တိမ်ရဲ့ အိန်ဂျယ် (ဘလော့ဂ်ဂါ မိုးငွေ့အတွက် မွေးနေ့ကဗျာလက်ဆောင်)

ဟေမန် သခင်
ဆောင်းနှင်းတွေလဲ
ပြေးထွက်ခဲ့ပြီ
ဂိန်မန် အရှင်
အိန်ဂျယ်လေးလဲ
လေးရူးနဲ့ အတူ
ပိတောက်တွေဖူးပွင့်မယ့်
ဒီရာသီမှာ
နှင်းရည်လဲမသောက်
မိုးရဲ့ အငွေ့အသက်
မိုးစက်များနှင့်အတူ
ပူလောင်သူကို အေးချမ်းပေး
ဆောင်ယူလာတာ
လေပြေ အေးမို့
တိမ်တို့ သခင် အိန်ဂျယ် သင့်က
ပန်းစံပယ်နှင့်အတူ
လမ်းသွယ်တွေပါမကျန်
ဝေဟင်မြင့်ထက်
လွင်ပြင်ကိုကျော်
ပင်လယ်ဆီသို့
ဂုဏ်သတင်းတွေ မွေးပျံ့
အောင်မြင်ခြင်းတွေ
အတောင်တပ်ပြီး
တိမ်တွေကိုစီး
အိန်ဂျယ်တပါးလို
ဒီကမ္ဘာကို
အေးချမ်းမှု့တွေ
ဖြန်းပက်ပေးပါ
မိုးစက်သခင်
မိုးငွေ့ရှင်ရယ်။

(၁ရ.၃.၂၀၁၂ မှာ ကျရောက်သော ဘလော့ဂ်ဂါ မိုးငွေ့၏ မွေးနေ့ပွဲအတွက် ကဗျာလက်ဆောင်)

လွင်ပြင်လှိုင်းငယ်

9 comments:

ချစ်စံအိမ် said...

မိုးငွေ့ရေ မွေးနေ့ကိုပျော်ရွှင်စွာမြတ်သန်းနိုင်ပါစေ

Cameron said...

နက်ဖြန်မှတင်မယ်ထင်နေတာ လွင်ပြင်က အစောကြီးတင်ပေးလိုက်တယ်...။ ကျေးဇူး....ခုလို မွေးနေ့ကို ကဗျာလေးရေးပေးတဲ့အတွက် မွေးနေ့ရှင်ကပြန်ဆုတောင်းပေးပါတယ်...။ လွင်ပြင်နဲ့ဂျက်တို့ အလွမ်းတွေဝေးလို့ သက်ဆုံးတိုင် မခွဲအတူချစ်ခင်ကြင်နာနိုင်ကြပါစေ...။

ချစ်တဲ့
မိုးငွေ့

စံပယ်ချို said...
This comment has been removed by the author.
သမီးစံ said...

ပျော်ရွှင်စရာ မွေးနေ့ပေါင်းများစွာကို
အမြဲ ပိုင်ဆိုင်နိုင်ပါစေရှင်..။

စံပယ်ချို said...

ဘုစုခရုလဲ လာရောက်ဖတ်ခဲ့ပါပြီ
ရေးတဲ့သူရော မွေးနေ့ရှင်ပါ
ပျော်ရွှင်ပါစေ

Anonymous said...

Happy Birthday~!
Wish you health and happiness~! :)))

Cameron said...

အော်...ငါ့သားတွန်လေးပျောက်နေတာဆို ဒီမှာ အမေ့ကို လာဆိုတောင်းပေးနေတာကိုးး

အဖြူရောင်နတ်သမီး said...

မွေးနေ့မှာ ကဗျာလေးတွေနဲ့ ချစ်မ ပျော်ရွှင်ပါစေရှင်..
မွေးနေ့ရှင်နဲ့အတူ ကဗျာရှင်လေးလည်း ပျော်ရွှင်မှုတွေကူးစက်ပါစေလို့..
HAPPY BIRTHDAY.. My Love CORAL..

မောင်(စွယ်စုံကျမ်း) said...

မွေးနေ့ ရှင်နှင့်အတူ..ယောက်ခမလည်း ပျော်ရွှင်ပါစေနော်

လက်စွမ်းပြနေသူများ

You can replace this text by going to "Layout" and then "Page Elements" section. Edit " About "

Blogger templates

ဆုံဆည်းရာလေး

သူတို့ရဲ့ အမြင်လေးများ

  • နေမျိုးထက် on blog post_17
    ကြိုက်တယ်ဗျာ
  • Thwin on blog post_11
    လွင်ပြင်+စံပယ်=စံပယ်+လွင်ပြင် ပေါ့..။
  • Thwin on blog post_22
    အိပ်မက်လေး အရမ်းကံကောင်းတာပဲနော်။
  •ွှThwin on blog post_18
    အရမ်းကို အားကျမိတယ်..။ နှလုံးလှဘုရင်မ ကို ပေါ့။
  • Anonymous on blog post_26
    စိတ်ချ အကို ပြောင်းချိတ်လိုက်မယ်။ ကျွန်တော်လည်း ခုမှသိတာ။

အဖြူရောင်သံဇဉ်

Powered by Blogger.