သူ့အတွက်သာ


အသည်းတစ်ခြမ်းလဲ
လောင်ကျွမ်းပါစေ
အသည်းတစ်လုံးလဲ
ဆုံးရှုံးပါစေ
မုန်းမရအောင်
ချစ်ရသူမို့
သူ့အပြုံးကို
သောက်သုံးပြီး
အသက်ဆက်နေသူပါ  ။

ဝင်သက် ထွက်သက်ကြောင့်
အသက်ရှင်နေတာလား
အသက်ရှင်နေလို့
ဝင်လေ ထွက်လေဆိုတာ ရှိတာလား
ဒါတွေ ခေါင်းရှုပ်ခံပြီး
မတွေးတော့ပါဘူး
သေချာတာ တစ်ခုပဲပြောမယ်
ဝင်သက် ထွက်သက်တိုင်းမှာ
သူ့ကို ချစ်ခြင်းတွေကြီးပဲရှိတယ်   ။

အာဒံက ပန်းသီးလေးတစ်ခြမ်းပဲကျွေးပြီး
ရွေးစရာလူမရှိလို့ ဧ၀ကို ချစ်ခဲ့တာပါ
ကျွန်တော်ကတော့ သန်းပေါင်းများစွာထဲက
နှလုံးသားကရွေးတဲ့ သူ့ကို
အသည်းနှလုံးတစ်ခုလုံး
လိုရာသုံးဖို့ပေးပြီး ချစ်ခဲ့တာပါ  ။

အချစ်အတွက် အသက်ပေး
ကျန်နေသူမှာ မျက်ရည်မီးတွေနဲ့
အသိတရာကင်းစွာ ထားခဲ့တတ်သူကို
ကျွန်တော် အထင်မကြီးတတ်ပါ
မရှိရင် ရှိအောင်လုပ်
အေးနေရင် အနွေးဓါတ်ပေး
မျက်ရည်တွေ မလျှံကျစေဖို့
ထွက်ခွါရင်တောင်
တစ်ချိန်တည်းဖြစ်ချင်သူမို့
အိပ်ယာဝင်တိုင်းဆုတောင်းခဲ့တာ
ညပေါင်းများစွာပါ  ။

(အိပ်မက်လေးသို့ ရည်ရွယ်ပါသည်)

လွင်ပြင်လှိုင်းငယ်



20 comments:

ရင်ဆူး said...

ကိုလွင်ပြင့်ကဗျာလေးမိုက်တယ်ဗျာ.........ရေးတတ်ပါ့....အားပေးခံစားသွားပါတယ်ဗျာ......

Snow May said...

ကဗျာလေးအရမ်းကောင်းတယ်.. အားပေးသွားပါတယ်

အောင်သက်ခိုင် said...

ကဗျာလေးအရမ်းလန်းတယ်အကိုရေ
စာသားလေးတွေကအရမ်းကိုအနှစ်သာရရှိတယ်
အားပေးသွားပါတယ်ဗျာ

ဖြိုးဇာနည် said...

အင်မတန်နူးညံ လွန်းတဲ့ စာသားတွေပါလား

Cameron said...

“ထွက်ခွါရင်တောင်
တစ်ချိန်တည်းဖြစ်ချင်သူမို့
အိပ်ယာဝင်တိုင်းဆုတောင်းခဲ့တာ
ညပေါင်းများစွာပါ”
အဲဒီနေရာလေးအကြိုက်ဆုံးပဲ.....း) မိုက်တယ်...။

Anonymous said...

အိမ်မက်လေးတဲ့..သားတို့ လို ကလေးအတွက်လည်း လုပ်ပါအုံး

စံပယ်ချို said...

မောင်တစ်လုံးရေ
ကလေးတွေက အများကြီးချစ်လို့ရသေးတယ်လေ
များတို့က မရဘူး အဲတာကြောင့်လေ

ချစ်စံအိမ် said...

မောင်တလုံးအရေးထဲသူကပါသေးတယ်
သက်ဆုံးတိုင်ချစ်နိုင်ကြပါစေ
ပျော်ရွှင်သောဘ၀ခရီးလမ်းလျှောက်လှမ်းနိုင်ပါစေ

မျိုးဆက်သစ်မှတ်တိုင် said...

