မဂၤလာပါ
ဘေလာ့ဂ္ဂါ မောင်နှအပေါင်းတို့ ခင်ဗျာ
ကျွန်တော်အလုပ်များပြီး အွန်လိုင်းသို့ အချိန်မှန်မှန်မတက်နိုင်သောကြောင့် သူငယ်ချင်းတို့ အိမ်များသို့
အရောက်နည်းနေသည့်ကြားက ပြဿနာနောက်တစ်ခုက ထပ်တက်နေပါတယ် အကြောင်းရင်းကတော့
ဆိုဒ်ကို ကလိတာများသောကြောင့်လားမသိ ၀ဲနဲနဲကိုက်နေသောကြောင့် သူငယ်ချင်းတို့ အိမ်များဝဲကူးမည်စိုးသောကြောင့် လာရောက်မလည်ပတ်ခြင်းဖြစ်ပါသည်။ထို့ကြောင့် ဆိုဒ်အသစ်တစ်ခု အလျင်အမြန်လုပ် အထပ်ထပ်ဝဲစစ်ကာ ယခုတော့ စိတ်ချလောက်ရပြီထင်လို့ အိမ်ပြောင်းပါတော့မည်။
ဆိုဒ်ကို အခြေအနေအမျိုးမျိုးကြောင့် လင့်ပြောင်းရသည်ကိုလဲ အလွန်အမင်းပဲ အားနာမိပါသည်။အကြောင်းကြောင်းကြောင့် ပြောင်းရခြင်းကြောင့် ကျွန်တော့်အပေါ် နားလည်ပေးနိုင်ပါစေလို့ မျှော်လင့်မိပါသည်။ သူငယ်ချင်းတို့ ချိတ်ထားသော ဒီလင့်ကို ဖျက်စေချင်ပါသည်။လင့် အသစ်http://sabailwinpyinhlaing.blogspot.com/ ကိုလဲ ကျေးဇူးပြုပြီးပြန်ချိတ်ပေးစေချင်ပါသည်။ သူငယ်ချင်းတို့လဲ မိမိဆိုဒ်ကို ၀ဲစစ်ချင်ရင်တော့ သာမက်ကလေး မောင် (စွယ်စုံကျမ်း)ဆီမှ ခွင့်မတောင်းပဲ ကျွန်တော်ယူလာသော ဆိုဒ်လင့်လေးကို
ထားခဲ့ပါတယ် http://sitecheck.sucuri.net/scanner/ ဒီမှာစစ်ကြည့်လို့ရပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ် အိမ်သစ်လေးကို လာရောက်ဝေဖန်ပေးကြပါအုန်းနော်
http://sabailwinpyinhlaing.blogspot.com/
လွင်ပြင်လှိုင်းငယ်
သူ့အတွက်သာ
အသည်းတစ်ခြမ်းလဲ
လောင်ကျွမ်းပါစေ
အသည်းတစ်လုံးလဲ
ဆုံးရှုံးပါစေ
မုန်းမရအောင်
ချစ်ရသူမို့
သူ့အပြုံးကို
သောက်သုံးပြီး
အသက်ဆက်နေသူပါ ။
ဝင်သက် ထွက်သက်ကြောင့်
အသက်ရှင်နေတာလား
အသက်ရှင်နေလို့
ဝင်လေ ထွက်လေဆိုတာ ရှိတာလား
ဒါတွေ ခေါင်းရှုပ်ခံပြီး
မတွေးတော့ပါဘူး
သေချာတာ တစ်ခုပဲပြောမယ်
ဝင်သက် ထွက်သက်တိုင်းမှာ
သူ့ကို ချစ်ခြင်းတွေကြီးပဲရှိတယ် ။
အာဒံက ပန်းသီးလေးတစ်ခြမ်းပဲကျွေးပြီး
