တန်ဖိုး(လူပျိုကြီးများအား ဂုဏ်ပြုခြင်း)

         လူပျိုကြီး လူပျိုကြီးနဲ့ ခေါ်လိုက်ကြတာ တော်တော်သဘောတွေ့နေကြတယ်ထင်ပါရဲ့။ 
ခေါ်တာကတော့ လွယ်ပါတယ် အခေါ်ခံရတဲ့သူရဲ့ တန်ဖိုးကော နားလည်ကြရဲ့လားမသိဘူး။
 လူပျိုကြီးတစ်ယောက်ဖြစ်ဖို့တန်ဖိုးဘယ်လောက်ကြီးမာတယ်လူပျိုကြီးတစ်ယောက်ဖြစ်ဖို့ဘယ်လောက်ပေးဆပ်ခဲ့ရတယ် လူတွေကြားမှာ နားလည်နိုင်မှု့စွမ်းအားတွေ ဘယ်လောက်ထုတ်သုံးခဲ့ရတယ်ဆိုတာ လူကြီးကြီးမဟုတ်တဲ့သူတွေမသိပါဘူးလေ။အိမ်ထောင်ကျသွားတဲ့သူတွေသာ ရာထူးတွေမြင့်မြင့်လာတတ်ပေမဲ့ လူပျိုကြီးထပ်တိုးခေါ်လိုက် လူပျိုသိုး ဒီနှစ်မျိုးပဲသုံးလို့ရမယ် အိမ်ထောင်ကျတဲ့ ယောကျာ်းတွေကတော့ စစချင်း အိမ်ထောင်သည်
မိန်းမ နောင်လင်ယူရင် တခုလပ် မိန်းမသေသွားရင် မုဆိုးဖို မိန်းမနောက်လင်ယြူပီးသေသွားတော့ တခုလပ်မုဆိုးဖိုး ကလေးမွေးပြီး မိန်းမနောက်လင်ယူ ကလေးကျန်ခဲ့ရင် သားတစ်ယောက်တခုလပ် မိန်းမက ကလေးထားပြီးသေသွားရင် သားတစ်ယောက်မိဆိုးဖို အမျိုးမျိုးရာထူးတွေတိုးနေကြတာလေ မိန်းမ နောက်လင်ယူရင်လဲ လင်ကြီးဆိုတဲ့ ဂုဏ်လေးလေချန်ထားလို့မရဘူး။
 လူပျိုကြီးတွေရည်စားထား သဘောထားမတိုက်ဆိုင်လို့ ပြတ်ကွဲ နောက်တစ်ယောက်ထား လူတွေဘာမှမပြောဘူး အိမ်ထောင်သည် အသစ်တွေ့လို့ ချစ်မယ်မပြင်နဲ့ မယားငယ်နေတဲ့သတင်း ၀က်ဝက်ကွဲဖို့သာပြင်ထားပေတော့ ဒီလိုဒီကြောင်း
အကြောင်းစုံကို ရောင်းကုန်ထက် တွက်တဲ့နေရာမှာ တော်လို့ အပူမရှာပဲ လူတကားတွေ့ရဲ့ နှုတ်ဖျားက လူပျိုကြီးဆိုတဲ့ ခေါ်သံပဲ ပိတိပွားပြီး ဒီအချိန်ထိတောင် ဂုဏ်ရှိန်မြင့်ခဲ့ရတာပေါ့။

