အနုပညာအချစ်နဲ့ လွင်ပြင်အချစ်


 


အရမ်း ချစ်တတ် ကြင်နာတတ်
အနစ်နှာခံတတ် ဘ၀ထက်ပိုချစ်ပြတတ်တဲ့
ရုပ်ရှင် မင်းသားတစ်ယောက်ရဲ့ ကောင်းကွက်ဟာ
          နှစ်နာရီလောက်ပါပဲ.....
ဘ၀ထက်ချစ် ဝေးနေရင်တောင် စိတ်ကူးလေးနဲ့ ကြင်နာမဲ့
အေးအတူ ပူရင်မမျှချင်တဲ့ ငါ့ရဲ့ ချစ်ခြင်းကတော့
         နှစ်ဘ၀မကတဲ့ ဘ၀များစွာ အတွက်ပါ.......
သီးခံစိတ်တွေ ရင်မှာထွေးပြီး
အိပ်ပျက်ညထောင်သောင်းများစွာနဲ့
အလွမ်းတွေကို သီးကုံးထားတဲ့
ဝထ္ထုလေးတစ်ပုဒ်ရဲ့ စာမျက်နှာဟာ
         တစ်ထောင်မကျော်ပါဘူး....
မင်းရဲ့ အပြစ်မှန်သမျှကို ချစ်ခြင်းတွေကို နှလုံးသွင်းပြီး
        နားလည်မှု့တွေနဲ့
ခဏတာဝေးရင်တောင် တစ်ဘ၀ဝေးတယ်ထင်တဲ့
ငါ့ရဲ့ချစ်ခြင်း စာမျက်နှာတွေက
နှလုံးသား နံရံမှာ အပြည့်ပါ.....
အချစ် အလွမ်း အဆွေး
ခံစားမှု့ များစွာနဲ့ စပ်ဆိုထားတဲ့
သီချင်းကောင်း တစ်ပုဒ်ရဲ့
သီဆိုချိန်ဟာ
ငါးမိနစ်မကျော်ပါဘူး.....
အချစ် အလွမ်း အဆွေး
နှလုံးသွေးနဲ့ရေးပြီး
ရင်ခုန်သံနဲ့ တီးခတ်
ခံစားမှု့နဲ့ မင်းအတွက် မူပိုင်
ငါသီဆိုတဲ့ သီချင်းကတော့
ငါးကမ္ဘာတောင်မကပါဘူး  ချစ်သူရာ..........

(အိပ်မက်လေးခေါ် မဒမ်လွင်ပြင်အတွက်အမှတ်တရ)
လွင်ပြင်လှိုင်းငယ်
 









6 comments:

♫♪★လွမ်းပိုင်ရှင်★♪♫ said...

အချစ် အလွမ်း အဆွေး
နှလုံးသွေးနဲ့ရေးပြီး
ရင်ခုန်သံနဲ့ တီးခတ်
ခံစားမှု့နဲ့ မင်းအတွက် မူပိုင်

သဘောကျတယ် ကြိုက်ပါဗျာ ဆက်လျှက်အားပေးပါမည်

Candy said...

မိုက်တယ်ကွာ... နှိုင်းပြထားတာတွေ.. ချစ်လည်း ချစ်တတ်ပါ့.. :D

Angelhlaing(May everybody be happy and healthy! said...

ချစ်တက်တဲ့သူတွေအတွက်တော့ ကျေနပ်စ၇ာ ပါလားနော်....:)

သမီးစံ said...

ဂုဏ်ယူပါတယ်..မဒမ်လွင်ပြင်း)
ကိုလွင်ပြင်နဲ့မဒမ်လွင်ပြင်တို့စုံတွဲ..အိုအောင်မင်းအောင်
အဲလေ.. အသက်ထက်ဆုံး ချစ်ခင်စွာနဲ့လက်တွဲသွားနိုင်
ကြပါစေရှင်
ချစ်ခင်စွာဖြင့်

jasmine(တောင်ကြီး) said...

ချစ်တတ်တာတွေသိအောင်ဖတ်သွားပါတယ်

˜º̶̶ƷʌuτuмиƸ̶º˜˜ said...

တူညားတွေကိုအားကျလိုက်တာအေ..
ဂယ်ပဲ..ဂယ်ပဲ...
အော်တန်ကထုထိအတဲကွဲကောင်းတုန်း..
၈တူထားခဲ့တာထုဆို..
တုန်းလနဲ့ဆယ့်ငါးရက်တိတိ.. :(

လက်စွမ်းပြနေသူများ

You can replace this text by going to "Layout" and then "Page Elements" section. Edit " About "

Blogger templates

ဆုံဆည်းရာလေး

သူတို့ရဲ့ အမြင်လေးများ

အဖြူရောင်သံဇဉ်

Powered by Blogger.