အပိုကြီးမဟုတ်တဲ့ အပျိုကြီး

တစ်ကိုယ်တည်းနေလို့
အပျိုကြီးတဲ့လား
အပိုကြီးဖြစ်နေတဲ့
ကလေးမတွေ ဒုနဲ့ဒေးပါ  ။

မချစ်တတ်လို့ အချစ်ငတ်နေတယ်မထင်နဲ့
အသစ်အပ်ဖို့ ရင်တစ်စုံအပိုမပါလို့
ကြုံချစ်တွေကို ယုံပစ်ပြီး
ထုံထိုင်းနေတဲ့ နှလုံးသားနဲ့
ပုပ်ပွနေတဲ့ အချစ်တစ်ခုတော့
ဘယ်သူ့ကိုမှ မပေးချင်လို့
အပျိုကြီးဆိုတဲ့ နာမည်ပဲ
ကျေနပ်စွာ ခံယူထားတာပါ  ။

နာမည်ဆိုးပေမယ့်
အသံအမျိုးမျိုးကြားက
ဟို ကောင်မလေးက ရှုပ်လိုက်တာ
အသက်လေးမှ အားမနာ ဆိုတဲ့
အပျိုလေးတွေကို
အဌေးတင် အထင်သေး
အသံဆိုးတွေတော့
မကြားရတာ အပျိုကြီးတွေပါ  ။

အပျိုကြီးဆိုတာ
မယိုစီးတဲ့ သိက္ခာ
ရင့်ကျက်တဲ့ အတွေးအခေါ်
မြင့်မြတ်တဲ့ စိတ်ထား
အပြောမချိုပေမယ့်
သဘောဖြူသူတွေမို့
လူပုံအလယ်မှာ
အပျိုကြီးရယ်လို့ ကြွေးကြော်ရဲတာ
အပျိုကြီးတွေပါ  ။

(သူငယ်ချင်း အပျိုကြီးများအတွက် ရည်ရွယ် ဂုဏ်ြပုပါသည် အမှားအယွင်းရှိပါက စေတနာထား ရေးသားသောကြောင့် အမိုက်အမဲလေးကို နားလည်ပေးနိုင်ကြပါစေ)

လွင်ပြင်လှိုင်းငယ်

8 comments:

မိုးသက် said...

ဟဟ.. သူကတော့ကျွတ်သွားပြီဆိုတော့ သူများကိုလိုက်စနေတယ် အစ်ကို..။
ဖြစ်ပါဘူး.။ ကျွန်တော်တို့လည်း လူပျိုကြီးကဗျာမထွက်ခင်.လှုပ်ရှားမှနဲ့တူတယ်.။

စံပယ်ချို said...

ဒါဆိုရင်များလဲ လူပျိုကြီးကဗျာရေးမှထင်တယ်

Anonymous said...

အဟမ်း..အဟမ်းး))

ချစ်စံအိမ် said...

အပျိုကြီးတွေအတွက်ရေးပေးလို့ ကျေးဇူးတင်ပါတယ်

Cameron said...

ကျေးဇူးတင်ရမလား လာရိုက်ရမလား လွင်ပြင်....။ ကဲ ...ဂျက်ရေ..လူပျိုကြီးကဗျာကို အမြန်ဆုံးသာအကောင်ထည်ဖော်တော့...။

မောင်ဘုန်း said...

ဟုတ်ပ ..ဟုတ်ပ .. လူပျိုကြီး ကဗျာ လေးကို စောင့်နေမယ် ဗျာ ...

ဟန်ကြည် said...

ဟိုက်ရှားဘားစ်...တကယ်မိတဲ့ အပျိုကြီး ကဗျာပေပဲ...နဘေလေးတွေ ချိတ်ထားလိုက်တာများ အံကိုကျလို့...အိမ်း...အနှာကိုက အပျိုကြီးတွေရဲ့ ဖြေဆေးပေပဲကိုး...း)

mstint said...

ဒီလောက်ထိထိမိမိကဗျာလေးဖတ်ရတာပေမယ့်
လမ်းသွားရင်သံခမောက်တော့ဆောင်းသွားနော်း)
အန္တရာယ်များတယ်း))
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

လက်စွမ်းပြနေသူများ

You can replace this text by going to "Layout" and then "Page Elements" section. Edit " About "

Blogger templates

ဆုံဆည်းရာလေး

သူတို့ရဲ့ အမြင်လေးများ

  • နေမျိုးထက် on blog post_17
    ကြိုက်တယ်ဗျာ
  • Thwin on blog post_11
    လွင်ပြင်+စံပယ်=စံပယ်+လွင်ပြင် ပေါ့..။
  • Thwin on blog post_22
    အိပ်မက်လေး အရမ်းကံကောင်းတာပဲနော်။
  •ွှThwin on blog post_18
    အရမ်းကို အားကျမိတယ်..။ နှလုံးလှဘုရင်မ ကို ပေါ့။
  • Anonymous on blog post_26
    စိတ်ချ အကို ပြောင်းချိတ်လိုက်မယ်။ ကျွန်တော်လည်း ခုမှသိတာ။

အဖြူရောင်သံဇဉ်

Powered by Blogger.