သူမရဲ့တနေ့တာ

  "လွင်ပြင် နင့်အမျိုးသမီးကော"ဒီလိုမေးခွန်းတိုင်း
"အိမ်မှာဗျ"လို့ပြန်ဖြေတိုင်း "အလုပ်မလုပ်ဘူးလား"ဆိုတဲ့အမေးကဆက်လာပါတယ်
"ဟုတ် မလုပ်ခိုင်းဘူးဗျ"ထပ်ဖြေတိုင်း"သက်သာလိုက်တာအရမ်းကံကောင်းတာပဲ"လို့ အားကျသံနဲ့ပြောသွားကြတာ အမြဲလိုလိုကြားနေရပါတယ်။ သက်သာလိုက်တာဆိုတဲ့ သူတို့အထင်ကမှန်ပါတယ်
မြင်ရင်တော့ အထင်ဟာ တက်တက်စင်အောင်လွဲမှားနေပါလိမ့်မယ်။ဘာကြောင့်လဲ?အလုပ်မလုပ်တာ သက်သာတာပေါ့လို့ အတွန့်တက်မှာအမှန်ပါပဲ ထို့ကြောင့် ကျွန်တော် ချစ်ဇနီး ပင်ပန်းတဲ့ အကြောင်းအနည်းငယ် ပြောပြချင်ပါတယ်။

          ကျွန်တော်ဇနီးဟာ ကျန်းမာရေးသိပ့်မကောင်းလို့ သူက အလုပ်လုပ်ချင်ပေမဲ့ ကျွန်တော် ခွင့်မပြုတာပါ
လုပ်အားခ ရတာကနဲနဲ ပင်ပန်းလို့ဖျားလို့ ဆေးဖိုးကုန်ကုန်တာများများအပြင် အဓိက ကတော့သူပင်ပန်းတာ မကြည့်ရက်လို့ ကျွန်တော့် လစာလေးနဲ့ ချွေတာပြီး ဘ၀ကိုဖြတ်သန်းကြတာပါ။ဒါပေမဲ့ တနေ့တနေ့ အိမ်အလုပ်လုပ်ရတာကလဲ မသက်သာဘူးဆိုတာ ကျွန်တော် နားလည်လာပါတယ်။သူ့ရဲ့ တနေ့တာ လုပ်ငန်းလေးကို ကျွန်တော် သိသလောက်ပြောပြမယ်နော်။

