ငါ့ရဲ့ အတ္တတွေနဲ့
နိုးထတဲ့ နံနက်တိုင်းမှာ
နင်ငိုနေမလား ချစ်သူ ။
ရင်ထဲကစကားနဲ့
နှုတ်ဖျားက ထွက်လာတဲ့ စကာလုံးတွေက
ဘာကြောင့်များ တစ်ထပ်တည်းမကျရတာလဲ
နှုတ်ဖျားက စကားလုံးတိုင်းဟာ
နင်နာကျင်စေပေမဲ့
ရင်ထဲမှာတော့ နင်ဟာ ကြင်နာသူပါ ။
ငါမျက်ရည်ကျမှ နင်စိတ်ချမ်းသားလားလို့
မျက်ရည်တွေကြားက ၀မ်းနည်းသံနဲ့ နင်မေးတိုင်း
ငါ့ရင်မှာ တဆစ်ဆစ်နာကျင်စွာ
ရင်ထဲကငိုကြွေးသံနင်ကြားရဲ့လား ချစ်သူ ။
နင့်အမြင်မှာ ငါဟာ အေးစက်မာကျော
ရက်စက်တတ်တဲ့ နှလုံးသား ပိုင်ရှင်လား
ငါ့အကြည့်ဟာ အေးစက်နေပေမဲ့
ငါ့မျက်ဝန်းကတော့ နင့်အပေါ် အနူးညံ့ဆုံးပါ ချစ်သူ ။
ကြင်နာခြင်းနဲ့ ယုယခြင်းဟာ
နင့်အပေါ် နတ္တိလို့နင့်တွေးပြီး ၀မ်းနည်းနေလား
နှစ်ခြိုက်စွာ အိပ်ပျော်နေတဲ့ နင့်ကို
နဖူးထက် ဖွဖွလေး အနမ်းလေးပေးပြီး
နင့်ရဲ့ ခေါင်းလေး ပွတ်သပ်ပြီး
နင့်မျက်နှာလေးကို မှန်လိုကြည့်နေတတ်တာ ညတိုင်းပါ ချစ်သူ ။
မဖြစ်နိုင်တဲ့ စကားတွေ နင်ပျော်အောင်မပြောတတ်ပေမဲ့
နင်ဖြစ်ချင်တဲ့ ဆန္ဒတွေတော့
မဖြစ် ဖြစ်အောင် ဖန်တီးတတ်တာတော့
ငါ့ရင်ထဲက ဆန္ဒအမှန်ပါ ချစ်သူ ။
ငါ့ရဲ့ အမူအရာဟာ ပေါ့ပျက်ပျက်လို့နင်ထင်ပေမဲ့
အနက်ရှိုင်းဆုံး နှလုံးသားတနေရာမှာတော့ နင်ဟာ ဘုရင်မတပါးပါ
နင့်ကိုချစ်တဲ့အကြောင်း ကဗျာတွေ စာတွေမဖွဲ့တတ်ပေမဲ့
နင့်ကို ငါချစ်တဲ့အကြောင်း
ဘယ်ကဗျာဆရာကမှ မှီအောင်မဖွဲ့နိုင်လောက်ပါဘူး ။
လွင်ပြင်လှိုင်းငယ်
ရေးခဲ့ဖူးတဲ့ကဗျာဟောင်းလေးပါ
12 comments:
ကဗျာ ထဲက စကားလုံးတွေ က တိုက်ဆိုင် လွန်း တယ် ဗျာ
သက်ဆိုင်သူမမရေ ယုံလိုက်ပါတော့နော် :)
မမတော့ မသိဘူး ညီမလေးတော့ တော်တော် သဘောကျတယ် ..ကဗျာလေးကို ပြောတာပါနော် ..:):)
ကြိုက်တယ်ဟေ့..ကြိုက်တယ်..(ကဗျာကိုနော်..:P) မမဂျက်တော့ ကံကောင်းတယ်ဗျို့.... ချော့ခံရရင်တောင် ကဗျာနဲ့ ချော့ခံရမယ့်ပုံ... :)
ချစ်ခင်လျက်
Junemoe
ချစ်သူကို ချစ်တဲ့အကြောင်း ပြောပြဖို့ တခါတခါမှာ တော်တော်ခက်တာ ကြုံဖူးတယ်... ကဗျာလေး ကောင်းတယ် အစ်ကို...
နေမကောင်းနေတာ ကဗျာဖတ်ပြီးနဲနဲသက်သာသွားတယ်
း)း) သူတို့တွေများမနာလိုချစ်စရား)း)
အားကျထှာာား)
အားကျရင်ရှာပေးရမလား ဟိ
နူးညံ့သိမ်မွေ့ပြီး ချိုသာလွန်းတဲ့စကားလုံးလေးတွေနဲ့
အလှမဆင်တတ်ပေမယ့် လွင်ပြင်လေးရဲ့'ဆန္ဒမှန်'
အချစ်မျိုးကို လွင်ပြင်လေးရဲ့ ချစ်သူကဗျာဆရာမလေးက
ယုံကြည်နေတယ်တဲ့ :P
(တီတင့်ကိုတိုးတိုးလေးပြောသွားတယ်)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ဒီကဗျာလေး ဖတ်ပြီး ဆွေးမိတယ်။ တိုက်ဆိုင်မှုတွေ ရှိသွားတယ် ကိုလွင်ပြင်ရေ..
ရေရေလယ်လယ် ထိတယ်ဗျာ.... ကျေးဇူးဘဲဗျာ...
ကဗျာလေးဖတ်သွားပါတယ်
Post a Comment