ပြီးပြည့်စုံတဲ့ဘ၀ အိမ်ထောင်သည်အလှ

                  
                  အိမ်ထောင်ကျတယ် အိမ်ထောင်ကျတယ်နဲ့ စကာလုံးတွေကို ခွဲခြားတွေးပြီး အိမ်ထောင်ပြုရမှာ ရင်လေးနေတတ်ကြတယ်ထင်ပ။
တကယ်တော့ လူတွေက အိမ်မှာထောင်ကျတယ်လို့ မှတ်ယူပြီးတော့ အိမ်ထောင်ပြုရမှာဝန်လေးနေတာလဲ
ဖြစ်နိုင်ပါတယ် ။
လူအမျိုးမျိုးစိတ်အထွေထွေဆိုသလိုပဲ ကိုယ်ထင်တာ ကိုယ်တွေးပြီး ရင်လေးတာ အပြစ်ပြောလို့မရပါဘူး။
လူမျိုးမျိုးထဲမှာ လူဖြစ်တဲ့ လွင်ပြင်အတွေးက ဒီလိုဗျ။
အိမ်ဆိုတာက ကိုယ်ချစ်တဲ့သူနဲ့ အတူနေပြီး မိဘအထောက်အပံ့အားလုံးကို စွန့်လွှတ်ပြီး ဆင်းရဲအတူ ချမ်းသာမကွဲပဲနှစ်ယောက်သားဘ၀ကို ကောင်းတူဆိုးဘက် ရင်ဆိုင်ဖို့ ဘ၀ရှေ့တန်းက ခံတပ်စခန်းတစ်ခုကို တည်ဆောက်ပြီးနေထိုင်တဲ့  တည်နေရာပေါ့  ။
ထောင်ကိုယ့်မှာ ပိုင်ဆိုင်တဲ့ ချစ်ခြင်း၊ ကြင်နာခြင်း၊ယုယတွယ်တာခြင်း၊မြတ်နိုးမှု့အစုစု၊ဂရုစိုက် အားကိုယ်လိုမှု့ ဘယ်မိန်းကလေးကိုမှ  ပေးအပ်လို့မရတဲ့
ခံစားချက်အ၀၀တို့ကသစ္စာအထုပ်ထဲထည့်သံယောဇဉ်ကြိုးနဲ့ခိုင်ခိုင်တုတ်ပြီး တည်ငြိမ်တဲ့စိတ် ခိုင်မာတဲ့ဆုံးဖြတ်ချက်နဲ့ ကိုယ်ချစ်တဲ့ ချစ်သူရဲ့ နှလုံးအိမ်ထဲကို လွတ်ရက်မလိုချင်ပဲ တသက်တာအတွက် တုနှိုင်းမမှီတဲ့ လောကရဲ့အခန်းနားဆုံးအဆောက်အဦးအဖြစ်ကိုယ်တိုင်ဝင်ခဲ့တယ်လို့သဘောထားပေးပါ။
တနည်းအားဖြင့် ဒုက္ခတွေအပြည့်နဲ့ မကောင်းတဲ့သူတွေ အပြစ်ပေးတဲ့ ထောင်လို့မမြင်ပဲ    အသစ်သဘောနဲ့ ချစ်သူကိုခြင်ကိုက်မှာစိုးလို့ ထောင်ပေးထားတဲ့ ခြင်ထောင်လို            အန္တရာယ်အသွယ်သွယ်ကာကွယ်ပေမယ့် ထောင်လို့မြင်ကြည့် ပေးပါ ။
                                        အိမ်ထောင်ပြုလိုက်ရင်လွတ်လပ်မှု့တွေပျောက်ဆုံးကုန်တယ်သွားချင်ရာသွားလို့မရ နေချင်သလိုမနေရလို့ စသည့် အကြောင်းပြချက်အမျိုးမျိုးကလဲအိမ်ထောင်ပြုရမှာကို ကြောက်စေပါတယ်။တကယ်တော့ လွတ်လပ်မှု့ဆိုတာ အတိုင်းအတာတခုပဲကောင်းပါတယ် ။
လွတ်လပ်မှု့နောက်ကွယ်က မကောင်းမှု့အမျိုးမျိုးနဲ့ ပျက်ဆီးခြင်းဆိုတာ ခဏတာတောင်မကောင်းပါဘူး။
အိမ်ထောင်ကျလို့ လွတ်လပ်မှု့တွေဆုံးရှုံးသွားတယ်ဆိုတာ
ကလဲ မဟုတ်ပါဘူး။ထိန်းသိမ်းမှု့ရဲ့အောက်က စည်းကမ်းသတ်မှတ်ချက်နဲနဲလေးပါပဲ
စည်းကမ်းထားတယ်ဆိုတာကလဲ ချစ်ခြင်းစာအုပ်ထဲက စာမျက်နှာတချို့ပါပဲ အမျိုးသမီးတွေဟာ မိမိခင်ပွန်းကို စိုးရိမ်စိတ်ကြီးစွာနဲ့ လုပ်ငန်းတာဝန်ပြီးဆုံးချိန်မှာ