       သူမ မနက် ၁၀နာရီမှာအိပ်ယာ နိုးတယ်(အိပ်ယာထနောက်ကျလိုက်တာလို့မထင်လိုက်ပါနဲ့ သူမ ဘယ်အချိန် အိပ်တယ်ဆိုတာ တဖြေးဖြေးပြောပြပါ့မယ်) အိပ်ယာနိုးတာနဲ့ လျော်စရာ အ၀တ်တွေယူပြီး ရေချိုးခန်းဝင် အ၀တ်စိမ် သွားတိုက် မျက်နှာသစ် ရေချိုး ပြီးရင် ကျွန်တော် အလုပ်မသွားခင် သွေးပေးခဲ့သော သနပ်ခါး ရေကျဲလေးလိမ် ကျွန်တော် ဖျော်ပေးခဲ့သောကော်ဖီသောက်(ရေနွေးက ညကတည်းက သူကျိုပြီး ဓါတ်ဘူးထဲ အဆင်သင့်ထည့်ထားပေးတယ်)မုန့်စားပြီး ရေခဲသေတ္တာထဲက ချက်ပြုတ်ရန်လိုအပ်သော ဟင်းချက်စရာများထုတ်ပြီး မီးဖိုခန်းထဲသို့ ၀င်သွားပါတော့တယ်။ အေးခဲနေသော သားငါးတွေကို ရေထဲထည့်စိမ် ပြီးလျင် ဆန်ဆေး ထမင်းအိုတည် ဟင်းချက်ရာမှာ လိုအပ်သည့် အစာပလာတွေ ထောင်းထုပြီး ကျွန်တော်ကြိုက်တတ်သော ဟင်းများကို စတင်ချက်ပါတော့သည်။ဟင်းအိုကို မိုးဖိုးပေါ်တင်ပြီး တံမြက်စီးယူ တအိမ်လုံး သန့်ရှင်းရေးလုပ်လိုက် ဟင်းအိုပြေးကြည့်လိုက်နဲ့ ချွေးနဲနဲစိုလာပါပြီး
သူမ သန့်ရှင်းရေးလုပ်ပြီးချိန်ဆိုဟင်းလဲတစ်အိုးကျက်ပြီပေါ့။ပြီးရင် အချိန်ပေးချက်ရမဲ့ အသားဟင်းတစ်မျိုးကို ပြင်ဆင် မီးဖိုပေါ်တင်ပြီး မနက်က စိမ်ထားတဲ့ အ၀တ်တွေကို လျော်ရပါတယ် အ၀တ်လျော်ရင် ဟင်းကိုပြေးကြည့်လိုက် လျော်လိုက်နဲ့ ရေစက်တွေကြားက ချွေးစက်တွေဟာ သူမမျက်နှာပေါ် ဆော့ကစားလို့ပေါ့။ အ၀တ်လျော်လှန်းပြီးလျှင် ဟင်းအိုကြည့်ရင် ရေနွေးကြမ်းလေးရှေ့ချပြီး
သူမရဲ့လင်တော်မောင် ကျွန်တော့်ဆီသို့ ဖုန်းဆက်ပြီး အလုပ်အကိုင်အဆင်ပြေလား မနက်က ဘာစားထားလဲ အခုဘာတွေလုပ်နေလားဆိုတဲ့ မေးခွန်တွေ မေးပါတော့တယ် ပြီးရင်တော့ ဟင်းအိုတွေလဲကျက် အားလုံးအဆင်သင့်ဖြစ်ပြီးဆိုရင်တော့ တီဗီရှေ့ထိုင် ကိုရီယားကားလေးထည့် စောင်တထည်ယူပြီးတော့ အရင်ရက်တွေက လျော်ထားတဲ့ အ၀တ်အခြောက်တွေကို မီးပူတိုက်ရင်း ကိုရီးယားကားကြည့်တော့တာပါပဲ မီးပူတိုက်ပြီးချိန်ဆို နေ့ခင် ၁နာရီလောက်ရှိပြီးပေါ့ ခဏနား ရေချိုး ပြီးရင် သူမ ကျွန်တော့်ဆီဖုန်းဆက် ထမင်းပြန်လာစားဖို့လေ ပြီးရင် သူမ လက်တော့လေးဖွင့်ပြီး သူ့သူငယ်ချင်းဘလော့ဂါအိမ်တကာလျှောက်လည်လိုက် ကဗျာလေးရေးလိုက်နဲ့ ကျွန်တော်ပြန်လာမဲ့ လမ်းကိုမျှော်ငေးရင်း အချိန်တွေကို ကုန်ဆုံးစေပါတယ် ။၂နာရီလောက် ကျွန်တော်ပြန်လာလျှင် အိမ်တံခါးလေးကို အပြေးအလွှားလေး လာဖွင့်ပေးပြီး မုန့်ပါလားဆိုပြီး ကလေးတစ်ယောက်လို မေးတတ်ပါတယ် ဒါကလဲ ကျွန်တော်အကျင့်လုပ်ထားသလိုဖြစ်နေတာပါ ကျွန်တော်ပြန်လာလျှင်သူမအတွက် မုန့်တမျိုးမျိုးဝယ်လာတတ်သောကြောင့် ပြန်လာလျှင်မုန့်ကို မေးတတ်တာပါ ။တန်းဖိုးကြီးစရာမလို မုန့်လေး သူမကိုပေးလျှင် ကလေးတစ်ယောက်လိုပျော်နေတတ်ပါသည်။ထို့နောက်တော့ ကျွန်တော့်ကို ရေချိုးခိုင်းပြီး သူမကတော့ ထမင်းပွဲပြင်ပါတော့သည် ပြီးလျှင်နှစ်ယောက်တူတူထမင်းစားကြသည်ပေါ့ နောက်တစ်ခု ထမင်းစားလျှင် အကျင့်တစ်ခု ကျွန်တော်လုပ်ထားပါသေးသည် ထမင်းစစားလျှင်သူ့ဟာသူမစားပါ ကျွန်တော်ခွံကျွေးတာကို မျက်နှာငယ်လေးနှင့်စောင့်နေပါသည် လေးငါးလုပ်လောက် ခွံကျွေးပြီးမှ သူ့ဟာသူစားပါသည် စားနေရင်း စားကောင်းလား မေးရတာလဲ သူ့မှာအမောပါပဲ အရမ်းကောင်းတာပဲလို့ ဖြေရင် ချက်ထားသမျှမောပန်းတာတွေပျောက်သွားတာပဲလို့ ပြောတတ်ပါသည်။ထမင်းစားပြီးလျှင် ကျွန်တော်ကတော့ လက်ဆေးပြီးထသွားတာပဲ ကျန်တာလဲ သူပဲသိမ်းရတယ် သိမ်းဆည်းရင်း ထမင်းစားပြီးပြီးချင်မအိပ်နဲ့ ပျင်းရင် သူငယ်ချင်းတွေနဲ့ချက်" မ" ဆေးစရာရှိတာဆေးပြီးလာခဲ့မယ်လို့ မီးဖိုးချောင်မှ အော်ပြောနေရတာလဲ အလုပ်တစ်ခုပါပဲ ခဏကြာလျှင်သူပြန်ရောက်လာပြီး စားစရာ အသီးတမျိုးမျိုးကျွန်တော့်ကို ပေးပြီး မောင် အိပ်မှာလား အင်တာနက်ကြည့်မှာလား ကိုရီယားကြည့်မှာလားလို့ မေးပါတယ် ကျွန်တော်အိပ်လျှင် ကျွန်တော်ဘေးနားလာကပ်ပြီး