ဘ၀ရဲ့ဇာတ်ဆရာ အချစ်ရဲ့မာယာ

             တိုးတက်နေခေတ်ကြီးထဲမှာ မွေးဖွားခဲ့ရပေမဲ့ တိုးတက်မှု့မရှိတာက ကျွန်တော်ပါ ပညာဆိုတာလဲ မိဘကအဆင်မပြေတော့
၁၀တန်းတောင်မဖြေခဲ့ရပဲ ကျောင်းတော်ကြီးကို နှုတ်ဆက်ခဲ့ရလို့ ပညာဆိုတာလဲကျွန်တော့်မှာမရှိပါ။
ဘာတစ်ခုမှ ပြည့်စုံမှု့မရှိတဲ့
အနေအထားနဲ့ အလုပ်ဆိုတာလဲ ကျွန်တော့်မှာမရှိပါ ဘွဲ့လက်မှတ်လေးကိုင်ပြီး အလုပ်လျှောက်ဖို့တန်းစီနေသူများတောင်
ရုံးကူ ပြာတာတောင် အကုန်မရတဲ့ ဒီခေတ်ကြီးထဲမှာ ကျွန်တော်လိုလူတစ်ယောက်အတွက် အလုပ်မရှိတာ မဆန်းပါဘူး။နောက်ဆုံး
လက်သမား ပန်းရန်အလုပ်တောင်ကျွန်တော်အတွက်မရှိတာ ကျွန်တော်အလုပ်ရှာတာ ညံ့လို့လား အလုပ်ကပဲရှားပါးလို့လားမသိပါဘူးဗျာ။
တွေ့သမျှလူကို အလုပ်လေးမရှိဘူးလား အလုပ်ရှိရင်ကျွန်တော့်ကိုပြောပါနော်လို့ ပြောရ မေးရတာလဲ ကျွန်တော့်အတွက် မူပိုင်သီချင်းလို
ဖြစ်နေပါပြီဗျာ။ရှိစုမဲ့စုလေး လမ်းစရိတ်လုပ်အလုပ်ရှာပုံတော်ဖွင့်ရတာလဲ အလုပ်မရတဲ့အပြင် လမ်းစရိတ်ပဲဆုံးတာ လနဲ့ချီနေပါပြီ။
အလုပ်မရတဲ့အဆုံး တပ်ပြန်ခေါက်ပြီး အမေ့အိမ်ကိုပြန်လာလို့ အိမ်ကို ၀င်ဝင်ချင်းပဲ

