အိပ်မက်လေး

ရှင်သန်နေသမျှတော့
အိပ်စက်ခြင်းဆိုတာရှိနေမှာပါ
အိပ်စက်တိုင်းလဲ အိပ်မက်ဆိုတာရှိနေတာပဲလေ
နင်ဟာငါ့နှလုံးသား အိပ်စက်နေချိန်မှာ
ဘယ်သူ့ခွင့်ပြုချက်မှမယူပဲ
ဟန်ဆောင်ခြင်းကင်းမဲ့ ရိုးသားတဲ့ ခြေလှမ်းတစ်စုံနဲ့
ငါ့နှလုံးသားဧရိယာထဲ ဖြေဖြေလေးလှမ်းဝင်လာခဲ့တယ်နော် ။
မှတ်မှတ်ရရ နင်ငါရဲ့ နှလုံးသားတံခါးကိုလာခေါက်တဲ့ လက်တစ်စုံဟာ လေလှိုင်းထဲကလာတဲ့ ဖုန်းသံလေးနဲ့နော်
ငါတခါမှ မစဉ်းစားမိခဲ့ဘူး အဲ့ဒီဖုန်းပိုင်ရှင်လေးဟာ
ငါ့နှလုံးသားရဲ့ ထာဝရ ရင်ခုန်သံလေးဖြစ်မယ်ဆိုတာလေ...
အဲ့ဒီအချိန်ကစလို့ ငါတို့နှစ်ယောက် တစ်ယောက်အသံတစ်ယောက်မကြားရရင်မနေနိုင်အောင် တိတ်တခိုးလေး သံယောဇဉ်တွေသွယ်နေမိတယ်နော်(ငါ့ဘက်က အတွေးပေါ့)
အချိန်တွေပြောင်းလဲခဲ့သလို နင်နဲ့ငါ့ရဲ့ နှလုံးသားအရောင်တွေကလဲပြောင်းလဲလာတာပေါ့ အဖြူရောင်သံယောဇဉ်ကနေ အပြာရောင်ချစ်ခြင်းမေတ္တာနယ်မြေထဲတိုးဝင်ဖို့ပြောခဲ့တဲ့ ငါ့ရဲ့ ချစ်တယ်ဆိုတဲ့ စကားတစ်ခွန်းဟာ ငါ့နှလုံးသားရင်ခုန်သံရဲ့ ဘာသာပြန်စကားတစ်ခွန်ပါ...
ငါနင့်ဆီကို စာလွှာတွေရေးပြီး ချစ်တဲ့အကြောင်းရေးတဲ့ မင်  တွေဟာလဲငါ့နှလုံးသွေးစက်တွေပါဟာ...
နင်ငါ့ကို  မျှော်လင့်ခြင်းရဲ့ အဖော် အလွမ်းတွေနဲ့ အချိန်အကြာကြီးထားခဲ့ပြီးမှ ချစ်တယ်ဆိုတဲ့စကားတစ်ခွန်းကို ငါ့နှလုံးသားနားဆင်ဖို့တိုးတိုးလေးကပ်ပြောခဲ့တုန်းက ငါလေ ကြည်နူးခြင်းဆိုတဲ့ အရာကို စတင်ခံစားမိသလိုပဲဟာ
နင်ငါ့ကိုချစ်တယ်ပြောတဲ့နေ့မှာပဲ နင့်ကိုငါ အိပ်မက်လေးလို့ ခေါ်ခဲ့တယ်နော်(ရင်ထဲမှာခေါ်တာတော့ကြာပြီပေါ့) အဲ့ဒီတုန်းက နင်ကပြောတယ်လေ အိပ်မက်ဆိုတာ အိပ်စက်မှမက်လို့ရတာနိုးထနေချိန်မှာတော့ ငါကနင့်အနားမှာမရှိဘူးလာတဲ့ မဟုတ်ပါဘူးဟာ
ငါ့နှလုံးသားဟာ နင့်နှလုံးသားဆီမှာ ထာဝရအိပ်စက်ပြီးဘယ်တော့မှ နိုးထမှာမဟုတ်ပဲ ဘ၀များစွာထိရှိနေမှာမို့အိပ်မက်လေးလို့ ခေါ်တာလို့ငါရှင်းပြခဲ့တာနင်မှတ်မိသေးတယ်မဟုတ်လား...
တခါတလေ လူ့ဘ၀ကြီးက ရီစရာတော့ကောင်းသားနော် ဘာလို့လဲဆိုတော့ နင်နဲ့ငါ ရူးသွပ်စွာချစ်သူဖြစ်ခဲ့တဲနေ့အထိ ငါတို့တစ်ယောက်ကိုတစ်ယောက် ဖြူလားမဲလား ပုသလားရှည်သလားတောင်မသိကြလို့ပဲလေ   ။

