ဘ၀ရဲ့ဇာတ်ဆရာ အချစ်ရဲ့မာယာ(စ+ဆုံး)

တိုးတက်နေခေတ်ကြီးထဲမှာ မွေးဖွားခဲ့ရပေမဲ့ တိုးတက်မှု့မရှိတာက ကျွန်တော်ပါ ပညာဆိုတာလဲ မိဘကအဆင်မပြေတော့
၁၀တန်းတောင်မဖြေခဲ့ရပဲ ကျောင်းတော်ကြီးကို နှုတ်ဆက်ခဲ့ရလို့ ပညာဆိုတာလဲကျွန်တော့်မှာမရှိပါ။

ဘာတစ်ခုမှ ပြည့်စုံမှု့မရှိတဲ့
အနေအထားနဲ့ အလုပ်ဆိုတာလဲ ကျွန်တော့်မှာမရှိပါ ဘွဲ့လက်မှတ်လေးကိုင်ပြီး အလုပ်လျှောက်ဖို့တန်းစီနေသူများတောင်
ရုံးကူ ပြာတာတောင် အကုန်မရတဲ့ ဒီခေတ်ကြီးထဲမှာ ကျွန်တော်လိုလူတစ်ယောက်အတွက် အလုပ်မရှိတာ မဆန်းပါဘူး။နောက်ဆုံး
လက်သမား ပန်းရန်အလုပ်တောင်ကျွန်တော်အတွက်မရှိတာ ကျွန်တော်အလုပ်ရှာတာ ညံ့လို့လား အလုပ်ကပဲရှားပါးလို့လားမသိပါဘူးဗျာ။
တွေ့သမျှလူကို အလုပ်လေးမရှိဘူးလား အလုပ်ရှိရင်ကျွန်တော့်ကိုပြောပါနော်လို့ ပြောရ မေးရတာလဲ ကျွန်တော့်အတွက် မူပိုင်သီချင်းလို
ဖြစ်နေပါပြီဗျာ။ရှိစုမဲ့စုလေး လမ်းစရိတ်လုပ်အလုပ်ရှာပုံတော်ဖွင့်ရတာလဲ အလုပ်မရတဲ့အပြင် လမ်းစရိတ်ပဲဆုံးတာ လနဲ့ချီနေပါပြီ။
အလုပ်မရတဲ့အဆုံး တပ်ပြန်ခေါက်ပြီး အမေ့အိမ်ကိုပြန်လာလို့ အိမ်ကို ၀င်ဝင်ချင်းပဲ

       "ကိုကြီး ကျွန်တော့်အတွက်မုန့်မပါဘူးလား ဗိုက်ဆာလို့သေတော့မယ်"လို့ ကျွန်တော့်အောက်က ညီငယ်ကမေးပါတယ်။အဖြေစကားတောင်ပေး
သေးခင် အငယ်ဆုံး ညီမလေးကလဲ ပြေးလာပြီး"ကိုကြီး ညီမလေးမှာလိုက်တဲ့ ခဲတံလေးဝယ်လား"လို့မျှော်လင့်ချက်လေးနဲ့မေးပြန်ရော ဒါနဲ့ ညီမလေးကို ပွေ့ချီပြီး
"ဒီနေ့တော့မပါသေးဘူးနောက်ရက်ကိုကြီးဝယ်လေးပေးမယ်နော်" "ဟာ ကိုကြီးပြောလိုက်ရင်ဒီအတိုင်းကြီးပဲ တခါမှလဲမပါလားဘူးမနက်ဖြန်ကျောင်းမှာ
ဘာနဲ့စာရေးရမလဲ"လို့ ငြီးပြီးကျွန်တော့်ကိုယ်ပေါ်မှ ဆင်းသွားပါတယ်။အိမ်ထဲကိုဝင်လိုက်တော့ မီးဖိုချောင်ထဲမှ ဆန်မရှိတဲ့အိုးကို ခြစ်ချုပ်နေတဲ့အမေက
ကျွန်တော့်မျက်နှာမကြည့်ပဲ ကျွန်တော့်လက်ကို ကြည့်ပြီး လက်ဗလာနဲ့ဖြစ်နေတော့ ဘာတစ်ခွန်းမှမမေးတော့ပဲ ဆန်အိုးကိုသာ အံကြိုတ်ပြီးခြစ်နေတာ
ကျွန်တော်မကြည့်ရက်တော့ပဲ အသုံးအဆောင်ပစ္စည်းဘာတစ်ခုမှမရှိတဲ့ ဧည့်ခန်းထောင့်ကမဲ့ပြုံး ပြုံးနေတဲ့ သောက်ရေအိုးစင်ကိုဖွင့်ပြီး ရေကိုသုံးခွက်ဆင့်
အားမနာတမ်းသောက်ချလိုက်တယ်။တော်သေးတယ် ရေတောင် အဘိုးမသေခင် နောက်ဘေးမှာရေတွင်းလေးတူးခဲ့လို့ ၀ယ်မသောက်ရပဲ
အားမနာတမ်း၀၀သောက်နေရတာ။ဝူး.....ဘ၀ကလဲနော်။
မနက်ဖြန်အတွက် ဘယ်သွားပြီးအလုပ်ရှာရင်ကောင်းလဲလို့ စဉ်းစားနေတုန်း သတိယပြီး ပိုက်ဆံအိတ်ထဲက ပိုက်ဆံကိုထုတ်ြပီးရေတွက်ကြည့်လိုက်တော့
မနက်ဖြန်အသွားလမ်းစရိတ်တောင်အနိုင်နိုင်ရယ် ပိုက်ဆံကိုကြည့်ပြီး ငိုတောင်ငိုချင်သွားတယ် ဘယ်တတ်နိုင်မလဲနော် ။
ဟိုးတွေးဒီတွေးနဲ့ ဗိုက်ထဲက သံစုံတီးဝိုင်းရဲ့ လက်စွမ်းပြတာကို မသိချင်ယောင်ဆောင်ပြီးအိပ်ပျော်
ဖို့ကြိုးစားရင်း "၀ုန်း"ဆိုသောအသံကြောင့်လန့်သွားသည် သိလိုက်ပါပြီ