           မရလို့မယူတာမဟုတ်ဘူး ယူတာမရလို့ မာန်မာနနဲ့အသက်ဆက်ပြီး ဟိုတစ်ယောက်ကိုမရလို့လေ မိန်းမရပြီးရောဆိုပြီးဒီတစ်ယောက်ကိုယူခဲ့တာလို့ပတ်ဝန်ကျင်းကိုအကြောင်းအရာတစ်ခုအတွက် ရောင်းစရာတွေများများထွက်မှာစိုးလို့
သစ္စာတရားကို နှလုံးသားတံခါးဝမှာချိတ်ပြီး မင်းမှမရရင် အကျဉ်းသားဘ၀(အိမ်ထောင်ကျသည်ကိုဆိုလိုသည်)ကိုလုံးဝမခံယူဘူးလို့ ကြွေးကြော်ရဲတဲ့ ဇာနည်ယောက်ျား သူရဲကောင်းတစ်ပါးပါပဲလေ။
လူပျိုကြီးတဲ့အခေါ်ခံဖို့ ငွေပေးဝယ်လို့မရသလို အာဏာနဲ့လဲ ခြမ်းခြောက်လို့လဲမရပါဘူး ။လူပျိုကြီးဆိုတာ အချိန်တွေ လူတွေရဲ့မနာလိုစိတ်တွေ အချစ်ကို အချစ်စစ်မှမြတ်နိုးမှု့တွေစသည့်ဖြင့် ပေးဆပ်မှု့အများကြီးရင်းခဲ့ပြီးမှ ရခဲ့တာပါ။ယောက်ျားတစ်ယောက်ဟာ အိမ်ထောင်သည်ဘ၀ကိုကူးဖို့ဆိုတာ ရက်ပိုင်းမကြာပါဘူး အိမ်ထောင်သည်တစ်ယောက်ဟာ လူပျိုကြီးဆိုတဲ့ ဘ၀ကိုသေတောင်မရတော့ပါဘူး။
လူတွေကပြောသေးတယ် အကြင်နာတရားမရှိလို့ လူပျိုကြီးဖြစ်တာတဲ့ အကြင်နာအားတွေများပြီး မယားကြီး မယားငယ် ဖအေတူ မအေကွဲ သားသမီးမျက်နှာပေါက် အမျိုးမျိုးပေါက်ပြီး ပုဒ်မတွေတောင်ထုတ်ပြန်ထားသေးတယ် အိမ်ထောင်ရေးဖောက်ပြန်မှု့ မယားငယ်နေမှု့ သားသမီးမထောက်ပံ့မှု့အမျိုးမျိုးပါပဲ(ဒီပို့စ်ကိုဖတ်သူများထဲမှ ဥပဒေအကြောင်းနားလည်သူများပါပါက ပုဒ်မများကူညီရေးသားပေးကြပါရန်)။ထို့ကြောင်း အကြင်နာမများပဲ တစ်ဦးတစ်ယောက်ထဲအတွက် အကြင်တရားကို ရေးသော အာဂစာပေပညာရှင်ကြီးလဲဖြစ်ပါတယ်။

            အပူအပင်ကင်းတဲ့ သူတွေထဲမှာ လူပျိုကြီးများလဲပါပါတယ် ကလေးတွေလိုပါပဲ သူတို့ဘ၀တွေဟာ
သားကျွေးမှု့ မယားကျွေး ခလေးကျေင်းစရိတ် စသည့်ဖြင့်အမျိုးမျိုးကုန်ရသော ငွေကြေးတွေ သုံးစရာမရှိတော့ အပူအပင် ကင်းမဲ့သလို လောဘတရားမရှိသူတွေလဲဖြစ်ပါတယ် အလှူ ဧည့်ခံပွဲများတက်ရောက်ရာတွင်လဲ လူပျိုကြီးများကို အိမ်ထောင်ရှင်များကအမှီမလိုက်နိုင်ပါဘူး အိမ်ထောင်ရှင်ဆိုကတည်းက ကလေးတွေတစီတတန်းနဲ့ အ၀တ်အစားကအစ ဘိုသီဘတ်သီဝတ်ပြီးလာကြပေမဲ့လဲ လူပျိုကြီးတွေကတော့
အ၀တ်ကိုကော့နေအောင်ဝတ်ပြီး အပူအပင်မရှိ ပွဲကိုအစမှအဆုံးအေးအေးဆေးဆေးနဲ့ နေနိုင်တဲ့ ကမ္ဘာကျော်မင်းသားများလဲဖြစ်ပါတယ် ။
           
             လူပျိုကြီးများဟာ သဒ္ဒါတရားနဲ့ ကုသိုလ်ကောင်းမှု့များကိုလဲ အိမ်ထောင်သည်များထက် ပိုလုပ်နိုင် ပိုလှူနိုင်ကြပါတယ်။ရပ်ကွက်ထဲမှာပဲကြည့်ပါ အလှူတစ်ခုခုလုပ်တော့မယ်ဆို လူပျိုကြီးများကို အရင်ရှာပြီး အလှူပွဲ အစမှအဆုံး အကူအညီတောင်းသူကများပါတယ် ထို့ကြောင့် ထိုအလှူများထဲမှ ကုသိုလ်များလဲသူတို့ရကြပါတယ်။နောက်တစ်ခု ပေးကမ်းစွန့်ကြဲခြင်းတွေများများလုပ်ပြီး လိုအပ်တဲ့ တောင်းဆုတွေကိုလဲ ဘုရားမှာ အမြဲဆုတောင်းကြပါတယ်(ဘာဆုတောင်းလဲတော့ လူပျိုကြီးတွေမေးပေါ့နော်)

