အပျိုကြီး တစ်ယောက်ဖြစ်လာဖို့ဆိုတာ တော်တော်တော့ မလွယ်သည့်ကိစ္စပါ ပထမဆုံး အပျိုကြီး စလုပ်ပြီးဆိုတာနဲ့ သူငယ်ချင်း အပေါင်းအသင်းတွေရဲ့ စနောက်တဲ့ ဒဏ်ခံရပြီ အထီးကျန်မှု့ကို မဖိတ်ခေါ်ပဲ တဖြည်းဖြည်းရောက်လာတော့လဲ လက်ခံပေးရတယ်။ လူတွေရဲ့ ယောက်ျားမရတာကိုပဲ သနားသလိုလို အကြည့် လှောင်သလို အပြုံးတွေကို ခံနိုင်အောင် ကြိုးစားရတာ ဘယ်လောက်ခက်ခဲ လိမ့်မလဲနော်။ ညနက်နက်မှာ မိုးတွေရွာ လေတွေတိုက် လျှပ်စီးဒဏ်တွေကြားမှာ တော်ယုံလူတွေတောင်ကြောက်နေရချိ
အပျိုကြီးများရဲ့ အလှတရား
လူ့ဘ၀ရဲ့ သက်တမ်း၃၀နှစ်လောက်နီးရင် လူတွေက အိမ်ထောင်မကျသေးတဲ့ ယောက်ျားလေးဆို လူပျိုကြီး လူပျိုသိုး မိန်းကလေးဆို အပျိုကြီးရယ်လို့တင်စားခေါ်ကြတယ် နော်။လွင်ပြင်လဲအတူတူပါပဲ တချို့မမတွေကိုအပျိုကြီးလို့ စနောက်တတ်ပါတယ်။သို့သော် သေချာတွေးကြည့်တော့ အပျိုကြီးတစ်ယောက်ရဲ့ ဂုဏ်၊အပျိုကြီးတစ်ယောက်ရဲ့ သီးခံနိုင်သည့် စွမ်းအား၊ လောကဒဏ်ကို တစ်ယောက်တည်းဖြတ်ကျော်ရဲသည့် သတ္တိ၊တိုင်ပင်ဖော်မလိုပဲ ဘ၀ကို ရည်ရွယ်သည့်ပန်းတိုင်ရောက်အောင် လျှောက်နိုင်သည့် ဇွဲ၊မည်သည့်အရာမဆို တစ်ယောက်တည်း ဆုံးဖြတ်နိုင်ကာ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ တစ်ကိုယ်တည်း ခံနိုင်ရည်ရှိသော စွမ်းအား စသည့် လူပေါင်းများစွာ မလုပ်နိုင်သည့်အရာများကို လုပ်ဆောင်နိုင်သော အာဂလူသားများသာဖြစ်ပါသည်။
အပျိုကြီး တစ်ယောက်ဖြစ်လာဖို့ဆိုတာ တော်တော်တော့ မလွယ်သည့်ကိစ္စပါ ပထမဆုံး အပျိုကြီး စလုပ်ပြီးဆိုတာနဲ့ သူငယ်ချင်း အပေါင်းအသင်းတွေရဲ့ စနောက်တဲ့ ဒဏ်ခံရပြီ အထီးကျန်မှု့ကို မဖိတ်ခေါ်ပဲ တဖြည်းဖြည်းရောက်လာတော့လဲ လက်ခံပေးရတယ်။ လူတွေရဲ့ ယောက်ျားမရတာကိုပဲ သနားသလိုလို အကြည့် လှောင်သလို အပြုံးတွေကို ခံနိုင်အောင် ကြိုးစားရတာ ဘယ်လောက်ခက်ခဲ လိမ့်မလဲနော်။ ညနက်နက်မှာ မိုးတွေရွာ လေတွေတိုက် လျှပ်စီးဒဏ်တွေကြားမှာ တော်ယုံလူတွေတောင်ကြောက်နေရချိ န်မှာ အပျိုကြီးတွေကတော့ မျက်လုံးလေ ပေကလပ် ပေကလပ်နဲ့ ဘုရားစာတာ ရွတ်ဆိုနေရတဲ့ ဒုက္ခကို တော်ယုံလူတွေကတော့ ခံစားနိုင်မှာမဟုတ်ပါဘူးလေ။သူတို့ဟာ ရဲ၇င့်တဲ့သူတွေ ကိုယ့်ကိုကို ယုံကြည်ခြင်း သတ္တိရှိတဲ့သူတွေလဲ ဖြစ်တယ်။အရေးအကြောင်းဆို ဟိုလူ့အားကိုး ဒီလူ့အားကိုးနဲ့ သိမ်ငယ်တဲ့စိတ်မရှိသူတွေပေါ့။ နောက်တစ်ချက် အပျိုကြီးတွေဟာ ချစ်ခြင်းမေတ္တာကြီးမားသူတွေလဲ ဖြစ်တယ် သူတို့ဟာ အချစ်ကြီးချစ်ပြီး အချစ်ကို တစ်ယောက်နဲ့ပဲ သဂြိုလ်တတ်တော့ တစ်သက်မှာ တစ်ယောက်ပဲ ချစ်တတ်သူဖြစ်ပြီး အကြောင်းမလှလို့ ပေါင်းဖက်ခွင့်မရပေမဲ့ တစ်ယောက်တည်းအပေါ် နားလည်ခွင့်လွတ်မှု့ အပြည့်နဲ့ အချစ်သစ်ကို မရှာပဲ သစ္စာရှင် ချစ်တတ်သူများဖြစ်ပါတယ်။ ကလေးလေးတွေ အများစုကိုကြည့်မယ်ဆိုရင်လဲ အပျိုကြီးတွေကို ပိုချစ်တတ်ကြတယ် ဘာကြောင့်လဲဆိုတော့ အပျိုကြီးအများစုဟာ ကလေးသိပ့်ချစ်တတ်လို့ပါပဲ သူတို့ ၀မ်းနဲ့လွယ်မမွေးရပေမဲ့ တကယ့်ကို အကြင်နာတရားအပြည့်ထားပြီး ချစ်တတ်ကြပါတယ်ခွေးလေးတွေ ကြောင်လေးတွေဆိုလဲ အပျိုကြီးတွေရဲ့ အချစ်တော်လေးတွေပါပေါ့ ဒါဟာ ကြီးမားတဲ့ ကိုယ်ချင်းစာ တရားလက်ကိုင်ထားပြီး သူတို့လေးတွေ ငါမှ မကျွေး ငါမှ မပြုစုရင်ဆိုတဲ့ အတွေးလေးတွေကို လက်တွေ့ အကောင်းထည်ဖေါ်ပြီး စေတနာထားတတ်သူများဖြစ်ပါသည်။ အပျိုကြီးတစ်ယောက်ရဲ့ ရင့်ကျက်တည်ငြိမ်တဲ့ အလှကိုလဲ ဘယ်ကောင်မလေးတစ်ယောက်ကမှ တုနှိုင်းလို့ မှီမယ်မထင်ပါဘူး ။သူတို့ဟာ အလှကို ပေါ်စေယုံပဲပြင်တတ်ပြီး အလွန်းအကဲပြင်ဆင်မှုပများမရှိပေ။အ၀တ်အစားက အစ လူမြင်မတင့်သော အ၀တ်အစားကို ရှောင်ကျင်ကြသည် ဘာကြောင့်လဲဆို လူအများရဲ့ စိတ်ဝင်စားမှု့ခံရသော အပျိုကြီးများသည် လူအများပြောစကားကို အစကတည်းက ကာကွယ်ထားခြင်းဖြစ်ပါသည်။ ဘာပဲပြောပြောပါ အပျိုကြီးဆိုတာ ဖန်တီးယူလို့မရတဲ့ အရာပါ ပါရမီထူးလို့ အပျိုကြီးဖြစ်ရတာပါ။အိမ်ထောင်ကျသွားတဲ့သူတစ်ယောက်ဟာ ပိုက်ဆံဘယ်လောက်ပေးပေး အပျိုကြီးလုပ်လို့မရတော့ပါဘူး။အပျိုကြီးတစ်ယောက်ဟာ ဘယ်အချိန်ဖြစ်ဖြစ် အိမ်ထောင်ပြုလို့ ရပါတယ်။ရှားပါးပစ္စည်းဟာ တန်းဖိုး၇ှိပါတယ်။ဒီတော့ ဘာပဲဖြစ်ဖြစ် အပျိုကြီးတစ်ယောက်ဖြစ်ရတာ ဂုဏ်ယူစရာပါ။အားငယ်စရာ မရှိတဲ့ဘ၀မို့ ရဲရဲကြီးရှေ့ဆက်ကြပါ။အပျိုကြီးဘ၀ကို ပြောင်းလဲရန်မှာလဲ လွယ်ကူတဲ့ ဘ၀ပါ မှတ်ချက်။ ။အပျိုးလေးများ အလှတရား ၊လူပျိုကြီးများ စိတ်ထား၊ အိမ်ထောင်ရှင်များရဲ့ ဘ၀အလှကိုလဲ တောင်းဆိုသူများရှိပါက မသိတသိလေး ရေးပြချင်ပါတယ်။အမှားအယွင်းရှိပါက နားလည်ပေးစေချင်ပါတယ် လွင်ပြင်လှိုင်းငယ်
အပျိုကြီး တစ်ယောက်ဖြစ်လာဖို့ဆိုတာ တော်တော်တော့ မလွယ်သည့်ကိစ္စပါ ပထမဆုံး အပျိုကြီး စလုပ်ပြီးဆိုတာနဲ့ သူငယ်ချင်း အပေါင်းအသင်းတွေရဲ့ စနောက်တဲ့ ဒဏ်ခံရပြီ အထီးကျန်မှု့ကို မဖိတ်ခေါ်ပဲ တဖြည်းဖြည်းရောက်လာတော့လဲ လက်ခံပေးရတယ်။ လူတွေရဲ့ ယောက်ျားမရတာကိုပဲ သနားသလိုလို အကြည့် လှောင်သလို အပြုံးတွေကို ခံနိုင်အောင် ကြိုးစားရတာ ဘယ်လောက်ခက်ခဲ လိမ့်မလဲနော်။ ညနက်နက်မှာ မိုးတွေရွာ လေတွေတိုက် လျှပ်စီးဒဏ်တွေကြားမှာ တော်ယုံလူတွေတောင်ကြောက်နေရချိ