သူကကိုရီးယားကားကြည့်ပါသည် အင်တာနက်ကြည့်လျှင်လဲ ဘေးနားထိုင်ပြီင်္း ကျွန်တော်လုပ်တာကြည့်ပြီး သူ့ဆိုဒ်လေးကို ဟိုဟာလေးလုပ်ပေးပါအုံး ဒီဟာလေးလုပ်ပေးပါအုံးလို့ ပူဆာတတ်ပါသည်။ညနေ၃နာရီလောက်ဆို ကျွန်တော်အလုပ်ပြန်သွားရင် တံခါးနားလိုက်ပို့ပြီး အလုပ်လုပ်ရင် ဘုရားတရားမမေ့နဲ့ ဘာညာတွေစုံနေအောင်မှာတမ်းတွေ ချွေပြီး အိမ်မှာ သူတစ်ယောက်တည်းကျန်ခဲ့ပါတော့တယ်။ပြီးရင်တော့ ခဏတဖြုတ်နားပြီး ညစာအတွက် ချက်ပြုတ် လျော်ထားတဲ့ အ၀တ်တွေ သိမ်းဆည်းပြီး အင်တာနက်ထိုင်ပြီး ကဗျာရေးလိုက် စာရေးလိုက်နဲ့ ၆နာရီထိုးသွားလောက်ရင် ကျွန်တော်ဆီ ဖုန်းဆက်ပါသည် ထုံးစံအတိုင်း အလုပ်အဆင်ပြေလား ဘာလားပေါ့
၆နာရီခွဲလောက်ဆို သူအိမ်အောက်ဆင်းပြီး နောက်ရက်စားဖို့သောက်ဖို့ ဈေးဝယ်ထွက် အိမ်ပေါ်ပြန်တက် နောက်ရက်ချက်မဲ့ဟာတွေ အစီစဉ်ချပြီး ခဏနားပါလိမ့်မယ် ပြီးရင် ၈နာရီလောက်ထိအိပ်မယ်ဖြစ်ကြောင်းအကြောင်းကြားပြီး အိပ်ပါတယ် အိပ်ယာနိုးလျှင် ညစာအတွက် ဟင်းတွေနွေးပြီး ကျွန်တော်ကို ဖုန်းဆက်ခေါ်ပြီး ထမင်းကျွေးပါတယ် ကျွန်တော် ညပိုင်ဆို အလုပ်နဲနဲများလာပြီဖြစ်သောကြောင့် အိမ်မှာသိပ့်မရှိပါ သူတစ်တစ်ယောက်တည်း အိမ်အလုပ်တွေလုပ်ရင် ၁၂နာရီ ကျွန်တော်အပြန်လမ်းကို ငေးနေပါလိမ့်မယ်။ ကျွန်တော်ပြန်လာလျှင် လင်မယားနှစ်ယောက် စကားတွေပြောကြပါတယ် တခါတလေ နှစ်ယောက်တည်း ဖဲရိုက်ပါတယ် ပြီးလျှင်ကျွန်တော် တရေးနိုး ဗိုက်ဆာတတ်သောကြောင့် စားစရာတစ်ခုခုလုပ်ပြီး စားပွဲပေါ်တင်ပေးထားပြီး ၁နာရီခွဲလျှင် ကျွန်တော့်ကို အိပ်ခိုင်းပြီး သီချင်းဆိုပြခိုင်းပါတယ် ညစဉ်သူ့ကို ကျွန်တော် သီချင်းဆို သိပ့်မှ သူမ အိပ်ပါတယ်။ခေါင်းလေးကို ပွတ်ပြီး သီချင်းဆိုသိပ့်လျှင် ခလေးတစ်ယောက်လို သူအိပ်စက်သွားတတ်ပါသည် အိပ်စက်နေသော သူမကို ကြည့်ရတာ တကယ့် ကဗျာတစ်ပုဒ်ပါပဲဗျာ  ။