"၀ုန်း"ဆိုသောအသံမှာ တံခါးဖွင့်သောအသံမဟုတ်ပါ အိမ်တွင် အပ်တိုတစ်ချောင်းတောင် ခိုးစရာမရှိသောကြောင့်ဘယ်သူခိုးမှ လာမခိုးလို့တံခါးဆိုတာမရှိလို့ "၀ုန်း "ဆိုသောအသံက ကျွေးဖခင်မူးပြီးပြန်လာပြီး အရက်၏ကန်လိုက်သောဒဏ်ကိုမခံနိုင်သောကြောင့် ကျိုးလုနီးနီးကြမ်းပြင်နှင့် ထိတွေ့သောအသံသာဖြစ်ပါသည် ရောက်လျှင်ရောက်ချင်းပဲ အကြီးဆုံးသားကျွန်တော့်အား"ဖိုးမောင်အသုံးမကျတဲ့ကောင် ဒီအရွယ်ရောက်နေပြီ မိဘကိုကူညီရကောင်းမှန်းမသိဘူးအလုပ်ထွက်ရှာတယ်ဆိုပြီဘယ်အလေလိုက်နေမှန်းမသိဘူးခုထိအလုပ်ဆို
ဆိုတာမရဘူး အသုံးကိုမကျဘူး ငါတစ်ယောက်ထဲလုပ်နေရတာလဲ သနားပါအုံးကွါ ငါပြောရင်လဲအရက်မူးလို့ပြောတယ်လို့ထင်အုံးမယ် ငါအရက်သောက်ချင်လို့သောက်တာမဟုတ်ဘူးကွ ပင်ပန်းလို့သောက်တာမင်းသိလား"ဆိုပြီးသူဖွင့်နေကျဓါတ်ပြားဟောင်းကြီးဖွင့်နေပြီး ခဏကြာတော့အသံတိတ်သွားတယ် အင်း မူးကလဲမူး မောကလဲမောတော့ အိပ်ပျော်သွားပြီထင်ပါတယ်။အဖေအိပ်ပျော်သွားပြီးခဏကြာတော့ အမေအိတ်တစ်လုံးဆွဲပြီ ဖိနပ်တောင်မပါပဲအိမ်ပြင်ထွက်သွားပါတယ် ထုံးစံအတိုင်း ရပ်ကွက်ထဲလှည့်ပြီး မျက်နှာငယ်လေးနှင့် သားသမီးတွေစားဖို့ ဆန်းလိုက်ချေးမှာပေါ့။မတွေးတော့ပါဘူး အဆင်မပြေမှု့တွေကများတော့ ဘာဆက်လုပ်မယ်ဆိုတာတောင်မတွေးချင်ခေါင်းကို အားရပါရကုတ်ပြီး အိပ်လိုက်တာ အိပ်မက်ထဲတော့
အဆင်ပြေသား လိုချင်တာအားလုံးရ ဖြစ်ချင်တာအားလုံးဖြစ်နဲ့အိပ်မက်တောင်မနိုးပဲဆက်မက်နေချင်မိတယ်မနက်လင်းတော့ အိပ်ယာနိုးတော့ မထချင်သေးပဲအိပ်မက်ထဲကမှတ်မိသလောက်အကြောင်းလေးတွေ စဉ်းစားပြီးပြုံးနေတုန်း
"ဟဲ့ ဖိုးမောင်မထသေးဘူးလား ဘယ်အချိန်ရှိနေပြီလဲ ကိုယ့်ဟာကိုယ်သူဌေးသားများမှတ်နေလား ထထ မျက်နှာသစ်အလုပ်ရှာဖို့ပြင် အိုးထဲမှာ ဆန်ပြုတ်လေးရှိတယ် အငယ်တွေစားဖို့ချန်ပြီးစားသွား ဒီနေ့အလုပ်မရရင်တော့ ငတ်ဖို့သာပြင် ဆန်လဲချေးရလွန်းလို့ မချေးဖူးတဲ့အိမ်ဆိုလို့ရပ်ကွက်အပြင်က သူတောင်းစားတဲပဲကျန်တော့တယ် သိလား ထ မြန်မြန်ထ"လို့ ဟစ်ဟော့သီချင်းလို မနားတမ်းပြောသံကြားရတော့ အိပ်မက်အကြောင်းခဏထားပြီး မျက်နှာသစ် ရေချိုး ဆန်ပြုတ်လေးမ၀တ၀သောက်ပြီး အ၀တ်စားလဲ(အ၀တ်စားလဲဆိုလို့ အထင်မကြီးနဲ့ ကျွန်တော်ပိုင်ဆိုင်တာဆိုလို့ ပုဆိုးနှစ်ထည် အကျီင်္နှစ်ထည်နှင့် ဘောက်ဘီရှည်တစ်ထည်သာရှိပါသည်)
ပြီးတော့ အိမ်မှ စိတ်ပျက်လက်ပျက်ထွက်ခွါလာပါတော့သည် ဘတ်ကားဂိတ်ရောက်တော့ ဘယ်နေရာအလုပ်သွားရှာမယ်စဉ်းစားနေ
တုန်း"ဟေ့ကောင် ဖိုးမောင် ဘယ်သွားမလို့လဲ"ဆိုပြီး ဟိုဘက်ရပ်ကွက်မှ အသိကိုကြီးတိုးကနှုတ်ဆက်ပါတယ်။