       "ကိုကြီး ကျွန်တော့်အတွက်မုန့်မပါဘူးလား ဗိုက်ဆာလို့သေတော့မယ်"လို့ ကျွန်တော့်အောက်က ညီငယ်ကမေးပါတယ်။အဖြေစကားတောင်ပေး
သေးခင် အငယ်ဆုံး ညီမလေးကလဲ ပြေးလာပြီး"ကိုကြီး ညီမလေးမှာလိုက်တဲ့ ခဲတံလေးဝယ်လား"လို့မျှော်လင့်ချက်လေးနဲ့မေးပြန်ရော ဒါနဲ့ ညီမလေးကို ပွေ့ချီပြီး
"ဒီနေ့တော့မပါသေးဘူးနောက်ရက်ကိုကြီးဝယ်လေးပေးမယ်နော်" "ဟာ ကိုကြီးပြောလိုက်ရင်ဒီအတိုင်းကြီးပဲ တခါမှလဲမပါလားဘူးမနက်ဖြန်ကျောင်းမှာ
ဘာနဲ့စာရေးရမလဲ"လို့ ငြီးပြီးကျွန်တော့်ကိုယ်ပေါ်မှ ဆင်းသွားပါတယ်။အိမ်ထဲကိုဝင်လိုက်တော့ မီးဖိုချောင်ထဲမှ ဆန်မရှိတဲ့အိုးကို ခြစ်ချုပ်နေတဲ့အမေက
ကျွန်တော့်မျက်နှာမကြည့်ပဲ ကျွန်တော့်လက်ကို ကြည့်ပြီး လက်ဗလာနဲ့ဖြစ်နေတော့ ဘာတစ်ခွန်းမှမမေးတော့ပဲ ဆန်အိုးကိုသာ အံကြိုတ်ပြီးခြစ်နေတာ
ကျွန်တော်မကြည့်ရက်တော့ပဲ အသုံးအဆောင်ပစ္စည်းဘာတစ်ခုမှမရှိတဲ့ ဧည့်ခန်းထောင့်ကမဲ့ပြုံး ပြုံးနေတဲ့ သောက်ရေအိုးစင်ကိုဖွင့်ပြီး ရေကိုသုံးခွက်ဆင့်
အားမနာတမ်းသောက်ချလိုက်တယ်။တော်သေးတယ် ရေတောင် အဘိုးမသေခင် နောက်ဘေးမှာရေတွင်းလေးတူးခဲ့လို့ ၀ယ်မသောက်ရပဲ
အားမနာတမ်း၀၀သောက်နေရတာ။ဝူး.....ဘ၀ကလဲနော်။
မနက်ဖြန်အတွက် ဘယ်သွားပြီးအလုပ်ရှာရင်ကောင်းလဲလို့ စဉ်းစားနေတုန်း သတိယပြီး ပိုက်ဆံအိတ်ထဲက ပိုက်ဆံကိုထုတ်ြပီးရေတွက်ကြည့်လိုက်တော့
မနက်ဖြန်အသွားလမ်းစရိတ်တောင်အနိုင်နိုင်ရယ် ပိုက်ဆံကိုကြည့်ပြီး ငိုတောင်ငိုချင်သွားတယ် ဘယ်တတ်နိုင်မလဲနော် ။
ဟိုးတွေးဒီတွေးနဲ့ ဗိုက်ထဲက သံစုံတီးဝိုင်းရဲ့ လက်စွမ်းပြတာကို မသိချင်ယောင်ဆောင်ပြီးအိပ်ပျော်
ဖို့ကြိုးစားရင်း "၀ုန်း"ဆိုသောအသံကြောင့်လန့်သွားသည် သိလိုက်ပါပြီ
"၀ုန်း"ဆိုသောအသံမှာ တံခါးဖွင့်သောအသံမဟုတ်ပါ အိမ်တွင် အပ်တိုတစ်ချောင်းတောင် ခိုးစရာမရှိသောကြောင့်ဘယ်သူခိုးမှ လာမခိုးလို့တံခါးဆိုတာမရှိလို့ "၀ုန်း "ဆိုသောအသံက ကျွေးဖခင်မူးပြီးပြန်လာပြီး အရက်၏ကန်လိုက်သောဒဏ်ကိုမခံနိုင်သောကြောင့် ကျိုးလုနီးနီးကြမ်းပြင်နှင့် ထိတွေ့သောအသံသာဖြစ်ပါသည် ရောက်လျှင်ရောက်ချင်းပဲ အကြီးဆုံးသားကျွန်တော့်အား"ဖိုးမောင်အသုံးမကျတဲ့ကောင် ဒီအရွယ်ရောက်နေပြီ မိဘကိုကူညီရကောင်းမှန်းမသိဘူးအလုပ်ထွက်ရှာတယ်ဆိုပြီဘယ်အလေလိုက်နေမှန်းမသိဘူးခုထိအလုပ်ဆို
ဆိုတာမရဘူး အသုံးကိုမကျဘူး ငါတစ်ယောက်ထဲလုပ်နေရတာလဲ သနားပါအုံးကွါ ငါပြောရင်လဲအရက်မူးလို့ပြောတယ်လို့ထင်အုံးမယ် ငါအရက်သောက်ချင်လို့သောက်တာမဟုတ်ဘူးကွ ပင်ပန်းလို့သောက်တာမင်းသိလား"ဆိုပြီးသူဖွင့်နေကျဓါတ်ပြားဟောင်းကြီးဖွင့်နေပြီး ခဏကြာတော့အသံတိတ်သွားတယ် အင်း မူးကလဲမူး မောကလဲမောတော့ အိပ်ပျော်သွားပြီထင်ပါတယ်။အဖေအိပ်ပျော်သွားပြီးခဏကြာတော့ အမေအိတ်တစ်လုံးဆွဲပြီ ဖိနပ်တောင်မပါပဲအိမ်ပြင်ထွက်သွားပါတယ် ထုံးစံအတိုင်း ရပ်ကွက်ထဲလှည့်ပြီး မျက်နှာငယ်လေးနှင့် သားသမီးတွေစားဖို့ ဆန်းလိုက်ချေးမှာပေါ့။မတွေးတော့ပါဘူး အဆင်မပြေမှု့တွေကများတော့ ဘာဆက်လုပ်မယ်ဆိုတာတောင်မတွေးချင်ခေါင်းကို အားရပါရကုတ်ပြီး အိပ်လိုက်တာ အိပ်မက်ထဲတော့
အဆင်ပြေသား လိုချင်တာအားလုံးရ ဖြစ်ချင်တာအားလုံးဖြစ်နဲ့အိပ်မက်တောင်မနိုးပဲဆက်မက်နေချင်မိတယ်မနက်လင်းတော့ အိပ်ယာနိုးတော့ မထချင်သေးပဲအိပ်မက်ထဲကမှတ်မိသလောက်အကြောင်းလေးတွေ စဉ်းစားပြီးပြုံးနေတုန်း
"ဟဲ့ ဖိုးမောင်မထသေးဘူးလား ဘယ်အချိန်ရှိနေပြီလဲ ကိုယ့်ဟာကိုယ်သူဌေးသားများမှတ်နေလား ထထ မျက်နှာသစ်အလုပ်ရှာဖို့ပြင် အိုးထဲမှာ ဆန်ပြုတ်လေးရှိတယ် အငယ်တွေစားဖို့ချန်ပြီးစားသွား ဒီနေ့အလုပ်မရရင်တော့ ငတ်ဖို့သာပြင် ဆန်လဲချေးရလွန်းလို့ မချေးဖူးတဲ့အိမ်ဆိုလို့ရပ်ကွက်အပြင်က သူတောင်းစားတဲပဲကျန်တော့တယ် သိလား ထ မြန်မြန်ထ"လို့ ဟစ်ဟော့သီချင်းလို မနားတမ်းပြောသံကြားရတော့ အိပ်မက်အကြောင်းခဏထားပြီး မျက်နှာသစ် ရေချိုး ဆန်ပြုတ်လေးမ၀တ၀သောက်ပြီး အ၀တ်စားလဲ(အ၀တ်စားလဲဆိုလို့ အထင်မကြီးနဲ့ ကျွန်တော်ပိုင်ဆိုင်တာဆိုလို့ ပုဆိုးနှစ်ထည် အကျီင်္နှစ်ထည်နှင့် ဘောက်ဘီရှည်တစ်ထည်သာရှိပါသည်)
ပြီးတော့ အိမ်မှ စိတ်ပျက်လက်ပျက်ထွက်ခွါလာပါတော့သည် ဘတ်ကားဂိတ်ရောက်တော့ ဘယ်နေရာအလုပ်သွားရှာမယ်စဉ်းစားနေ
တုန်း"ဟေ့ကောင် ဖိုးမောင် ဘယ်သွားမလို့လဲ"ဆိုပြီး ဟိုဘက်ရပ်ကွက်မှ အသိကိုကြီးတိုးကနှုတ်ဆက်ပါတယ်။
"ထုံးစံအတိုင်း အလုပ်ရှာပေါ့ဗျာ"လို့ စိတ်ပျက်လက်ပျက်နဲ့ပြန်ဖြေလိုက်တော့"အလုပ်ဆိုလို့ ခုမှသတိယတယ်ငါတို့ရပ်ကွက်ထဲမှာ  အင်တာနက်ဆိုင်သစ်တစ်ဆိုင်ဖွင့်တာ ဆိုင်ရှင်အမျိုးသမီးက ငါ့ကို အလုပ်လုပ်ချင်တဲ့သူခေါ်လာပေးလို့ပြောထားတယ် မင်းလုပ်ချင်လား လုပ်ချင်ရင်အခုသွားမေးရအောင် တကယ်လို့ အလုပ်ရရင်တော့ငါ့ကို ဘီယာတိုက်ရမယ်နော်"လို့ပြောတော့ ကျွန်တော် ရင်ခုန်သံမြန်သွားစေပေမဲ့"လုပ်တော့လုပ်ချင်ပါတယ်ကိုကြီးတိုးရာ ဒါပေမဲ့ ကျွန်တော်က၁၀တန်းလဲမအောင်ဘူး ကွန်ပျူတာဆိုတာမြင်ဖူးပြီးမကိုင်ဖူးတဲ့လူတစ်ယောက်ကို အင်တာနက်ဆိုင်ကအလုပ်ပေးပါ့မလားဗျာ"လို့အားလျော့စွာပြောတော့ "မင်းကလဲ စစ်မရောက်ခင်မြှားကုန်နေပြန်ပါပြီ အလုပ်ကသွားမဗျုးရသေးဘူး မဖြစ်ဘူးဆိုတာနဲ့စနေပြီ အလုပ်ပေးတာမပေးတာက ဆိုင်ရှင်အလုပ် အလုပ်သွားဗျူရမှာကမင်းအလုပ် ဗျူလို့မရတော့လဲ အရင်းပေါ့ကွာ ဘတ်ကားခကုန်တာမှတ်လို့ လမ်းလျှောက်သွားယုံပဲဟာ"လို့ပြောပြီး ကျွန်တော်လက်ဆွဲခေါ်သွားတော့ ကျွန်တော်လဲ မထူးပါဘူး ရတော့လဲအမြတ်ပေါ့ဆိုပြီးလိုက်သွားပါတယ်။

