မိုးတိမ်တွေရဲ့ ငိုသံမှာ
မိုးစက်တွေ
ကောင်းကင်မှ မြေပြင်သို့
နားကျင်ခြင်းတွေချန်ထားခဲ့ပြီး
ဟိုခုန် ဒီပေါက်
ဦးတည်ရာမရှိ
မြေပြင်မှာပဲ စိမ့်ဝင်သွားမလား
ပင်လယ်မှာပဲအဆုံးသတ်မလား
ကန်ရေပြင်မှာပဲ ခြေချမလားနဲ့
မသိချင်းများစွာရှိပေမဲ့
အသိတရားတစ်ခုတော့ရှိပါတယ်
ကောင်းကင်က စွန့်ပြစ်ဒဏ်ခတ်ခြင်းခံရတယ်ဆိုတာပါပဲ ။
နင့်မျက်ဝန်းရဲ့
နှလုံးသွေးတွေရဲ့ သက်သေ
မျက်ရည်မြစ်တွေ စီးဆင်းခြင်းဟာ
ငါ့နှလုံးသားကို
ဓါးတုံးတုံးနဲ့လှီး
သွေးသံရဲရဲပေါ်မှာ
ဆားသိပ့်ပြီး အက်ဆစ်အမုန်းတွေလောင်းချ
ငရဲမီးနဲ့ တင်ရှို့လိုက်သလို
နာကျင်လွန်းလို့
ဟိုပြေးဒီလွှာနဲ့
အရူးဆယ်ယောက်ရဲ့ သောက
ငါခံစားဖူးခဲ့တော့
အမုန်းဆိုတာ မသိခဲ့ပေမဲ့
နှလုံးသားမှာတော့ အသိတစ်ခုအမြဲရှိခဲ့တယ်
ဘယ်လိုအချိန် ဘယ်လိုအဖြစ်
ဘယ်အပြစ်တွေပဲရှိခဲ့ ရှိခဲ့
နင်နဲ့ အဝေးမှာတော့ မနေပါရစေနဲ့ ချစ်သူရယ် ။
လွင်ပြင်လှိုင်းငယ်
12 comments:
"ဘယ်လိုအချိန် ဘယ်လိုအဖြစ်
ဘယ်အပြစ်တွေပဲရှိခဲ့ ရှိခဲ့
နင်နဲ့ အဝေးမှာတော့ မနေပါရစေနဲ့ ချစ်သူရယ်"...အရမ်းကြိုက်တဲ့ စာသားလေးပါ..ခံစားသွားပါတယ်ဗျာ...
ခံစာတက်လှချည်လား အကိုရေ....
ပြင်းပြင်းထန်ထန် ခံစားချက်တွေကြောင့် ..
လွင့်မပါသါားအောင် ထိန်းချုပ်ရင်း ခံစားအားပေးလျှက်ပါလို့..
အရမ်းကောင်းတဲ.ကဗျာလေးဘဲ အစ်ကို။ ရင်ဘက်ကြီးနဲ.ခံစားပြီးဖတ်သွားပါတယ်။
သိခဲ့တဲ့အသိလေးတစ်ခု ထာဝရတန်ဘိုးထားပြီး
ထိန်းသိမ်းသွားနိုင်ရင်ဖြင့် ဘာလိုသေးလဲလွင်ပြင်လေးရေ။
ဦးတည်ရာမရှိတဲ့မိုးစက်ပေါက်လေးတွေကိုခံစားသွားတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ကဲ မဝေးစေနဲ့မဝေးစေနဲ့ဗျားးးးး
ခံစားမှု့မိုးစက်ကလေးများကိုဖတ်ရင်းခံစားသွားတယ်ဗျာ
မနေရပါဘူး ကိုလွင်ပြင်ရယ်.... မိုးစက်လေးတွေတောင်မှ အချိန်တန်ရင် ငွေ့ရည်ပြန်ပြီး သူချစ်တဲ့ မိုးကောင်းကင်နဲ့ တစ်ဖန်ပြန်လည် ဆုံတွေ့ရသေးတာပဲ.... ဟုတ်ဘူးလား :P
မဝေးပါဘူး ကိုလွင်ပြင်ရယ်.. နီးနီးလေးရယ်ကို :D
များ တစ်ယောက်လုံးရှိနေတာကို
သူကအရူးတယ်ယောက်ရဲ့သောကတွေနဲ့တဲ့
အဲတာ ပြောကြပါအုန်း
အေးလေ ဟုတ်သားဘဲ အကိုကလဲ
မမစံပယ်တစ်ယောက်လုံးရှိနေတာကို
ကဲ ရှင်းဦး ရှင်းဦးး
အချွန်နှင့်မသွားသည်း)
ခင်မင်လျှက်
မဒိုးကန်
အရူးဆယ်ယောက်ရဲ့သောကတဲ့လားဗျာ
ဘယ်လိုအချိန် ဘယ်လိုအဖြစ်
ဘယ်အပြစ်တွေပဲရှိခဲ့ ရှိခဲ့
နင်နဲ့ အဝေးမှာတော့ မနေပါရစေနဲ့ ချစ်သူရယ် ။
ကျွန်တော် Scan စစ်ကြည့်တော့ ကိုလွင်ပြင်ရဲ့ ဘလော့ကို ၀ဲကိုက်နေတယ်လို့ ပြနေတယ်။ စစ်ကြည့်ပါဦးဗျာ။
Post a Comment