"ထုံးစံအတိုင်း အလုပ်ရှာပေါ့ဗျာ"လို့ စိတ်ပျက်လက်ပျက်နဲ့ပြန်ဖြေလိုက်တော့"အလုပ်ဆိုလို့ ခုမှသတိယတယ်ငါတို့ရပ်ကွက်ထဲမှာ  အင်တာနက်ဆိုင်သစ်တစ်ဆိုင်ဖွင့်တာ ဆိုင်ရှင်အမျိုးသမီးက ငါ့ကို အလုပ်လုပ်ချင်တဲ့သူခေါ်လာပေးလို့ပြောထားတယ် မင်းလုပ်ချင်လား လုပ်ချင်ရင်အခုသွားမေးရအောင် တကယ်လို့ အလုပ်ရရင်တော့ငါ့ကို ဘီယာတိုက်ရမယ်နော်"လို့ပြောတော့ ကျွန်တော် ရင်ခုန်သံမြန်သွားစေပေမဲ့"လုပ်တော့လုပ်ချင်ပါတယ်ကိုကြီးတိုးရာ ဒါပေမဲ့ ကျွန်တော်က၁၀တန်းလဲမအောင်ဘူး ကွန်ပျူတာဆိုတာမြင်ဖူးပြီးမကိုင်ဖူးတဲ့လူတစ်ယောက်ကို အင်တာနက်ဆိုင်ကအလုပ်ပေးပါ့မလားဗျာ"လို့အားလျော့စွာပြောတော့ "မင်းကလဲ စစ်မရောက်ခင်မြှားကုန်နေပြန်ပါပြီ အလုပ်ကသွားမဗျုးရသေးဘူး မဖြစ်ဘူးဆိုတာနဲ့စနေပြီ အလုပ်ပေးတာမပေးတာက ဆိုင်ရှင်အလုပ် အလုပ်သွားဗျူရမှာကမင်းအလုပ် ဗျူလို့မရတော့လဲ အရင်းပေါ့ကွာ ဘတ်ကားခကုန်တာမှတ်လို့ လမ်းလျှောက်သွားယုံပဲဟာ"လို့ပြောပြီး ကျွန်တော်လက်ဆွဲခေါ်သွားတော့ ကျွန်တော်လဲ မထူးပါဘူး ရတော့လဲအမြတ်ပေါ့ဆိုပြီးလိုက်သွားပါတယ်။

         ၁၅မိနစ်လောက် စကားတပြောပြောနဲ့လမ်းလျှောက်လာလိုက်တာ "-----------"ဆိုင်းဘုတ်ရှေ့ရောက်တော့"ဒီဆိုင်ကွ ဆိုင်ရှင်ကအမျိုးသမီး သဘောကောင်းပါတယ်သူလဲအလုပ်သမားမရသေးတော့ တစ်ယောက်တည်းဒုက္ခများနေတာ မင်းကလဲ ငယ်ငယ်ချောချာလေးအ၀တ်အစားကသာစုတ်ပြတ်နေလို့ကောင်းကောင်းဝတ်စားလိုက်ရင်ရုပ်ရှင်တောင်ရိုက်
လို့ရသေးတယ်လို"လို့ကိုကြီးတိုးကပြောပြီးရှေ့ကနေဦးဆောင်ဝင်သွားပါတယ် ဟုတ်တော့ဟုတ်ပါတယ်
အရာရာမပြည့်စုံပေမဲ့ ကျွန်တော်ရုပ်ရည်ကတော်တော်ကြည့်ကောင်းတာ တစ်ခုတော့ပြည့်စုံပါသည်။ကိုကြီးတိုးနောက်မှ ကပ်လိုက်ရင်း ဆိုင်အခြေအနေကိုကြည့်လိုက်တော့
မဆိုးပါဘူး ကွန်ပျူတာက၁၀လုံး ဆိုင်လေးကလဲ သပ်သပ်ရပ်ရပ်နှင့်တော်တော်ကြည့်ကောင်းပါတယ် ကောင်တာလို့ထင်ရတဲ့ စာပွဲတလုံးမှာတော့ လူတစ်ယောက်ကျောပေးထိုင်နေပါတယ် ကိုကြီးတိုးက ကျွန်တော်လက်ဆွဲသွားပြီး ကောင်တာနားရောက်တော့"မမ ဟိုနေ့ကမမရှာခိုင်းထားတဲ့ အလုပ်သမားရလို့လာပြတာပါ"လို့ ရိုရိုသေသေပြောလိုက်တော့ ဆုံလည်ကုလားထိုင်လေးကျွန်တော်
တို့ဘက်လှည့်လာပါတယ်။ကိုကြီးတိုးခေါ်တော့ မမတဲ့ အသက်က ကျွန်တော်အမေထက် ၂နှစ်လောက်ပဲငယ်မယ်ထင်ရတဲ့ အမျိုးသမီးတစ်ယောက် မျက်နှာမှာလဲ မိတ်ကပ်အပြည့် နှုတ်ခမ်းနီးရဲရဲနဲ့ အဒေါ်ကြီးတစ်ယောက်က ခပ်တည်တည်နဲ့
"နာမည်"စကားသံကလဲမာလိုက်တာ ကျွန်တော်ဘာဖြေရမယ်မသိ ကျောက်ရုပ်လိုရပ်နေတုန်း
"ဖိုးမောင်ပါမမ"လို့ ကိုကြီးတိုးက ကြားမှဝင်ဖြေပေးသည်။မင်းကိုမေးတာမဟုတ်ဘူး သူ့ကိုမေးတာ သူဖြေပါစေ ဒါနဲ့"ဖိုးမောင်ပါ အန်တီ"လို့ တုန်တုန်ရင်ရင်နဲ့ပြန်ဖြေတော့ ဆိုင်ရှင်အမျိုးသမီးမျက်နှာက တည်ရာမှ တင်းလာသလိုထင်ရပါတယ် .။ကျွန်တော်ကြောက်နေတာတော့အမှန်ပါ အလုပ်ရှာနေတာကြာပြီဆိုပေမဲ့ နဖူးတွေ့ဒူတွေ့ လက်တွေ့အလုပ်ဗျူးဖူးတာ ပထမဆုံးအကြိမ်မို့ ကြောက်နေခြင်းဖြစ်ပါသည် ဘေးနားမှ ကိုကြီးတိုးက ကျွန်တော်ဖြေသံကိုကြားတော့
ခြေထောက်ကို သူ့ခြေထောက်နဲ့နင်းလိုက်သည် ဘာများဖြေတာမှားလဲလို့ သူ့ကိုလှည့်ကြည့်လိုက်တော့