         ၁၅မိနစ်လောက် စကားတပြောပြောနဲ့လမ်းလျှောက်လာလိုက်တာ "-----------"ဆိုင်းဘုတ်ရှေ့ရောက်တော့"ဒီဆိုင်ကွ ဆိုင်ရှင်ကအမျိုးသမီး သဘောကောင်းပါတယ်သူလဲအလုပ်သမားမရသေးတော့ တစ်ယောက်တည်းဒုက္ခများနေတာ မင်းကလဲ ငယ်ငယ်ချောချာလေးအ၀တ်အစားကသာစုတ်ပြတ်နေလို့ကောင်းကောင်းဝတ်စားလိုက်ရင်ရုပ်ရှင်တောင်ရိုက်
လို့ရသေးတယ်လို"လို့ကိုကြီးတိုးကပြောပြီးရှေ့ကနေဦးဆောင်ဝင်သွားပါတယ် ဟုတ်တော့ဟုတ်ပါတယ်
အရာရာမပြည့်စုံပေမဲ့ ကျွန်တော်ရုပ်ရည်ကတော်တော်ကြည့်ကောင်းတာ တစ်ခုတော့ပြည့်စုံပါသည်။ကိုကြီးတိုးနောက်မှ ကပ်လိုက်ရင်း ဆိုင်အခြေအနေကိုကြည့်လိုက်တော့
မဆိုးပါဘူး ကွန်ပျူတာက၁၀လုံး ဆိုင်လေးကလဲ သပ်သပ်ရပ်ရပ်နှင့်တော်တော်ကြည့်ကောင်းပါတယ် ကောင်တာလို့ထင်ရတဲ့ စာပွဲတလုံးမှာတော့ လူတစ်ယောက်ကျောပေးထိုင်နေပါတယ် ကိုကြီးတိုးက ကျွန်တော်လက်ဆွဲသွားပြီး ကောင်တာနားရောက်တော့"မမ ဟိုနေ့ကမမရှာခိုင်းထားတဲ့ အလုပ်သမားရလို့လာပြတာပါ"လို့ ရိုရိုသေသေပြောလိုက်တော့ ဆုံလည်ကုလားထိုင်လေးကျွန်တော်
တို့ဘက်လှည့်လာပါတယ်။ကိုကြီးတိုးခေါ်တော့ မမတဲ့ အသက်က ကျွန်တော်အမေထက် ၂နှစ်လောက်ပဲငယ်မယ်ထင်ရတဲ့ အမျိုးသမီးတစ်ယောက် မျက်နှာမှာလဲ မိတ်ကပ်အပြည့် နှုတ်ခမ်းနီးရဲရဲနဲ့ အဒေါ်ကြီးတစ်ယောက်က ခပ်တည်တည်နဲ့
"နာမည်"စကားသံကလဲမာလိုက်တာ ကျွန်တော်ဘာဖြေရမယ်မသိ ကျောက်ရုပ်လိုရပ်နေတုန်း
"ဖိုးမောင်ပါမမ"လို့ ကိုကြီးတိုးက ကြားမှဝင်ဖြေပေးသည်။မင်းကိုမေးတာမဟုတ်ဘူး သူ့ကိုမေးတာ သူဖြေပါစေ ဒါနဲ့"ဖိုးမောင်ပါ အန်တီ"လို့ တုန်တုန်ရင်ရင်နဲ့ပြန်ဖြေတော့ ဆိုင်ရှင်အမျိုးသမီးမျက်နှာက တည်ရာမှ တင်းလာသလိုထင်ရပါတယ် .။ကျွန်တော်ကြောက်နေတာတော့အမှန်ပါ အလုပ်ရှာနေတာကြာပြီဆိုပေမဲ့ နဖူးတွေ့ဒူတွေ့ လက်တွေ့အလုပ်ဗျူးဖူးတာ ပထမဆုံးအကြိမ်မို့ ကြောက်နေခြင်းဖြစ်ပါသည် ဘေးနားမှ ကိုကြီးတိုးက ကျွန်တော်ဖြေသံကိုကြားတော့
ခြေထောက်ကို သူ့ခြေထောက်နဲ့နင်းလိုက်သည် ဘာများဖြေတာမှားလဲလို့ သူ့ကိုလှည့်ကြည့်လိုက်တော့
ပါးစပ်မှ အသံမထွက်ပဲ ပွစိပွစိလုပ်ပြနေတာကြည့်ပြီး နားမလည်ပဲ ခဏလေးကြာမှသူ့ပါးစပ်အဓိပ္ပါယ်ဖော်ကြည့်မှ သဘောပေါက်သွားပါတယ်။"နာမည်အရင်းလား" "နာမည်အရင်းက ဖြိုးမောင်ပါမမ ရပ်ကွက်ထဲမှာဖြိုးမောင်ကို ခေါ်ပါများတော့ ဖိုးမောင်ဖြစ်သွားတာပါမမ"လို့အရဲစွန့်ဖြေလိုက်တော့ ဆိုင်ရှင်အမျိုးသမီး မျက်နှာတော့ နဲနဲလျော့သွားတယ်"အသက်ကကော""၁၈နှစ်ပြည့်တော့မယ်ဗျ"လို့ရိုရိုသေသေလေးပြောလိုက်တော့
"ကျောင်းနေသေးလား""ဟုတ်ကဲ့ မိဘကစီးပွားရေးအဆင်မပြေလို့ ၁၀တန်းနဲ့ ကျောင်းထွက်လိုက်ရပါတယ်"လို့ဝမ်းနည်စွာပြောတော့"ပြီးရောဒါကအရေးမကြီးပါဘူး ဆိုင်ကိစ္စကသင်ပေးရင်တတ်ပါတယ် မခက်ပါဘူး လစာက---လောက်ရမယ် ဆိုင်ကိုမနက်၁၀နာရီဖွင့်ရမယ် ည၁၂နာရီပိတ်ရမယ် တကယ်လို့ ၁၂နာရီထိုးလို့ လူရှိသေးရင် လူပြန်သွားတဲ့အထိစောင့်ပြီးမှဆိုင်ပိတ်ရမယ် အဆင်ပြေမလား"လစာကမဆိုးပါဘူး လောလောဆယ်အိမ်ကိုတော့ နဲနဲအထောက်အကူဖြစ်မှာမို့
"ဟုတ်ကဲ့အဆင်ပြေပါတယ်'"ဒါဆိုမင်းကို အစမ်းသုံးကြည့်မယ် ကြိုက်ရင်ဆက်သုံးမယ် ဒီနေ့မင်းကို လုပ်ရမယ့်ဟာတွေသင်ပေးမယ် ညနောကမှပြန်ပေါ့ လစာကတော့ မနက်ဖြန်မှစတွက်မှာနော်"
လို့ပြောပြီးဆိုင်မှာလုပ်ရမယ့်အလုပ်တွေကိုသင်ပေးရင် ညနေရနာရီလောက်ကျတော့မနက်ဖြန်
ဆိုင်ဖွင့်ဖို့ သော့တစ်ချောင်းအပိုပေးပြီးပြန်ခိုင်းလိုက်ပါတယ်။
ကျွန်တော်နှင့်ကိုကြီးတိုး ဆိုင်မှအတူတူပြန်လာပြီး ကိုကြီးတိုးကို ကျေးဇူးတင်ကြောင်းလစာထုတ်ရင်ဘီယာအ၀တိုက်မဲ့အကြောင်းပြောပြီး အိမ်သို့ သွတ်လက်သောခြေအစုံနှင့်ပြန်လာခဲ့ပါတော့သည်။