ရင်ထဲက ခံစားချက်တွေကို ကဗျာအဖြစ်
ဖန်တီးထားတာ တော်တော်ပီပြင်ပေစွ..

ဆင်တဲကဖေး said...

အသည်းတစ်ခြမ်းလဲ
လောင်ကျွမ်းပါစေ
အသည်းတစ်လုံးလဲ
ဆုံးရှုံးပါစေ
မုန်းမရအောင်
ချစ်ရသူမို့
သူ့အပြုံးကို
သောက်သုံးပြီး
အသက်ဆက်နေသူပါ ။
အတွေးအရေးလေး လန်းလိုက်တာ...
အားပေးလျက်

ချော(အစိမ်းရောင်လွင်ပြင်) said...

ကဗျာလေးက သိပ်ကောင်းတယ်လို့ အိပ်မက်လေးက မပြောဘူးလား...
အတွေးရော အရေးပါ ကောင်းလိုက်တာ

Thiha Lu Lin said...

အဲဒီလိုအချစ်မျိုးလေး လိုချင်လိုက်တာ။ ကဗျာလေးကို အရမ်းသဘောကျနေတယ်။ :)

နွေလ said...

အိမ်မက်လေးအတွက် အသက်ဆက်နေသူ
ကိုလှိုင်းရေ . . .
အိမ်မက်လေးတော့
ဒီကဗျာလေးကို ဖတ်ပြီး
ဝမ်းသာကြည်နူးပီတီတွေဖြာနေမှာပဲ
ရေးတတ်ပါပေတယ်

မိုးသူ(တောင်ကြီး) said...

အေးနေရင် အနွေးဓါတ်ပေး
မျက်ရည်တွေ မလျှံကျစေဖို့
ထွက်ခွါရင်တောင်
တစ်ချိန်တည်းဖြစ်ချင်သူမို့
အိပ်ယာဝင်တိုင်းဆုတောင်းခဲ့တာ
ညပေါင်းများစွာပါ ။

အဲဒီစာသားလေးကြောင့်ချစ်သူကို
ဖွဖွလေးလွမ်းသွားတယ်ဗျာ

ပဥာက် said...

ကိုမင်းအောင်သီချင်းပဲဆိုသွားတော့မယ်..ချစ်နိုင်သူတွေချစ်ကြပါကြိုတ်ကြပါ..ဟဲဟဲဟဲ...

Anonymous said...

ဟင်းးးးးးးးးးးးးးးးးးးးး
(သက်ပြင်းရှည်ချသံ) :P :P
များတကာတွေများ ချစ်တတ်လိုက်ကြတာ :)

ကြယ်ပြာ said...

ကဗျာက မိုက်လှချေလား ....

မောင်မောင် said...

ကဗျာလေး ကောင်းတယ်ဗျာ။ ချစ်တတ်တယ်နော် အစ်ကိုက ။ အစ်မလည်း ကံကောင်းပါတယ်။

ငြိမ်းစိုးဦး said...

အနာဂတ်အိပ်မက်တွေ လှပပါစေ ...

Thwin said...

အိပ်မက်လေး အရမ်းကံကောင်းတာပဲနော်။

လက်စွမ်းပြနေသူများ

You can replace this text by going to "Layout" and then "Page Elements" section. Edit " About "

Blogger templates

ဆုံဆည်းရာလေး

သူတို့ရဲ့ အမြင်လေးများ

  • နေမျိုးထက် on blog post_17
    ကြိုက်တယ်ဗျာ
  • Thwin on blog post_11
    လွင်ပြင်+စံပယ်=စံပယ်+လွင်ပြင် ပေါ့..။
  • Thwin on blog post_22
    အိပ်မက်လေး အရမ်းကံကောင်းတာပဲနော်။
  •ွှThwin on blog post_18
    အရမ်းကို အားကျမိတယ်..။ နှလုံးလှဘုရင်မ ကို ပေါ့။
  • Anonymous on blog post_26
    စိတ်ချ အကို ပြောင်းချိတ်လိုက်မယ်။ ကျွန်တော်လည်း ခုမှသိတာ။

အဖြူရောင်သံဇဉ်

Powered by Blogger.