ရွေးစရာလူမရှိလို့ ဧ၀ကို ချစ်ခဲ့တာပါ
ကျွန်တော်ကတော့ သန်းပေါင်းများစွာထဲက
နှလုံးသားကရွေးတဲ့ သူ့ကို
အသည်းနှလုံးတစ်ခုလုံး
လိုရာသုံးဖို့ပေးပြီး ချစ်ခဲ့တာပါ ။
အချစ်အတွက် အသက်ပေး
ကျန်နေသူမှာ မျက်ရည်မီးတွေနဲ့
အသိတရာကင်းစွာ ထားခဲ့တတ်သူကို
ကျွန်တော် အထင်မကြီးတတ်ပါ
မရှိရင် ရှိအောင်လုပ်
အေးနေရင် အနွေးဓါတ်ပေး
မျက်ရည်တွေ မလျှံကျစေဖို့
ထွက်ခွါရင်တောင်
တစ်ချိန်တည်းဖြစ်ချင်သူမို့
အိပ်ယာဝင်တိုင်းဆုတောင်းခဲ့တာ
ညပေါင်းများစွာပါ ။
(အိပ်မက်လေးသို့ ရည်ရွယ်ပါသည်)
လွင်ပြင်လှိုင်းငယ်
နှလုံးလှ ငါ့ဘုရင်မ
အိပ် မပျော်လဲပဲ
မက် ခွင့်ရချင်တယ်
လေး နက်တဲ့ ချစ်ခြင်း အကြောင်းတွေကိုပေါ့
က လေးတစ်ယောက်လိုဖြူစင်လွန်းတဲ့ မင်းအပြုံးက
ငါ့ အတွက်တော့ ဘုရားပေးတဲ့ ဆုလာဒ်တစ်ခုပါ
ဘ ၀မှာ တစ်ကြိမ်တစ်ခါသာ
ဝ င်ရောက်ခဲ့တဲ့ သံယောဇဉ် အချစ်များစွာနဲ့ပေါ့ ။
စံ ပယ်ဖြူ စိတ်ထားလေးနဲ့
ပယ် ဖျက်ထားတဲ့ အတ္တတွေကြား
ချို သာတဲ့ ရီသံတွေနဲ့
က နေတဲ့ဒေါင်းမလေးတောင် ငေးသွားရတယ်
ငါ့ ဘ၀ရဲ့ ထာဝရ အလှရှင်လေးရယ်
အ ဆုံးသတ်မှာလဲ
ချစ် ခြင်းတရားတွေ ပွေ့ဖက်သွားဖို့
ဆုံး ဖြတ်တတ်တဲ့ နှလုံးသားကို ကျေးဇူးပါ ။
မက် ခွင့်ရချင်တယ်
လေး နက်တဲ့ ချစ်ခြင်း အကြောင်းတွေကိုပေါ့
က လေးတစ်ယောက်လိုဖြူစင်လွန်းတဲ့ မင်းအပြုံးက
ငါ့ အတွက်တော့ ဘုရားပေးတဲ့ ဆုလာဒ်တစ်ခုပါ
ဘ ၀မှာ တစ်ကြိမ်တစ်ခါသာ
ဝ င်ရောက်ခဲ့တဲ့ သံယောဇဉ် အချစ်များစွာနဲ့ပေါ့ ။
စံ ပယ်ဖြူ စိတ်ထားလေးနဲ့
ပယ် ဖျက်ထားတဲ့ အတ္တတွေကြား
ချို သာတဲ့ ရီသံတွေနဲ့
က နေတဲ့ဒေါင်းမလေးတောင် ငေးသွားရတယ်
ငါ့ ဘ၀ရဲ့ ထာဝရ အလှရှင်လေးရယ်
အ ဆုံးသတ်မှာလဲ
ချစ် ခြင်းတရားတွေ ပွေ့ဖက်သွားဖို့
ဆုံး ဖြတ်တတ်တဲ့ နှလုံးသားကို ကျေးဇူးပါ ။
နှ လုံးသားက
လုံး ၀ကို မုန်းမရမယ့်
လှ ပတဲ့ မင်း စိတ်ထားများနဲ့
ငါ့ ဘ၀ကို လှပအောင်ပြုပြင်ပေးရင်း
လုံး ၀ကို မုန်းမရမယ့်