         ရပ်ကွက်ကုန်စုံဆိုင်ရှေ့ရောက်တော့ သတိယပြီး ဒီနေ့ဘတ်ကားခလေးနဲ့ ဆန်ကိုရသလောက်ဝယ်ပြီးအိမ်ပြန်လာခဲ့ပါတယ် အလုပ်ကနီးတော့ လမ်းလျှောက်သွားလဲရတာမို့ ကားခမကုန်တော့မှာဖြစ်လို့ ကားခလေးကိုဆန်ဝယ်လိုက်ခြင်းဖြစ်ပါသည်။အိမ်ထဲကကိုလှမ်းဝင်လိုက်တော့ ညီလေးနဲ့ညီမလေးနှစ်ယောက်က ကစားနေရင်းကျွန်တော့်ကိုမြင်တော့ အရင်ရက်တွေကလိုတောင် ဘာပါလားလဲလို့တောင်မမေးတော့ပဲ ကစားမပျက်ဆက်ကစားနေကြပါတယ်။
အမေကတော့ ပြဲနေတဲ့အဖေ့ပုဆိုးလေးကိုချူပ်နေရင်းကျွန်တော့်ကိုကြည့်တောင်မကြည့်ပဲ
"ဖိုးမောင်ဗိုက်ဆာနေပြီလား အိုးထဲမှာဆန်ပြုတ်နဲနဲချန်ထားတယ်စားလိုက်လေ" လို့ပြောတော့ ကျွန်တော်
ဗိုက်ကပျော်ပြီးမဆာတာလားမသိစားချင်စိတ်မရှိပဲ အမေ့ဘေးကပ်ထိုင်ဆန်ထုပ်လေးရှေ့ချပြီး "အမေ ၀မ်းသာစရာပဲ ကျွန်တော်အလုပ်ရပြီဗျ"လို့ ၀မ်းသာအားရပြောတော့ အမေက မော့ကြည့်ပြီး"တကယ်လားဖိုးမောင် ဘာအလုပ်ရတာလဲ အလုပ်က အဝေးကြီးလား သူဌေးကကော သဘောကောင်းမယ့်ပုံပေါ်လား"စသည့်လားပေါင်းများစွာပါသော မေးခွန်းကို မျည်ရည်ဝဲ၀ဲ
ဝမ်းသာသောအသံနှင့်မေးရှာသည်"တကယ့်ပေါ့ အမေရ အင်တာနက်ဆိုင်မှာပါ အလုပ်ကမဝေးပါဘူး ကိုကြီးတိုးတို့ရပ်ကွက်ထဲတင် လစာကတော့----လောက်ရမယ် ဆိုင်ရှင်ကအမျိုးသမီး အမေတို့လောက်ရှိမယ် သဘောကောင်းမယ့်ပုံပါပဲ စိတ်မပူပါနဲ့ လောလောဆယ် လစာသိပ့်မများပေမဲ့ အိမ်စရိတ်လေးနဲနဲထောက်နိုင်တော့ အဖေလဲ အသက်ရူချောင်တာပေါ့ ဒီမှာဆန်လေး မနက်ဖြန်ဘတ်ကားစီးစရာမလိုတော့ ကားခလေးနဲ့ဆန်ဝယ်လာတာ"လို့ပြောပြီး ဆန်ထုပ်လေးပေးပြီး ထကာ တန်းပေါ်မှာတင်ထားသော ဘောင်းဘီရှည်လေးကို သေချာခေါက်ပြီး အိပ်ယာအောက်ထိုးထည့်ထားလိုက်တယ် မနက်ဖြန်ဒီဘောင်ဘီရှည်လေးဝတ်သွားရမယ်မဟုတ်လား။
ဒီနေ့ည ထူးထူးခြားခြားအဖေလဲ စောစောပြန်ရောက်လာတယ် အရက်လဲနဲနဲပဲသောက်ထားတယ်ထင်တယ်(နဲနဲဆိုတာလဲ သောက်စရာပိုက်ဆံမရှိတော့လို့လား တိုက်မယ့်သူ
မရှိလို့လားတော့မသိ)ဒီလိုနဲ့ ညစာထမင်းဝိုင်းလေးကို ငပိရည်တို့စရာနဲ့ မြိန်ရှက်စွာစားရင် အလုပ်ရပြီ
ဖြစ်ကြောင်းပြောပြတော့ အဖေက"ဒီအလုပ်ကို သေချာဂရုစိုက် ကိုယ့်အလုပ်လိုသဘောထားပြီးလုပ် အလုပ်မရှိရင် ဘယ်လောက် ဒုက္ခရောက်တယ် အလုပ်ရှာရတာဘယ်လောက်ခက်တယ်ဆိုတာမင်းလဲသိလောက်ပြီဆိုတော့ ဘာဖြစ်ဖြစ်သီးခံပြီးလုပ်ကြားလား"လို့ဆုံးမရှာတယ်။စားသောက်ပြီး အိပ်ယာဝင်တော့ ညီမလေးကသူ့ကို
ကွန်ဘာဘူးလှလှလေးဝယ်ပေးရမယ်နော်လို့ ပူဆာပြီးဘေးနားမှာ ကွေးကွေးလာအိပ်နေတယ်။