ပါးစပ်မှ အသံမထွက်ပဲ ပွစိပွစိလုပ်ပြနေတာကြည့်ပြီး နားမလည်ပဲ ခဏလေးကြာမှသူ့ပါးစပ်အဓိပ္ပါယ်ဖော်ကြည့်မှ သဘောပေါက်သွားပါတယ်။"နာမည်အရင်းလား" "နာမည်အရင်းက ဖြိုးမောင်ပါမမ ရပ်ကွက်ထဲမှာဖြိုးမောင်ကို ခေါ်ပါများတော့ ဖိုးမောင်ဖြစ်သွားတာပါမမ"လို့အရဲစွန့်ဖြေလိုက်တော့ ဆိုင်ရှင်အမျိုးသမီး မျက်နှာတော့ နဲနဲလျော့သွားတယ်"အသက်ကကော""၁၈နှစ်ပြည့်တော့မယ်ဗျ"လို့ရိုရိုသေသေလေးပြောလိုက်တော့
"ကျောင်းနေသေးလား""ဟုတ်ကဲ့ မိဘကစီးပွားရေးအဆင်မပြေလို့ ၁၀တန်းနဲ့ ကျောင်းထွက်လိုက်ရပါတယ်"လို့ဝမ်းနည်စွာပြောတော့"ပြီးရောဒါကအရေးမကြီးပါဘူး ဆိုင်ကိစ္စကသင်ပေးရင်တတ်ပါတယ် မခက်ပါဘူး လစာက---လောက်ရမယ် ဆိုင်ကိုမနက်၁၀နာရီဖွင့်ရမယ် ည၁၂နာရီပိတ်ရမယ် တကယ်လို့ ၁၂နာရီထိုးလို့ လူရှိသေးရင် လူပြန်သွားတဲ့အထိစောင့်ပြီးမှဆိုင်ပိတ်ရမယ် အဆင်ပြေမလား"လစာကမဆိုးပါဘူး လောလောဆယ်အိမ်ကိုတော့ နဲနဲအထောက်အကူဖြစ်မှာမို့
"ဟုတ်ကဲ့အဆင်ပြေပါတယ်'"ဒါဆိုမင်းကို အစမ်းသုံးကြည့်မယ် ကြိုက်ရင်ဆက်သုံးမယ် ဒီနေ့မင်းကို လုပ်ရမယ့်ဟာတွေသင်ပေးမယ် ညနောကမှပြန်ပေါ့ လစာကတော့ မနက်ဖြန်မှစတွက်မှာနော်"
လို့ပြောပြီးဆိုင်မှာလုပ်ရမယ့်အလုပ်တွေကိုသင်ပေးရင် ညနေရနာရီလောက်ကျတော့မနက်ဖြန်
ဆိုင်ဖွင့်ဖို့ သော့တစ်ချောင်းအပိုပေးပြီးပြန်ခိုင်းလိုက်ပါတယ်။
ကျွန်တော်နှင့်ကိုကြီးတိုး ဆိုင်မှအတူတူပြန်လာပြီး ကိုကြီးတိုးကို ကျေးဇူးတင်ကြောင်းလစာထုတ်ရင်ဘီယာအ၀တိုက်မဲ့အကြောင်းပြောပြီး အိမ်သို့ သွတ်လက်သောခြေအစုံနှင့်ပြန်လာခဲ့ပါတော့သည်။

         ရပ်ကွက်ကုန်စုံဆိုင်ရှေ့ရောက်တော့ သတိယပြီး ဒီနေ့ဘတ်ကားခလေးနဲ့ ဆန်ကိုရသလောက်ဝယ်ပြီးအိမ်ပြန်လာခဲ့ပါတယ် အလုပ်ကနီးတော့ လမ်းလျှောက်သွားလဲရတာမို့ ကားခမကုန်တော့မှာဖြစ်လို့ ကားခလေးကိုဆန်ဝယ်လိုက်ခြင်းဖြစ်ပါသည်။အိမ်ထဲကကိုလှမ်းဝင်လိုက်တော့ ညီလေးနဲ့ညီမလေးနှစ်ယောက်က ကစားနေရင်းကျွန်တော့်ကိုမြင်တော့ အရင်ရက်တွေကလိုတောင် ဘာပါလားလဲလို့တောင်မမေးတော့ပဲ ကစားမပျက်ဆက်ကစားနေကြပါတယ်။
အမေကတော့ ပြဲနေတဲ့အဖေ့ပုဆိုးလေးကိုချူပ်နေရင်းကျွန်တော့်ကိုကြည့်တောင်မကြည့်ပဲ
"ဖိုးမောင်ဗိုက်ဆာနေပြီလား အိုးထဲမှာဆန်ပြုတ်နဲနဲချန်ထားတယ်စားလိုက်လေ" လို့ပြောတော့ ကျွန်တော်
ဗိုက်ကပျော်ပြီးမဆာတာလားမသိစားချင်စိတ်မရှိပဲ အမေ့ဘေးကပ်ထိုင်ဆန်ထုပ်လေးရှေ့ချပြီး "အမေ ၀မ်းသာစရာပဲ ကျွန်တော်အလုပ်ရပြီဗျ"လို့ ၀မ်းသာအားရပြောတော့ အမေက မော့ကြည့်ပြီး"တကယ်လားဖိုးမောင် ဘာအလုပ်ရတာလဲ အလုပ်က အဝေးကြီးလား သူဌေးကကော သဘောကောင်းမယ့်ပုံပေါ်လား"စသည့်လားပေါင်းများစွာပါသော မေးခွန်းကို မျည်ရည်ဝဲ၀ဲ
ဝမ်းသာသောအသံနှင့်မေးရှာသည်"တကယ့်ပေါ့ အမေရ အင်တာနက်ဆိုင်မှာပါ အလုပ်ကမဝေးပါဘူး ကိုကြီးတိုးတို့ရပ်ကွက်ထဲတင် လစာကတော့----လောက်ရမယ် ဆိုင်ရှင်ကအမျိုးသမီး အမေတို့လောက်ရှိမယ် သဘောကောင်းမယ့်ပုံပါပဲ စိတ်မပူပါနဲ့ လောလောဆယ် လစာသိပ့်မများပေမဲ့ အိမ်စရိတ်လေးနဲနဲထောက်နိုင်တော့ အဖေလဲ အသက်ရူချောင်တာပေါ့ ဒီမှာဆန်လေး မနက်ဖြန်ဘတ်ကားစီးစရာမလိုတော့ ကားခလေးနဲ့ဆန်ဝယ်လာတာ"လို့ပြောပြီး ဆန်ထုပ်လေးပေးပြီး ထကာ တန်းပေါ်မှာတင်ထားသော ဘောင်းဘီရှည်လေးကို သေချာခေါက်ပြီး အိပ်ယာအောက်ထိုးထည့်ထားလိုက်တယ် မနက်ဖြန်ဒီဘောင်ဘီရှည်လေးဝတ်သွားရမယ်မဟုတ်လား။