Subscribe to:
Post Comments (Atom)
လက်စွမ်းပြနေသူများ
-
-
အီဂျစ်သွားတောလား - ၃3 days ago
-
030720255 weeks ago
-
Tea Rotates Casino2 months ago
-
Updates +++4 years ago
-
ပြယုဂ်5 years ago
-
調理師でさまざまな条件を検索できる求人サイト6 years ago
-
ဖားအောက်တောရ (Batam) သို့ တစ်ခေါက်6 years ago
-
ချစ်ခြင်းသည်သာ တစ်ကမ္ဘာဆိုသော်ငြာ6း years ago
-
ပန်6း years ago
-
Busy October6 years ago
-
-
Happy 20187 years ago
-
Blogger ဘ၀ နှင့် Hiker ဘ၀7 years ago
-
အကြွေစေ့လေးနှစ်စေ့8 years ago
-
-
အိမ်ကလေးဆီ ...။9 years ago
-
Optimistic, Love and Life9 years ago
-
-
-
-
လွမ်းဆွတ်တတ်သောကဗျာ9 years ago
-
Nan Khin Zayar – 8 Days Cover Photos Set10 years ago
-
စာအုပ်များ အသစ်ထွက်ပါပြီ10 years ago
-
-
-
"အလွမ်းခပ်တဲ့ မှတ်စုများ (၅)"10 years ago
-
“ ဆေးပေါင်းခ . . . ”10 years ago
-
အသားအရည်လှပဖို့ နည်းလမ်းရှာဖွေထိန်းသိမ်းစို့10 years ago
-
ငတ်မွတ်နေသောအရာ10 years ago
-
-
Blog day နှင့် အမှတ်တရများ10 years ago
-
အဆုံးသတ်ခရီး မသိသော ကျွန်မ…10 years ago
-
-
-
လတ်တလောစားဖြစ်သောအစားအစာလေးများ (၂)11 years ago
-
-
-
-
အဖိုးတန်သူများ ကြား အနေခက်လှ12 years ago
-
-
တံခါးခေါက်သံ...12 years ago
-
အိမ်လွမ်းစိတ်12 years ago
-
NMFA Scholarship 201312 years ago
-
-
ပြည့်ကံကျွေးမှသည်13 years ago
-
ဝဲကြောင့်ပြောင်းရသော အိမ်ကလေး13 years ago
-
-
-
-
-
-
-
-
-
-
-
-
You can replace this text by going to "Layout" and then "Page Elements" section. Edit " About "
မြန်မာ့Naing ၀က်ဆိုဒ်များ
စိတ်ကြိုက်ရွေးဖတ်ပါ
- ၀တ္ထုတို (1)
- ၀တ္ထုရှည် စ+ဆုံး (1)
- ကဗျာ (53)
- ကိုယ်ပိုင်ရင်ခုန်သံ (14)
- တဂ်ပို့စ် (3)
- ရသ (2)
- ရီစရာများ (1)
- သီချင်း (3)
- သူတို့ရေးတဲ့ ကဗျာ (5)
- အခန်းဆက်ဝတ္ထုတို (1)
- အမှတ်တရ (1)
- အိမ်ပြောင်းခြင်း (1)
- ပေါက်ကွဲခြင်း (1)
- မွေးနေ့ လက်ဆောင်ကဗျာ (1)
Pages
Facebook Badge
Blogger templates
သူတို့ရဲ့ အမြင်လေးများ
Powered by Blogger.