        မနေ့ညက သောက ကင်းကင်းအိပ်ရလို့လားမသိဘူး တခါတည်းအိပ်ပျော်သွားတာ မနက်အမေနိုးမှပဲထဖြစ်တယ် အိပ်မက်တောင်မမက်တော့ဘူး။ဒါနဲ့ ရေချိုး အ၀တ်စားလဲပြီး ဆိုင်လေးဆီသို့တက်ကြွတဲ့ခြေလှမ်းအစုံနဲ့ သွက်သွက်လေးလျှောက်လှမ်းလာခဲ့တယ်။ဆိုင်ရောက်တော့ ဆိုင်ဖွင့် သန့်ရှင်းရေလုပ် သင်ထားတဲ့အတိုင်းစက်တွေလိုက်ဖွင့် အင်တာနက်ကစားသမားများများလာပါစေလို့ ဘုရားမှာဆုတောင်းပြီး ဆိုင်လာမဲ့လူတွေကိုမျှော်နေပါသည်
လာပါပြီဗျာ ကလေးတွေ ဂိမ်းကစားဖို့ သူတို့လေးတွေကို စက်တွေဖွင့်ပေးပြီး လုပ်စရာရှိတာလုပ်ရင်း
ညနေ၅နာရီလောက်ကြတော့ ဆိုင်ရှင်မမရောက်လာပြီး လိုအပ်တာတွေသင်ပေးမှာကြားပြီး ၇နာရီလောက်
ကျတော့ပြန်သွားလေသည်။ဒီလိုနဲ့ တပတ်လောက်ကြာတော့ ဆိုင်ကိုလူနဲနဲသိလာပြီး ဆိုင်လေးက စည်ကားစပြုလာပါပြီ ကောင်မလေးတွေကလဲ ကျွန်တော်က ကြည့်ပျော်ရှု့ပျော်နဲ့ ဆက်ဆံရေးကောင်းတော့ ဆိုင်ကိုအမြဲလိုလိုလာရောက် အားပေးကြပါသည်။ကိုကြီးတိုးကတော့ အလုပ်ပြီးရင် ကျွန်တော်ဆိုင်မှာကြီးလိုလိုနေဖြစ်ပါတယ်။ဆိုင်ရှင်မမကလဲ ကျွန်တော်ရောက်လာမှ သူ့ဆိုင်စီးပွါးရေးကောင်းလာတယ်ဆိုပြီ လကုန်တော့ လစာကိုပိုပေးသည့်အပြင် အိမ်အတွက် စားစရာသောက်စရာများလဲထည့်ပေးလိုက်လို့ ညီလေးညီမလေးတို့အကြိုက်ပေါ့။
အော် ကံတရားအဆင်ပြေချင်တော့လဲ ခဏလေးပါလားနော်။
                  ဘာလိုလိုနဲ့ ကျွန်တော်ဆိုင်မှာအလုပ်လုပ်တာ ၆လတောင်ရှိသွားခဲ့ပြီနော် ဆိုင်မှာအလုပ်လုပ်သည့်ကာလအတွင် အိမ်စရိတ်ထောက်နိုင်သာမက ညီလေး ညီမလေးတို့ကျောင်းစရိတ်ပါထောက်ပံ့နိုင်သောအနေအထားသို့ရောက်ခဲ့ပါပြီ။အခုဆို ကျွန်တော့်မှာ ကိုကြီးတို့ရပ်ကွက်ထဲက သူငယ်ချင်းတွေပါမက အွန်လှိုင်းမှာလဲသူငယ်ချင်းများစွာရှိနေပါပြီ ကိုကြီးတိုးဆိုရင် အလုပ်အားတာနဲ့ ဆိုင်လာပြီး ကောင်မလေးတွေကိုကြောင်ရတာနဲ့ အွန်လှိုင်းမှာကြောင်ရတာနဲ့ နားကိုမနားရပါဘူး တခါတလေ ညဆိုင်ပိတ်ကူပြီး ကျွန်တော့်ကို ဘီယာတိုက်ခိုင်း ဘီယာသောက်ပြီး အိမ်ပြန်လိုက်ပို့ပေးတတ်ပါသည်။
ဒီလိုအဆင်ပြေသွားတာ သူ့ကျေးဇူးနဲ့ မကင်းဘူးဆိုတော့ တလတခါ ဘီယာမဟုတ်တောင် အရက်တော့
ကြုံရင်ကြုံသလိုတိုက်ပါတယ်။