လှ ပတဲ့ မင်း စိတ်ထားများနဲ့
ငါ့ ဘ၀ကို လှပအောင်ပြုပြင်ပေးရင်း
ဘု ရင်မတပါးလို အမိန့်တွေ မပေးပဲ
ရင် ထဲကစေတနာ စကားများနဲ့
မ မှားတဲ့ ချစ်ခြင်းတွေ အပြည့်နဲ့ ချစ်တတ်သူရေ ။
လွင်ပြင်လှိုင်းငယ်
တိမ်ရဲ့ အိန်ဂျယ် (ဘလော့ဂ်ဂါ မိုးငွေ့အတွက် မွေးနေ့ကဗျာလက်ဆောင်)
ဟေမန် သခင်
ဆောင်းနှင်းတွေလဲ
ပြေးထွက်ခဲ့ပြီ
ဂိန်မန် အရှင်
အိန်ဂျယ်လေးလဲ
လေးရူးနဲ့ အတူ
ပိတောက်တွေဖူးပွင့်မယ့်
ဒီရာသီမှာ
နှင်းရည်လဲမသောက်
မိုးရဲ့ အငွေ့အသက်
မိုးစက်များနှင့်အတူ
ပူလောင်သူကို အေးချမ်းပေး
ဆောင်ယူလာတာ
လေပြေ အေးမို့
တိမ်တို့ သခင် အိန်ဂျယ် သင့်က
ဆောင်းနှင်းတွေလဲ
ပြေးထွက်ခဲ့ပြီ
ဂိန်မန် အရှင်
အိန်ဂျယ်လေးလဲ
လေးရူးနဲ့ အတူ
ပိတောက်တွေဖူးပွင့်မယ့်
ဒီရာသီမှာ
နှင်းရည်လဲမသောက်
မိုးရဲ့ အငွေ့အသက်
မိုးစက်များနှင့်အတူ
ပူလောင်သူကို အေးချမ်းပေး
ဆောင်ယူလာတာ
လေပြေ အေးမို့
တိမ်တို့ သခင် အိန်ဂျယ် သင့်က
ပန်းစံပယ်နှင့်အတူ
လမ်းသွယ်တွေပါမကျန်
ဝေဟင်မြင့်ထက်
လွင်ပြင်ကိုကျော်
ပင်လယ်ဆီသို့
ဂုဏ်သတင်းတွေ မွေးပျံ့
အောင်မြင်ခြင်းတွေ
အတောင်တပ်ပြီး
တိမ်တွေကိုစီး
အိန်ဂျယ်တပါးလို
ဒီကမ္ဘာကို
အေးချမ်းမှု့တွေ
ဖြန်းပက်ပေးပါ
မိုးစက်သခင်
မိုးငွေ့ရှင်ရယ်။
လမ်းသွယ်တွေပါမကျန်
ဝေဟင်မြင့်ထက်
လွင်ပြင်ကိုကျော်
ပင်လယ်ဆီသို့
ဂုဏ်သတင်းတွေ မွေးပျံ့
အောင်မြင်ခြင်းတွေ
အတောင်တပ်ပြီး
တိမ်တွေကိုစီး
အိန်ဂျယ်တပါးလို
ဒီကမ္ဘာကို
အေးချမ်းမှု့တွေ
ဖြန်းပက်ပေးပါ
မိုးစက်သခင်
မိုးငွေ့ရှင်ရယ်။
(၁ရ.၃.၂၀၁၂ မှာ ကျရောက်သော ဘလော့ဂ်ဂါ မိုးငွေ့၏ မွေးနေ့ပွဲအတွက် ကဗျာလက်ဆောင်)
လွင်ပြင်လှိုင်းငယ်
ကဗျာသူခိုး
အခုတလော အလုပ်တွေမအားလပ်သောကြောင့် အွန်လိုင်းသို့ သိပ့်မတက်ဖြစ်ပေ။ ထို့ကြောင့် အချိန်ရလျှင် ဆိုဒ်လေးနှင့် သူငယ်ချင်းများရဲ့ စာကိုသာဖတ်ဖြစ်ပြီး ၀င်လာသောမေးလ်များကိုပင် မစစ်မိခဲ့ပေ ကျန်ခဲ့တဲ့ sundayကတော့ အလုပ်လဲ နဲနဲပါးတာနဲ့ မေးလ်တွေကို စစ်ရင်းက မီးအိမ်ရှင်များဆိုဒ်မှ ရှယ်ထားသော မေးလ်မှ