ရေးခဲ့သမျှ မှတ်တမ်း
-
▼
2011
(58)
-
▼
November
(19)
- ချစ်ရေးချစ်ရာနှင့် အွန်လှိုင်းကဗျာ
- ကျွန်တော်မယား ဘလော့ဂ်ဂါသမား
- နင်မှနင်
- တစ်ယောက်တည်းကျန်
- ပိတောက်
- သူမရဲ့တနေ့တာ
- အချစ် ဆုံး
- ချစ်တယ်ဆိုတဲ့အဖြေစကား
- ချစ်တယ်ဆိုတဲ့ စကားလေး
- ကြိုးလေးတစ်ချောင်း ချစ်လက်ဆောင်
- တောင်းတချက်
- ပေါက်ကရ အတွေးများ
- အိပ်မက်လေးသို့ တစ်ခြောက်လုံး အမှတ်တရ
- အလွမ်းနဲကဗျာ
- အပျိုကြီးများရဲ့ အလှတရား
- စွန့်ပစ်ခြင်း
- ပန်းစံပယ်
- လမင်းလေး
- အချစ်ကို ကိုးကွယ်သူမဟုတ် အချစ်ကကိုးကွယ်သူငါ
-
▼
November
(19)
10 comments:
တော်တော်လေ့လာထားတာပဲ..
အကုန်မှန်ပါတယ်..း)
အမ နမ်းမဝ(အပျိုကြီးစာရင်းဝင်)
နတ်သမီးလေးပြောသလိုပါပဲ မောင်လွင်ပြင်တစ်ယောက် ရက်ပေါင်းများစွာ လပေါင်းများစွာ စာရင်းပြုစုထားပုံရတယ်း)။
ဒီလိုမှန်းသိ အပျိုကြီးလုပ်ပါတယ်း))
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ခုလို ရှင်းပြလိုက်မှ အပျိုကြီးတွေက ရှားပါး ပစ္စည်းတွေမှန်း သိလိုက်ရတော့တယ်...
ပြည့်ပြည့်စုံစုံလေး ရှင်းပြထားနိုင်တာဘဲ...
ဟဲ့ တမီးစံကပြောတယ် အမလွင်ပြင်တဲ့ နာတော့ နင့်ကို နာတို့ လိုပဲထင်တာလေ..ဘာတုံးပြောအုံးနော် မ၇ှင်းမ၇ှင်း မလုပ်နဲ့  အကုန်တိုင်ပတ်ကုန်မယ် ဒီက စတာနောက်တာ ၀ါသနာပါနေပါတယ်ဆိုမှ ...ဒါနဲ့  အသေချာကို လေ့လာပီးရေးထားတာပဲ....လူပျိုကြီးလား..အပျိုကြီးလားဗျ.....
တမီးစံပြောတာ မဒမ်လွင်ပြင် နာ့ချစ်သူကိုကျောတာ
နာက ယောက်ျား အဟင့်ဟင့်
အဟမ်း အဟမ်း အစ်ကို လွင်ပြင်ကတော့ ဘလော့ဂ်ဂါ အပျိုကြီးတွေကို စောင်းရေးပြီထင့်ပါ.... အတော့်ကို လေ့လာထားသကိုး။ လူပျိုကြီးတွေ အကြောင်းလည်း လင်းပါဦး အကို။ အာပေးနေမယ်နော်... :)
လွင်ပြင်ရေ
စံစံကိုစောင်းရေးတာတော့မဟုတ်လောက်ပါဘူးနော်
လူပျိုကြီးအကြောင်းတွေလဲရေးပေးပါ...
ဘလော့ဂါ လူပျိုကြီးတွေအများကြီးပဲ(မစွံသူများ)
မောင်တစ်လုံးအပါအ၀င်ပေါ့...
ဟုတ်တယ် ဟုတ်တယ် ပြောလိုက်စမ်းပါ :P
အပျိုကြီးဆိုတာ လွင်ပြင်ပြောသလိုပဲ:P
အဲ ကလေးတစ်ယောက် အမေ အပျိုကြီးတွေအကြောင်းလဲရေးပါလားဟင်း)
ခင်တဲ့မဒိုးကန်
လွင်ပြင်လှိုင်းငယ်..သို့..ကျောက်မဲမှ တွတ်တွတ် က လာရောက်အားပေးသွားပါတယ်......တခါတလေများ မဆီမဆိုင်တွေးမိလိုက်သေးရဲ့..မိန်းမလှလေးတွေ အပျိုကြီးဖြစ်ရတာ..ကျွန်တော်တို့ ယောကျာ်းသားတွေရဲ့ နက်ရှိုင်းတဲ့ ချစ်ခြင်းကို မမြင်ချင်ယောင်ဆောင်လို့ထင်ပါရဲ့ဗျာ..:D
Post a Comment