ဒီနေ့ည ထူးထူးခြားခြားအဖေလဲ စောစောပြန်ရောက်လာတယ် အရက်လဲနဲနဲပဲသောက်ထားတယ်ထင်တယ်(နဲနဲဆိုတာလဲ သောက်စရာပိုက်ဆံမရှိတော့လို့လား တိုက်မယ့်သူ
မရှိလို့လားတော့မသိ)ဒီလိုနဲ့ ညစာထမင်းဝိုင်းလေးကို ငပိရည်တို့စရာနဲ့ မြိန်ရှက်စွာစားရင် အလုပ်ရပြီ
ဖြစ်ကြောင်းပြောပြတော့ အဖေက"ဒီအလုပ်ကို သေချာဂရုစိုက် ကိုယ့်အလုပ်လိုသဘောထားပြီးလုပ် အလုပ်မရှိရင် ဘယ်လောက် ဒုက္ခရောက်တယ် အလုပ်ရှာရတာဘယ်လောက်ခက်တယ်ဆိုတာမင်းလဲသိလောက်ပြီဆိုတော့ ဘာဖြစ်ဖြစ်သီးခံပြီးလုပ်ကြားလား"လို့ဆုံးမရှာတယ်။စားသောက်ပြီး အိပ်ယာဝင်တော့ ညီမလေးကသူ့ကို
ကွန်ဘာဘူးလှလှလေးဝယ်ပေးရမယ်နော်လို့ ပူဆာပြီးဘေးနားမှာ ကွေးကွေးလာအိပ်နေတယ်။

        မနေ့ညက သောက ကင်းကင်းအိပ်ရလို့လားမသိဘူး တခါတည်းအိပ်ပျော်သွားတာ မနက်အမေနိုးမှပဲထဖြစ်တယ် အိပ်မက်တောင်မမက်တော့ဘူး။ဒါနဲ့ ရေချိုး အ၀တ်စားလဲပြီး ဆိုင်လေးဆီသို့တက်ကြွတဲ့ခြေလှမ်းအစုံနဲ့ သွက်သွက်လေးလျှောက်လှမ်းလာခဲ့တယ်။ဆိုင်ရောက်တော့ ဆိုင်ဖွင့် သန့်ရှင်းရေလုပ် သင်ထားတဲ့အတိုင်းစက်တွေလိုက်ဖွင့် အင်တာနက်ကစားသမားများများလာပါစေလို့ ဘုရားမှာဆုတောင်းပြီး ဆိုင်လာမဲ့လူတွေကိုမျှော်နေပါသည်
လာပါပြီဗျာ ကလေးတွေ ဂိမ်းကစားဖို့ သူတို့လေးတွေကို စက်တွေဖွင့်ပေးပြီး လုပ်စရာရှိတာလုပ်ရင်း
ညနေ၅နာရီလောက်ကြတော့ ဆိုင်ရှင်မမရောက်လာပြီး လိုအပ်တာတွေသင်ပေးမှာကြားပြီး ၇နာရီလောက်
ကျတော့ပြန်သွားလေသည်။ဒီလိုနဲ့ တပတ်လောက်ကြာတော့ ဆိုင်ကိုလူနဲနဲသိလာပြီး ဆိုင်လေးက စည်ကားစပြုလာပါပြီ ကောင်မလေးတွေကလဲ ကျွန်တော်က ကြည့်ပျော်ရှု့ပျော်နဲ့ ဆက်ဆံရေးကောင်းတော့ ဆိုင်ကိုအမြဲလိုလိုလာရောက် အားပေးကြပါသည်။ကိုကြီးတိုးကတော့ အလုပ်ပြီးရင် ကျွန်တော်ဆိုင်မှာကြီးလိုလိုနေဖြစ်ပါတယ်။ဆိုင်ရှင်မမကလဲ ကျွန်တော်ရောက်လာမှ သူ့ဆိုင်စီးပွါးရေးကောင်းလာတယ်ဆိုပြီ လကုန်တော့ လစာကိုပိုပေးသည့်အပြင် အိမ်အတွက် စားစရာသောက်စရာများလဲထည့်ပေးလိုက်လို့ ညီလေးညီမလေးတို့အကြိုက်ပေါ့။
အော် ကံတရားအဆင်ပြေချင်တော့လဲ ခဏလေးပါလားနော်။
                  ဘာလိုလိုနဲ့ ကျွန်တော်ဆိုင်မှာအလုပ်လုပ်တာ ၆လတောင်ရှိသွားခဲ့ပြီနော် ဆိုင်မှာအလုပ်လုပ်သည့်ကာလအတွင် အိမ်စရိတ်ထောက်နိုင်သာမက ညီလေး ညီမလေးတို့ကျောင်းစရိတ်ပါထောက်ပံ့နိုင်သောအနေအထားသို့ရောက်ခဲ့ပါပြီ။အခုဆို ကျွန်တော့်မှာ ကိုကြီးတို့ရပ်ကွက်ထဲက သူငယ်ချင်းတွေပါမက အွန်လှိုင်းမှာလဲသူငယ်ချင်းများစွာရှိနေပါပြီ ကိုကြီးတိုးဆိုရင် အလုပ်အားတာနဲ့ ဆိုင်လာပြီး ကောင်မလေးတွေကိုကြောင်ရတာနဲ့ အွန်လှိုင်းမှာကြောင်ရတာနဲ့ နားကိုမနားရပါဘူး တခါတလေ ညဆိုင်ပိတ်ကူပြီး ကျွန်တော့်ကို ဘီယာတိုက်ခိုင်း ဘီယာသောက်ပြီး အိမ်ပြန်လိုက်ပို့ပေးတတ်ပါသည်။