ခေါင်းစဉ် တစ်ခုကို အမှတ်မထင်တွေ့လိုက်ရသည် ခေါင်းစဉ်လေးက "ရိုးရိုးလေးပဲချစ်တယ်"ဆိုတဲ့ ကဗျာလေးပါပဲ ဒါနဲ့ ငါ့ကဗျာခေါင်းစဉ်လေးနဲ့ တူပါလားဆိုပြီး ဘယ်သူများရေးထားပါလိမ့် ငါလဲတင်မထားပါဘူး
ခေါင်းစဉ်များတူနေလို့ဆိုးပြီး သိချင်စိတ်များလာတာနဲ့ မီးအိမ်ရှင် ဆိုဒ်လေးသို့ ၀င်လိုက်ရာ ကဗျာလေးက ကျွန်တော့်ကဗျာပါပဲ ဒါပေမယ့် ရေးသားသူနေရာမှာတော့ ထိုဆိုဒ်မှ အက်မင်လုပ်နေသော Maythဆိုသူဖြစ်ပါသည်။ ကော်ပီကူလာသာကိုရေးဖို့များ ကျန်နေတာလားဆိုပြီး ကော့မက်တွေလိုက်ဖတ်လိုက်တော့ ဒီပို့စ်ရေးဖို့ဖြစ်လာတာပါပဲ ကော့မက်မှာ ထိုအက်မင် Myathက ဒီလိုလေးရေးထားပါတယ်
ခေါင်းစဉ် တစ်ခုကို အမှတ်မထင်တွေ့လိုက်ရသည် ခေါင်းစဉ်လေးက "ရိုးရိုးလေးပဲချစ်တယ်"ဆိုတဲ့ ကဗျာလေးပါပဲ ဒါနဲ့ ငါ့ကဗျာခေါင်းစဉ်လေးနဲ့ တူပါလားဆိုပြီး ဘယ်သူများရေးထားပါလိမ့် ငါလဲတင်မထားပါဘူး
ခေါင်းစဉ်များတူနေလို့ဆိုးပြီး သိချင်စိတ်များလာတာနဲ့ မီးအိမ်ရှင် ဆိုဒ်လေးသို့ ၀င်လိုက်ရာ ကဗျာလေးက ကျွန်တော့်ကဗျာပါပဲ ဒါပေမယ့် ရေးသားသူနေရာမှာတော့ ထိုဆိုဒ်မှ အက်မင်လုပ်နေသော Maythဆိုသူဖြစ်ပါသည်။ ကော်ပီကူလာသာကိုရေးဖို့များ ကျန်နေတာလားဆိုပြီး ကော့မက်တွေလိုက်ဖတ်လိုက်တော့ ဒီပို့စ်ရေးဖို့ဖြစ်လာတာပါပဲ ကော့မက်မှာ ထိုအက်မင် Myathက ဒီလိုလေးရေးထားပါတယ်
- ရေးသားသူ Mayth 10 hours ago
- ချစ်သူလေးတာပေတူးလေးအတွက်ရေးထား
တာ... အားပေးတဲ့သူငယ်ချင်းမားကျေးဇူးကော့မက်လေးကိုမြင်တော့ တော်တော်စိတ်မကောင်းဖြစ်သွားတယ် ကဗျာကြိုက်လို့ ကူးတင်တာ ၀မ်းသာပေမယ့် သူရေးထားပါတယ်ဆိုပြီး အရှက်တရားကင်းမဲ့တဲ့ သူ့လုပ်ရပ်အတွက် သူ့စာပေအဆင့်အတန်းကို ကျွန်တော်နားလည်ပြီး ပို့စ်အောက်မှာ ယဉ်ကျေးစွာပဲ- ရေးသားသူ လွင်ပြင်လှိုင်းငယ် အခုလေးတင်
- ဒီမှတ်ချက်အားဖျက်မယ်
http://sabailwinpyin.blogspot.
