည်။ ကော်ပီကူလာသာကိုရေးဖို့များ ကျန်နေတာလားဆိုပြီး ကော့မက်တွေလိုက်ဖတ်လိုက်တော့ ဒီပို့စ်ရေးဖို့ဖြစ်လာတာပါပဲ ကော့မက်မှာ ထိုအက်မင် Myathက ဒီလိုလေးရေးထားပါတယ်
- ရေးသားသူ Mayth 10 hours ago
- ချစ်သူလေးတာပေတူးလေးအတွက်ရေးထား
တာ... အားပေးတဲ့သူငယ်ချင်းမားကျေးဇူးကော့မက်လေးကိုမြင်တော့ တော်တော်စိတ်မကောင်းဖြစ်သွားတယ် ကဗျာကြိုက်လို့ ကူးတင်တာ ၀မ်းသာပေမယ့် သူရေးထားပါတယ်ဆိုပြီး အရှက်တရားကင်းမဲ့တဲ့ သူ့လုပ်ရပ်အတွက် သူ့စာပေအဆင့်အတန်းကို ကျွန်တော်နားလည်ပြီး ပို့စ်အောက်မှာ ယဉ်ကျေးစွာပဲ- ရေးသားသူ လွင်ပြင်လှိုင်းငယ် အခုလေးတင်
- ဒီမှတ်ချက်အားဖျက်မယ်
http://sabailwinpyin.blogspot.
com/2011/10/blog-post_02.html ကဗျာကို ပြန်တင်လိုလျှင်ရေးသားသူနှင့် ဆိုဒ်နာမည်ကို ထည့်သွင်းဖော်ပြပါ ဒီကဗျာကို ကျွန်တော် နိုင်းဆိုဒ်တော်တော်များများနှင့် ကိုယ်ပိုင်ဆိုဒ်မှာတင်ထားသော ကိုယ်ပိုင်ရေးကဗျာဖြစ်ပါသည် ။ကျေးဇူးတင်ပါသည် http://www.edinooyin.com/ forum/topics/4347155:Topic: 3758339 ဒီလိုကော့မက်ရေးပြီး ပင်မစာမျက်နှာကို လျှောက်ကြည့်လိုက်တော့ T0P 10 မှာရိုးရိုးလေးပဲချစ်တယ်လမင်းလေးကောင်မလေး....သို့ (ခေါင်းစဉ် အမှန် ကောင်မလေး) ဆိုတဲ့ ကဗျာတွေကို ထပ်တွေ့ ၀င်ဖတ်ကြည့်လိုက်တော့ အပေါ်က ကဗျာအတိုင်းပဲ သူရေးသားထားသည့်အတိုင်းပဲ ဖောဖောပဲ ကော့မက်တွေရေးထားတယ် ဒါနဲ့ ကျွန်တော်လဲ အပေါ်ကအတိုင်း ကော့မက်ပေးမယ်ဆိုပြီး (စာရေးပျင်းသောကြောင့်)ကော်ပီကူးရန် သွားကြည့်လိုက်တော့ ကျွန်တော်ပေးထားသော ကော့မက်မရှိတော့ပါ ကော့မက်ကိုဖျက်လိုက်ပါပြီ ဒါနဲ့ စိတ်မကောင်းဖြစ်မိနေတုန်း ဆိုဒ်တာဝန်ရှိသူကို အကြောင်းကြားရန် စာရေးပြီး လင့်တွေသွားကူးတော့ အရမ်းတော်တဲ့ အက်မင် စာသူခိုးက ပို့စ်တွေကိုပါ ဖျက်လိုက်ပါပြီအားလုံးကို လမ်းစဖျောက်လိုက်တဲ့သဘောပေါ့ ဒါပေမယ့် သူမသိသေးတာတစ်ခုက ကျွန်တော်ပို့တချို့ကို ကူးပြီး မေလ်းထဲမှာ သိမ်းထားတာဆိုတာပါပဲ။နည်းပညာ ဆင်းရဲသောကြောင့် ကောင်းကောင်းမကူတတ်ပေမယ့် ကူးတတ်တဲ့အတိုင်းပဲ ကူးထားလိုက်ရတယ်။ကျွန်တော် ခံစားရတာကတော့ ကဗျာတစ်ပုဒ်ဖြစ်ဖို့ ကျွန်တော်တို့ အချိန်အများကြီးယူရတယ်အများကြီးခံစားရတယ် ကဗျာလေးတစ်ကြောင်းရဖို့ မအားလပ်တဲ့ကြားက စာရွက်နဲ့ဘောပင်ကိုအိတ်ထဲထည့်ထားပြီး တစ်ကြောင်းရလိုက် တစ်ကြောင်းမှတ်လိုက်နဲ့ ရေးထားတဲ့ ခံစားချက်တွေကို သူ ကတစ်မိနစ်တောင်မကြာပဲ လွယ်လွယ်ကူးပြီး ယူတင်လိုက်တယ် ဘယ်လောက်များ စာပေတန်ဖိုးကို နားမလည်လိုက်လဲ ဒါနဲ့များ အက်မင်လုပ်တယ်တဲ့ တာဝန်ရှိသူကိုပြောတော့လဲ ဘာမှ အရေးမကြီးသလိုပါပဲ။ ကျွန်တော် နိုင်ဆိုဒ်အများကြီးမှာ စာရေးဖူးပါတယ် စာရေးနေပါတယ် ဒီလို ကိစ္စကတော့ အခုမီးအိမ်ရှင်ဆိုဒ်က အက်မင်နဲ့မှ စတင်ကြုံဖူးတာပါ။ထိုအက်မင် စာမျက်နှာမှာ ကျွန်တော်ရှာဖွေခဲ့သမျှ ကျွန်တော့်ကဗျာများမှာစသည့်အနည်းငယ်ကို ရှာဖွေတွေ့ရှိခဲ့ပါတယ် ။ဘယ်လောက်တောင်များကူးပြီ ဘယ်လောက်တောင်ပြန်ဖျက်လိုက်လဲတော့ ကျွန်တော်လဲ မသိပါ။ကျန်နေသေးတဲ့ ကဗျာခေါင်းစဉ်များကို သူမ၏ စာမျက်နှာ နောက်ဆုံးလုပ်ဆောင်မှု့များထဲမှာ ရှာနိုင်ပါတယ်။အားလုံးပဲ မိမိခံစားချက်တွေ အလွယ်တကူ အရှက်မရှိကူးယူနေတဲ့ ရန်မှကင်းဝေးကြပါစေ။အောက်မှာ ကူးထားတဲ့ စာမျက်နှာလေး ဖော်ပြထားပါတယ် ။ရိုးရိုးလေးပဲချစ်တယ်
လေတိုက်လို့ သစ်ရွက်လှုပ်တာလူကြီးခလေးကအစအားလုံးသိတယ်နင်တိုက်လို့ လှုပ်သွားတဲ့ ငါ့နှလုံးသားကတော့ငါနဲ့ ငါနှလုံးသားလေးပဲ သိတယ်အချစ်ဆိုတာ ပြောရလွယ်တဲ့ စကားမှန်အားလုံးသိတယ် အများသုံးကြတယ်ချစ်တယ်ဆိုတဲ့ နင့်ကိုပြောဖို့တော့ကမ္ဘာမှာအကြောက်ဆုံးနင်မုန်းသွားမှာ စိုးလို့ပါပျားဆိုတာ ၀တ်ရည်သုံးဖို့ပန်းကို ခင်တွယ်ကြတာပါပန်းဆိုတာ လူတွေမြတ်နိုးဖို့ခဏတာ ပွင့်ပေးကြတာပါလောကမှာ ချစ်တယ်ဆိုတဲ့စကားဟာတန်ဖိုးထားတတ်တဲ့သူတွေအမြတ်တနိုးပြောကြပေမဲ့အခွန်မဆောင်ရတိုင်းခပ်ပေါပေါပြောတဲ့စကားတိုင်ဟာလဲချစ်တယ်ဆိုတာပါပဲ......ငါနင့်ကို ဘယ်လိုပြောရမလဲအတ္တတွေ မာနနဲ့ တပ်မက်မှု့ဘာတစ်ခုမှ မပါပဲရိုးသားခြင်း ရင်ခုန်သံရဲ့ဘာသာစကားကိုရှင်းရှင်းလေးပဲ ဘာသာပြန်မယ်မှက်ချက်ပေးမယ်။ ။(မှတ်ချက်ပေးရာတွင် ညစ်ညမ်းပုံများ မိုက်ရိုင်းသောစာများမပေးပါရန်မေတ္တာရပ်ခံအပ်ပါသည်)
-
ရေးသားသူ လွင်ပြင်လှိုင်းငယ် အခုလေးတင်
- ဒီမှတ်ချက်အားဖျက်မယ်
http://sabailwinpyin.blogspot.