ဒီလိုအဆင်ပြေသွားတာ သူ့ကျေးဇူးနဲ့ မကင်းဘူးဆိုတော့ တလတခါ ဘီယာမဟုတ်တောင် အရက်တော့
ကြုံရင်ကြုံသလိုတိုက်ပါတယ်။

           ဒီလိုနဲ့ဆိုင်မှာ အလုပ်လုပ်ရင်းပျော်နေတော့ ဆိုင်ရှင်မမနဲ့လဲ တော်တော်ရင်းနှီးနေပြီး တခါတလေ အစားအသောက် ရံဖန်ရံခါ အ၀တ်အစားတွေကို လမ်းကြုံလို့ဝယ်လာတာဆိုပြီးဝယ်ပေးတဲ့အ၀တ်အစားတွေနဲ့
ကျွန်တော်လဲ တော်တော်ကြည့်ကောင်းယုံမက အားတိုင်းအွန်လှိုင်းတက်နေတော့ ကျူတဲ့နေရာမှာတောင်
ဆရာတစ်ပါးဖြစ်နေပါပြီ။တနေ့အွန်လှိုင်းသုံးနေတုန်း သူငယ်ချင်းတစ်ယောက်က ကောင်မလေးအကောင့်ကွ ချောလဲချောတယ် u.s.aမှာနေတာ မင်းကျူကြည့်ပါလားပြောတော့ ကောင်မလေးအကောင့်ကိုတောင်းပြီး ကောင်မလေးအကောင့်-------@gmail.comကို အက်ထားလိုက်တယ် အက်ထားချင်းစစတော့ လက်မခံသေးပဲ နောက်ရက်ကျတော့
လက်ခံထားတာတွေ့တာနဲ့ ထုံးစံအတိုင်း ဟိုင်း ဘာညာ သာရကာပေါ့
အစပိုင်းတော့ ကောင်မလေးက မေးတာကိုပြန်မဖြေသေးပဲ သုံးရက်လောက်ကြာမှ သူ့နာမည် ဖူးသစ်စ(နာမည်ရင်းဟုတ်မဟုတ်မသိပါ) ဆိုတဲ့အကြောင်း အသက်က၂၀ ကျွန်တော်ထက်ကြီးသည် အမေရိကားမှာ ကျောင်းတက်နေသောစသည့်အကြောင်းအရာနဲနဲကိုပြောပြပါသည် သူက အမေရိကားမှာနေတာဆိုတော့ မာနကြီးတာလဲဖြစ်နိုင်ပါသည်။ဒီအကြောင်းကိုကြီးတိုးကိုပြောပြတော့"ဆက်ကျူကွာ အဆင်ပြေသွားရင် မင်းကိုတောင် အမေရိကားခေါ်ချင်ခေါ်မှာ ငါ့သူငယ်ချင်းတွေဆို အွန်လှိုင်းကအဆင်ပြေပြီး နိုင်ငံခြားထွက်ပြီး အဆင်ပြေနေတာအများကြီးပဲ"လို့ အားပေးတာလား ပို့တာလားတော့မသိကျွန်တော့်ကိုပြောသည်။

        ဒါနဲ့ပဲကျွန်တော်လဲ အဟုတ်ကြီးမှတ်ပြီး ကျူဇယားကို ကောင်းကောင်းခင်းပါတော့သည်။တပတ်လောက်ကြာတော့ သူက"ယူ့နာမည်အရင်းကကော ကျောင်းတက်တာလား အလုပ်လုပ်နေပြီလား"လားလို့ရုတ်တရက်ထမေးတော့ ကျွန်တော်လဲ ဘာဖြေရမှန်းမသိတာနဲ့"နာမည်က ဖြိုးမောင်ပါ တက္ကသိုလ်တက်ဖို့စောင့်နေရင်း အိမ်ကဖွင့်ပေးထားတဲ့ အင်တာနက်ဆိုင်မှာ အပျင်းပြေလုပ်ကူနေပါတယ်"လို့ လိမ်ညာပြီး လွယ်လွယ်ကူကူပဲဖြေလိုက်တယ်
ဟုတ်တယ်လေ အင်တာနက်ဆိုင်မှာ အလုပ်လုပ်နေတဲ့အလုပ်သမားဆို အထင်သေးပြီးဆက်မခင်တော့ရင် ဘယ်လိုလုပ်မလဲ။သစ်သစ်(ခင်သွားတော့ သူ့ကိုကျွန်တော် သစ်သစ်လို့ခေါ်ပါသည်)နဲ့ ကျွန်တော် ခင်မင်ပြီး တစ်လလောက်ကြာတော့ "သစ်သစ် ကျွန်တော့်ကို ဖြိုးမောင်လို့ခေါ်ရတာရှည်ပါတယ် မောင် လို့တစ်လုံးထဲခေါ်ပါ့လား"လို့ စသလိုနဲ့ သွေးတိုးစမ်းလိုက်တော့ သစ်သစ်မျက်နှာလေး ရှက်သွေးတွေဖြာသွားပါတော့တယ် ဒီအချိန်မှာပဲ
ဟိုက် သေပါပြီ ကွန်နက်ရှင်ကလဲကောင်းခန်းရောက်မှကျသွားရတယ်လို့ကွာ။
 ထိုနေ့ကတော်တော်နှင့် ကွန်နက်ရှင်ပြန်မရပါ ညနေဘက်ကွန်ပြန်ရတော့
သူရှိမနေတော့ပါ။ဒီလိုနဲ့နောက်
ရက်တွေမှာတော့
