ရှင်သန်နေသမျှတော့
အိပ်စက်ခြင်းဆိုတာရှိနေမှာပါ
အိပ်စက်တိုင်းလဲ အိပ်မက်ဆိုတာရှိနေတာပဲလေ
နင်ဟာငါ့နှလုံးသား အိပ်စက်နေချိန်မှာ
ဘယ်သူ့ခွင့်ပြုချက်မှမယူပဲ
ဟန်ဆောင်ခြင်းကင်းမဲ့ ရိုးသားတဲ့ ခြေလှမ်းတစ်စုံနဲ့
ငါ့နှလုံးသားဧရိယာထဲ ဖြေဖြေလေးလှမ်းဝင်လာခဲ့တယ်နော်...
မှတ်မှတ်ရရနင်ငါရဲ့ နှလုံးသားတံခါးကိုလာခေါက်တဲ့ လက်တစုံဟာ လေလှိုင်းထဲကလာတဲ့ ဖုန်းသံနဲ့နော်
ငါတခါမှ မစဉ်းစားမိခဲ့ဘူး အဲ့ဒီဖုန်းပိုင်ရှင်လေးဟာ
ငါ့နှလုံးသားရဲ့ ထာဝရ ရင်ခုန်သံလေးဖြစ်မယ်ဆိုတာလေ...
အဲ့ဒီအချိန်ကစလို့ ငါတို့နှစ်ယောက် တစ်ယောက်အသံတစ်ယောက်မကြားရရင်မနေနိုင်အောင် တိတ်တခိုးလေး သံယောဇဉ်တွေသွယ်နေမိတယ်နော်...
အချိန်တွေပြောင်းလဲခဲ့သလို နင်နဲ့ငါ့ရဲ့ နှလုံးသားအရောင်တွေကလဲပြောင်းလဲလာတယ်နော် အဖြူရောင်သံယောဇဉ်ကနေ အပြာရောင်ချစ်ခြင်းမေတ္တာနယ်မြေထဲတိုးဝင်ဖို့ ပြောခဲ့တဲ့ ငါ့ရဲ့ ချစ်တယ်ဆိုတဲ့ စကားတစ်ခွန်းဟာ ငါ့နှလုံးသားရင်ခုန်သံရဲ့ ဘာသာပြန်စကားတစ်ခွန်ပါ...
ငါနင့်ဆီကို စာလွှာတွေရေးပြီး ချစ်တဲ့အကြောင်းရေးတဲ့ မင်တွေဟာလဲငါ့နှလုံးသွေးတွေပါဟာ...
နင်ငါ့ကို အလွမ်းတွေ မျှော်လင့်ခြင်းတွေနဲ့ အချိန်အကြာကြီးထားခဲ့ပြီးမှ ချစ်တယ်ဆိုတဲ့စကားတစ်ခွန်းကို ငါ့နှလုံးသားကိုတိုးတိုးလေးကပ်ပြောခဲ့တယ်နော်...
နင်ငါ့ကိုချစ်တယ်ပြောတဲ့နေ့မှာပဲ နင့်ကိုငါ အိပ်မက်လေးလို့ ခေါ်ခဲ့တယ်နော် အဲ့တုန်းက နင်ကပြောတယ်လေ အိပ်မက်ဆိုတာ အိပ်စက်မှမက်လို့ရတာနိုးထနေချိန်မှာတော့ ငါကနင့်အနားမှာမရှိဘူးလာတဲ့ မဟုတ်ပါဘူးဟာ
ငါ့နှလုံးသားဟာ နင့်နှလုံးသားဆီမှာ ထာဝရအိပ်စက်ပြီးဘယ်တော့မှ နိုးထမှာမဟုတ်ပဲ ဘ၀များစွာထိရှိနေမှာမို့ အိပ်မက်လေးလို့ ခေါ်တာလို့ ငါရှင်းပြခဲ့တာနင်မှတ်မိတယ်မဟုတ်လား...
တခါတလေ လူ့ဘ၀ကြီးက ရီစရာတော့ကောင်းသားနော် ဘာလို့လဲဆိုတော့ နင်နဲ့ငါ ရူးသွပ်စွာချစ်သူဖြစ်ခဲ့နေ့အထိ ငါတို့တစ်ယောက်ကိုတစ်ယောက် ဖြူလားမဲလား ပုသလားရှည်သလားတောင်မသိကြလို့ပဲလေ........
တနေ့နင့်ကို မြင်ဖူးချင်လို့ ငါကနင့်ဓါတ်ပုံတောင်းတော့ နင်က........
