အငယ်ဆုံးသောသူ

ငါဟာ
ပန်းပွင့်ငယ်လေးပါ
ပန်းခင်းကြီးထဲကတော့မဟုတ်ပါ
ခြောက်သွေ့နေတဲ့ ကုန်းမြင့်တစ်ခုပေါ်က
ပန်းကလေးတစ်ပွင့်ရယ်ပါ..............။

ငါဟာ
ရေစက်ငယ်လေးပါ
ပင်လယ်ပြင်ကြီးထဲကတော့မဟုတ်ပါ
ကန္တာရမြေပေါ်ကျဆင်းရတဲ့
သုန်ဖျင်းတဲ့မိုးစက်ကလေးရယ်ပါ......။

ငါဟာ
ဖယောင်းတိုင်ငယ်လေးပါ
နေရာတိုင်းကိုတော့အလင်းမပေးနိုင်ပါ
အထီးကျန် သူရဲ့ အခန်းကျဉ်းလေးကိုသာ
မြင်သာစေတဲ့ အလင်းစက်လေးရယ်ပါ..........။

ငါဟာ
အငယ်ဆုံးသောသူပါ
လောကကြီးတစ်ခုလုံး အတွက် အသုံးမ၀င်ပါ
ဝေဒနာရှင် တစ်ချို့တစ်ချို့ အတွက်သာ
ပြုစုပေးနိုင်တဲ့  မီးအိမ်ရှင်လေးရယ်ပါ.................။

ငါဟာ..........
ငါဟာ............လောကကြီးရဲ့
အငယ်ဆုံးသောသူပါ...................။

      မိုးစက်ငယ်

8 comments:

jasmine(တောင်ကြီး) said...

ကဗျာလေးဖတ်ခဲ့တယ်

ဘိုဖြူ said...

ကဗျာကောင်းလေးပါပဲဗျာ

အဖြူရောင်နတ်သမီး said...

ကဗျာလာဖတ်ပါတယ်..

ကိုကိုမောင်(ပန်းရနံ့) said...

ကဗျာလေး ဖွဲ့ထားတာ အပိုဒ်တိုင်း အဓိပ္ပါယ်တွေ ပြည့်နှက်နေတယ်။ ဟုတ်တယ်။ လိုအပ်နေတဲ့ နေရာမှာ မိမိစွမ်းအား ရှိသလောက် ထွန်းလင်းပေးရမှာပေါ့။

Junemoe said...

ရေးထားတာလေး ကောင်းလိုက်တာ.. တစ်ပိုဒ်ဆီမှာ အဓိပ္ပာယ်တွေနဲ့...

ခင်မင်လျက်
Junemoe

လမင်းငယ် said...

ဒါကြောင့်လွင်ပြင်လိုင်းငယ်ဖြစ်နေတာကို
ကဗျာလေးအားပေးသွား၏

Angelhlaing(May everybody be happy and healthy! said...

ခံစားအားပေးလျှက်ပါလို့...

မီးမီးငယ် said...

အမေအကြောင်းတွေဖတ်ပြီး၊
အမေ့ကိုသတိရလိုက်တာ..။

လက်စွမ်းပြနေသူများ

You can replace this text by going to "Layout" and then "Page Elements" section. Edit " About "

Blogger templates

ဆုံဆည်းရာလေး

သူတို့ရဲ့ အမြင်လေးများ

အဖြူရောင်သံဇဉ်

Powered by Blogger.