သစ်သစ်နဲ့ ကျွန်တော် အွန်လိုင်းမှာအမြဲတွေ့ဖြစ်ပေမယ်
သူ့ကိုဒီအကြောင်းထပ်မပြောဖြစ်တော့ပါ။သူစိတ်ဆိုး
မှာစိုးသောကြောင့်ဖြစ်ပါသည်။ဒီလိုနဲ့ သူနဲ့ကျွန်တော် ရည်စားလဲမကျ
သူငယ်ချင်းလဲမကပဲ အွန်လိုင်းမှာ နေ့စဉ်တွေ့ဖြစ်ကြပါသည်။

           လူတစ်ယောက်ဟာ အဆင်ပြေချင်တော့လဲ သူ့ဟာနဲ့သူ အဘက်ဘက်မှ
အဆင်ပြေလာတတ်ကြပါတယ်။အခုလဲကြည့်အုံးလေ ကျွန်တော်အလုပ်လုပ်စက
အင်တာနက်၁၀လုံးသာရှိသည့်ဆိုင်လေးဟာ အခုဆို နှစ်ဆ အလုံး၂၀နှင့် နောက်ထပ်
ဆိုင်ရှင်မမနှင့်
ဆွေးမျိုးနီးစပ်တော်သည့် ကျွန်တော်နှင့်ရွယ်တူ မွှေးနံ့သာဆိုသော
ကောင်မလေးတစ်ယောက်ပါထပ်တိုးလာခဲ့ပါပြီ။ဟောင်းနွမ်းတဲ့
အ၀တ်အစားတွေသာဆင်ရသောကျွန်တော်လဲ မမရဲ့ ကျေးဇူးနဲ့ မင်းသားတစ်ပါးလို
ကျော့လို့၊မမက ကျွန်တော့်အပေါ် နောက်ပိုင်းတော်တော်ကောင်းလာတယ် လစာအပြင်
အပိုပေးသည့်မုန့်ဖိုးက တစ်ခါတလေ လစာထက်ပင်များနေသေးတယ်။အိမ်ဆိုလျှင်လဲ
မမအတွက် စားအိမ်သောက်အိမ်လိုပါပဲ
ကျွန်တော်ပြန်လျှင်လိုက်လာပြီး ညီလေးညီမလေးအတွက်မုန့်တွေဝယ်လာကာ
အမေ့ကိုလဲ အမကြီး အမကြီးနှင့်
တကယ့်ငယ်ပေါင်းကြီးဖော်လိုဆက်ဆံရှာပါသည်။နံ့သာနှင့်ကျွန်တော်
ရင်းရင်းနှီးနှီးနေလျှင်တော့ မမ မကြိုက်ပါ ဒါကလဲ သူ့တူမလိုဖြစ်နေတော့
နံ့သာအတွက်စိုးရိမ်လို့နေပါလိမ့်မယ်လေ။အခုဆို အမေက အိမ်မှာ
အိမ်ဆိုင်လေးဖွင့် အဖေကလဲ သက်တောင့်သက်သာ ညစောင့်အလုပ်လေးနှင့်
ကျွန်တော်တို့ မိသားစုဘ၀ဟာ တော်တော်အဆင်ပြေပျော်ဖို့ ကောင်းပါတယ်။

           မမဟာ ကျွန်တော့်အပေါ်ဘာလို့ကောင်းလဲကျွန်တော်သိပါတယ်
သူ့ဆိုင်လေးဟာ ကျွန်တော်ရောက်ပြီးနောက်ပိုင်း စီးပွားတက်လာလို့ အခုဆို
နောက်ထပ်ဆိုင်ခွဲ နှစ်ဆိုင်တောင် မမက ထပ်ဖွင့်နိုင်တော့ ကျွန်တော်နှင့်
ကံစပ်တယ်ဆိုပြီး ကောင်းနေခြင်းဖြစ်ပါလိမ့်မည်။ဒီနေ့တော့ ဆိုင်ဖွင့်တာ
တစ်နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ကိုကြီးတိုး ကျွန်တော်နှင့် နံ့သာကို
ဆိုင်မှာပဲ အပြင်က စားသောက်စရာများဝယ်ကျွေးရင်း လက်ဆောင်ပေးမယ်ဆိုလို့
အိမ်ကအ၀တ်ကောင်းကောင်းမွန်မွန်နှင့်
စမတ်ကျကျဝတ်လာခဲ့ပါသည် ဆိုင်ထဲရောက်တော့ ကျွန်တော့်ကို
အံအားသင့်စေသူကတော့ နံ့သာပါပဲ
ပုံမှန် အ၀တ်အစားကို ဘိုသီဘတ်သီဝတ်တတ်သောသူက ဒီနေ့
ပြင်ပြင်ဆင်ဆင်ဝတ်စားထားလိုက်တော့ အာပါးပါး လှလိုက်တာ နံ့သာရယ်။ထိုနေ့က
ကျွန်တော်အကြည့်တွေက နံ့သာနားမှမခွာပဲဖြစ်နေတာကို သူလဲသိတော့
ရှက်ပြုံးလေးပြုံးပြတတ်ပါတယ်။
မမကတော့ ထုံးစံအတိုင်း နံ့သာကို မျက်မှောင်ကုတ်ပြီး နောက်ထဲခေါ်သွားပြီး
တိုးတိုးတိတ်တိတ်ဘာတွေသွားဆူလဲမသိပါဘူး ပြန်လာတော့
နံ့သာမျက်နှာမကောင်းတော့ပါ။အင်းလေ ကျွန်တော်လို အလုပ်သမားတစ်ယောက်နဲ့
နံ့သာကို ဘယ်သဘောတူနိုင်ပါ့မလဲနော်။

       ထိုနေ့နောက်ပိုင်းတော့ ကျွန်တော်အလုပ်လုပ်ရတာ
အရင်ထက်ပျော်လာပါတယ် အကြောင်းရင်းကတော့ နံ့သာနဲ့ အလုပ်အတူတူလုပ်ပြီး