com/2011/10/blog-post_02.html ကဗျာကို ပြန်တင်လိုလျှင်ရေးသားသူနှင့် ဆိုဒ်နာမည်ကို ထည့်သွင်းဖော်ပြပါ ဒီကဗျာကို ကျွန်တော် နိုင်းဆိုဒ်တော်တော်များများနှင့် ကိုယ်ပိုင်ဆိုဒ်မှာတင်ထားသော ကိုယ်ပိုင်ရေးကဗျာဖြစ်ပါသည် ။ကျေးဇူးတင်ပါသည် http://www.edinooyin.com/ forum/topics/4347155:Topic: 3758339
-
ရေးသားသူ လွင်ပြင်လှိုင်းငယ် အခုလေးတင်
- ဒီမှတ်ချက်အားဖျက်မယ်
http://sabailwinpyin.blogspot.
com/2011/10/blog-post_02.html ကဗျာကို ပြန်တင်လိုလျှင်ရေးသားသူနှင့် ဆိုဒ်နာမည်ကို ထည့်သွင်းဖော်ပြပါ ဒီကဗျာကို ကျွန်တော် နိုင်းဆိုဒ်တော်တော်များများနှင့် ကိုယ်ပိုင်ဆိုဒ်မှာတင်ထားသော ကိုယ်ပိုင်ရေးကဗျာဖြစ်ပါသည် ။ကျေးဇူးတင်ပါသည်
-
ရေးသားသူ ခိုင်သဇင် 42 minutes ago
ကောင်းတယ်
-
ရေးသားသူ လမင်းငယ် 1 hour ago
- မေလေးးးရေးးးးအားပေးခဲ့တယ်နော်း
းးးးးးး ချစ်သူလေးနဲထာဝရပျော်ရွင်စွာလက် တွဲနိုင်ပါစေလိုဆုတောင်းပေးတယ်ေ နာ်းးးးးးးးးးးးးး
-
ရေးသားသူ ဆုလဲ့မင်း** 5 hours ago
- အရမ်းကောင်းတယ်မေလေးရေးးးးးးးးး
းးးးးးး အားပေးသွားတယ်နော် ချစ်သူလေးနဲ့အတူထာဝရပျော်ရွှင်ပါ စေ
-
ရေးသားသူ Mayth 10 hours ago
- ချစ်သူလေးတာပေတူးလေးအတွက်ရေးထား
တာ... အားပေးတဲ့သူငယ်ချင်းမားကျေးဇူး
-
ရေးသားသူ အပြာရောင်ချစ်သူ 10 hours ago
- တောင်တယ်ဝေးးးးအက်မင်မမကတော်တယ်
...နောက်တခါကျရငိမုန်ဝယ်ကျွေး မယ်နော် အခုတော့ ပိုက်ဆံချီးပါနော်..လိုင်းကြေး ပေးဖို့ မရှိလိုပါ..ဟိး..ဟိး...
-
ရေးသားသူ မင်းလွင် 10 hours ago
- အားပေးသွားပါတယ် ခင်ဗျ :)
-
ရေးသားသူ kgma4 10 hours ago
- အ၇မ်းကောင်းတယ်...... အားပေးသွားတယ်နော်...