တနေ့နင့်ကိုငါ မြင်ဖူးချင်လို့ငါကနင့်ဓါတ်ပုံတောင်းတော့ နင်က အော်ရီပြီ နင်အဆင့်တွေကျော်နေပြီ ငါတို့နှစ်ယောက် ချစ်သူသာဖြစ်နေပြီးတစ်ယောက်အသက်တစ်ယောက်တောင်မသိကြသေးဘူးလို့နင်ပြောရင်းမေးတော့ငါကချက်ချင်းပဲ ငါ့အသက် ၂၁နှစ်လို့ပြောတော့ နင့်ရီနေတဲ့အသံက ချက်ချင်းပျောက်ကွယ်သွားတာ ဘာကြောင့်လဲဟာ ငါ့ရဲ့ ဟလို ပေါင်းများစွာရဲ့နောက်မှာ ကြားရတာက နင့်ရဲ့ အသက်ရှူသံကပုံမှန်မဟုတ်ပဲ တခုခုဆုံးရှုံးသွားလို့ ကြေကွဲအသက်ရှူသံတွေပဲနော် တော်တော်လေးကြာမှနင်က ပြန်ဖြေခဲ့ပုံကနင်က ငါ့ထက်၅နှစ်ကြီးတယ်လို့ စိုးရိမ်သံလေးနဲ့လေ အဲ့ဒီအချိန်တုန်းက ငါအော်ရီခဲ့တာနင်မှတ်မိအုံးမလား နင်ငါ့ထက်ကြီးတာ ငါဘာလုပ်ရမှာလဲ ငါနင့်ကို ဘာအကြောင်းပြချက်မှမရှိပဲချစ်ခဲ့တာလေ နင်အသက်ကြီးတာနဲ့ပဲ ၀မ်းနည်ကြောင့်ကြရလား အရူးမရဲ့.....နင်ငါ့ထက်ကြီးလို့ ငါကပိုတောင်ပျော်သေးတယ်ဘာလို့လဲဆိုတော့ ငါငယ်ငယ်လေးကတည်းက ရူးသွပ်ဖူးတဲ့ ငါတကယ်ချစ်မိတဲ့သူမှငါ့ကို မောင်လို့ခေါ်ခွင့်ပြုမယ်ဆိုတဲ့ စိတ်ကူယဉ်မှုလေးကို လက်တွေ့ခံစားရတော့မှာမို့ပါ တကယ်ပါ ငါမလိမ်ပါဘူး ငါရည်စားတွေအများကြီးထားခဲ့ပေမဲ့ ဘယ်ရည်စားမှ မောင်လို့ခေါ်ခွင့်မပေးခဲ့ပါဘူး နင့်ရင်ထဲကခေါ်ချင်ရင်တော့ ငါ့ကိုမောင်လို့ခေါ်ပါလားလို့ တောင်းဆိုတော့ နင်ကရှက်နေတဲ့အသံလေးနဲ့ မခေါ်ချင်သေးဘူးဟာတဲ့ အိုက်ဒီတုန်းက နင့်မျက်နှာလေးကို မမြင်ရပေမဲ့နင့်ပါးပြင်မှာ ရှက်သွေးရောင်တွေလွမ်းနေမယ်ဆိုတာငါသိပါတယ်ဟာ....အရူးမ နင့်ဆီက ဓါတ်ပုံတောင်းတာကို အသက်တွေအကြောင်းမေးပြီးစကားလမ်းကြောင်းလွဲမနေနဲ့ နင့်ကိုငါချစ်တာ ဘာအကြောင်းပြချက်မှမရှိဘူးလို့ပြောပြီးပြီလေဟာ
အိုက်ဒီအချိန်တုန်းက ဒီလိုအင်တာနက်တွေသိပ့်မရှိတော့ နင်နဲ့ငါရဲ့ နှလုံးသားဆက်သွယ်ဖို့က ဖုန်းနဲ့စာပဲရှိတာလေ ငါတို့တစ်နေကုန် အလုပ်လုပ်မယ် အားရင်ဖုန်းဆက်မယ် နင်အိပ်နေလောက်ပြီဆိုတဲ့အချိန်ဆိုငါနင့်ဆီစာတွေရေးမယ် ဒီလိုနဲ့ အချိန်တွေကို ငါတို့ကြည်နူးစွာကုန်ဆုံးစေခဲ့တယ်နော် နင်ကလဲ၂၇က်တစ်ခါနင့်ဆီ ငါ့စာမရောက်ရင်စိတ်ကကောက်သေးတယ်လေ နင်နဲ့ငါရှာတဲ့ ပိုက်ဆံကလဲ ဖုန်းကဒ်ဖိုးနဲ့ကုန်တာပဲ ဒါတွေထားလိုက်ပါ တနေ့နင်ကငါမထင်မှတ်ပဲ မောင်ဓါတ်ပုံပို့လိုက်ပြီတဲ့ ငါပျော်လိုက်တာ ကောင်မလေးရယ် (နင်ငါ့ထက်ကြီးပေမယ့် တခါတလေ ကောင်မလေးလို့ ငါခေါ်တတ်တယ်နော်) နင်ဖုန်းဆက်ပြီးကတည်းက စာတိုက်ပုံးကို အကြိမ်ပေါင်းများစွာငါသွားကြည့်နေမိတယ်၂ရက်မြောက်နေ့မှာတော့ ငါ့နာမည်နဲ့  စာအိတ်လေးအပေါ်မှာ မခေါက်ရ ကျိုးတတ်သည်လို့ နင်တမင်ရေးလိုက်တဲ့စာသားကငါ့ရင်ခုန်သံကို အရမ်းမြန်စေမိတယ် မောင့်အိပ်မက်လေးရရ်......


နင့်ရဲ့ အပြာရောင်စာအိတ်လေးကို ငါ့နှလုံးသားနဲ့ အနီဆုံးဘယ်ဘက်အိတ်ကပ်ထဲမှာထည့်ပြီးငါအလုပ်ကို ဆက်လုပ်နေမိတယ်ဟာ ဒီနေ့မှာ ဘာဖြစ်မှန်းမသိဘူး အချိန်တွေကလဲ ကုန်ခဲလိုက်တာ ငါ့နာရီများပျက်နေလားမသိဘူးဆိုပြီး အလုပ်ထဲကနာရီလှမ်းကြည့်လိုက်တော့ ပုံမှန်ပဲဟ..ငါစိတ်လောနေလို့နေမှာပါဟာ (မှတ်ချက်...နင့်ရဲ့စာတွေဆိုငါက အိပ်ယာပေါ်မှာအိပ်ပြီး အေးအေးဆေးဆေး ဖတ်တတ်တာငါ့အကျင့်မို့ အလုပ်ထဲမှာမဖတ်လို့ ဒုက္ခရောက်နေရတာပါ)
အလုပ်ပြီးလို့ အဆောင်ပြန်ရောက်တော့ ရေချိုး ပြီးတော့အိပ်ယာပေါ်လှဲ နင့်စာအိတ်လေးကို တစ်ချက်နမ်းလိုက်ပြီး စာအိတ်ကိုဖောက်လိုက်တယ် ဟောထွက်လာပါပြီ အပြာရောင်စာရွက်တွေကြားကနင့်ပုံလေး တကယ်ပါဟာ အခုစာရေးနေရင်းနဲ့တောင်အိုက်တုန်းက ငါ့ရင်ခုန်သံမှတ်မိနေသေးတယ် ဘယ်တော့မှမေ့ဖျောက်လို့မရမယ့် ခံစားမှုလေးပါဟာ ဓါတ်ပုံထဲမှာတော့ အသားဖြူဖြူ ယြုံကည်မှုအပြည့်ရှိတဲ့ မျက်နှာလေးနဲ့ နင်ဟာငါ့အတွက်တော့ အရမ်းလှတဲ့ကောင်မလေးတစ်ယောက်ပေါ့ နင့်ရဲ့အထူးခြားဆုံးက နင့်ရဲ့ နှာခေါင်းချွန်ချွန်လေးပါ အဲ့ဒီညကငါတစ်ညလုံး အိပ်လို့မပျော်ပဲ နင့်ပုံလေးကြည့်လိုက်စာဖတ်လိုက်နဲ့အရမ်းကြည်နူးဖို့ကောင်းတာပဲ (ရည်စားများပေမယ့် ချစ်သူမရှိသေးတဲ့ငါ့အတွက် အရူးတစ်ယောက်လိုပါပဲ) အိုက်ဒီညတုန်းက နင့်ဆီဖုန်းဆက်တော့ဖုန်းမကိုင်ဘူးနော် နောက်နေ့မှနင်ပြောတယ်ရှက်လို့တဲ့ နောက်နေ့ကျတော့ ငါ့ရဲ့ ပုံဆိုးဆိုးလေးတွေကို နင့်ဆီပို့ပေးခဲ့တယ်နော် ဒီလိုနဲ့နင်နဲ့ငါဟာ အပြင်မှာမတွေ့ဖူးပေမယ့် နှလုံးသားမှာတော့ငါတို့ခွဲလို့မရတဲ့ချစ်သူတွေပေါ့ဟာ နင်မှတ်မိသေးလား ငါဖုန်းမဆက်တဲ့ ညမှာငါ့ကိုလွမ်းလို့ဆိုပြီး ငါ့ဓါတ်ပုံလေးမှာ မျက်ရည်တွေ သနပ်ခါးတွေနဲ့ ပေကုန်တယ်လို့နင်ပြောခဲ့တာလေ ....အိပ်မက်လေးရေ ငါတို့နှစ်ယောက် မဆုံနိုင်သေးခင်မှာ အလွမ်းဆိုတာကို ခံနိုင်ရည်ရှိအောင်ကြိုးစားပြီး ဆုံတွေ့မယ့်နေ့ရက်တွေအတွက် စိတ်ကူးပြီးကြည်နူးနေကြရအောင်လား  ။


