တစ် သက်မှာ တစ်ယောက်တည်းချစ်ခဲ့တာ
မဟုတ်ပေမဲ့
မင်းနဲ့ချစ်ပြီးမှာတော့
တစ်ယောက်ကိုပဲ
တစ်သက်လုံးချစ်သွားမှာပါ ။
တစ် ဘ၀မှာ ခဏတာတွေ့ခဲ့ ချစ်ခဲ့တယ်ရယ်လို့
စိတ်မှာတွေးမထားပါနဲ့
ဘ၀များစွာနဲ့ သံသရာအဆုံးထိ
မင်းတစ်ယေက်နဲ့ပဲ ချစ်ပါရစေလို့
တောင်းဆုတွေ ရင်ခုန်သံမရပ်သရွေ့ ချွေနေသူပါ ။
တစ် အိမ်မကောင်းလို့
အိမ်သစ်ပြောင်းတတ်တဲ့
ခပ်ပေါပေါယောက်ျားတော့ ငါအဖြစ်မခံနိုင်ပါဘူး
တည်ဆောက်ခဲ့အိမ်ကို
နှလုံးသား တံတိုင်းခတ်ပြီး
အေးအတူ ပူမမျှချင်တဲ့
ရိုးသားခြင်း ခြံဝန်းလေးထဲမှာ
ငါချစ်တဲ့ စံပယ်ရုံလေးစိုက်ပြီး
ထာဝရအိမ်လေးလှပအောင် တည်ဆောက်မှာပါ ။
တစ် မြေခြားတဲ့ အဖြစ်တွေလဲ မဖြစ်အောင်
မင်းရှိမဲ့နေရာလေးမှာပဲ
ကောင်းတူ ဆိုးလဲမခွာပဲ
ဘ၀ခရီးကို အတူတူဖြတ်ကျော်ပါ့မယ် ချစ်သူ ။
တစ် ကြိမ်တခါမှာ အမှားအယွင်ဖြစ်ခဲ့လဲ
နင့်ကို ငါ့ချစ်ခြင်း
ငါ့ကို နင့်ကြင်နာခြင်းတွေ ပြန်ကြည့်ပြီး
ငါတို့ ဘ၀လမ်းမှာ
နားလည်မှု့လွဲလို့ဆိုတဲ့ အပြစ်မဖြစ်အောင်
တိုင်ပင်ရင်နဲ့
တိုင်ပင်ဖေါ် ဘ၀ကြင်ဖေါ်အဖြစ် ခရီးဆက်ကြတာပေါ့ ။
တစ် ယောက်တည်းကျန်ခဲ့တဲ့
အဖြစ်ဆိုး အလွမ်းသိုးသိုးကြီးနဲ့
ငါနေနိုင်မှာ မဟုတ်လို့
သေခြင်းတရာဆီမှာပါ
နှစ်ယောက်အတူ ကမ္ဘာသစ်ဆီပို့ပေးပါလို့
တိတ်တိတ်လေး နင်မသိအောင် ငါဆုတောင်းတာကို
နင်အပြစ်မယူပါနဲ့ ချစ်သူ ။
ချစ်သူ အိပ်မက်လေးအတွက် ၁၁.၁၁.၂၀၁၁ တစ်ခြောက်လုံး အမှတ်တရ
လွင်ပြင်လှိုင်းငယ်
7 comments:
အိမ်မက်လေးအတွက်လား
ထပ်တူခံစားဖတ်ခဲ့ပါတယ်
ကောင်းတယ်အစ်ကိုရေ
အားပေးသွားပါတယ်
သေချာတာတော့..
ဒီနေ့တစ်လုံးအပိုင်ကိုင်ထားလိုက်ပီဗျို့းP
လေးစားလျှက်
သမီးစံ
ရင်နှင့်ထပ်တူ ဘာဝတူချင်းရင်ခြင်းအပ်၍ခံစားခဲ့ပါတယ်ဗျာ
လိုက်လေ့လာနေတာ
ကဗျာကိုပါနော် :P
ထပ်တူခံစားအားပေးသွားပါတယ် :)
ရေးတတ်တယ်ဟေ့...
ဖြောင်း..ဖြောင်း...ဖြောင်း..
ခင်လျက်
ဂျွန်မိုး
ကဗျာလေးတော်တော်ကောင်းတယ် အစ်ကို။
ကောင်မလေးတွေ ကြွေလောက်တယ်။
Post a Comment