ကျွန်တော်မယား ဘလော့ဂ်ဂါသမား


သူငယ်ချင်းကောင်း

ဘလော့ဂ်ဂါအပေါင်းတို့ရေ.......
            ခေါင်းစဉ်ကိုကြည့်ပြီး  ကျွန်တော်မယား ဂိုဏ်စတားပဲ ကြားဖူးပါတယ် ကျွန်တော်မယား ဘလော့ဂ်ဂါသမားတော့ မကြားဖူးဘူးလို့ ထင်ကြမှာပဲနော် ထင်လဲထင်စရာပဲလေ ရှိမှမရှိခဲ့တာကို  ။.



           ကျွန်တော်မယားလို့ရေးရင် ဖတ်ရတာတမျိုးဖြစ်နေမှာစိုးလို့ ချစ်သူလို့ပဲ ပြောင်းလဲ သုံးခွင့်ပြုပါနော်
ကျွန်တော် ချစ်သူဘလော့ဂ်ဂါသမား(မှတ်ချက် ။    ။သူ့ကို ဘလော့ဂ်ဂါးသမားလို့ ပြောလျှင် သူမ မခံယူလိုပေ အဘယ်ကြောင့်လို့မေးလျှင် သူသည် ဘလော့ဂ်ဂါသမား အရည်အချင်းမရှိသေးသော ၀ါသနာရှင်အဆင့်မို့ ဘလော့ဂ်ဂါသမားလို့ မသတ်မှတ်ရဲသေးကြောင်း ပြောပြတတ်သည်) စဖြစ်လာတာကတော့ ကျွန်တော်စတင်ခဲ့တာပဲပေါ့ သူမ အိမ်မှာတစ်ယောက်တည်းကျန်ခဲ့ပြီး ပျင်းနေတာ မကြည့်ရက်သောကြောင်း လက်တော့တစ်လုံးဝယ်ပြီး  အင်တာနက်ချိတ်ပေးမိသည် ကျွန်တော်ကတော့ အပျင်းပြေ သူငယ်ချင်းတွေနှင့်ချက် အိမ်နဲ့ တခါတလေ စကားပြောအဆင်ပြောရအောင်ဆိုတဲ့ ရည်ရွယ်ချက်သေးသေးလေးနဲ့ လုပ်ပေးဖြစ်ခဲ့တာပါ။ ၀ယ်ပေးစတုန်းကတော့ သူစက်ကို သိပ့်မသုံးဖြစ်ပါဘူး
ဘာလို့ မသုံးတာလဲ ၀ါသနာမပါလို့လားလို့ သူ့ကိုမေးတော့ သူgtalkသုံးရင် အရမ်းစိတ်ညစ်တာပဲ တခါတလေ အလုပ်မအားလို့ စကားပြန်မပြောရင် ဆဲတာလဲ ခံရသေးတယ် ဒါကြောင့် မသုံးချင်တာလို့ မျက်နှာငယ်လေးနဲ့ ပြောတတ်ရှာတယ် ဒါနဲ့ သူ့ကိုမေးတယ် ဘာလုပ်တာ ၀ါသနာပါလဲဆိုတော့ ကဗျာရေးတာ ၀ါသနာပါတယ်တဲ့ ရီချင်စိတ်ကို ထိန်းထားမိတယ် ဘာလို့လဲဆိုတော့ ကဗျာရေးတယ်ဆိုတာ လွယ်တယ်မှတ်လို့ သူကရေးမလို့ဆိုတော့ ရီချင်မိတာပေါ့ ဒါနဲ့ပဲ သူစိတ်ချမ်းသာပါစေဆိုပြီး နိုင်းဆိုဒ်တွေမှာ မန်ဘာဝင်ပေးထားပြီး ကဗျာရေးလို့ရတဲ့နေရာတွေကို ပြထားလိုက်တယ် ။ပြီးတော့ ကျွန်တော်လဲ မေ့မေ့ပျောက်ပျောက်ပဲ သူဘာတွေလုပ်နေလဲ ဘာတွေရေးနေလဲ မသိတော့ဘူး ထူးခြားတာကတော့ ထိုနေ့မှစလို့ သူအင်တာနက် အချိန်မှန်သုံးတယ် မျက်နှာလေးလဲအမြဲပြုံးနေတာတွေ့ရတယ် ကျွန်တော်ထင်တာကတော့ အွန်လှိုင်းမှာ သူငယ်ချင်းတွေ ရနေတော့ ပျော်ရွှင်နေတာပဲလို့ မှတ်ယူလိုက်တယ်  ။တနေ့ ကျွန်တော် အလုပ်ကပြန်လာတော့ ရောက်ရောက်ချင်း ၀မ်းသာအားရနဲ့ "မောင် သိလား ဒီနေ့ မ ကဗျာတွေကို ကောင်းတယ်လို့ ကောမက်ပေးကြတယ် မ အရမ်းဝမ်းသာတာပဲ ကြည့်ကြည့်ပါ့လား"ဆိုပြီး သူ့ စာမျက်နှာလေးကိုပြတယ် ဟုတ်ပါရဲ့ သူမ ကဗျာလေးတွေက မဆိုးဘူးပဲ ကျွန်တော် ကဗျာမရေးတတ်ပေမဲ့ နဲနဲတော့ ခံစားတတ်တယ်လေ ထိုနေ့က သူ့မျက်နှာလေးအမြဲပြုံးနေပြီး တနေကုန် စက်နားသွားလိုက် အိမ်အလုပ်လုပ်လိုက်နဲ့ တော်တော်ပျော်နေပုံရပါတယ် ။နောက်ပိုင်းတော့ သူရေးသမျှစာတွေကို ကျွန်တော့်ကို မျက်နှာငယ်လေးနဲ့ ဖတ်ပေးပါအုံး ဝေဖန်ပေးပါအုံးနဲ့ ပူဆာတတ်လာတယ်
ဒီလိုနဲ့ ဆိုဒ်တွေ တော်တော်များများမှာ သူမ စာလိုက်ရေးဖြစ်တယ် တနေ့တော့  ။

