နင်မှနင်


နေ့နေ့ ညည
ငါ့ဘ၀က
အချိန်တိုင်းမှာ
နင်မှနင်ပါ  ။

နေ့ရဲ့အလင်း
ညရဲ့လမင်း
ဘ၀အလင်း
နင်မှနင်ပါ  ။

ထွက်သက်ဝင်သက်
ငါ့ရဲ့သက်က
ဘ၀များစွာ
နင်မှနင်ပါ  ။

ငါ့ရဲ့ အိပ်မက်
နေ့ခင်းမက်လဲ
အိပ်မက် မင်းသ္မီး
နင်မှနင်ပါ  ။

အလုပ်သွားပြန်
လူကအလုပ်
စိတ်ကဝေးဆီ
နင်မှနင်ပါ  ။

အရာအားလုံး
တန်းဖိုးထားဆုံး
အနှိုင်းမဲ့ချစ်
နင်မှနင်ပါ  ။

အိပ်ပျော်နိုးထ
ညနက်သန်းခေါင်
ဘယ်ချိန်ကြည့်ကြည့်
မြင်ခြင်ခဲ့တာ
နင့်မျက်နှာ 
လ၀န်းထက်မက
ပန်းကခစား
အလှတရားရဲ့ 
ဧကရီ နင်မှနင်ပါ
အိပ်မက်လေးရာ  ။ 


(အိပ်မက်လေးသို့ အမှတ်တရ)

လွင်ပြင်လှိုင်းငယ်

14 comments:

လမင်းငယ် said...

ယုံလိုက်ပါနော် :P

မောင်ဘုန်း said...

အလုပ်သွားပြန်
လူကအလုပ်
စိတ်ကဝေးဆီ
နင်မှနင်ပါ ။ ... ဒီစာသား လေးတော့ တိုက်ဆိုင်လို့ လားမသိဘူး ... အရမ်း ကြိုက် တယ်

အယ် .. ကဗျာ တစ်ပုဒ် လုံး coppy လုပ်သွားပြီနော် ...

ခင်မင်စွာဖြင့်

ချောကလက်ကျူးပစ်လေး said...

နင်မှနင်တဲ့
အားပေးပါတယ်ကဗျာကောင်းလေးပါဗျာ....

သမီးစံ said...

မင်းမှ....မင်းပဲ... :P
(လေးဖြူသီချင်းသတိရသွားလို့)
100% တော့မယုံလိုက်နဲ့နော်
အမတော် :))

မောင်(စွယ်စုံကျမ်း) said...

နင်နဲ့ ငါ
ငါနဲ့ နင်ဟာ
နေ့ နဲ့ ည
ည နဲ့ နေ့ 
ဖြစ်နေတော့...
ဟူး..ဘီလိုလုပ်ရပ..ကိုလွင်ပြင်

jasmine(တောင်ကြီး) said...

ယုံပါတယ်

Aung Htut said...

ကောင်းလိုက်တဲ့ စာသားလေးတွေ ဗျာ... ကဗျာလေးလည်း ကြိုက်တယ်။

Candy said...

အောင်မြလေး... ကိုလွင်ပြင်ရယ်... တူတူနေနေရတာတောင် ဒီလောက်လွမ်းရလား.. အတူတူမနေရသေးတဲ့ လူတွေကိုအားနာပါဦး
ချိတ်ညစ်တယ်.. လွမ်းသွားပြီ.. ပြန်မယ်.. ဒီမှာကြာကြာနေရင် ရူးသွားမယ်.. အဟင့် :(

mstint said...

နင်မှနင်ဖြစ်နေတဲ့ လွင်ပြင်လေးရေ
မဒမ်လွင်ပြင်မရှိရင် အသက်မရှင်ခြင်ဘူးပေါ့နော်း))
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ချမ်းမင်းကို(ပဥာက်) said...

နင်မှနင့်ကြောင့် ငါ၇ူးရတာပဲလေ

မဒမ်ကိုး said...

အပေါ်ကတစ်ယောက်ကတော့ယုံပါတယ်တဲ့
ဒိုးကန်တော့ယုံဘူး ဟိဟိ
(ရန်တိုက်ပေးသွား၏ )

ညီရဲ said...

ကဗျာလေး ခံစားအားပေးသွားပါတယ်...
ကဗျာလေး ဖတ်ရင်း ဟိုအရင် မှန်ကူကွက်များခွေထဲမှာ ကိုအောင်ဆိုထားတဲ့ နင်နဲ့ ငါ သီချင်းလေးတောင် သတိရမိသွားတယ်...

♫♪★လွမ်းပိုင်ရှင်★♪♫ said...

ငါစိတ်ထဲလဲ နင်မှနင်ပါ လွင်လေးရယ် သေရောဟ ဟီးးး

သံယောဇဉ် said...

ကဗျာတွေလာအားပေးသွားတယ်..
အားလုံးအတွက်ကျေးဇူးတင်ပါတယ်။

လက်စွမ်းပြနေသူများ

You can replace this text by going to "Layout" and then "Page Elements" section. Edit " About "

Blogger templates

ဆုံဆည်းရာလေး

သူတို့ရဲ့ အမြင်လေးများ

အဖြူရောင်သံဇဉ်

Powered by Blogger.