ငါးထောင်တန်ဖုန်းအပေါ် ဘလော့ဂ်ဂါတို့အမြင် (တဂ် ပို့စ် )


ညီမငယ်လေး Angelhlaing  နှင့် ညီမ မဒိုးကန်တို့က သတိယစွာနဲ့ တဂ်ထားလို့ မရေးတတ်ပေမယ့်
ရေးချသမျှကတော့ ရင်ထဲက ဆန္ဒမှန်ပါပဲ ။
၁ ။ ယခု ဆက်သွယ်ရေးက ချထားပေးမယ့် နှစ်သိန်းဝန်းကျင် ဖုန်းကို တန်ဖိုးနည်းဖုန်းလို့ သင်မြင်ပါသလား ။
ဟို့အရင်အချိန်ထက်စာရင် တိန်ဖိုးနည်းပေမယ့် လူတိုင်းတော့ ကိုင်နိုင်မယ်မထင်ပါဘူး နိုင်ငံတကာမှာတော့
sim ကဒ်တွေဟာ  အရမ်းဈေးသက်သာပါတယ် ဥပမာ ကျွန်တော်နေတဲ့ မလေးမှာတောင် တစ်ကဒ်ကို RM 8 ပဲရှိပါတယ် မြန်မာငွေနဲ့ ၂၀၀၀ကျော်လေးပဲရှိပါတယ် တခါတရံ ကဒ်ကို အခမဲ့ ပေးတာပင်ရှိသောကြောင့် နှစ်သိန်းတန်ဖုန်းသည် တန်ဖိုးနည်းဖုန်းမဟုတ်ပါ  ။

၂ ။ ငါးထောင်တန်ဖုန်းပေါ်လာစေဖို့ စတေကာကပ်ခြင်း နဲ့ တီရှပ်များ ပြုလုပ်ခြင်းအပေါ် သင်ဘယ် လိုမြင် မိပါသလဲ ။

ကောင်းတဲ့ အစီအစဉ်ပါပဲ ဒါမှလဲ  (၅၀၀၀)ဆင်းကဒ်ကို အကောင်အထည်ဖော်သူတို့ ပိုမိုသတိထားမိမှာပါ။

၃ ။ ငါးထောင်တန်ဖုန်းပေါ်လာစေဖို့ စုပေါင်းလက်မှတ်ထိုးပြီးလွှတ်တော်ကိုတင်ပြခြင်းအပေါ် သင်ဘယ် လိုမြင်မိ ပါသလဲ ။

တင်ပြသင့်ပါတယ်  ။
 ၄ ။ ငါးထောင်တန် ဖုန်း များပေါ်ပေါက်လာစေဖို့ သင့်အနေနဲ့ ကြိုဆိုပါသလား ။
 လှိုက်လှိုက်လှဲလှဲကိုကြိုဆိုတာပေါ့ဗျာ ။

၅ ။ ငါးထောင်တန် ဖုန်းအပေါ် သင့်အမြင်လေး တစ်ပိုဒ်လောက်ချရေးပေးပါ ။
 ၅၀၀၀တန်းဖုန်းကိစ္စက ကြားနေတာတော့ကြာပါပြီ ပြည်သူတွေပျော်ခဲ့ရတာလဲ ကြာပြီပေါ့လေ လက်တွေ့မှာ မဖြစ်သေးတော့ လူတွေရဲ့အပျော်ကတော့ လျော့နည်းလာပေမယ့်စိတ်ဓါတ်တော့ မကျစေချင်ဘူး။
ဆက်သွယ်ရေးဆိုတာ အရေးကြီးတဲ့ အရာမို့ အဖိုးခ သက်သက်သာသာနဲ့ ပြည်သူတွေ လက်ထဲရောက်ရင် ဘယ်လောက်များတောင် ကောင်းလိုက်မလဲနော် ။ရေမြေခြားမှာနေတဲ့ သူတွေဟာ ဆက်သွယ်ရေးကို ပိုပြီးတန်ဖိုးထားမယ်လို့ထင်ပါတယ်(မှတ်ချက်။   ။ကျွန်တော် ထင်မြင်ချက်ပါ အမှားပါရင် နားလည်ပေးပါ)
အဘယ့်ကြောင့်ဆိုတော် အနေဝေးနေတော့ အသံလေးနဲ့ပဲ မိဘတွေနေကောင်းလား မောင်နှမတွေ ကျန်းမာလားသူငယ်ချင်းတွေအဆင်ပြေလားကိုအမြန်ဆုံးဆက်သွယ်ပေးတဲ့ ပစ္စည်းမို့ပါ။တစ်ခုတော့ရှိတာပေါ့ အမြန်ဆုံးဆက်သွယ်ပေးတဲ့ ပစ္စည်းလေးဟာ အိမ်တိုင်မှာတော့ မရှိပါဘူး
အဘယ်ကြောင့်ဆိုသော် ဖုန်းတစ်လုံးဟာ ဈေးနှုန်းကြီးမားမှု့ကြောင့် အိမ်တိုင်းမှာ မတပ်ဆင်နိုင်ခြင်းဖြစ်ပါသည်။ အခုလို ၅၀၀၀တန်ဖုန်းလေးသာ ရရှိမယ်ဆိုရင်တော့ အချိန်မရွေး ဆက်သွယ်လို့ရတာကြောင့်ပြည်သူတွေဘယ်လောက်တောင်များပျော်နေမလဲနော် ထို့ကြောင့် ပြည်သူတွေကိုချစ်ရင်ပြည်သူတွေကိုပျော်စေချင်မှာလဲ နိုင်ငံအုပ်ချူပ်သူများရဲ့ ဆန္ဒဖြစ်ပါလိမ့်မယ်။