မိမိရဲ့ မျက်စိရှေ့မှာထားပြီးတော့ လိုအပ်သမျှလုပ်ပေးမယ် လင်ယောကျာ်းရဲ့ အကြင်နာကို အပြည့်အ၀လိုချင်တဲ့ ချစ်ခြင်းရဲ့ အတ္တအတွက် ဟိုမသွားရဘူး
ဒီမလာရဘူးလို့ သတ်မှတ်တာကို အပြစ်လို့မမြင်ပဲ ကိုယ့်အတွက်ပြောပါလားလို့ဖြည့်တွေးပေးရင် လွတ်လပ်မှု့မရှိဘူးဆိုတဲ့ စာမျက်နှာဟာ အိမ်ထောင်ရေးကျမ်းမှာ အလိုလိုပျောက်သွားပါလိမ့်မယ်  ။အိမ်ထောင်ရှင်တွေဟာ မိန်းမပဲဖြစ်ဖြစ် ယောက်ျားပဲဖြစ်ဖြစ် စိုးရိမ်စိတ်ကြီးတတ်ကြပါတယ်။
အမျိုးသမီးဟာလဲ အိမ်မှာအိမ်အလုပ်လုပ်နေပေမဲ့ စိတ်က ချစ်လင်အပေါ်မှာ အမြဲရောက်ပြီး အိမ်က ယောကျာ်းထွက်သွားကတည်းက ကျောပြင်ကိုကြည့်ပြီး
လမ်းသွားရင် ဘာများဖြစ်မလဲ ကားတွေများတဲ့လမ်းမှာဆိုကားအန္တရာယ်ကိုစိုးရိမ်ရ လူပြတ်တဲ့လမ်းသွားရင် လူဆိုးတွေနဲ့များတွေ့မလား လုယက်မှု့များခံရပါ့မလားနဲ့ လူကအိမ်မှာ စိတ်ကယောကျာ်းနောက်လိုက်ပြီးပူပန်နေကြရတာပေါ့ စားချိန်ရောက်ရင်လဲ သူစားကောစားပြီးပြီလား အိမ်ပြန်စားတဲ့သူဆို စားချိန်မှပြန်မရောက်ရင် ဘာလို့လဲ အလုပ်ထဲမှာအဆင်မပြေလို့ နောက်ကျနေတာလားဆိုတဲ့အတွေးတွေနဲ့စိတ်ကို အမြဲပူပင်စေတာပေါ့။ယောကျာ်းတွေလဲ အတူတူပါပဲ မိန်းမသာအိမ်မှာထားပြီး အလုပ်လုပ်နေပေမဲ့ စိတ်ကတော့ မိန်းမအိမ်မှာတစ်ယောက်တည်း ကြောက်နေမလား ပျင်းနေမလား ဒီအချိန်သူဘာများလုပ်နေမလဲ အ၀တ်လျော်နေလို့ ရေချိုးခန်းထဲများ ချော်လဲမလား ထမင်းဟင်းချက်ရင်း အပူလောင်မလား ဂတ်အိုးတွေကလဲလုံပါ့မလား တခုခုဆိုတဲ့ အတွေးတွေနဲ့ လူပင်ပန်း စိတ်ပင်ပန်းနဲ့ပေါ့။တစ်နေ့တာရဲ့ လူပင်ပန်း
စိတ်ပင်ပန်းမှု့တွေဟာ အလုပ်ပြီး အိမ်အပြန် တစ်ယောက်မျက်နှာ တစ်ယောက်တွေ့တော့လဲ အလိုလိုပျောက်ပြီး ကြည်နူးမှု့အပြည့်နဲ့ နေ့ရက်တွေကို ကုန်ဆုံးစေတာဘယ်လောက်ကြည်နူးဖို့ကောင်းလဲနော်။
 လင်ရယ်မယားရယ်လို့ဖြစ်လာရင် ထောက်ထားညှာတာမှု့နဲ့ နောက်ပြန်ကြည့်တတ်တဲ့ စာမျက်နှာတစ်ခု ဘ၀စာမျက်နှာမှာ အလိုလိုတိုးလာ
ခဲ့တယ် ထောက်ထားညှာတာ နောက်ပြန်ကြည့်တတ်တယ်ဆိုတာကတော့ မကောင်းမှု့တစ်ခုခုလုပ်တော့မယ် ဆိုရင် ငါတကယ်လို့ တစ်ခုခုဖြစ်သွားရင်
ငါ့မိန်းမတော့ လောကအလယ်မှာ အားကိုးရာမဲ့မျက်နှာငယ်နေတော့မှာ
ပဲဆိုတဲ့စိတ် အရှက်ကွဲအကျိုးနဲစေမဲ့ အလုပ် ဥပမာ မယားငယ်နေတာပဲဖြစ်ဖြစ်