-
ရေးသားသူ kgma4 10 hours ago
- အ၇မ်းကောင်းတယ်...... အားပေးသွားတယ်နော်...
-
ရေးသားသူ အယ်လေးငယ် 10 hours ago
- လေတိုက်လို. သစ်ရွှက်လုပ်တာ ခလေးလူကြီးအားလုံးသိတယ် နင်တိုက်လို. လူပ်သွားတဲ.ငါ.နှလုံးသားတော. ငါနဲ.ငါ.နှလုံးသားပဲသိတယ် တကယ်ကောင်းတယ် အဲ.စာသာားလေးကြိုက်တယ် မေးလေးချစ်သူအာပေတူးနဲ.အတူ--ပျေ
ာ်ရွှင်ပါစေနော်--သူငယ်ချင်းလေး
လွင်ပြင်လှိုင်းငယ်
အကြောင်းအရာ
ဓါတ်ပုံများ
အဖွဲ့ ဝင်များအားလုံး
-
ဆက်ပိုင်ဖြိုး ရှိနေသည်
-
pusi ရှိနေသည်
ဘလော့အသစ်များ
အကောင်းဆုံးဘလော့
-
17 comments:
နောင်တော် ရေ ... အဲ့လို ပါပဲ ဗျာ ...
online ဆိုတာ စိတ်ကွယ်ရာ အရပ် လို့ ထင်နေကြ ပိုခက်တယ် ဗျာ .. ။
မနေ့က လမင်းကွန်မန့်သွားပေးသေးတယ်
သတိပေးတဲ့အနေနဲ့ပေါ့ မနက်သွားကြည့်တော့မရှိတော့ဘူး ရယ်ချင်တာအရမ်းပဲ
သူလည်းအခုလောက်ဆိုနောင်တရနေလောက်ပါပြီ
လမင်းလည်းစောင့်ကြည့်နေတာ
တောင်းပန်စာများတင်မလားပေါ့
အခုထိတော့တွေ့ သေးဘူး...
အဲသလိုလုပ်တာကောင်းတယ်
ဒယ်ဒီဖားသားးး
ငြိမ်နေမယ်၊မသိဘူးထင်ပြီးအဲသလိုလုပ်တာ
ဒီလိုရေးလိုက်တော့လည်းအားလုံးသိသွားတာပေါ့။
သူပြောကိုယ်ပြောဆိုရင်..
သံသရာရှည်လွန်းပါတယ်လေ..။
ခွင့်လွှတ်ပြီးသားကို.ထပ်ပြီးခွင့်လွှတ်ပေးလိုက်ပါ။
ခုချိန်ဆိုသူ့ခများလည်းဆင်ခြင်မိလောက်ရောပေါ့..။
ကိုယ်တိုင်လည်းကော်ပီသမားဆိုပေမယ့်
မသိတဲ့သူဆိုရင်တော့ ခရက်ဒစ်ပေးပါတယ်။ :D
စိတ်မကောင်းမဖြစ်နေပါနဲ့တော့နော်။
စိတ်ပြေသွားအောင်..
မာမီမားသားကိုဘီဘီတိုက်ခိုင်းလိုက်ပါ။ :P :P
ချစ်ခင်လျှက်..
