နှစ်တစ်နှစ်လဲအဆုံးသတ်
နှုတ်ဆက်တော့မယ်
ချမ်းအေးမှု့က တင်မြောက်တဲ့
ဒီဇင်ဘာဘုရင်ရဲ့ အပြုံး
နှင်းမှုန်တွေကလဲ ညချမ်းလေးကို စောင့်ရှောက်လို့
နွေရာသီက မင်းဝယ်ပေးတဲ့
အနွေးထည်ဖြူဖြူလေးကလဲ
ငါ့နားအမြဲကပ်ခွင့်ရလို့
ကျေးဇူးပါ ဒီဇင်ဘာတဲ့ ။
နှင်းစက်တွေ သစ်ရွက်ပေါ်ပြေးဆော့နေတုန်း
ပန်းပွင့်ကတော့ ပွင့်ဖတ်ကြားက
နှင်းမှုန်းလေးတွေပျောက်သွားမှာစိုးတဲ့
စိုးရိမ်စိတ်နဲ့ပေါ့
မြက်ပင်စိုစိုကြားမှာ
နှင်းမိုးတွေငိုသံတော့ ဘယ်သူကြားနိုင်မလဲနော် ။
ဆောင်းနံနက် အအေးဒဏ်ကို
ကြောက်နေတဲ့တတ်တဲ့ ငါ့လက်တစ်စုံက
နွေးထွေးမှု့နဲ့ နှစ်သိမ့်ပေးတဲ့
ထက်မြက်တဲ့ မင်းဖ၀ါးနွေးနွေးလေးကို
ဘ၀အတွက် ထာဝရပိုင်ဆိုင်ထားမှတော့
ဘာကိုကြောက်နေအုံးမှာလဲ ။
ဒီအချိန်မှာ ချယ်ရီတွေ ပွင့်မပွင့်တော့ငါမသိဘူး
မင်းကြိုက်တတ်တဲ့ စံပယ်ရုံလေးတော့
အိမ်ရှေ့မှာငါပျိုးထားလို့
ဖူးသူကဖူး ပွင့်သူကပွင့်
အငြင်းပွားပြီး နင့်ခေါင်းထက်
သူ့ထက်ငါအရင်ရောက်ချင်နေလိမ့်မယ် ။
နှင်းရည်တွေ စိုရွှဲနေတဲ့
ဦးခေါင်းထက်ကို ထီးမိုးပေးလို့ အဆင်မပြေပေမဲ့
ငါ့လက်ဝါးလေးကတော့
မခိုင်းပဲ မခေါင်းထက်မှာ
နေရာယူ ကာကွယ်နေပါ့လား ။
နှစ်ဟောင်းပေမဲ့
မင်းကိုချစ်တဲ့ အချစ်ကတော့
သေဆုံးတောင်
မပြောင်းလဲ မဟောင်းပဲနဲ့
ထာဝရရင်မှာ တည်ရှိနေမှာပါ ချစ်သူရာ ။
လွင်ပြင်လှိုင်းငယ်
7 comments:
ဘယ်မှာလဲ စံပယ်ပင်
မတွေ့ပါလား...............
အိမ်ရှေ့မှာတဲ့ မဂျက်စ်ရဲ့.... :)
နှစ်ဟောင်းပေမဲ့
မင်းကိုချစ်တဲ့ အချစ်ကတော့
သေဆုံးတောင်
မပြောင်းလဲ မဟောင်းပဲနဲ့
ထာဝရရင်မှာ တည်ရှိနေမှာပါ ချစ်သူရာ ။
စံပယ်ပင်မတွေ့ ပေမဲ့ အပေါ်ကစာသားလေးနဲ့ပဲ
ကျေနပ်လိုက်ပါသက်ဆိုင်သူရေ
အားပေးသွားတယ်
နစ်နစ်နဲနဲချစ်တက်တဲ့ကိုကြီးကို
အဟမ်းအဟမ်း
ပြောတဲ့သူကပြောတယ်
မေးတဲ့သူကမေးတယ်
ကဲ မတွေ့လဲ ဈေးထဲကသာသွားဝယ်လိုက်ပေတော့း)
ရေးဖွဲ့ သွားတာ ဒီအပုဒ်လေး တော်တော်လှတယ်...
ဆောင်းနံနက် အအေးဒဏ်ကို
ကြောက်နေတဲ့တတ်တဲ့ ငါ့လက်တစ်စုံက
နွေးထွေးမှု့နဲ့ နှစ်သိမ့်ပေးတဲ့
ထက်မြက်တဲ့ မင်းဖ၀ါးနွေးနွေးလေးကို
ဘ၀အတွက် ထာဝရပိုင်ဆိုင်ထားမှတော့
ဘာကိုကြောက်နေအုံးမှာလဲ ။
ကဗျာလေးကောင်းလိုက်တာ အစ်ကိုရာ...
မင်းကြိုက်တတ်တဲ့ စံပယ်ရုံလေးတော့
အိမ်ရှေ့မှာငါပျိုးထားလို့
ဖူးသူကဖူး ပွင့်သူကပွင့်
အငြင်းပွားပြီး နင့်ခေါင်းထက်
သူ့ထက်ငါအရင်ရောက်ချင်နေလိမ့်မယ် ။
အဲဒီ့အပိုဒ်လေး အရမ်းကြိုက်တယ် :)
Post a Comment