ဒီလိုနဲ့ ငါတို့နေ့ရက်တွေကို ဖြတ်သန်းကြခဲ့တယ် အိပ်မက်လေးရေ မပြောမဖြစ်လို့နင့်ကို ပြော၇တော့မယ်ဟာ ငါဒီရောက်နေတာ ၃နှစ်ပြည့်တော့မယ်ဟ ငါပြန်ရတော့မယ် ဘယ်လိုလုပ်ရမလဲ အတွေးလေးနဲ့တောင်နင့်ကို ငါမခွဲနိုင်ဘူး  ဘယ်လိုလုပ်ရမလဲ...................................
ငါပြန်ရမယ်ပြောတဲ့နေ့က နင်သတိလစ်ပြီး ဆေးခန်းရောက်သွားတယ်နော် အိပ်မက်လေးရေ ငါဆုံးဖြတ်ချက်ခိုင်ခိုင်မာမာချလိုက်ပြီဟာ ဘယ်အကြောင်းနဲ့မှ နင်နဲ့အဝေးမခံဘူး ငါတို့အချစ်ရဲ့ စွမ်းအားတွေနဲ့ဘ၀ကို ရဲရဲရင်ဆိုင်ဖို့နင်ရှိတဲ့ဆီကို ငါရဲရဲကြီးလှမ်းလာချင်လိုက်တာ အိပ်မက်လေးရေ.............

သို့ပေမယ့်လဲ............ဘာတွေဆက်ဖြစ်မယ်လို့ သူငယ်ချင်းတို့ထင်လဲဟင်.......
ကျွန်တော်စာရေးနေတဲ့အချိန်မှာပဲ"မောင် မအိပ်သေးဘူးလား ညနက်နေပြီ မနက်အလုပ်သွားရအုံးမှာ အိပ်တော့လေ"တဲ့ ဒီလိုပြောတဲ့သူကတော့ ကျွန်တော့်ရဲ့ ထာဝရအိပ်မက်လေး သူပါပဲ.......
တကယ်ချစ်ရင် တွေဝေမနေပါနဲ့
တွေဝေမှုဟာ သင့်ကို တချိန်မှာ အလွမ်းတွေ နာကျင်မှုတွေ ခါသီးမှုတွေနဲ့ ဘ၀ကို ခြောက်သွေ့စွာဖြတ်သန်းရမှာပဲလို့ ကျွန်တော်ထင်ပါတယ်........
ကျွန်တော်ရဲ့ ခံစားမှုသည် ကွန်တော့်အတွက်သာဖြစ်ပါတယ် သင့်ရဲ့ ခံစားမှုသည်လဲသင့်အတွက်သာဖြစ်ပါသည်.......
အမှားအယွင်းများပါလျှင် နားလည်ပေးနိုင်ကြပါစေ  ။
မှတ်ချက်။     ။စာရေးဖို့ အချိန်ဆင်းရဲနေသောကြောင့် အရင်က အိပ်မက်လေးကို ပြန်တင်လိုက်ခြင်းဖြစ်ပါသည်)

လွင်ပြင်လှိုင်းငယ်

12 comments:

Anonymous said...