စိတ်ပျက်တယ် အဲလိုဟာတွေတွေ့ရင် အာရုံနောက်မှနောက်း)))))
ရင်တွင်းကပေါက်ကွဲသံလေးတွေနဲ့အတူ
အရာရာပြီးဆုံးသွားပြီမို့စိတ်ဖြေလိုက်တော့
လွင်ပြင်လေးရေ။
ကြုံရဆုံရဘုံဘဝမှာ လူအမျိုးမျိုးစိတ်အထွေထွေနဲ့
မဟုတ်လား။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
အေးလေနော် ကဗျာတပုဒ်ရေးဖို့က သိပ်မလွယ်ဘူး။ကြိုက်လို့ပြန်လည်မျှဝေမယ် ဆိုရင်လည်း စာရေးသူနဲ့ ဆိုက်လိပ်စာတော့ ဖော်ပြပေးသင့်တယ်။
ကိုလွင်ပြင်ရေ.....ကဗျာတစ်ပုဒ်ဖြစ်ဖို့ဆိုတာ ကဗျာရေးဖို့ ကြိုးစားနေတဲ့သူတွေ ကဗျာဝါသနာရှင်တွေနဲ့ ကဗျာ ရေးနေတဲ့လူတွေ အားလုံး သိကြပါတယ်ဗျာ....တော်တော်ဆိုးတဲ့လူပဲ...ဘာပဲဖြစ်ဖြစ် ကဗျာလေးကိုကြိုက်ရင် Credit လုပ်သင့်တာပေါ့ဗျာ.....ကဗျာရေးသူရဲ့ ကြိုးစားအားထုတ်မှု့လေးကိုတော့ အသိအမှတ်ပြုသင့်ပါတယ်လေ....ခက်တယ်ဗျာ....အွန်လိုင်းမှာကလည်း အဲလိုတွေက နေ့စဉ်နဲ့အမျှ ဖြစ်နေတော့ ....နောက်ကျတော့ရင် မူပိုင်ခွင့်ဥပဒေတွေ ဘာတွေနဲ့ ဆော်လို့ရမယ်ထင်ပါတယ်ဗျာ.....သူကြင်မှ ကိုယ်ကြင်ပေါ့..အစ်ကို့ကိုလည် စာနာပါတယ်....ဒါပေမဲ့ ဒေါသထွက်နေလည်း ကိုဘဲ အကုသိုလ်များမှာလေ....ထားလိုက်ပါတော့ အစ်ကို့ကဗျာလေးတွေကို ဆက်ဆက်အားပေးနေပါတယ်......
ကိုယ်ချင်းစာပါတယ်ဗျာ့
ကျွန်တော်ကတော့ပိုဆိုးတာပေါ့
ဟိုးးးးအရင်ကပါ ရေဒီယိုမှာလာနေတာ
ကျွန်တော့်ဇတ်လမ်းဗျ့ရေးသားသူတွေဘာတွေဝေးရော
တကယ်ကိုစိတ်ပျက်မိတယ်။အခုတွေ့ရရဆဲပါပဲ
ကိုယ်တကယ်ကြိုက်တဲ့စလေးတွေကို နာမည်ပြောင်းပြီး
စကားလုံးနဲနဲပြင်လိုက်ကြတယ် ပြီးတော့သူတို့ရေးတယ်ပေါ့ဗျာ့အင်းပေါ့လေ ကျွန်တော်တို့ကလဲကျွန်တော်တို့ပဲဟာ ဘာန့လြက်ဆုပ်လက်ကိုင်ပြမတုန်း
မူပိုင်ခွင့် တောင်လုပ်ရမလားပဲ
အဲ့ဒီလို လူမျိုး Admin လုပ်နေတာ အံသြတယ်ဗျာ
တကယ်ဆို ကူးတယ်ဆိုရင်လည်း
Credit လုပ်သင့်တယ် မဟုတ်လားဗျာ
အခုဆိုရင် ကျွန်တော်တို့ ရေးထားတဲ့ စာတွေမှာ
ပုံလေးတွေ တင်ချင်တယ်ဆိုရင်တောင်
Photo Credit လုပ်ပေးနေကြရတယ်
ဘာလို့လည်းဆိုတော့
ဖန်တီးလိုက်တဲ့ အနုပညာတစ်ခုမှာ
မူပိုင်ခွင့်ဆိုတာ ရှိတယ်လေ
အဲ့ဒီမူပိုင်ခွင့်ကို အလွဲသုံးစားမလုပ်သင့်ဘူး
ခင်မင်ရပါသော ညီ
နွေလ
အင်း..
ဘလော့ဂ်ကာသမားတိုင်း ဒီလိုပြဿနာမျိုးနဲ့ကြုံနေကြရတာပါပဲ..
ခက်တယ်..း(
စိတ်တိုတယ်အစ်ကိုရာ.တစ်ကယ်ပါ..