ခိုးဝှက် မကောင်းမှု့ဒုစရိုက်စတာတို့ကိုလုပ်လို့ ပေါ်သွားရင် ပတ်ဝန်းကျင်မှာ ငါ့မိန်းမတော့မျက်နှာငယ်နဲ့ ဘ၀ကိုဖြတ်သန်းရတော့မှာပဲဆိုတဲ့ ရှေ့ဖြစ်လာမယ့်အရာကို နောက်ပြန်မိန်းမကိုလှည့်ကြည့်လာတတ်တာတွေကြောင့် အိမ်ထောင်ရှင်တွေဟာအမှားနည်းလာကြတယ်လို့ထင်ပါတယ် ။စားတဲ့နေရာမှာပဲဖြစ်ဖြစ် သွားတဲ့နေရာမှာပဲဖြစ်ဖြစ် အိမ်ထောင်ရှင်တွေဟာ တကယ့်ကို
ကြည်နူးစရာကောင်းသလို အားကိုးရာနဲ့ အားကိုးခံပီတိလေးတွေကတော့ အိမ်ထောင်မဲ့တွေထက် အနှိုင်းဆမဲ့သာပါတယ် ။အစားစားရင်လဲ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ငပိနဲ့စားရပေမဲ့လဲ ပီတိလေးခတ်ထားတဲ့ဟင်းဆိုတော့ အရသာက သာမညမဟုတ်တော့ပဲ အဟာ၇အပြည့်နဲ့
နတ်သုဒ္ဓါနဲ့ ဘယ်လဲနိုင်ပါ့မလဲ( နတ်သုဒ္ဓါဘယ်လောက်ကောင်းတယ်ဆိုတာ မစားဖူးတော့မသိပေမဲ့ သူချက်တဲ့ ငပိတခွက်ကတော့ တော်တော်ကောင်းပါတယ်)ဒါကလဲ စကားအဖြစ်ပြောတာပါ မိန်းမတွေဟာ သူတို့တာ ဖြစ်သလိုစားချင်စားမယ် ကိုယ့်ယောက်ျားကိုတော့
ကောင်းသထက်ကောင်းတဲ့ ဟင်းကိုပဲချက်ကျွေးပြီး ယောက်ျားက အရမ်းစားကောင်းတာပဲလို့ပြော သူတို့မျက်နှာက အာဖရိက ကစိန်တစ်တုံးရသလိုပဲပျော်နေတတ်ကြတာ အိမ်ထောင်ရှင် မိန်းမတွေပါ။
လူ့ဘ၀ဆိုတာ အခက်အခဲတော့ရှိတတ်ကြတာပါပဲလေ ဘာပဲဖြစ်ဖြစ် ကြုံလာမဲ့ လောကဓံကို ကြံ့ကြံ့ခံပြီး
ဘ၀တစ်ခုကို ရဲရဲရင်ဆိုင်နိုင်ဖို့လဲလိုပါတယ် လွင်ပြင်ဖြတ်သန်းခဲ့တဲ့ဘ၀မှာ နှစ်ယောက်အတူ ကြက်ဥတစ်လုံး
နှစ်ယောက်အတူစားရတဲ့ မနက်စာတွေရှိသလို ကြည့်စရာTVမရှိလို့ ဇနီးသည်ပျင်းနေမှာစိုးလို့ စာအုပ်အဟောင်းလေးတွေ သူများဆီတောင်းပြီးဖတ်ပြရတဲ့ ညလဲမနည်းပါဘူး။အပျင်းပြေ ဆော့စရာ ဂိတ်စက်မရှိတဲ့ဘ၀မို့ စာရွက်လေးမှာ အကွက်ဆွဲပြီး ကျားကွက်နှစ်ယောက်အတူကစားပြီး ပျော်ခဲ့တာလဲမမေ့ပါဘူး။ဘာပဲဖြစ်ဖြစ် ကြိုးစားမှု့တိုင်းမှာ သူ့မျက်နှာလေးရှိနေတော့ စိတ်ဓါတ်ကျ အားငယ်နေတဲ့ အချိန်တောင်မရှိခဲ့ပါဘူး။
အရာရာတိုင်းမှာ သူ့အတွက်သူ့အတွက်ဆိုတဲ့စိတ်နဲ့ ရိုးသားစွာကြိုးစားပါ မပြည့်စုံတဲ့ဘ၀ ခဏလေးနဲ့ပျောက်သွားပါလိမ့်မယ်။
ဘာပဲဖြစ်ဖြစ် တစ်ကိုယ်တည်းအထီးကျန်ဆန်ပြီး တိုင်ပင်ဖော်မရှိတဲ့ ဘ၀ကြီးထဲမှာ အသက်ရှင်ရပ်တည်မဲ့အစား  အိမ်ထောင်ပြုမယ့် အရွယ်ရောက်ရင် ကိုယ်ချစ်တဲ့သူနဲ့ ဘ၀ကို ကြည်နူးစွာ ရင်ဆိုင်ဖြတ်သန်းတာဟာ လူ့လောကရဲ့ အလှတစ်ခုပါပဲလေ  ။