             လူပျိုကြီးတော်တော်များများဟာ မုသား အလိမ်အညာစကားကင်းသူများဖြစ်တယ်လို့ပြောရင် သင်ယုံမလား?အမှန်ပါပဲ လူပျိုကြီးတွေဟာ အလိမ်အညာကင်းပါတယ် ဘာကြောင့်လဲဆို သူတို့ဟာ လွတ်လက်စွာသွားနိုင် လာနိုင် ချူပ်ခြယ်မဲ့သူမရှိတော့ အိမ်ထောင်သည်တွေလို မိန်းမကြောက်ပြီး အနည်းဆုံး အရက်ဆိုင်ထိုင်နေရင်တောင် မိန်းမမေးလိုက် လက်ဖက်ရည်ဆိုင်ထိုင်နေတာပါလို့ အညာစကားသုံးကြရတာပဲ။အချိန်တန်လို့ အိမ်ပြန်မိန်းမပိုက်ဆံအပ်ဖို့မပြည့်လို့ မိန်းမကစစ်ကြည့် ဟိုဟာ ဒီယာနဲ့ အကြောင်းပြချက်အမျိုးမျိုးပြလိမ်ညာတတ်ကြတာတွေကြီးပဲ  လူပျိုကြီးတွေကတော့ ကိုယ့်ပိုက်ဆံကိုယ်ရှာ ကိုယ့်ဟာကိုယ်သုံးလိမ်ညာစရာဘာမှမရှိတော့ လိမ်ညာခြင်းကင်းကြတာပေါ့လေ။
 
         သက်တမ်းကြာတဲ့ ရုပ်ကြွင်းဆို ပညာရှင်တွေက စိတ်ဝင်စားသလို ရှေ့ဟောင်းပြတိုက်တွေမှာ ဘာလို့လူတွေများနေတာလဲ စိန်ဆိုတာရှားပါးပစ္စည်းမို့တန်ဖိုးမြင့်တာပေါ့ နှစ်ချို့ဝိုင်ဟာ သက်တမ်းကြာလေ အရသာရှိလေ လူတွေကြိုက်လေမို့ လူပျိုကြီးဆိုတာလဲ တန်းဖိုးမဖြတ်နိုင်တဲ့ အနှိုင်းမဲ့ဂုဏ်တစ်ခုကိုပိုင်ဆိုင်ထားသူများဖြစ်လို့ လူတွေကလူပျိုကြီးလို့ခေါ်တာကို ပြုံးပြုံးလေးအခေါ်ခံလိုက်စမ်းပါ သူငယ်ချင်း  ။
 
(အကြံပေးခြင်း။   ။အမေများနေ့ အဖေများနေ့ ချစ်သူများနေ့ ဟိုနေ့ ဒီနေ့တွေအများအကြီးရှိပေမဲ့
တန်ဖိုးရှိသော လူပျိုကြီးများအတွက် ဘလော့ဂ်ဂါ ကိုကို မမ ညီ ညီမလေးများက ဆန္ဒမဲကောက်ခံပြီး လူပျိုကြီးများနေ့ ကိုသတ်မှတ်ပေးလိုက်လျှင်မည်မျှပင်ကောင်းလိုက်မည်မသိ)
 
မှတ်ချက်။    ။လူပျိုကြီးများဖက်မှ ဘက်လိုက်ရေးသားခြင်းမဟုတ်ပါ အမှန်တရားနဲနဲလေး သိသမျှချပြတာပါ ကျွန်တော်လဲ လူပျိုကြီးမဟုတ် အိမ်ထောင်သည်သာဖြစ်ပါသည်(ဒါက ကြော်ငြာတာ ဟီး)

လွင်ပြင်လှိုင်းငယ်

16 comments:

ညိမ်းနိုင် said...

ရာနှုန်းပြည့် လုံးဝထောက်ခံပါတယ်ဗျိုး.......။

ပုံ/ လူပျိုမကြီးတကြီး......

Anonymous said...

ဟားးးးးးးးးးးးးးးးးးးးး
ကိုညိမ်းနိုင်တို့က..မြန်တယ်ဗျို့
ဘယ်တုန်းကတည်းက.စောင့်နေလဲမသိ :P
လူပျိုကြီးများ..ကျန်းမာချမ်းသာကြပါစေသော်ဝ်..

ခင်မင်စွာဖြင့်
သမီးစံ

မောင်(စွယ်စုံကျမ်း) said...

ကြည့်လိုက်တော့ လောကကြီးသာယာလှပနေတယ်
ခင်ဗျားသမီးလေစံလည်း လက်နက်ချသွားပီနော်
ထောက်ခံနေတာ..ခုခုတော့ခုခုပဲ..စာမေးပွဲကျတာနဲ့ 
ယူတော့မလားသိဘူး..အဟင့်
ပါးပါး
သားသား
အားအား နဲ့ အော်နေပီ
မိန်းမတောင်းပေးနော

jasmine(တောင်ကြီး) said...

