လင်နဲ့မယား

အသွင်တူမှ အိမ်သူဖြစ်ရမှာလား
အိမ်သူဖြစ်ပြီးမှ အသွင်တူအောင်
စိတ်တူကိုယ်တူ
အေးအတူ ပူမမျှပဲ
သူ့ဘ၀နဲ့ ကိုယ့်ဘဝ
ပေါင်းစည်းပြုပြင်ပြီး
ထာဝရကြည်နူး ပျော်ရွှင်ဖွယ်
ဘ၀အိမ်လေးဆောက်မယ်ဆိုရင်ကော မဖြစ်ဘူးလား ။

အသွင်တူ အိမ်သူဖြစ်ပြီးမှ
ယောက်ျားကလဲ
အိမ်ဦးသခင် ငါအရှင်ပဲလို့
စိတ်မှာ အမှတ်မှား
ပျော်ရာမှာနေ ကြုံရာမှာစား
ဇနီးမယားအလှတရားကို
လမ်းဘေးက ပျော်တော်ဆက်မယ်လောက်
တန်းဖိုးမထား
ဖောက်ပြန်တာကို
ဂုဏ်တစ်ခုလို သဘောထားပြီး
ဇနီးမယားရဲ့ အတွင်းစိတ်ကို ၀င်မကြည့်ပဲ
သန်းခေါင်ယံ
အိမ်အရောက်မှာ
မျက်ရည်စိုးစိုး
မောလို့အိပ်ပျော်နေတဲ့
မိန်းမဘေးမှာ ငွေအပုံပေးယုံနဲ့
ပြီးပြည့်စုံနဲ့
အိမ်ထောင်လင်ယောက်ျားဘ၀လား  ။

အသွင်ကတူတူ ဒီလင်ယူပြီး
ဇနီးမယား သက်ထားသခင်
ဒီနာမည်နှင့်
ချက်ပြုတ် လျှော်ဖွတ်
ဒီအလုပ်တွေ ဘေးချထားပြီ
အိမ်အပြင်မှာ လူတကားနဲ့
အိမ်ဦးနတ်လင်
အ တင်းမှစလို့
အိုဘားမား အသားမဲတာအဆုံး
အတင်းစုံ သတင်းစုံနဲ့
ဒိုဘီမှာတော့ အ၀တ်တွေ
မွဲခြောက်ခြောက်နဲ့ပေါ့
ရှောပင်ဆိုတာ
လင်တော်မောင် ငွေထုတ်စက်ရှိသလား
အတွေးမှာထားပြီး
ဒစ်စကောင့်လေးချလို့ ၀ယ်လိုက်တာလို့
ဆင်ခြေ ဆင်လက် ဆင်တစ်ကောင်လုံးနဲ့
ဝယ်တဲ့ ပစ္စည်းတွေကတော့
လင်တော်မောင်ရဲ့ ပါးလှပ်လှပ် အိပ်ကပ်လေးကို
လောင်ပြုံးလေးပြုံးလို့ပေါ့ ။

လင်းနဲ့မယား
လျှာနဲ့သွား
ဒီစကားတွေ ဘေးထားလိုက်ပါ
သွားကလဲ ၀ါးဖို့ထားပြီး
လျှာကလဲ အရသာခံ
မတော်လို့ ကိုက်မိရင်တောင်
သွားကလဲ လျှာလေးနားသွားလို့ရယ်
လျှာကလဲ ငါ့နေရာငါမနေ
အပြင်ထွက်လို့ ကိုက်မိပါလားလို့
နားလည်မှု့ နှလုံးသားကိုခြံလေးခတ်ပြီး
အပြစ်မမြင် အချစ်သစ်ပင်လေးတွေ အရိပ်ရအောင်စိုက်လို့ရယ်
ဘ၀အိမ်လေးမှာ အတူတကွ ထာဝရနဲ့
လက်တွဲသွားတာ
အိမ်ထောင်သည်များရဲ့
နှိုင်းယှဉ်လို့မရတဲ့ 
ဘ၀အလှတရားပါ ။

16 comments:

jasmine(တောင်ကြီး) said...

ဒစ်စကောင့်လေးချလို့ ၀ယ်လိုက်တာလို့
ဆင်ခြေ ဆင်လက် ဆင်တစ်ကောင်လုံးနဲ့
ဝယ်တဲ့ ပစ္စည်းတွေကတော့
လင်တော်မောင်ရဲ့ ပါးလှပ်လှပ် အိပ်ကပ်လေးကို
လောင်ပြုံးလေးပြုံးလို့ပေါ့

စောင်းပြောနေသလိုပါပဲနော်

mstint said...

လင်နဲ့မယား ကဗျာလေးက တမူထူးထူးခြားခြားလေးပါလား လွင်ပြင်ရေ။ အနှစ်ကတော့ နှစ်ဦးနှစ်ဖက်နားလည်မှုလေးတွေနဲ့
ပျော်ပျော်ရွှင်ရွှင် ကြည်ကြည်နူးနူး ဘဝခရီးလမ်းမှာ ခိုင်ခိုင်မြဲမြဲတွဲလက်မဖြုတ် လျှောက်လှမ်းနိုင်ဘို့ပါပဲ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

လွင်ပြင်လှိုင်းငယ် said...