com/2011/10/blog-post_02.html ကဗျာကို ပြန်တင်လိုလျှင်ရေးသားသူနှင့် ဆိုဒ်နာမည်ကို ထည့်သွင်းဖော်ပြပါ ဒီကဗျာကို ကျွန်တော် နိုင်းဆိုဒ်တော်တော်များများနှ င့် ကိုယ်ပိုင်ဆိုဒ်မှာတင်ထားသော ကိုယ်ပိုင်ရေးကဗျာဖြစ်ပါသည် ။ကျေးဇူးတင်ပါသည် http://www.edinooyin.com/ forum/topics/4347155:Topic: 3758339 ဒီလိုကော့မက်ရေးပြီး ပင်မစာမျက်နှာကို လျှောက်ကြည့်လိုက်တော့ T0P 10 မှာရိုးရိုးလေးပဲချစ်တယ်လမင်းလေးကောင်မလေး....သို့ (ခေါင်းစဉ် အမှန် ကောင်မလေး) ဆိုတဲ့ ကဗျာတွေကို ထပ်တွေ့ ၀င်ဖတ်ကြည့်လိုက်တော့ အပေါ်က ကဗျာအတိုင်းပဲ သူရေးသားထားသည့်အတိုင်းပဲ ဖောဖောပဲ ကော့မက်တွေရေးထားတယ် ဒါနဲ့ ကျွန်တော်လဲ အပေါ်ကအတိုင်း ကော့မက်ပေးမယ်ဆိုပြီး (စာရေးပျင်းသောကြောင့်)ကော်ပီကူးရန် သွားကြည့်လိုက်တော့ ကျွန်တော်ပေးထားသော ကော့မက်မရှိတော့ပါ ကော့မက်ကိုဖျက်လိုက်ပါပြီ ဒါနဲ့ စိတ်မကောင်းဖြစ်မိနေတုန်း ဆိုဒ်တာဝန်ရှိသူကို အကြောင်းကြားရန် စာရေးပြီး လင့်တွေသွားကူးတော့ အရမ်းတော်တဲ့ အက်မင် စာသူခိုးက ပို့စ်တွေကိုပါ ဖျက်လိုက်ပါပြီအားလုံးကို လမ်းစဖျောက်လိုက်တဲ့သဘောပေါ့ ဒါပေမယ့် သူမသိသေးတာတစ်ခုက ကျွန်တော်ပို့တချို့ကို ကူးပြီး မေလ်းထဲမှာ သိမ်းထားတာဆိုတာပါပဲ။နည်းပညာ ဆင်းရဲသောကြောင့် ကောင်းကောင်းမကူတတ်ပေမယ့် ကူးတတ်တဲ့အတိုင်းပဲ ကူးထားလိုက်ရတယ်။ကျွန်တော် ခံစားရတာကတော့ ကဗျာတစ်ပုဒ်ဖြစ်ဖို့ ကျွန်တော်တို့ အချိန်အများကြီးယူရတယ်အများကြီးခံစားရတယ် ကဗျာလေးတစ်ကြောင်းရဖို့ မအားလပ်တဲ့ကြားက စာရွက်နဲ့ဘောပင်ကိုအိတ်ထဲထည့်ထားပြီး တစ်ကြောင်းရလိုက် တစ်ကြောင်းမှတ်လိုက်နဲ့ ရေးထားတဲ့ ခံစားချက်တွေကို သူ ကတစ်မိနစ်တောင်မကြာပဲ လွယ်လွယ်ကူးပြီး ယူတင်လိုက်တယ် ဘယ်လောက်များ စာပေတန်ဖိုးကို နားမလည်လိုက်လဲ ဒါနဲ့များ အက်မင်လုပ်တယ်တဲ့ တာဝန်ရှိသူကိုပြောတော့လဲ ဘာမှ အရေးမကြီးသလိုပါပဲ။ ကျွန်တော် နိုင်ဆိုဒ်အများကြီးမှာ စာရေးဖူးပါတယ် စာရေးနေပါတယ် ဒီလို ကိစ္စကတော့ အခုမီးအိမ်ရှင်ဆိုဒ်က အက်မင်နဲ့မှ စတင်ကြုံဖူးတာပါ။ထိုအက်မင် စာမျက်နှာမှာ ကျွန်တော်ရှာဖွေခဲ့သမျှ ကျွန်တော့်ကဗျာများမှာစသည့်အနည်းငယ်ကို ရှာဖွေတွေ့ရှိခဲ့ပါတယ် ။ဘယ်လောက်တောင်များကူးပြီ ဘယ်လောက်တောင်ပြန်ဖျက်လိုက်လဲတော့ ကျွန်တော်လဲ မသိပါ။ကျန်နေသေးတဲ့ ကဗျာခေါင်းစဉ်များကို သူမ၏ စာမျက်နှာ နောက်ဆုံးလုပ်ဆောင်မှု့များထဲမှာ ရှာနိုင်ပါတယ်။အားလုံးပဲ မိမိခံစားချက်တွေ အလွယ်တကူ အရှက်မရှိကူးယူနေတဲ့ ရန်မှကင်းဝေးကြပါစေ။အောက်မှာ ကူးထားတဲ့ စာမျက်နှာလေး ဖော်ပြထားပါတယ် ။ရိုးရိုးလေးပဲချစ်တယ်
လေတိုက်လို့ သစ်ရွက်လှုပ်တာလူကြီးခလေးကအစအားလုံးသိတယ်နင်တိုက်လို့ လှုပ်သွားတဲ့ ငါ့နှလုံးသားကတော့ငါနဲ့ ငါနှလုံးသားလေးပဲ သိတယ်အချစ်ဆိုတာ ပြောရလွယ်တဲ့ စကားမှန်အားလုံးသိတယ် အများသုံးကြတယ်ချစ်တယ်ဆိုတဲ့ နင့်ကိုပြောဖို့တော့ကမ္ဘာမှာအကြောက်ဆုံးနင်မုန်းသွားမှာ စိုးလို့ပါပျားဆိုတာ ၀တ်ရည်သုံးဖို့ပန်းကို ခင်တွယ်ကြတာပါပန်းဆိုတာ လူတွေမြတ်နိုးဖို့ခဏတာ ပွင့်ပေးကြတာပါလောကမှာ ချစ်တယ်ဆိုတဲ့စကားဟာတန်ဖိုးထားတတ်တဲ့သူတွေအမြတ်တနိုးပြောကြပေမဲ့အခွန်မဆောင်ရတိုင်းခပ်ပေါပေါပြောတဲ့စကားတိုင်ဟာလဲချစ်တယ်ဆိုတာပါပဲ......ငါနင့်ကို ဘယ်လိုပြောရမလဲအတ္တတွေ မာနနဲ့ တပ်မက်မှု့ဘာတစ်ခုမှ မပါပဲရိုးသားခြင်း ရင်ခုန်သံရဲ့ဘာသာစကားကိုရှင်းရှင်းလေးပဲ ဘာသာပြန်မယ်မှက်ချက်ပေးမယ်။ ။(မှတ်ချက်ပေးရာတွင် ညစ်ညမ်းပုံများ မိုက်ရိုင်းသောစာများမပေးပါရန်မေတ္တာရပ်ခံအပ်ပါသည်)
-
ရေးသားသူ လွင်ပြင်လှိုင်းငယ် အခုလေးတင်
- ဒီမှတ်ချက်အားဖျက်မယ်
http://sabailwinpyin.blogspot.
