တစ်ယောက်တည်းကျန်


လမင်းဟာ လရိပ်အဖြစ်နဲ့
ပင်လယ်ရဲ့ ရင်ခွင်မှာ
အိပ်စက်ခွင့်ရပေမဲ့
ပင်လယ်ကတော့
လမင်းကို မော်ကြည့်ယုံမှတပါး
အထီကျန်စွာနဲ့ပေါ့  ။

ပန်းကလေးရဲ့ ဘ၀ဟာ
လှပစွာနဲ့ ဖူးပွင့်ချိန်ပဲ
ပိတုန်းနဲ့ လူတွေကသုံးပြီး
ဝတ်ရည်ကုန်လို့ နွမ်းခြောက်သွားရင်တော့
မြေပြင်ပေါ်မှာ
နင်းချေမဲ့ ခြေးလှမ်းတစ်စုံ
စိုးထိတ်စွာ
စောင့်မျှော်ရင်းပေါ့  ။

သစ်ပင်ငယ်ရဲ့ ရင်ခွင်ရိပ်မှာ
တေးချော့သိပ်ပြီး အိပ်စေပေမဲ့လဲ
အဖော်တွေ့လို့
ရုတ်တရက် နှုတ်မဆက်ပဲ
ထပျံသွားတော့
ကျေးငှက်လေးရဲ့
ခြေခတ်ဒဏ်ကြောင့်
ကိုင်းခြောက်လေးလဲ ကျိုးကျရရှာ  ။

လိုရာခရီးနဲ့
ခြေတော်တွေ မနာကျင်ရအောင်
အနင်းခံ ဘ၀နဲ့
 လမ်းကလေးဟာလဲ
နင်းပြီးရင် နောက်ပြန်မကြည့်တတ်တဲ့ သူတွေကြားထဲ
လမ်းရဲ့ ရင်ပြင်မှာ ဒဏ်ရာတွေ
ဗလပွ
နောက်ထပ်အနင်းခံဖို့
ခံနိုင်ရည်တွေ စုစည်း
နာကျင်ခြင်း မျက်ရည်စတွေနဲ့ပေါ့  ။

မခုန်ဖူးတဲ့ ရင်တစ်စုံကို
နှစ်ချို့အချစ်ဝိုင် ချိုချိုလေးတိုက်ပြီး
အချစ်ကလပ်မှာ
ကြင်နာခြင်းတွေနဲ့ ကခုန်ရင်း
ယစ်မူးချိန် ကျဆုံးလို့
အသိတရားတွေ နိုးထ
ေ၀၀ါးဝါးနဲ့
နှလုံးသား တံခါးဖွင့်ကြည့်လိုက်တော့
         အို့
တုံးလုံးပက်လက်နဲ့
ဘ၀စာပွဲမှာ ငါတစ်ယောက်တည်းပါလား   ။


လွင်ပြင်လှိုင်းငယ်

6 comments:

သမီးစံ said...

ဗျို့..
ဟုတ်လို့လားဗျ
တစ်ယောက်တည်းဆိုတားP

လေးစားလျှက်

jasmine(တောင်ကြီး) said...

အချစ်ကမင်းအနားမှာပါ
မင်းမသိလို့ မရှိတာပါ(ဦးထီးဆိုင်သီချင်းနော်)

လမင်းငယ် said...

ဘယ်ရောက်လို့တစ်ယောက်ထဲဖြစ်နေတာလဲ
ဟုတ်လဲဟုတ်ပဲနဲ့ :)
ခံစားအားပေးသွားပါတယ်

အဖြူရောင်နတ်သမီး said...

ကဗျာလေး ဖတ်သွားပါတယ်

မောင်ဘုန်း said...

လိုရာခရီးနဲ့
ခြေတော်တွေ မနာကျင်ရအောင်
ဝယ်ပေးထားတဲ့ ဖိနပ် စီးပြီးသွားပေါ့ .... အဟီး ...

ကဗျာလေး အရမ်းကောင်းပါတယ် ...

ခင်မင်စွာဖြင့်

မောင်ဘုန်း

ချမ်းမင်းကို(ပဥာက်) said...

နှလုံးသား တံခါးဖွင့်ကြည့်လိုက်တော့
အို့
တုံးလုံးပက်လက်နဲ့
ဘ၀စာပွဲမှာ ငါတစ်ယောက်တည်းပါလား ။


ကောင်းတယ်

လက်စွမ်းပြနေသူများ

You can replace this text by going to "Layout" and then "Page Elements" section. Edit " About "

Blogger templates

ဆုံဆည်းရာလေး

သူတို့ရဲ့ အမြင်လေးများ

အဖြူရောင်သံဇဉ်

Powered by Blogger.

Email လေးထားခဲ့နော် အသစ်တင်ရင်ဖတ်ရတာပေါ့