ပြည့်စုံမှု့တွေမြင်တိုင်း
သိမ်ငယ်ခြင်းတွေ မွေးဖွားလာတာ
လူ့သဘာဝပါ ။
လှမ်းလျှောက်တဲ့သူကသမ္မတသား ဖြစ်ချင် ဖြစ်ချင်နေလိမ့်မယ်
စက်ဘီးစီးတဲ့သူကို
အားကျပြီး
ကားစီးတဲ့သူကလဲ
လေယာဉ်ပျံ ပိုင်ရှင်ကို
မနာလိုဖြစ်ရင်း
ဘာကြောင့်များ
ဘာကြောင့်များနဲ့
ဖြစ်တည်မှု့ကို စာရင်းစုရင်း
နောင်တဆိုတဲ့ စကားလုံးက
ကြီးကျယ်လာခဲ့တယ် ။
ကားတ၀ီဝီစီးတဲ့အရာရှိသားကလဲ
အနုပညာရှင်တွေကလဲ
မွေးဖွားရာမိဘကို ဟောလိဝုစ်ကသူတွေ
ဖြစ်ချင် ဖြစ်ချင်နေလိမ့်မယ်
ဘာပဲဖြစ်ဖြစ်ပါ
ရှင်သန်ခြင်းမှာ နောင်တတွေတော့ရှိနေပါလိမ့်မယ် ။
ငါ့ဘ၀ရဲ့ ဘယ်သောအခါကမှ
နောင်တဆိုတဲ့ ခါးသီးခြင်းမရှိ
ချိုမြိန်မြဲ ချိုမြိန်နေတဲ့
ဘ၀စာမျက်နှာတချို့
ငါချပြမယ် ။
မွေးဖွား သန့်စင်
အပြစ်မမြင် အချစ်တွေ သွင်သွင်စီးတဲ့
ဒီမိဘတွေရဲ့ သားဖြစ်ရတာ
ငါ့မှာ နောင်တမရှိဘူး ။
ဒုက္ခတွေကို ထမ်းပိုးပြီး
မာယာများတဲ့ လောဘမုဆိုးတွေကြား
စမ်းတ၀ါးဝါးနဲ့ လမ်းလျှောက်တုန်း
ဘေးနားက ဖေးမပေးတဲ့
သူငယ်ချင်းတစ်ချို့အတွက်
ငါ့မှာနောင်တမရှိဘူး ။
ငါ့မှာ နောင်တမရှိဘူး ။
ဒုက္ခတွေကို ထမ်းပိုးပြီး
မာယာများတဲ့ လောဘမုဆိုးတွေကြား
စမ်းတ၀ါးဝါးနဲ့ လမ်းလျှောက်တုန်း
ဘေးနားက ဖေးမပေးတဲ့
သူငယ်ချင်းတစ်ချို့အတွက်
ငါ့မှာနောင်တမရှိဘူး ။
ဖြူစင်ခြင်းနဲ့ အစပြု
သံယောဇဉ်တွေ ခိုင်ခိုင်တုတ်
အေးရင်အတူ ပူရင်မမျှ
ငါ့ဘ၀ပန်းချီကားကို
ဆေးရောင်လှလှခြယ်သပေးတဲ့
အိပ်မက်လေးရဲ့ ချစ်သူဖြစ်ခွင့်ရတာလဲ
ငါ့ဘ၀မှာ ဘယ်သောအခါမှ
နောင်တမရှိတဲ့ ဘ၀စာမျက်နှာတချို့ပါ ။
လွင်ပြင်လှိုင်းငယ်
16 comments:
လာအားပေးသွားပါတယ်...
နောင်တမရှိတဲ့ ဘဝစာမျက်နှာတချို့အတွက် ဂုဏ်ယူပါတယ် :)
မှန်သောစကားတွေနဲ့လှပတဲ့ကဗျာတစ်ပုဒ်ကို ခံစားသွားပါတယ်
အစ်ကို....
ကဗျာလေးခံစားသွားပါတယ်အစ်ကို.....အဲဒီနောင်တမဲ့စာမျက်နှာလေးတွေအတွက်လည်း ၀မ်းသာပါတယ်အစ်ကို
အရမ်းကိုလန်းတဲ့ကဗျာလေးပါအကိုခံစားသွားပါတယ်
ဂွတ်....သိပ်ကောင်းတဲ့ ဆုံးဖြတ်ချက်ပဲ...။
ဒယ်ဒီဖားသား..
နောက်ဆုံးတော့လည်း.ဒီဘူတာပါဘဲလား :)))
နောင်တမရှိတဲ့ဘ၀စာမျက်နှာပိုင်ရှင်အဖြစ်
လေးစား၊အားကျဂုဏ်ယူမိပါတယ်။
ချစ်ခင်လျှက်
သမီးပြောသလိုပဲ ဖြစ်နေပြီနော်
ဒီဘူတာပဲလား
ကဗျာစာသားတွေလန်းလာပါတယ်ကွယ်
လူတစ်ယောက်မှာနောင်တမရှိတာအကောင်းဆုံးပေါ့:D
စာသားတွေ အရမ်းလန်းတယ်ဗျာ
လူဆိုတာ မသေသရွေ့တော့
ဖြစ်ချင်တာတွေ များနေဦးမှာပဲ အစ်ကိုရေ
ကဗျာလေး အားပေးသွားတယ်နော်
တကယ် ကောင်းတယ်
ဟုတ်ပ နောက်ဆု့းတော့လည်း သူ့ ကောင်မလေး သူ့ ကဗျာပဲရေးတာ..ချစ်ပြနေကြတယ်ပေါ့လေး...မွေးစားသမီး ပေးဆို
နောင်တမရှိမှပဲ..ရှိရင် သစ်ပင်လေးက တီးထည့်လိုက်မယ်တဲ့..ခွိ..ခွိ
ကိုယ် လဲ ဖိနပ်စီးပြီး
စက်ဘီးအစုတ်လေးကိုတောင့်တမိတယ်
ဆေးရောင်လှလှခြယ်ခွင့်ရတာ သိပ်ကံကောင်းတာပေါ့။
ဒီလိုချစ်သူမျိုးရထားရင် ပြည့်စုံသလောက်ရှိနေပြီ မဟုတ်လား
ဆေးရောင်လှလှချယ်ပေးတတ်တဲ့ချစ်သူလေးရထားလို့ဂုဏ်တက်နေပုံပဲ..ဟိဟိ ..
ခင်တဲ့
မမဝသုန်
ကဗျာလေးကိုခံစားသွားတယ်အကိုရေ
Post a Comment