 အားလုံးလဲ ၀ိုင်းဝန်းဆုတောင်းပေးနေမှာပါ ။

ကဲညီမလေးတို့ ရေးလိုက်ပြီနော်။
 

လွင်ပြင်လှိုင်းငယ်


 




8 comments:

မောင်ဘုန်း said...

တန်ဖိုးနည်း ဖုန်းလိုင်းဖြစ်လာမို့  ဝိုင်းဝန်း တောင်းဆိုကြပါစို့  .......


ခင်မင်စွာဖြင့်

မောင်ဘုန်း

မျိုးဆက်သစ်မှတ်တိုင် said...

ရွှေပြည်ကြီးက5000တန် ဖုန်းကိစ္စအတွက်
ဝိုင်းဝန်းပီး ဆွေးနွေးပေးထားတဲ့ တဂ်ပို့စ်လေးမို့
ဖတ်ပီး မှတ်သွားခဲ့ပါတယ်
ကိုလွင်ပြင်ရေ..

လေးစားခင်မင်လျှက်

ဆန်းသစ်အောင်

မဒမ်ကိုး said...

အားလုံးရဲ့ဆန္ဒတွေအမြန်ပြည့်နိုင်ကြပါစေ

Thameesan said...

နီးတော့..နီးလာပါပြီး))

Candy said...

အဲ့လိုဖြစ်လာဖို့ မျှော်လင့်ဆုတောင်းနေပါတယ် အစ်ကို

ချစ်စံအိမ် said...

မောင်ဘုန်းနဲ့ သမီးစံပြောသလိုပါပဲ
လွင်ပြင်အမြင်လေးလည်းဖတ်ခဲ့ကြောင်း

ဧဒင်အချစ်ပုံပြင် said...

အမြန်ဆုံးစောင့်မျှော်လျှက်ပါ....လွင်ပြင်လှိုင်းငယ်

Angelhlaing(May everybody be happy and healthy! said...

အမြန်ဆုံး ရောက်ရှိလာမယ်လို့ မျှော်လင့်ပါတယ်..အကို... ရေးပေးလို့ ကျေးဇူးပါလို့..

လက်စွမ်းပြနေသူများ

You can replace this text by going to "Layout" and then "Page Elements" section. Edit " About "

Blogger templates

ဆုံဆည်းရာလေး

သူတို့ရဲ့ အမြင်လေးများ

  • နေမျိုးထက် on blog post_17
    ကြိုက်တယ်ဗျာ
  • Thwin on blog post_11
    လွင်ပြင်+စံပယ်=စံပယ်+လွင်ပြင် ပေါ့..။
  • Thwin on blog post_22
    အိပ်မက်လေး အရမ်းကံကောင်းတာပဲနော်။
  •ွှThwin on blog post_18
    အရမ်းကို အားကျမိတယ်..။ နှလုံးလှဘုရင်မ ကို ပေါ့။
  • Anonymous on blog post_26
    စိတ်ချ အကို ပြောင်းချိတ်လိုက်မယ်။ ကျွန်တော်လည်း ခုမှသိတာ။

အဖြူရောင်သံဇဉ်

Powered by Blogger.