(မှတ်ချက်။  ။သိသမျှ လက်တွေ့ခံစားရတဲ့ ဘ၀ထဲမှ မရေးတတ်ပဲ အတွေးများကို မျှဝေခြင်းဖြစ်ပါသည်။)

14 comments:

Junemoe said...

ဟဲဟဲ...လက်စသတ်တော့ ပို့စ်လေးရေးပြီး ဒီလိုဒီလိုလေး ပျော်ရွှင်ကြည်နူးရပါတယ်ဆိုတာလေးကို ကြွားသွားတာပေါ့လေ...နာ့အကိုက...:P

ဒီပို့စ်ဖတ်ပြီး မမတော့ တစ်နေ့တစ်မျိုး ဟင်းမရိုးအောင် ကြံစည်ရတော့မှာပဲ..နာ့ မမ သနားပါတယ်...:P

ချစ်ခင်လျက်

လမင်းငယ် said...

လေ့လာသွားပါတယ် :P

တွတ်တွတ် said...

ဘယ်လိုပဲအားကျဖွယ်ဖြစ်အောင်ရေးရေးပါဗျာ.ကျွန်တော်ကတော့ ဘ၀ပေးကုသိုလ်ကံအရ အင်တာနက်လိုင်းခပ်စုတ်စုတ်ရယ်...ပိစိညှောင့် netbook တစ်လုံးရယ်.ကျစိမ့်လဖက်ရည်တစ်ခွက်နဲ့ဆေးပေါ့လိပ် တွေနဲ့ပဲ..ပျော်ရွှင်လွတ်လပ်တဲ့ လူပျိုကြီးဘ၀ကိုပဲ..မက်မက်မောမော သံယောဇဉ်တွယ်ငြိနေတုန်းပါပဲဗျာ...:)

ချောကလက်ကျူးပစ်လေး said...