ဖြောင်း- ဖြောင်း - ဖြောင်း(လက်ခုပ်တီးသံ)
လူပျိုကြီးတွေကိုအားပေးတဲ့အသံပါရှင်
တိုမှောင်(ပန်းနန့်) တိုဇော်-ကြောင်မဲရှင်များ
(ဖယောင်းစက်)အမျိုးကောင်းသားလေး စသည်ဖြင့်
လူပျိုကြီး လူပျိုလေး လူပျိုပေါက်စ အားလုံးအပါအ၀င်
သူတို့လေးတွေ တနားလို့ များကအားပေးခဲ့တာပါ
လူပျိုကြီးများနေ့တောင်သတ်မှတ်မယ်တဲ့တော်ရေ.....

ဘိုဖြူ said...

အားလုံးမှန်နေပါတယ်လွင်ပြင်ရေ
ဘုရားမှာဆုတောင်းတာကတော့
ဟိုဟာပေါ့နော်...ရှက်လို့မပြောတော့ဘူးနော်
ဘယ်နေ့လို့သတ်မှတ်မှာလဲ လူပျိုကြီးများနေ့လေ

ချောကလက်ကျူးပစ်လေး said...

အရမ်းမှန်ကြောင်းထောက်ခံပါတယ်..
လူပျိုကြီးတော့ပာုက်ဘူးဗျာ့
လူပျိုသေးသေးလေး...ပီား
ကြော်ငြာတာ...

ပိတောက် said...

အပျိုကြီးအကြောင်းလဲရေးပေးအုံး။

Anonymous said...

လူပျိုကြီးတွေကိုလည်း လေးစားတယ်။
အပျိုကြီးတွေကိုလည်း လေးစားတယ်။
နော့်ကိုတော့ မေးနဲ့နော်...ဟိ

ခင်လျက်
Junemoe

♫♪★လွမ်းပိုင်ရှင်★♪♫ said...

အားးးးးးးးး လူပျိုကြီး တသီးပုဂ္ဂလိက ပါတီမဲရွေးမယ်ဟေးးးးးးးးးး

လမင်းငယ် said...

လူပျိုကြီးများကိုဂုဏ်ပြုပါကြောင်း :P

ကိုရင် said...

နည်းနည်း အတွန့်တက်ရရင် သူကြီးနဲ့ကိုညိမ်းနိုင်ကို လူပျိုကြီးတွေပါလို့ ဘယ်သူက ပြောတာတုန်း..
သူတို့ကိုယ်တိုင် ပြောတာလား..တစ်ခုခုတော့ လွဲနေပြီ ထင်တယ်..

Anonymous said...

လုံးဝလုံးဝ ထောက်ခံပါတယ် လူပျိုကြီးများနေ့ကို သတ်မှတ်ကြရင်လက်တို့ပေးပါအုံး ဟိဟိ

တိုမှောင်တို့ ကိုဇော်တို့က လူပျိုသိုးကြီးတွေပါ ဟိဟိစ်စ်း)

မောင်ဘကြိုင်
http://mgbakyaing.blogspot.com

mstint said...

တက်ညီလက်ညီ အားတက်သရော်ပါလား လွင်ပြင်ရေ။
တီတင့်တို့ မြတ်ဆရာပူဇော်ပွဲ ပို့စ်လေးတောင်
နောက်ကောက်ကျသွားပေါ့း))
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Angelhlaing(May everybody be happy and healthy! said...

:):)

မဒမ်ကိုး said...

အင်း ကိုလွင်ပြင် ခုထိခေါင်းမှာဘုပေါက်တာတို့ ချူပ်ရိုးတို့မရှိသေးဘူးမလား ဟိဟိ
ကျုပ်ဝင်မန့်နေတာ ၂ ရက်ရှိဘီ ခုမှရတယ် မရရင်တော့ဖုန်းပါဆက်တော့မှာဟွန့်
မဒမ်လွင်ပြင်သမတာခံရပါစေတော်း)

ဒုတိယလူ said...

အနော်ကတော့ ကျွတ်ပီဗျို့.. မင်္ဂလာဆောင် ကိုလှိုင်းကို
လာဖိတ်မယ်ဗျာ. လက်ဖွဲ့ကြီးကြီး ယူလာခဲ့နော်..း )p
ခင်မင်လေးစားလျှက်..
(ဒုတိယ)

လက်စွမ်းပြနေသူများ

You can replace this text by going to "Layout" and then "Page Elements" section. Edit " About "

Blogger templates

ဆုံဆည်းရာလေး

သူတို့ရဲ့ အမြင်လေးများ

အဖြူရောင်သံဇဉ်

Powered by Blogger.

ရေးခဲ့သမျှ မှတ်တမ်း