           ဒီလိုနဲ့ဆိုင်မှာ အလုပ်လုပ်ရင်းပျော်နေတော့ ဆိုင်ရှင်မမနဲ့လဲ တော်တော်ရင်းနှီးနေပြီး တခါတလေ အစားအသောက် ရံဖန်ရံခါ အ၀တ်အစားတွေကို လမ်းကြုံလို့ဝယ်လာတာဆိုပြီးဝယ်ပေးတဲ့အ၀တ်အစားတွေနဲ့
ကျွန်တော်လဲ တော်တော်ကြည့်ကောင်းယုံမက အားတိုင်းအွန်လှိုင်းတက်နေတော့ ကျူတဲ့နေရာမှာတောင်
ဆရာတစ်ပါးဖြစ်နေပါပြီ။တနေ့အွန်လှိုင်းသုံးနေတုန်း သူငယ်ချင်းတစ်ယောက်က ကောင်မလေးအကောင့်ကွ ချောလဲချောတယ် u.s.aမှာနေတာ မင်းကျူကြည့်ပါလားပြောတော့ ကောင်မလေးအကောင့်ကိုတောင်းပြီး ကောင်မလေးအကောင့်-------@gmail.comကို အက်ထားလိုက်တယ် အက်ထားချင်းစစတော့ လက်မခံသေးပဲ နောက်ရက်ကျတော့
လက်ခံထားတာတွေ့တာနဲ့ ထုံးစံအတိုင်း ဟိုင်း ဘာညာ သာရကာပေါ့
အစပိုင်းတော့ ကောင်မလေးက မေးတာကိုပြန်မဖြေသေးပဲ သုံးရက်လောက်ကြာမှ သူ့နာမည် ဖူးသစ်စ(နာမည်ရင်းဟုတ်မဟုတ်မသိပါ) ဆိုတဲ့အကြောင်း အသက်က၂၀ ကျွန်တော်ထက်ကြီးသည် အမေရိကားမှာ ကျောင်းတက်နေသောစသည့်အကြောင်းအရာနဲနဲကိုပြောပြပါသည် သူက အမေရိကားမှာနေတာဆိုတော့ မာနကြီးတာလဲဖြစ်နိုင်ပါသည်။ဒီအကြောင်းကိုကြီးတိုးကိုပြောပြတော့"ဆက်ကျူကွာ အဆင်ပြေသွားရင် မင်းကိုတောင် အမေရိကားခေါ်ချင်ခေါ်မှာ ငါ့သူငယ်ချင်းတွေဆို အွန်လှိုင်းကအဆင်ပြေပြီး နိုင်ငံခြားထွက်ပြီး အဆင်ပြေနေတာအများကြီးပဲ"လို့ အားပေးတာလား ပို့တာလားတော့မသိကျွန်တော့်ကိုပြောသည်။