စောင်းပြောစရာလား လွင်ပြင်အမျိုးသမီးက ၀ယ်ဆိုရင်တောင် လွင်ပြင်ပိုက်ဆံကုန်မှာစိုးလို့ မ၀ယ်တဲ့ ဇနီးအလိမ္မာ သဲဘုစုခရုလေးပါဗျာ

မောင်မောင် said...

ကဗျာလေးက တစ်ကယ်ကောင်းတယ်ဗျာ။ သတိထားနိုင်အောင်ပေါ. နော် ။ လေးစားပါတယ် အစ်ကို ။

Aung Htut said...

ကောင်လိုက်တဲ့ ကဗျာလေးဗျာ။ ခံစာချက်နဲ့ ထပ်တူထပ်မျှ။ ဇနီးကလည်း ဇနီးတာဝန်ကျေ၊ ခင်ပွန်းကလည်း ခင်ပွန်းတာဝန်ကျေ၊ ဟာမိုနီလိုက်ဖက်တဲ့ အခါသမယပေါ့ခင်ဗျ။ အရမ်းကြိုက်၏။ အားပေးနေပါတယ်။

ခင်မင်စွာဖြင့်
AH

ချောကလက်ကျူးပစ်လေး said...

ကဗျာမဖတ်တော့ဘူးကွန်မန့်ပဲဖတ်တွားပြီ:P

မောင်(စွယ်စုံကျမ်း) said...

ကဗျာလေးကကောင်းတယ်ဗျာ အမှန်လေးတွေ..

♫♪★လွမ်းပိုင်ရှင်★♪♫ said...

အားပေးခဲ့တယ်နော်

လမင်းငယ် said...

မှတ်ထားလိုက်ပါမယ်ရှင့်

ကိုရင် said...

လင်နဲ့မယားနဲ့..
ကိုရင်နဲ့ ဒါတွေနဲ့က မဆိုင်ဘူး...
လောကီရေးရာတွေ အင်း.. တယ်လည်း ရှုပ်ပါလား ဒကာကြီးရေ..:D

Anonymous said...

လင်နဲ့မယား တဲ့
ထုထိတော့ နော်နဲ့ မဆိုင်..ဟိ
ကိုကိုရေ... ကိုကို့ မယ်မဒီလေးက ဘူလေးတုန်း (မသိချင်ထောင်ထောင်ပြီး မေးလိုက်ဦးမယ်)
မဒီလေးက ဂလောက်သိတတ်ရင် ကိုကိုက ပိုချစ်နော..ဟိ
ကဗျာကောင်းလေး အားပေးသွားတယ်ဂျာ

ခင်လျက်
Junemoe

ကိုကိုမောင်(ပန်းရနံ့) said...

လွင်ပြင်က လျာလား သွားလား။
တစ်ခါတစ်ခါတော့ ကိုက်မိကြပုံဘဲ။း)

Candy said...

အင်း မှန်၏ အသွင်မတူလည်း အိမ်သူဖြစ်နိုင်ပါတယ်... :D :D

April said...

တစ်ယောက်ကိုတစ်ယောက် အလျော့လေးတွေပေး အကြင်နာလေးတွေတိုးလာရင် ပျော်စရာကြီးပေါ့ ..
ကဗျာလေးဖတ်ပြီး ပြုံးသွားမိပါအိ ..

ခင်မင်စွာဖြင့်
April

လွင်ပြင်လှိုင်းငယ် said...

သူကြီးရေ လွင်ပြင်က သွားဖြစ်လိုက် လျှာဖြစ်လိုက်ပဲ ဟီး

မဒမ်ကိုး said...

အင်းး အင်း ကွန်းမန့်ပဲလိုက်ဖတ်တော့မယ် ဒီလောက်အတိုင်အဖောက်ညီနေကြတား)

လက်စွမ်းပြနေသူများ

You can replace this text by going to "Layout" and then "Page Elements" section. Edit " About "

Blogger templates

ဆုံဆည်းရာလေး

သူတို့ရဲ့ အမြင်လေးများ

  • နေမျိုးထက် on blog post_17
    ကြိုက်တယ်ဗျာ
  • Thwin on blog post_11
    လွင်ပြင်+စံပယ်=စံပယ်+လွင်ပြင် ပေါ့..။
  • Thwin on blog post_22
    အိပ်မက်လေး အရမ်းကံကောင်းတာပဲနော်။
  •ွှThwin on blog post_18
    အရမ်းကို အားကျမိတယ်..။ နှလုံးလှဘုရင်မ ကို ပေါ့။
  • Anonymous on blog post_26
    စိတ်ချ အကို ပြောင်းချိတ်လိုက်မယ်။ ကျွန်တော်လည်း ခုမှသိတာ။

အဖြူရောင်သံဇဉ်

Powered by Blogger.

ရေးခဲ့သမျှ မှတ်တမ်း