ဆက်ရန်ရှိပါသေးသည်
လွင်ပြင်လှိုင်းငယ်
Subscribe to:
Post Comments (Atom)
လက်စွမ်းပြနေသူများ
-
-
Metta Sutta .....1 day ago
-
Mero Yatra နီပေါသွား တောလား - ၁၄2 days ago
-
210220251 month ago
-
Updates +++3 years ago
-
ပြယုဂ်5 years ago
-
調理師でさまざまな条件を検索できる求人サイト5 years ago
-
ဖားအောက်တောရ (Batam) သို့ တစ်ခေါက်5 years ago
-
ချစ်ခြင်းသည်သာ တစ်ကမ္ဘာဆိုသော်ငြာ6း years ago
-
ပန်6း years ago
-
Busy October6 years ago
-
-
Happy 20187 years ago
-
Blogger ဘ၀ နှင့် Hiker ဘ၀7 years ago
-
အကြွေစေ့လေးနှစ်စေ့8 years ago
-
-
အိမ်ကလေးဆီ ...။8 years ago
-
Optimistic, Love and Life8 years ago
-
-
-
-
လွမ်းဆွတ်တတ်သောကဗျာ9 years ago
-
-
စာအုပ်များ အသစ်ထွက်ပါပြီ9 years ago
-
-
-
"အလွမ်းခပ်တဲ့ မှတ်စုများ (၅)"10 years ago
-
“ ဆေးပေါင်းခ . . . ”10 years ago
-
အသားအရည်လှပဖို့ နည်းလမ်းရှာဖွေထိန်းသိမ်းစို့10 years ago
-
ငတ်မွတ်နေသောအရာ10 years ago
-
-
Blog day နှင့် အမှတ်တရများ10 years ago
-
အဆုံးသတ်ခရီး မသိသော ကျွန်မ…10 years ago
-
-
-
လတ်တလောစားဖြစ်သောအစားအစာလေးများ (၂)11 years ago
-
-
-
-
အဖိုးတန်သူများ ကြား အနေခက်လှ11 years ago
-
-
တံခါးခေါက်သံ...11 years ago
-
အိမ်လွမ်းစိတ်12 years ago
-
NMFA Scholarship 201312 years ago
-
-
ပြည့်ကံကျွေးမှသည်12 years ago
-
ဝဲကြောင့်ပြောင်းရသော အိမ်ကလေး13 years ago
-
-
-
-
-
-
-
-
-
-
-
-
You can replace this text by going to "Layout" and then "Page Elements" section. Edit " About "
မြန်မာ့Naing ၀က်ဆိုဒ်များ
စိတ်ကြိုက်ရွေးဖတ်ပါ
- ၀တ္ထုတို (1)
- ၀တ္ထုရှည် စ+ဆုံး (1)
- ကဗျာ (53)
- ကိုယ်ပိုင်ရင်ခုန်သံ (14)
- တဂ်ပို့စ် (3)
- ရသ (2)
- ရီစရာများ (1)
- သီချင်း (3)
- သူတို့ရေးတဲ့ ကဗျာ (5)
- အခန်းဆက်ဝတ္ထုတို (1)
- အမှတ်တရ (1)
- အိမ်ပြောင်းခြင်း (1)
- ပေါက်ကွဲခြင်း (1)
- မွေးနေ့ လက်ဆောင်ကဗျာ (1)
Pages
Facebook Badge
Blogger templates
သူတို့ရဲ့ အမြင်လေးများ
- နေမျိုးထက် on blog post_17
ကြိုက်တယ်ဗျာ - Thwin on blog post_11
လွင်ပြင်+စံပယ်=စံပယ်+လွင်ပြင် ပေါ့..။ - Thwin on blog post_22
အိပ်မက်လေး အရမ်းကံကောင်းတာပဲနော်။ -ွှThwin on blog post_18
အရမ်းကို အားကျမိတယ်..။ နှလုံးလှဘုရင်မ ကို ပေါ့။ - Anonymous on blog post_26
စိတ်ချ အကို ပြောင်းချိတ်လိုက်မယ်။ ကျွန်တော်လည်း ခုမှသိတာ။
ကဗျာသူခိုး
(17 Replys)၀ဲကြောင့်ပြောင်းရသော အိမ်ကလေး
(5 Replys)သူ့အတွက်သာ
(20 Replys)နှလုံးလှ ငါ့ဘုရင်မ
(15 Replys)တိမ်ရဲ့ အိန်ဂျယ် (ဘလော့ဂ်ဂါ မိုးငွေ့အတွက် မွေးနေ့ကဗျာလက်ဆောင်)
(9 Replys)
Powered by Blogger.
1 comments:
အခုအချိန်မှာ ဒီရင်ခုန်သံရှိသေးရဲ့လား....
Post a Comment