        ဒါနဲ့ပဲကျွန်တော်လဲ အဟုတ်ကြီးမှတ်ပြီး ကျူဇယားကို ကောင်းကောင်းခင်းပါတော့သည်။တပတ်လောက်ကြာတော့ သူက"ယူ့နာမည်အရင်းကကော ကျောင်းတက်တာလား အလုပ်လုပ်နေပြီလား"လားလို့ရုတ်တရက်ထမေးတော့ ကျွန်တော်လဲ ဘာဖြေရမှန်းမသိတာနဲ့"နာမည်က ဖြိုးမောင်ပါ တက္ကသိုလ်တက်ဖို့စောင့်နေရင်း အိမ်ကဖွင့်ပေးထားတဲ့ အင်တာနက်ဆိုင်မှာ အပျင်းပြေလုပ်ကူနေပါတယ်"လို့ လိမ်ညာပြီး လွယ်လွယ်ကူကူပဲဖြေလိုက်တယ်
ဟုတ်တယ်လေ အင်တာနက်ဆိုင်မှာ အလုပ်လုပ်နေတဲ့အလုပ်သမားဆို အထင်သေးပြီးဆက်မခင်တော့ရင် ဘယ်လိုလုပ်မလဲ။သစ်သစ်(ခင်သွားတော့ သူ့ကိုကျွန်တော် သစ်သစ်လို့ခေါ်ပါသည်)နဲ့ ကျွန်တော် ခင်မင်ပြီး တစ်လလောက်ကြာတော့ "သစ်သစ် ကျွန်တော့်ကို ဖြိုးမောင်လို့ခေါ်ရတာရှည်ပါတယ် မောင် လို့တစ်လုံးထဲခေါ်ပါ့လား"လို့ စသလိုနဲ့ သွေးတိုးစမ်းလိုက်တော့ သစ်သစ်မျက်နှာလေး ရှက်သွေးတွေဖြာသွားပါတော့တယ် ဒီအချိန်မှာပဲ
ဟိုက် သေပါပြီ ကွန်နက်ရှင်ကလဲကောင်းခန်းရောက်မှကျသွားရတယ်လို့ကွာ။


