နှလုံးသားအရှင်သခင်

 
အချစ်တစ်ခု အရင်းပြုပြီး

သစ္စာကို အုတ်မြစ်ချ

မေတ္တာတံတိုင်း ခိုင်ခိုင်ဆောက်လို့ရယ်

သံယောဇဉ်သွေးမျှင်တွေ ချီနှောင်ထားတဲ့

အတ္တအကင်းဆုံး ဒီနေရာ

မာန်မာနမဲ့တဲ့ ဒီဧရိယာ

ရိုးသားခြင်းကို ဘုရားတစ်ဆူးလို
 
ကိုးကွယ်ထားလို့

လိမ်ညာစကားတွေဒီမှာမထားပဲ

ချစ်ခြင်းတရားတွေကို အမိုးလုပ်

ကြင်နာခြင်းတွေ ကာရံထားတဲ့

နှလုံးသားမြို့တံခါး
 
မင်းအတွက် သီးသန့်ထားတာမို့

ဖြေးဖြေးခြင်း လှမ်းဝင်ခဲ့ပါ

နှလုံးသား အရှင်သခင်

အိပ်မက်ရှင်လေးရယ် ။



လွင်ပြင်လှိုင်းငယ်



21 comments:

Cameron said...

ကဗျာလေး လာဖတ်သွားတယ်...း)

စံပယ်ချို said...

အဲထှာ ကဗျာအဟောင်းမဟုတ်လား-----

လွင်ပြင်လှိုင်းငယ် said...

တိန်း အဟောင်းက သူများဖတ်ရသေးဝူးလေ
သဲဘုစုခရု ပဲဖတ်ရသေးတာဟုတ်ဝူးလား

သမီးစံ said...

ဟုတ်သားပဲ.“သဲဘုစုခရုလေး”ကလည်း
သများတွေ.မဖတ်ရသေးဘူးလေး)

ဖြည်းဖြည်းခြင်းလှမ်းဝင်ခဲ့ပါ
အိပ်မက်ရှင်လေး..
အုပ်တတိုင်းက..ဘိလပ်မြေမခြောက်သေးလို့ပါး)

ရေးတတ်သူက..အရေးကောင်းတော့
ဖတ်တဲ့သူတောင်.ဇောက်ထိုးမိုးမျှော်ဖြစ်သွားပါတယ် :D

လေးစားလျှက်..
သမော်ဒီး

ချောကလက်ကျူးပစ်လေး said...

ကဗျာကောင်းလေးလာဖတ်သွားတယ်ကိုကြီးရေ

Lps said...

ကဗျာကောင်လေးဖတ်ခဲ့တယ်အကိုရေ
ခင်မင်စွာခြင့် (လွမ်း)

ချစ်စံအိမ် said...

အမြန်မ၀င်နဲ့သဘောပေါ့နော်မမရေ :)
ကဗျာလေးကချစ်တတ်မှုတွေပေါ်လွင်စေလို့ 
ကောင်း၏ ချစ်တတ်လိုက်ကြတာ
ထာဝရချစ်ခြင်းတွေနဲ့ အနာဂတ်ခရီးသာယာဖြောင့်
ဖြူးပါစေကွယ်

ကိုတူး said...

လာပြီနော် .. ဖြည်းဖြည်းချင်း ၀င်လာပြီ :D

သိင်္ဂါကျော် said...

ဖြည်းဖြည်းပဲ ဝင်လာတယ်နော်...

Candy said...

ဟိုကဖြင့် ၀င်ပြီးနေပြီ ဟီးဟီး
ကဗျာကောင်းလေးပါ :D

San San Htun said...

သဲဘုစုခရု အတွက်က အဟောင်း..တို့ များအတွက်ကတော့ အသစ်..ကဗျာလေးက ကောင်းတယ် လွင်ပြင်ရေ..

မိုးသက် said...

ခံစားအားပေးသွားတယ်အစ်ကို.. သိပ်ကောင်းတဲ့ကဗျားလေးပါ ဆက်ရေးပေးပါဦး..

ညီရဲ said...

ဟိုး...အပေါ်က အစ်မက သူဖတ်ပြီးသွားတာနဲ့ အဟောင်းဖြစ်ရရောလား... ကဗျာလေး ဖတ်လို့  ကောင်းတယ် အစ်ကို...

AH said...

ကဗျာလေး ခံစားသွားပါတယ် ခင်ဗျာ... :)

blackroze said...

ကဗျာလေးက
ဟောင်းတယ်ဆိုပေမဲ့လည်း
ကောင်းပါတယ်ကွယ်

ခင်တဲ့ ပစ်ပစ်

Angelhlaing(May everybody be happy and healthy! said...

အေးလေ...အဟောင်းလဲ ကောင်းနေတာကိုး မမကတော့လေ...:):)

မြတ်ပန်းနွယ် (Myat Pan Nwe) said...

ကဗျာကောင်းလေးကို ဖတ်သွားခဲ့ပါတယ်ရှင်။

မဒမ်ကိုး said...

ဘုစုပက်ကျိရောမဖတ်ရသေးဘူးလားး)
ကဗျာလေးကိုလာခံစားသွားတယ်အကိုရေ
ခင်တဲ့

မဒိုးကန်

အဖြူရောင်နတ်သမီး said...

ဟုတ်သားပဲ..
နတ်နတ်လည်းမဖတ်ရသေးဝူးးးးးး

Unknown said...

ဟောင်းဟောင်း သစ်သစ် ဖတ်သွားပီဗျို့... ရန်ဖြစ်နဲ့နော် တိုတိုနဲ့ မမ.. :P

ချစ်ခင်လျက်
Junemoe

လွင်ပြင်လှိုင်းငယ် said...

အားပေးလို့ ကျေးကျေးပါ

လက်စွမ်းပြနေသူများ

You can replace this text by going to "Layout" and then "Page Elements" section. Edit " About "

Blogger templates

ဆုံဆည်းရာလေး

သူတို့ရဲ့ အမြင်လေးများ

အဖြူရောင်သံဇဉ်

Powered by Blogger.