နှလုံးလှ ငါ့ဘုရင်မ

အိပ် မပျော်လဲပဲ
မက် ခွင့်ရချင်တယ်
 လေး နက်တဲ့ ချစ်ခြင်း အကြောင်းတွေကိုပေါ့
က လေးတစ်ယောက်လိုဖြူစင်လွန်းတဲ့ မင်းအပြုံးက
ငါ့ အတွက်တော့  ဘုရားပေးတဲ့ ဆုလာဒ်တစ်ခုပါ
ဝမှာ တစ်ကြိမ်တစ်ခါသာ
င်ရောက်ခဲ့တဲ့ သံယောဇဉ် အချစ်များစွာနဲ့ပေါ့  ။


စံ ပယ်ဖြူ စိတ်ထားလေးနဲ့
ပယ် ဖျက်ထားတဲ့ အတ္တတွေကြား
ချို သာတဲ့ ရီသံတွေနဲ့
က နေတဲ့ဒေါင်းမလေးတောင် ငေးသွားရတယ်
ငါ့ ဘ၀ရဲ့ ထာဝရ အလှရှင်လေးရယ်
ဆုံးသတ်မှာလဲ
ချစ် ခြင်းတရားတွေ ပွေ့ဖက်သွားဖို့
ဆုံး ဖြတ်တတ်တဲ့ နှလုံးသားကို ကျေးဇူးပါ  ။

နှ လုံးသားက
လုံး ၀ကို မုန်းမရမယ့်
လှ ပတဲ့ မင်း စိတ်ထားများနဲ့
ငါ့ ဘ၀ကို လှပအောင်ပြုပြင်ပေးရင်း
ဘု ရင်မတပါးလို အမိန့်တွေ မပေးပဲ
ရင် ထဲကစေတနာ စကားများနဲ့
မှားတဲ့ ချစ်ခြင်းတွေ အပြည့်နဲ့ ချစ်တတ်သူရေ  ။


လွင်ပြင်လှိုင်းငယ်




15 comments:

မိုးသက် said...

လန်းလှချည်လားအစ်ကို.. သေလောက်တယ်.. တင်ချက်တွေက...း))))

အောင်အောင် said...

ကြွေလောက်တယ် ကဗျာဆရာရေ နှလုံးလှ ငါ့ဘုရင်မက နှလုံးလှလူမိုက်ထက် ကောင်းတယ်...ခင်မင်စွာဖြင့် ....အောင်အောင်

ရင်ဆူး said...

လန်းတယ်ဗျာ....အားကျပါတယ်.....အစ်ကို့လို ချစ်တတ်တဲ့ကဗျာဆရာတစ်ယောက်ကိုရတာ မကြီးဂျက်တော့ ကံကောင်းတာပဲဗျာ........

ချစ်စံအိမ် said...

ကဗျာတွေနဲ့ နှိပ်စက်နေပြီထင်တယ်ဟီဟီ
စတာနော်စာသားတွေလန်းတယ်...

မိုးသူ(တောင်ကြီး) said...

မစံပယ်ချိုအတွက် ဂုဏ်ယူပါတယ်
စိတ်ကူးကောင်းလေးတွေရှိတဲ့ ကိုလွင်ပြင်ရဲ့ ချစ်သူ ဖြစ်ရတာ
သိပ်ကံကောင်းတဲ့သူတယောက်ပေါ့ဗျာ
ကိုလွင်ပြင်ရေ ဒီကဗျာလေးရဲ့ စိတ်ကူးကို
အရမ်းကြိုက်တယ် ...

မိုးသူ(တောင်ကြီး) said...

မစံပယ်ချိုအတွက် ဂုဏ်ယူပါတယ်
စိတ်ကူးကောင်းလေးတွေရှိတဲ့ ကိုလွင်ပြင်ရဲ့ ချစ်သူ ဖြစ်ရတာ
သိပ်ကံကောင်းတဲ့သူတယောက်ပေါ့ဗျာ
ကိုလွင်ပြင်ရေ ဒီကဗျာလေးရဲ့ စိတ်ကူးကို
အရမ်းကြိုက်တယ် ...

Cameron said...

အော် ...မိဂျက်တို့များကိုယ်ပိုင်ကဗျာဆရာနဲ့ အားကျစရာကွယ်....။ လွင်ပြင်ရေးတဲ့ ဒီကဗျာလေးက နူးညံ့ပြီးရင်ကိုထစေတဲ့ စကားလုံးတွေနဲ့ပဲ ယှက်လုပ်ထားတယ်ဆိုတာ မြင်နေရတယ်...။

စံပယ်ချို said...

ဘာရယ်မဟုတ်ပါဘူး
(အရာအားလုံးကိုဘုရားသခင်ပေးတာပါပဲ)

မဒမ်ကိုး said...

အဟမ်း အဟမ်းး အားကျလောက်အောင်ချစ်တတ်တယ်တော့ငါ့အကိုကတော့..

ညီမငယ်ဒိုးကန်

အောင်သက်ခိုင် said...

အရမ်းကိုလန်းတဲ့စားသားတွေနဲ့ကဗျာလေးပါ
ခံစားသွားပါတယ်ဗျာ

ဟန်ကြည် said...

အလဲ့...တယ်ဟုတ်ပါလား...

ပျိုးယုဝသုန် (Pyo Yu Wathone) said...

ကဗျာလေးက လှလိုက် တာ ကိုလွင်ပြင်ရေ.. အခါခါ ကိုဖတ်မိတယ်.. ဂျက်တို့ကတော့ မနက်အိပ်ရာထရင် ကဗျာလေးနဲ့ကွယ် ..လှချက်

မျိုးဆက်သစ်မှတ်တိုင် said...

ပါရမီဖြည့်ဖက်၂ဦးစလုံးအတွက်
တကယ်ခံစားချက်ပြည့်ဝတဲ့
ကဗျာကောင်းတစ်ပုဒ်ပါ
ကိုလွင်ပြင်ရေ..
အသစ်တင်တိုင်း အားပေးလျှက်ပါ..

ဧဒင်အချစ်ပုံပြင် said...

ကဗျာလေးကလန်းလိုက်တာဂျာ...တော်တော်ခိုက်သွားတယ်..

ွှThwin said...

အရမ်းကို အားကျမိတယ်..။ နှလုံးလှဘုရင်မ ကို ပေါ့။

လက်စွမ်းပြနေသူများ

You can replace this text by going to "Layout" and then "Page Elements" section. Edit " About "

Blogger templates

ဆုံဆည်းရာလေး

သူတို့ရဲ့ အမြင်လေးများ

  • နေမျိုးထက် on blog post_17
    ကြိုက်တယ်ဗျာ
  • Thwin on blog post_11
    လွင်ပြင်+စံပယ်=စံပယ်+လွင်ပြင် ပေါ့..။
  • Thwin on blog post_22
    အိပ်မက်လေး အရမ်းကံကောင်းတာပဲနော်။
  •ွှThwin on blog post_18
    အရမ်းကို အားကျမိတယ်..။ နှလုံးလှဘုရင်မ ကို ပေါ့။
  • Anonymous on blog post_26
    စိတ်ချ အကို ပြောင်းချိတ်လိုက်မယ်။ ကျွန်တော်လည်း ခုမှသိတာ။

အဖြူရောင်သံဇဉ်

Powered by Blogger.