အိပ်မက်သခင်





အိပ်မက်သခင်

သင်သည်သာလျှင်

နှလုံးသားနန်းမှာစံ

အကြင်နာ ပလ္လင်ထက်

နူးညံ့တဲ့ အမိန့်တွေနဲ့

ငါ့ဘ၀ကို စိုးမိုးခဲ့ပြီ ။

အိပ်မက်သခင်

သင်သည်သာလျှင်

သစ္စာကိုတံတိုင်းခတ်

မေတ္တာမိုးရည် ရွာသွန်းစေပြီး

အချစ်ဥယျာဉ်လဲ

မညိုးမနွမ်း

ထာဝရလန်းစေ 
 
အချစ်ပန်းတွေပွင့်စေခဲ့ပြီ ။

အိပ်မက်သခင်

သင်သည်ကပင်

အတ္တတွေကင်းမဲ့

မာန်မာနတွေနဲ့

အမှားပင်လယ် ဒုက္ခသမုဒ္ဒရာထဲ

ကူးခတ်နေတဲ့

ငါ့ဘ၀လေးကို ကယ်တင်

ဘ၀သခင် လမ်းပြသူလဲ နင်ပါပဲလေ ။

ထာဝရနဲ့ ဘ၀များစွာ

တကြိမ်တခါသာ

တည်ဆောက်ခဲ့တဲ့ ငါ့နှလုံးသားနန်းတော်

နှလုံးလှ ဘုရင်မ 
 
နင်သည်သာလျှင်

စိုးမိုးပါတော့ အိပ်မက်သခင်

ချစ်သူနင်ရယ် ။



လွင်ပြင်လှိုင်းငယ်



(အိပ်မက်လေးအတွက် အမှတ်တရ)



Friends18.com Orkut Scraps

6 comments:

ချောကလက်ကျူးပစ်လေး said...

ကဗျာလေးလာဖတ်သွားတယ်ကိုကြီးရေ

လမင်းငယ် said...

ကဗျာလေးလာရောက်ဖတ်သွားပါတယ်

Candy said...

အိမ်မက်လေးနဲ့ ထာဝရပျော်ရွှင်ပါစေ အစ်ကိုရေ

jasmine(တောင်ကြီး) said...

အိပ်မရဘူး ဒါကြောင့်ကဗျာလာဖတ်နေတာ
ပြီးရင်ပြန်အိပ်မယ်

Junemoe said...

အိပ်မက်လေးက အိပ်မရဘူးတဲ့..ချော့သိပ်လိုက်လေ အကို.. :P

မဒမ်ကိုး said...

သူတို့ဘဲမက်နေကြတာဘဲအေး)

လက်စွမ်းပြနေသူများ

You can replace this text by going to "Layout" and then "Page Elements" section. Edit " About "

Blogger templates

ဆုံဆည်းရာလေး

သူတို့ရဲ့ အမြင်လေးများ

အဖြူရောင်သံဇဉ်

Powered by Blogger.