         " မောင်  သူများတွေလို ဆိုဒ်လေးလုပ်ချင်တယ် "လို့ ပူဆာပါလေရော ဒုက္ခပါပဲ ကိုယ်လဲမလုပ်တတ် သူငယ်ချင်းလဲမရှိနဲ့ ဘယ်လို လုပ်ရပါ့မလဲပေါ့နော် ဒါနဲ့ "ဘာလို့လိုချင်ရတာလဲ"လို့မေးတော့ သူရေးထားသမျှတွေ အမှတ်တရကျန်ချင်လို့ပါတဲ့ ဒုက္ခတော့ရောက်ပြီ ဘယ်လိုလုပ်ရမလဲ သူ့မျက်နှာလေးကြည့်တော့လဲ မျှော်လင့်ချက်အပြည့်နဲ့ မလုပ်ပေးရင် ဘယ်လောက်များ ၀မ်းနည်းလိမ့်မလဲဆိုတဲ့ စိတ်ဝင်လာတာနဲ့ အင်တာနက်မှာ နည်းပညာဆိုဒ်တွေ စရှာရတော့တာပါပဲ နှစ်ရက်လောက်ရှာတော့ တွေ့ပါပြီဗျာ http://kp3family.blogspot.com/ဒီဆိုဒ်လေးပေါ့ တကယ့်ကို ကျွန်တော် ကျေးဇူးရှင်ဆိုဒ်လေးပါပဲ လက်ဦးဆရာပေါ့ အဲ့ဒီဆိုဒ်က ညွှန်တဲ့အတိုင်း လိုက်လုပ်ပေးတော့ မှတ်မှတ်ရရ ဖေဖော်ဝါရီ ၁၄ရက် ချစ်သူများနေ့မှာ သူ့ကို ဆိုဒ်လေး လက်ဆောင်ပေးခွင့်ရခဲ့ပါတယ် ထိုနေ့က သူပြောတဲ့စကားလေးကတော့ မမေ့နိုင်စရာပါပဲ တန်းဖိုးရှိတဲ့အရာတောင် ဒီလောက်တန်ဖိုးမရှိဘူး ကျေးဇူးပါ မောင်ရယ်တဲ့ မောသမျှ အမောပြေစကားလေးပါပဲ။ထို့နောက်တော့ သူစာရေးလိုက် သူငယ်ချင်းအသစ်တွေရရင် ကျွန်တော့်ကိုကြွားလိုက်နဲ့ အမြဲတမ်းပျော်ရွှင်နေတာပါပဲ တစ်ခုတော့ရှိတယ် သူမ အလုပ်မအားရင်တော့ ဆိုဒ်ထဲကို လုံးဝမ၀င်ဘူး အိမ်အလုပ်တွေ အားလုံးပြီးမှ ဆိုဒ်တကာလျှောက်လည်တတ်တယ်။သူမ စာရေးပုံကိုလဲကြည့်အုံး စာရွက်နဲ့ဘောပင် ဘေးနားချထားပြီး အလုပ်လုပ်ရင်း အတွေးထဲဝင်လာတာချရေးထားလိုက်တယ် ပြီးတော့ အလုပ်အားမှ စာစီးပြီးရေးတော့တာပါပဲ တခါတလေ မအိပ်ဘူး ကျွန်တော် စိတ်ချမ်းသားအောင် စောစောအိပ်သလိုနဲ့ တရေးနိုးထကြည့် အမှောင်ထဲက မျက်နှာမှာ ပြုံးလို့ ဆူမယ်လို့ ကြံပေမဲ့လဲ အမှောင်ထဲက အပြုံးတန်းလင်းလင်းတွေကြောင့် မဆူရက်ဘူး သိလိုက်ပါတယ် သူဆိုဒ်တကာလည်ပြီး ပျော်နေတယ်ဆိုတာ
သူမ ဘလော့ဂ်ဂါသူငယ်ချင်းတွေကိုတော့ တော်တော်သံယောဇဉ်ကြီးတယ် ချစ်လဲချစ်ရှာတယ် ဒါကြောင့်တော်ယုံကိစ္စဆို မဆူရက် မပြောရက်ဘူး ။နောက်တစ်ခု သူမသူ့ဆိုဒ်ကိုတော့အရမ်းလှချင်တယ်
ကိုယ်တိုင်လဲမလုပ်ဘူး သူများဆိုဒ်လှလှတွေ့ရင် အားကျပြီး မောင် ဒီဆိုဒ်လေးလှတယ်နော်လို့ ထုံးစံအတိုင်း မျက်နှာငယ်လေးနဲ့ပေါ့ လုပ်ချင်လို့လားမေးရင် ကလေးတစ်ယောက်လို ခေါင်းလေးခပ်မြန်မြန်ငြိမ့်တတ်ပါတယ် ဒါဆိုလုပ်ပေးဖို့တာပြင်ထားတော့ လုပ်ပေးရင်လဲ ဘေးနားမှာ ဆရာမတစ်ယောက်လို ဟိုအရောင်မကြိုက်ဘူး ဒီအရောင်မကြိုက်ဘူးနဲ့ အတွန့်တက်တတ်ပါတယ် သူ့စိတ်ကြိုက်ရမှာပဲ သက်ပြင်းချရတာ မနည်းတော့တော့ပါဘူး ။
ဘာပဲပြောပြောပါ စာရေးတဲ့သူတိုင်းကတော့ စိတ်ထားလှကြတာပါပဲ သူမစာရေးနေခြင်းအတွက်လဲ ကျွန်တော် ဂုဏ်လဲယူတယ် ကျေလဲကျေနပ် ပိတိနဲ့ အိပ်ရေးပျက်တဲ့ညတွေကို အတူတူဖြတ်ကျော်ခဲ့ရတာပေါ့။