တစ်ကိုယ်တည်းအထီးကျန်ဆန်ပြီး တိုင်ပင်ဖော်မရှိတဲ့ ဘ၀ကြီးထဲမှာ အသက်ရှင်ရပ်တည်မဲ့အစား အိမ်ထောင်ပြုမယ့် အရွယ်ရောက်ရင် ကိုယ်ချစ်တဲ့သူနဲ့ ဘ၀ကို ကြည်နူးစွာ ရင်ဆိုင်ဖြတ်သန်းတာဟာ လူ့လောကရဲ့ အလှတစ်ခုပါပဲလေ။
ပီားပီား..မှတ်လိုက်ပီ
အဲဒါမျိုးကြားချင်နေတာလဲကြာဘီ..ေိေိ
ကျေးဇူးကိုကြီး..:P

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) said...

း) ဟုတ်တယ် မောင်ဘုန်းပြောတာမှန်တယ်
း)း)
အားကျတယ်ဗျာ့
ကိုမောင်တို့ ကိုဇော်တို့လည်း နည်းနာယူသင့်တယ်ထင်တာပဲး)


မောင်ဘကြိုင်

ချောကလက်ကျူးပစ်လေး said...

ကိုမောင်ဘုန်း>>>အကိုရေတင်ထားတဲ့ပုံကိုလဲသေချာကြည့်ဦး
ဘာတွေပြောနေတာလဲသိဘူးး..:P
သေချာလေ့လာအကို့ကွန်မန့်ပြင်ရမယ်ထင်တယ်..:P

ဘိုဖြူ said...

မောင်ဘုန်းတို့များပုံကို မကြည့်ပဲ
ရေးနေတာကိုး
လူပျိုကြီးတွေမြန်မြန်စွံပါစေဗျာ

Angelhlaing(May everybody be happy and healthy! said...

ဘလော့ထဲ သူတွေကို အားကျအောင် လုပ်နေတယ်ပေါ့လေ....အကိုကတော့...:):)

မောင်မောင် said...

အစ်ကိုရေ အရမ်းကို ပြည်.စုံတဲ. ပို.စ်လေးပါ။ ကျေးဇူးပါဘဲနော်။

Candy said...

ဟုတ်.. မှတ်သားသွားပါတယ်.. အားကျထှာ.. :P :P

စိတ်ချပါ အပျိုကြီး မလုပ်ပါဘူး :P :P

မဒမ်ကိုး said...

မောင်ဘုန်း ငတုံး စာလဲသေချာမဖတ် ရမ်းရေးသွားလို့ ငါ့အကိုတော့စိတ်တိုနေတော့မှာဘဲ
ဒင်းတို့က အကောင်လိုက်ကြီးပြနေတာတောင်မြင်တဲ့အမျိုးမဟူတ် ဘူး ဟိဟိ
မြင်စေ လို့ပြနေတာတောင် ဘယ်မလဲလုပ်နေတယ်
ကဲ ကလေးတို့ရေ ယောင်လို့တောင်အားမကျနဲ့နော်
ထိုင်နေရင်အကောင်းသား ထသွားမှ ကျိုးမှန်းသိနေကြဦးမယ် ဟဲဟဲး)

ညီရဲ said...

လေ့လာမှတ်သားထားသင့်တဲ့ အကြောင်းအရာလေးတွေပါဘဲ...
သာယာတဲ့ အိမ်ထောင်လေး တစ်ခုဖြစ်ရင်တော့ လောကမှာ ဘာနဲ့ မှ လဲလို့ မရနိုင်တဲ့ ပျော်ရွှင်မှုလို့ ထင်တာပါဘဲ....
တွေးကြည့်တာပါ ကိုယ်တိုင်တော့ မကြုံဖူးသေးဘူး...

♫♪★လွမ်းပိုင်ရှင်★♪♫ said...

သွေးတိုးမစမ်းနဲ့နော် ယူပလိုက်မှာ ဘာမှတ်

လွင်ပြင်လှိုင်းငယ် said...

မဖြစ်ပါဘူးဗျာ သူငယ်ချင်းတွေက စကြတာပါ

လက်စွမ်းပြနေသူများ

You can replace this text by going to "Layout" and then "Page Elements" section. Edit " About "

Blogger templates

ဆုံဆည်းရာလေး

သူတို့ရဲ့ အမြင်လေးများ

အဖြူရောင်သံဇဉ်

Powered by Blogger.

ရေးခဲ့သမျှ မှတ်တမ်း