ကျွန်တော့်ပို့စ်လဲ ၂ ခုရှိပြီ ဘာမှလည်းမပြောဘူး
ကူးသွာတယ်.။ တဂ်ထားသေးတယ်ရေးပေးဦးအစ်ကို.။
ကိုလွင်ပြင်ရေ...
ရင်ထဲမှာ ပေါက်ကွဲပြီး ရေးလိုက်တာ
ကျေနပ်စရာကောင်းပါတယ်နော်...
ဘယ်လိုပဲဖြစ်ဖြစ်...
သူခိုးဆိုတာ အလစ်သုတ်ပြီး ခိုးယူဖို့ ပဲ ချောင်းမြောင်း
နေတယ်လေ...
အဲဒီအထဲမှာ စာသူခိုးကဗျာသူခိုးတွေက
အဆင့်အတန်း အနိမ့်ကျဆုံး သတ္တ၀ါတွေပါပဲ...
စာတွေ ဒီလောက်ဖတ်လျက်နဲ့  ခိုးတဲ့အကျင့်
မဖျောက်ဖျက်နိုင်တာ တော်တော်အံ့သြဖို့ ကောင်းပါတယ်...
ကျွန်တော်ကတော့ ကိုယ့်စာတွေလာခိုးရင်
လစ်လျူရှုနိုင်အောင် ကြိုးစားပါဦးမယ်...
လောကထဲမှာ အကောင်းနဲ့ အဆိုး တွဲနေမှာပါပဲ
လို့ သိထားရင် စိတ်ဖြေဖျောက်နိုင်မယ်လို့ 
ယုံကြည်လျက်ပါ ကိုလွင်ပြင်ရေ...
ထော်ဦး
ကော်ပီတွေအတွက်ကိုတော့ စိတ်ပျက်တာ အမှန်ပဲ
ကြိုက်လို့ ကူးတယ် မျှဝေတယ် ဆိုတာကို လက်ခံပါတယ်
copy , paste တောင် လုပ်တတ်မှတော့ ခရက်ဒစ်လဲ ပေးတတ်ရမှာပေါ့
လွင်ပြင်ရေ...ဒါမျိုး ကဗျာဆရာဘလော့ဂါ တော်တော်များများကြုံကြတယ်....။ နှိမ်နင်းဖို့နည်းလမ်းကတော့သူတို့လိပ်ပြာသူတို့ ပြန်သတ်ပါလိမ့်မယ်....။ ကိုယ်ပိုင်ဖန်တီးမှုကိုဘာကြောင့် အားထားမှုမပြုသလဲတော့ မတွေးတတ်တော့ပါဘူး...။
ကဲသာကဲ ဒယ်ဒီယောက်ခမရေ..သားသားးကို မွေးစာသမီးပေး
ကိုလွင်ပြင်ရေ စာနာပါတယ်ဗျာ ကျွန်တော့ ကဗျာတွေလဲ ခဏခဏ ခိုးခံရတာပဲ လစ်လျူသာရှုလိုက်ပါ ကဗျာတပုဒ် ဖြစ်ဖို့  ဘယ်လောက်တောင်ပေးဆပ်ခဲ့ ရသလဲဆိုတာ ကဗျာသူခိုးတွေ နားမလည်တာ အံ့သြပါတယ်
ခိုးလိုက်တာကတော့ လွယ်လွယ်လေးပေါ့
ဒါပေမယ့် ကဗျာရဲ့ ခံစား ချက်နဲ့ အနှစ်သာရ က သူတို့ ရင်ထဲံမှာမရှိပါဘူး ကဗျာဖန်တီးတဲ့သူရဲ့ ရင်ထဲမှာပဲ ရှိပါတယ် ... ဥပေက္ခာစိတ်ပဲ မွေးလိုက်ပါတော့ ဗျာ
ခင်တဲ့  မိုးသူ(တောင်ကြီး)
cbox လေးမတွေ့လို့ဘလောက်လေးကတော့လန်းတယ်နော်...
Post a Comment