com/2011/10/blog-post_02.html ကဗျာကို ပြန်တင်လိုလျှင်ရေးသားသူနှင့် ဆိုဒ်နာမည်ကို ထည့်သွင်းဖော်ပြပါ ဒီကဗျာကို ကျွန်တော် နိုင်းဆိုဒ်တော်တော်များများနှ င့် ကိုယ်ပိုင်ဆိုဒ်မှာတင်ထားသော ကိုယ်ပိုင်ရေးကဗျာဖြစ်ပါသည် ။ကျေးဇူးတင်ပါသည် http://www.edinooyin.com/ forum/topics/4347155:Topic: 3758339
-
ရေးသားသူ လွင်ပြင်လှိုင်းငယ် အခုလေးတင်
- ဒီမှတ်ချက်အားဖျက်မယ်
http://sabailwinpyin.blogspot.
com/2011/10/blog-post_02.html ကဗျာကို ပြန်တင်လိုလျှင်ရေးသားသူနှင့် ဆိုဒ်နာမည်ကို ထည့်သွင်းဖော်ပြပါ ဒီကဗျာကို ကျွန်တော် နိုင်းဆိုဒ်တော်တော်များများနှ င့် ကိုယ်ပိုင်ဆိုဒ်မှာတင်ထားသော ကိုယ်ပိုင်ရေးကဗျာဖြစ်ပါသည် ။ကျေးဇူးတင်ပါသည်
-
ရေးသားသူ ခိုင်သဇင် 42 minutes ago
ကောင်းတယ်
-
ရေးသားသူ လမင်းငယ် 1 hour ago
- မေလေးးးရေးးးးအားပေးခဲ့တယ်နော်း
းးးးးးး ချစ်သူလေးနဲထာဝရပျော်ရွင်စွာလက် တွဲနိုင်ပါစေလိုဆုတောင်းပေးတယ်ေ နာ်းးးးးးးးးးးးးး
-
ရေးသားသူ ဆုလဲ့မင်း** 5 hours ago
- အရမ်းကောင်းတယ်မေလေးရေးးးးးးးးး
းးးးးးး အားပေးသွားတယ်နော် ချစ်သူလေးနဲ့အတူထာဝရပျော်ရွှင်ပါ စေ
-
ရေးသားသူ Mayth 10 hours ago
- ချစ်သူလေးတာပေတူးလေးအတွက်ရေးထား
တာ... အားပေးတဲ့သူငယ်ချင်းမားကျေးဇူး
-
ရေးသားသူ အပြာရောင်ချစ်သူ 10 hours ago
- တောင်တယ်ဝေးးးးအက်မင်မမကတော်တယ်
...နောက်တခါကျရငိမုန်ဝယ်ကျွေး မယ်နော် အခုတော့ ပိုက်ဆံချီးပါနော်..လိုင်းကြေး ပေးဖို့ မရှိလိုပါ..ဟိး..ဟိး...
-
ရေးသားသူ မင်းလွင် 10 hours ago
- အားပေးသွားပါတယ် ခင်ဗျ :)
-
ရေးသားသူ kgma4 10 hours ago
- အ၇မ်းကောင်းတယ်...... အားပေးသွားတယ်နော်...
-
ရေးသားသူ kgma4 10 hours ago
- အ၇မ်းကောင်းတယ်...... အားပေးသွားတယ်နော်...