         မကြာသေးတဲ့ ကာလတစ်ခုကတော့ ကျွန်တော့်ကို ဘလော့ရေးဖို့ သူမ တိုက်တွန်းပါတယ်။ဆိုဒ်ကတော့ သူ့ကို လုပ်ပေးရင်စမ်းနေတဲ့ ဆိုဒ်အဆင်သင့်ဖြစ်တာနဲ့ ကိုယ်လဲရေးချင်စိတ်ရှိတာနဲ့ စာရေးရင် သူငယ်ချင်းသစ်တွေလဲရ ပျော်လဲပျော်မိရင်း သူ့အကြောင်းအနည်းငယ်ကို ဒီလိုလေးဖွမိတာပါ  ။


လွင်ပြင်လှိုင်းငယ်

16 comments:

ချောကလက်ကျူးပစ်လေး said...

အကိုကြိးရေ..အိပ်ရေးပျက်တဲ့ညတွေကို အတူတူဖြတ်ကျော်ခဲ့ရတာကိုကြွားချင်တာပေါ့နော်..:P
စတာပါ..ကိုယ်ချင်းစာတယ်ဗျာ..စာရေးလိုက် သူငယ်ချင်းအသစ်တွေရရင်ပျော်လိုက်ဆိုတာကို...:)

Anonymous said...

ဘယ်သူလေးလဲ..အဲဒါဘယ်သူလေးလဲ
ိပြောပြမှာလား..ပြောပြဘူးလားး))
မသိချင်ယောင်ဆောင်ပြီး
မေးတယ်နော်..:P

ချမ်းမြေ့ပျော်ရွှင်စွာနဲ့
စိတ်တူကိုယ်တူ.
ဘ၀လေးကို
နှစ်ယောက်အတူ
ပိုင်ဆိုင်နိုင်ပါစေ

ရိုသေစွာဖြင့်

ချစ်သမီး

လမင်းငယ် said...

အားကျလိုက်တာ :P
ပျော်ရွှင်နိုင်ကြပါစေရှင်

အဖြူရောင်နတ်သမီး said...

လာအားပေးမယ်..လိပ်စာပေး..

ကိုရင် said...

ကောင်းတယ်..blogging လုပ်ရင်း gangster ဖြစ်အောင့် တစ်ဆင့်ချင်းတက်ပါစေ.. :D

♫♪★လွမ်းပိုင်ရှင်★♪♫ said...

ကော်ဖီတွေသိပ်မသောက်နော် အိပ်ရေးပျက်တယ် ဟိ

Aung Htut said...

အစ်ကိုရေ.. ပိုစ့်လေးဖတ်ရင်း ဘယ်သူဆိုတာ စိတ်ဝင်စားလာပြီဗျို့....... တိုးတိုးလေး ပြောပြလေ ဟီး ဟီး

jasmine(တောင်ကြီး) said...

ဘူလေးလဲ အဲတာဘူလေးလဲ
သမီးစံမေးသလို
မသိချင်ယောင်ဆောင်ပြီး
မေးတယ်နော်..:P
ကိုယ့်ခါးချဉ်ကိုယ်ချဉ် ပေါ့ဟုတ်လား

ကိုကိုမောင်(ပန်းရနံ့) said...

ဘယ်မှာလဲ သူ့လိပ်စာက။ ဂယ်ဘဲ။ လိပ်စာမပေးဘဲ သူ့မဒီလေးအကြောင်း မိတ်ဆက်ပေးနေတာနဲ့ ပို့စ်က ပြီးသွားရော...း(

မောင်မောင် said...

အားကျတယ် အစ်ကိုရေ

မဒမ်ကိုး said...

ကောင်းတယ် ကောင်းတယ်း)
အပေါ်က မန့်တဲ့လူတွေငတုံးတွေ ငတုံးတွေ ဟိဟိ
နတုံးတွေ နာတိတယ် နာတိတယ်း)

ချောကလက်ကျူးပစ်လေး said...

ပီားစာမဖတ်ပဲကြည့်ကြည့်ကြပါဦး...:)

Anonymous said...

ဟားးးးးးးးး
အမတော်ဒိုး..အဲလိုကြောပါနဲ့ဂျာ
post မှာတင်ထားတဲ့ပုံကိုကြည့်ပါလား
အသိသာကြီးပဲဥစ္စား)))))

မဒမ်ကိုး said...

ဂျွန်မိုးလုပ်မှ သေတာပဲး)

လွင်ပြင်လှိုင်းငယ် said...

ဂျွန်မိုး ဂျွန်မိုး ဂျွန်မိုး ဂျွန်မိုး...ဘာမှမဟုတ်ဖူး ခေါ်ကြည့်တာ ဟီး

လွင်ပြင်လှိုင်းငယ် said...

အားပေးလို့ ကျေးဇူးပါ

လက်စွမ်းပြနေသူများ

You can replace this text by going to "Layout" and then "Page Elements" section. Edit " About "

Blogger templates

ဆုံဆည်းရာလေး

သူတို့ရဲ့ အမြင်လေးများ

အဖြူရောင်သံဇဉ်

Powered by Blogger.