ငါချိုသကာတွေဆမ်း
အကြိမ်အကြိမ်
အနိုင်ယူခဲ့လဲ
နင်
အခါခါ
အလျော့ပေးခဲ့တယ် ။
ငါ
အမြဲတမ်း
မှားခဲ့လဲ
နင်
ထာဝရ
ပြင်ဆင်ပေးခဲ့တယ် ။
ငါ
စာနာခြင်းကင်းတဲ့
စကားလုံးနဲ့ တိုက်ခိုက်တိုင်း
နင်
မာယာကင်းတဲ့
နှလုံးသားနဲ့
ခုခံ စာနာ နားလည်ပေးတတ်တယ် ။
ငါ
အတ္တ၀တ်ရုံနဲ့
ကခုန်တဲ့ပွဲတိုင်း
နင်
ဖြူစင်တဲ့ စိတ်ထားလှလှ
ကာလကာလေးနဲ့
အမှောင်မဖုံးအောင် ခြုံလွမ်းပေးခဲ့တယ် ။
ငါ
ဒဏ်ရာတွေနဲ့
ခရီးဆက်တဲ့ ညတိုင်း
နင်
ဖေးမခြင်းခြင်းလက်တစ်စုံနဲ့
အကြင်နာမီးအိမ်လေးကိုင်ပြီး လမ်းပြပေးခဲ့တယ် ။
ငါ
သာယာမှု့ အပေါင်း
မကောင်းမှု့မှာ မွေ့ပျော်မယ် ကြံတိုင်း
နင်
အမေတစ်ယောက်လို
ခေါင်းလေး ပွတ်သတ်ပြီး
ရာဇ၀င်ထဲက လူမိုက်ဇတ်သိမ်း ပုံပြင်လေးတွေ ပြောပြတတ်တယ် ။
ငါ
ဘီယာရဲ့ ရင်ဝမှာ ဘော်ဒါတွေရဲ့
ဟန်ဆောင်ပြုံးတွေ ဧည့်ခံတဲ့ပွဲမှာ ပျော်နေတုန်း
နင်
အထီးကျန် အခန်းကျဉ်းလေးထဲမှာ
အဖော်မဲ့စွာငိုနေရင်း
အိမ်အပြန်အခန်းဝမှာတော့ အပြုံးလေးနဲ့ ကြိုဆိုတတ်တယ်နော် ။
ငါ
ချစ်မိခဲ့သည်
မချစ်တတ်သေးပါ
ငါ
ခြေထောက်ရှိသည်
မလျှောက်တတ်သေးပါ
အရာရာ ငါ့ဘ၀က
အပြစ်တွေကို အချစ်နဲ့ ဆေးကြောတတ်တဲ့
နင်
မကောင်းမှု့တွေကိုဖယ်
ကောင်းမှု့ ကုသိုလ်တွေယူတတ်အောင်သင်ပေးတဲ့
နင်
ငါနဲ့နင်
နင်နဲ့ငါ
ဘယ်အကြောင်းကြောင့်
မခွဲနိုင်ပါ
14 comments:
သေချာခြင်းတွေမှာ သူမပျော်ပါလိမ့်မယ် အကိုရေး)
မဒိုးကန်
ချစ်တာ ကောင်းတယ်..ချစ်ကြ ချစ်ကြ :)
ထာဝရလက်တွဲနိုင်ကြပါစေ
အားကျတယ်ကွာ... :)
နင်နဲ့ငါ
ငါနဲ့နင်ကို
ဘယ်သူမှမခွဲပါ :P :P
ပြန်မပြော နားမထောင်တတ်တဲ့ နင်
ပြန်ပြောပြီး နားထောင်တတ်တဲ့ငါ ကျတော့ဘာလို့ထဲ့မရေးတာလဲ ??????????
ဟုတ်သား..
မာမီမားသားပြောတာ
ဘာလို့ထည့်မရေးတာလဲ
ဒယ်ဒီဖားသားး))
ချစ်ခင်လျှက်
ကဗျာကောင်းလေးအားပေးခဲ့တယ်
ခင်မင်စွာလေးစားစွာဖြင့် (လွမ်း)
နင်နဲ့ငါနဲ့
ငါနဲ့နင်နဲ့
တူနဲ့တယ်နဲ့
ဒန်တန့်တန်တန့်..:P
ဘယ်အကြောင်းကြောင့်
မခွဲနိုင်ပါဘူး..လို့ပြောမလို့ပါ..ပီားးစ်
ကဗျာကောင်းလေးအားပေးသွားတယ်ကိုကြီးရေ
အစစအရာရာကောင်းမှန်းသိနေမှတော့
အရင်ထက်ပိုမိုလို့လေးစားချစ်ခင်ကြင်နာမှုတွေနဲ့
လက်တွဲညီညီလျှောက်လှမ်းနိုင်ပြီပေါ့ လွင်ပြင်လေးရေ။
ကဗျာကောင်းလေးတစ်ပုဒ်အားပေးသွားတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
သူတို့က ပြောအားရှိတာပေါ့လို့...:):)
မချစ်တတ်သေးဘူး ဆိုရင်လဲ ချစ်တတ်အောင် ကြိုးစားပေါ့ အစ်ကိုရယ်... နို့ မို့ အစ်မက မချစ်တတ်ရ ကောင်းလားဆိုပြီး တီးထည့်လိုက်လို့ အမလေး တနေရမယ်... ဟီ... ဟိ...
ကိုလွင်ပြင်နဲ့မဂျက်ကို ကြည့်ပြီး
အားကျတယ်ဗျာ
နင်နဲငါ ဆိုတာ ငါနဲနင် ရဲ့ တိုင်ပင်ဖက် တွေ အားကျတယ်ဗျာ
Post a Comment