-
ရေးသားသူ အယ်လေးငယ် 10 hours ago
- လေတိုက်လို. သစ်ရွှက်လုပ်တာ ခလေးလူကြီးအားလုံးသိတယ် နင်တိုက်လို. လူပ်သွားတဲ.ငါ.နှလုံးသားတော. ငါနဲ.ငါ.နှလုံးသားပဲသိတယ် တကယ်ကောင်းတယ် အဲ.စာသာားလေးကြိုက်တယ် မေးလေးချစ်သူအာပေတူးနဲ.အတူ--ပျေ
ာ်ရွှင်ပါစေနော်--သူငယ်ချင်းလေး
လွင်ပြင်လှိုင်းငယ်
အကြောင်းအရာ
ဓါတ်ပုံများ
အဖွဲ့ ဝင်များအားလုံး
-
ဆက်ပိုင်ဖြိုး ရှိနေသည်
-
pusi ရှိနေသည်
ဘလော့အသစ်များ
အကောင်းဆုံးဘလော့
-
Subscribe to:
Posts (Atom)
လက်စွမ်းပြနေသူများ
-
-
အီဂျစ်သွားတောလား - ၃3 days ago
-
030720255 weeks ago
-
Tea Rotates Casino2 months ago
-
Updates +++4 years ago
-
ပြယုဂ်5 years ago
-
調理師でさまざまな条件を検索できる求人サイト6 years ago
-
ဖားအောက်တောရ (Batam) သို့ တစ်ခေါက်6 years ago
-
ချစ်ခြင်းသည်သာ တစ်ကမ္ဘာဆိုသော်ငြာ6း years ago
-
ပန်6း years ago
-
Busy October6 years ago
-
-
Happy 20187 years ago
-
Blogger ဘ၀ နှင့် Hiker ဘ၀7 years ago
-
အကြွေစေ့လေးနှစ်စေ့8 years ago
-
-
အိမ်ကလေးဆီ ...။9 years ago
-
Optimistic, Love and Life9 years ago
-
-
-
-
လွမ်းဆွတ်တတ်သောကဗျာ9 years ago
-
Nan Khin Zayar – 8 Days Cover Photos Set10 years ago
-
စာအုပ်များ အသစ်ထွက်ပါပြီ10 years ago
-
-
-
"အလွမ်းခပ်တဲ့ မှတ်စုများ (၅)"10 years ago
-
“ ဆေးပေါင်းခ . . . ”10 years ago
-
အသားအရည်လှပဖို့ နည်းလမ်းရှာဖွေထိန်းသိမ်းစို့10 years ago
-
ငတ်မွတ်နေသောအရာ10 years ago
-
-
Blog day နှင့် အမှတ်တရများ10 years ago
-
အဆုံးသတ်ခရီး မသိသော ကျွန်မ…10 years ago
-
-
-
လတ်တလောစားဖြစ်သောအစားအစာလေးများ (၂)11 years ago
-
-
-
-
အဖိုးတန်သူများ ကြား အနေခက်လှ12 years ago
-
-
တံခါးခေါက်သံ...12 years ago
-
အိမ်လွမ်းစိတ်12 years ago
-
NMFA Scholarship 201312 years ago
-
-
ပြည့်ကံကျွေးမှသည်13 years ago
-
ဝဲကြောင့်ပြောင်းရသော အိမ်ကလေး13 years ago
-
-
-
-
-
-
-
-
-
-
-
-
You can replace this text by going to "Layout" and then "Page Elements" section. Edit " About "
မြန်မာ့Naing ၀က်ဆိုဒ်များ
စိတ်ကြိုက်ရွေးဖတ်ပါ
- ၀တ္ထုတို (1)
- ၀တ္ထုရှည် စ+ဆုံး (1)
- ကဗျာ (53)
- ကိုယ်ပိုင်ရင်ခုန်သံ (14)
- တဂ်ပို့စ် (3)
- ရသ (2)
- ရီစရာများ (1)
- သီချင်း (3)
- သူတို့ရေးတဲ့ ကဗျာ (5)
- အခန်းဆက်ဝတ္ထုတို (1)
- အမှတ်တရ (1)
- အိမ်ပြောင်းခြင်း (1)
- ပေါက်ကွဲခြင်း (1)
- မွေးနေ့ လက်ဆောင်ကဗျာ (1)
Pages
Facebook Badge
Blogger templates
သူတို့ရဲ့ အမြင်လေးများ
Powered by Blogger.