ပါးပါး..မားမားမအိပ်သေးဘူးလားမေးတာ..နရင်းအုပ်လိုက်..အိပ်ပါလားကိုယ့်ဟာကိုယ်နော်...သူတို့ က လိုတာမရရင် ဂျီကျတယ်..လိုရရင် ၇ီပြတယ်..အလျှော့မပေးနဲ့ ..ဟိတ်ဆို ဟိတ်..တိပ်ဆို..တိတ်..အိပ်ဆိုအိပ်..မီးခဲ..ရေဖြန်း..ရှဲကနဲ နေအောင်းးး နဖန်ကျင်းလိုက်စမ်းပါ.....မိန်းမတွေ ကောင်းကိုမကောင်းဘူး..ဟွန့် ..နာကွ..ဘီသူမှ မိကြောက်ဝူး

မဒမ်ကိုး said...

စိတ်ဝင်တစားနဲ့ဖတ်လာလိုက်တာ ဖတ်ရင်းဖတ်ရင်းအောက်ရောက်မှ ဆားချက်တာတဲ့
ဖြစ်နိုင်ပေါင်
အဲဒါလေးတွေက ပြန်တွေးရင်ကြည်နူးစရာလေးတွေဖြစ်ခဲ့တာဘဲနေမှာ .နော ..အကိုရေ

ခင်တဲ့

ညီမ ဒိုးကန်

လက်ဝဲ said...

အင်းး.... ကောင်းပါလေ့... ကောင်းပါလေ့...

ဖတ်သွားတယ်.. ကိုလွင်ပြင်ရေ...

ဖြိုးဇာနည် said...

ဆားချက်ပေမဲ့ကိုယ်မှ အရင်ကမဖတ်ခဲ့ဖူးတယ်

ကြိုက်တယ် ငန်ငန်လေး။

ချစ်စံအိမ် said...

မဖတ်ရသေးတဲ့သူအတွက်တော့အသစ်လေးပါ
ဝအားကျတယ်ကွယ်...

ချော(အစိမ်းရောင်လွင်ပြင်) said...

ရင်ခုန်ချင်စရာလည်းကောင်း
ကြည်နူးဖို့လည်းကောင်းလှတဲ့ စာသားလေးတွေပါလားနော်...
ဖတ်ပြီး ကြည်နူးစိတ်လေးတွေ ကူးစက်သွားတယ်
ခုတော့ အဲဒီအိပ်မက်လေးကို ပိုင်ဆိုင်ခွင့်ရပြီ မဟုတ်လားနော်း)

Cameron said...

လွင်ပြင်တို့ဆုံတွေ့ပုံလေးက ကြည်နူးစရာလေးပါ နောင်နှစ်ပေါင်များစွာအထိ မလျော့သောအချစ်များနဲ့ ဆက်ချစ်နိုင်ကြပါစေ..။

မိုးသက် said...

အားကျတယ်နော်.. ကျွန်တော့်အိပ်မက်ကတော့
တကယ်ဖြစ်လာဖို့ မသေချာဖြစ်နေပြီဗျာ.။

blackroze said...

ကြည့်ရတာ..ကိုလွင်ပြင် နဲ့ ဂျက်စ် တို့ရဲ့
Love story လေးနေမှာ..
ဟုတ်တယ်မှတ်လား..
CIA က ဂျယ်ရီပစ်ပစ်ပါ
သိတာပေါ့လေ...ဟဲဟဲဟဲ..

စံပယ်ချို said...

နောက်ဆုံးတော့လဲ
ညားကြလေသတည်းတဲ့ကွယ်
ပုံပြင်လေးကတော့ဒါပါပဲ
ဟုတ်ဖူးလား

အောင်သက်ခိုင် said...

ဖတ်လို့ကောင်းတယ်အကိုရေအရမ်းကိုထိမိတဲ့စာသားလေးတွေပါ

ရင်ဆူး said...

ဇာတ်လေးကလည်း တကယ့်အဖြစ်မှန်လေး.....ရေးသူကလည်း အရမ်းတော်.....ကိုယ်ပိုင်ခံစားချက်လေးလည်းဖြစ်တော့ ကောင်းတယ်ဆိုတာတောင် ဘယ်လိုပြောရမှန်းမသိဘူးအစ်ကိုရေ.....

လက်စွမ်းပြနေသူများ

You can replace this text by going to "Layout" and then "Page Elements" section. Edit " About "

Blogger templates

ဆုံဆည်းရာလေး

သူတို့ရဲ့ အမြင်လေးများ

အဖြူရောင်သံဇဉ်

Powered by Blogger.