           ထို့ကြောင့် ကျွန်တော့် ဇနီးသည် သက်သာသည်လော ပင်ပန်းသည်လောဗျာ။
တကယ်တော့ အိမ်မှာနေရင် အိမ်အလုပ်လုပ်ရသော အိမ်ထောင်ရှင် အမျိုးသမီးတွေဟာ တော်တော်လေး ပင်ပန်းကြပါတယ်။ကျွန်တော်သည် ပိုက်ဆံသာရှာနေရသော်လဲ သူမ လောက်မပန်ပန်းပါ။

ဒီနေ့တော့ သည်မျှနဲ့နားလိုက်အုံးမယ် နောက်တခါကြုံမှပဲ သူမ စိတ်ပင်ပန်းတဲ့ အကြောင်းလေးတွေ ရေးပြတော့မယ်

လွင်ပြင်လှိုင်းငယ်

10 comments:

မြသွေးနီ said...

အချစ်တွေ ထုံမွှမ်းထားတဲ့ ချစ်သူရဲ့တစ်နေ့တာလေးပေါ့..။

Anonymous said...

ဟုတ်ပတော်..ဖတ်ရင်းနဲ့ကို
မောသွားတာပဲ..အတော်ပင်ပန်းတာပဲ
မဒမ်ရေ..အလုပ်တွေဇယ်ဆတ်သလို
မလုပ်ပါနဲ့.အ၀တ်ဆိုလည်း.
တစ်ပတ်တစ်ခါလျှော်ပေါ့း)
ဈေးလည်းအဲ့အတိုင်းပဲလေ.
နှစ်ရက်တစ်ခါလောက်သွားပေါ့း)
ပြီးရင်.အားတိုင်း.shopping ထွက်
beauty sloon တွေဘာတွေ
သွားပလိုက်..အိမ်မှာလည်း
မနက်မနက်စောစောထပြီးရင်
လေ့ကျင့်ခန်းတွေဘာတွေလုပ်ဖို့
အေရိုးဗစ်စက်တွေဘာတွေ.
အစ်ကို့ကိုဝယ်ခိုင်းပေါ့း)
ကိုရီးယားကားတွေကလည်း..ကြည့်ပီးရင်
စွဲနေရော.သူတို့ကလည်း.မကြည့်မကောင်း
ကြည့်မကောင်းဆိုတော့.ကြည့်လည်းကြည့်
မျက်လုံးလည်း.အနားပေးပေါ့း))
အလုပ်တွေ.အရမ်းများနေရင်
အိမ်ဦးနတ်ကိုလွှဲပေးလိုက်ပါ
အကုန်လျှောက်မလုပ်နဲ့သိလား
မောဒယ် :D

လေးစားလျှက်

jasmine(တောင်ကြီး) said...

တော်တော်ကြာ ဒီပို့စ်လးကိုဖတ်ပြီး
အပျိုကြီးတွေ ယောက်ကျာင်္းယူသွားရင်ဒုက္ခ

လမင်းငယ် said...

ဖတ်သွားတယ်ရှင့်ယူရမယူရတော့
နောက်ဆက်တွဲဆက်ဖတ်မယ်

မောင်ဘုန်း said...

ဟုတ်တယ် အစ်မ ဂျက်ရေ ... ကျနော် တို့  အပျိုကြီး မတွေ့ စေနဲ့ နော် ...

ကိုရင် said...

အင်း..အင်း..အင်းး
ကောင်းတယ်..ကောင်းတယ်..
လုပ်ကြပေါ့ဗျာ.နော့..:D

ညီရဲ said...

ဟုတ်ပါတယ်ဗျာ... အိမ်ရှင်မ တစ်ယောက်ရဲ့ အလုပ်ကလဲ မလွယ်ပါဘူး။ ဒီမှာ ကိုယ့်ဘဝ ကိုယ်ကျောင်းနေရတော့ ပိုသိလာတယ် ထင်တာပါဘဲဗျာ...

Aung Htut said...

အားကျပါ့ အစ်ကိုရေ.... ဒီမှာတော့ လင်မယား လက်ဆုံ ထမင်းမစားရတာ ဘယ်နှစ်လရှိနေပြီ မသိ...။ ကြိုးစားဦးမှ တူတူနေရအောင်။

mstint said...

အိမ်အလုပ်က မယ်မယ်ရရခေါင်းစဉ် မရှိသလောက် လုပ်ရင်လုပ်သလောက် များတယ် လွင်ပြင်လေးရေ။ မဒမ်လွင်ပြင်လေးအပေါ် ဒီထက်မက ပိုပြီးဂရုစိုက်နိုင်ပါစေကွယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေနော်။

မေတ္တာဖြင့်
အန်တီတင့်

ပန်းချီ said...

ဖတ်ရတာကြည်နူးစရာ..တစ်နေကုန်ပင်ပန်းပေမယ့် ချစ်သူက တေးဆိုချော့သိပ်တယ်ဆိုတော့ မောတော့မောတာပေါ့..ဒါပေမယ့် မမောဘူးပေါ့ရှင်..း))

လက်စွမ်းပြနေသူများ

You can replace this text by going to "Layout" and then "Page Elements" section. Edit " About "

Blogger templates

ဆုံဆည်းရာလေး

သူတို့ရဲ့ အမြင်လေးများ

အဖြူရောင်သံဇဉ်

Powered by Blogger.