ဆက်ရန်>>>>

 အပိုင်း(၂)ကို ဆက်လက်အားပေးကြပါနော်

စာဖတ်သူအားလုံးကို လေးစားလျက်
                    
                                             လွင်ပြင်လှိုင်းငယ်

11 comments:

ကိုရင် said...

ဆက်စရာရှိ ဆက်ပါ..:D

blackroze said...

ဆက်ရေးပါဆရာ
ဖတ်ဖို့စောင့်နေပါတယ်

♫♪★လွမ်းပိုင်ရှင်★♪♫: said...

အားပေးတယ်ဗျာ ဒါပဲ

Junemoe said...

ဟောဗျာ... လည်ပင်းတော့ရှည်ပီ...ဟိ
ဖတ်ကောင်းတယ်အကို...ချ...
:D

ခင်မင်လျက်
Junemoe

လမင်းငယ် said...

ကောင်းခန်းရောက်မှမီးပျက်သလိုပါပဲရှင်
စောင့်မျှော်လျှက်ပါ

အဖြူရောင်နတ်သမီး said...

ဇာတ်လမ်းကောင်းပြီဆိုရင် မီးကပျက်ပြီ..
ဒီတော့လည်း ဆုတောင်းပေးပြီး ပြန်ယုံပေါ့..


Have a very Happy Merry Christmas & Happy New Year....

jasmine(တောင်ကြီး) said...

အဲလို မလုပ်ပါနဲ့လေ
သတိ----သတိ
မြန်ုမြန်ဆက်ပေးလိုက်ပါ

Angelhlaing(May everybody be happy and healthy! said...

အဲလိုမလုပ်ရဘူးလေ..ငရဲကြိးတက်တယ် အကိုရ...:):)

ဘိုဖြူ said...

တစ်ခါထဲ လုပ်လို့မရဘူးလားဗျာ
Merry Christmas & Happy New Year ပါဗျာ

မောင်(စွယ်စုံကျမ်း) said...

ပါးပါး မားမာနဲ့ ကလင်မယားဆို
မေွးးစားသမီးပေးမလာမပေးဘူးလာကြော..ဒါဘဲ

ညီရဲ said...

ရေးထားတာလေးက ကောင်းလိုက်တာ ညင်ညင်သာသာလေးနဲ့ ဆွဲခေါ်သွားနိုင်တယ်....
ဖတ်လို့ ကောင်းနေတုန်း ကွန်နက်ရှင်က ကျသွားတော့ ဒီမှာ ဆက်တငံငံ ဖြစ်နေတာပေါ့...
ဆက်ရန်ကို မျှောနေပါတယ်ဗျာ...

လက်စွမ်းပြနေသူများ

You can replace this text by going to "Layout" and then "Page Elements" section. Edit " About "

Blogger templates

ဆုံဆည်းရာလေး

သူတို့ရဲ့ အမြင်လေးများ

အဖြူရောင်သံဇဉ်

Powered by Blogger.

Email လေးထားခဲ့နော် အသစ်တင်ရင်ဖတ်ရတာပေါ့

ရေးခဲ့သမျှ မှတ်တမ်း