စကားတွေပြောနေရလို့ပါပဲ။ဒီနေ့ သစ်သစ်ကို
ကျွန်တော် ချစ်တယ်လို့ ပွင့်ပွင့်လင်းလင်းပြောထားတာ ၁၅ရက်တင်းတင်းပြည့်တဲ့နေ့ပါပဲ
မနေ့ညက အဖြေတောင်းတော့ ဒီနေ့ မေးလ်ပို့အဖြေပေးမယ်ပြောလို့ ကျွန်တော်
တော်တော်ရင်ခုန်နေပါတယ်။ဆိုင်ကိုစောစောဖွင့်ပြီး
သန့်ရှင်းရေးတောင်အရင်လို ရောက်ရောက်ချင်းမလုပ်နိုင်ပဲ အကောင့်ဖွင့်ဖို့
စိတ်စောနေပါသည် စိတ်စောနေလို့လားမသိ အကောင့်က တော်ယုံနှင့်မပွင့်
သိချင်လှပြီ သစ်သစ်ရယ် ဟော ပွင့်လာပါပြီ ရင်ခုန်သံက
လက်ချောင်းတွေထိစီးဆင်းသွားသလားမသိ လက်က အရေးထဲတုန်နေသေးတယ် တွေ့ပါပြီ
မေးလ်တွေအများကြီးထဲမှ ချစ်သူရဲ့မေးလ်လေး မျက်စိမှိတ်ပြီး ဖွင့်လိုက်တယ်
ပြီးတော့ မျက်စိကို ဖြေးဖြေးလေးဖွင့်ကြည့်လိုက်တော့ ဘာမှမတွေ့ပဲ
cspfw,fဆိုတာလေးပဲတွေ့တယ်
ဟာ မျှော်လင့်ချက်လေးတော့  သွားပါပြီကွာလို့ ၀မ်းနည်ရင်း
ကိုယ့်ဖြစ်ပျက်နေပုံကို ဘယ်သူများတွေ့လဲလို့
ဆိုင်တစ်ဆိုင်လုံး ပတ်ကြည့်လိုက်တော့ ကျွန်တော်တစ်ယောက်တည်း တော်ပါသေးရဲ့
cspfw,fဆိုတာဘာလဲလို့ တွေးနေတုန်း ကျွန်တော်.........ဟာဟုတ်ပြီ
မြန်မာဖောင့်ပြောင်းပြီး ရိုက်ကြည့်လိုက်တော့ cspfw,fဆိုတာ ချစ်တယ်ပေါ့
ပျော်လိုက်တာ သူက ကျွန်တော့်ကို ချစ်တယ်တဲ့....
ထိုနေ့က ရည်စားပူပူနွေးနွေးလေးပေါ်မလာပါ
ရှက်နေလို့ဖြစ်ပါလိမ့်မယ်။အလုပ်လုပ်ရင်းစိတ်က သစ်သစ်ဆီပဲရောက်နေရင်း
ဆိုင်မှာ နံ့သာကို သစ်သစ်လို့မှားပြီး အကြိမ်ကြိမ်ခေါ်မိတော့ နံ့သာရဲ့
မျက်စောင်းကလဲ အကြိမ်ကြိမ်ပေါ့။ညဘက်ရောက်တော့ ကိုကြီးတိုးကို သစ်သစ်ဆီမှ
အဖြေရပြီးဖြစ်ကြောင်း ဘီယာတိုက်ပြီးပြောပြတော့ "ငါ့ကောင်ကြီး
ကံကောင်းလှချေလား အမေရိကားက
ကောင်မလေးတောင်ရအောင်လိုက်နိုင်တယ် ဂုဏ်ယူပါတယ်ကွာ နောက်အခြေအနေပေးရင်
မင်းကို အမေရိကားခေါ်တောင်ခေါ်ချင်ခေါ်သွားမှာကွ"လို့
ဝမ်းသာစွာပြောပါသည်။ထိုညက အိမ်ရောက်တော့ တော်တော်နှင့်အိပ်မပျော်ပဲ
သစ်သစ်နဲ့သူ့အကြောင်းစဉ်းစားရင် စိတ်ဓါတ်ကျလိုက်
ကိုယ့်ကိုယ်ကို နှစ်သိမ့်ပြီး စိတ်ဓါတ်ပြန်မြှင့်တင်လိုက်နဲ့ ဘယ်ချိန်မှ
အိပ်ပျော်သွားမှန်းမသိပါ အိပ်မက်ထဲမှာတော့ ကျွန်တော်နှင့်သူ အမေရိကားရဲ့
လမ်းမကြီးပေါ်မှာ နောက်ဆုံးပေါ်ကားလေးနဲ့ ပျော်စရာကောင်းလိုက်တာ။

          ဒီနေ့တော့ ရည်စားပူပူနွေးနွေးလေးရဲ့ မျက်နှာကို
vzoမှာမြင်ရတော့မယ်ဆိုတော့ ရင်တော့အရမ်းခုန်မိသား ဒါတောင်
အွန်လိုင်းမှာမိုလို့ အပြင်မှာသာ တွေ့ရမယ်ဆိုရင်တော့ ဘယ်လိုနေမလဲမသိဘူး
ရည်စားတစ်ခါမှ မထားဖူးသေးတဲ့ ကျွန်တော် စိတ်လှုပ်ရှားလွန်းလို့
လက်ဖျားတွေတောင် အေးစက်နေတယ်။ချစ်သူမြင်နှာကိုမြင်ချင်ဇောကကြီး ဒီနေ့မှ
လာလိုက်တဲ့ လူတွေကလဲများ ဟိုပြေးဒီပြေးနဲ့ အင်တာနက်တောင်
ဖွင့်ချိန်မရပါဘူး။သစ်သစ်နဲ့ ပတ်သက်လာရင် ကျွန်တော့်မှာ
အဲ့လိုအဆင်မပြေမှု့ကများနေတယ်။စိတ်နဲ့ လူမကပ်ပဲ အလုပ်လုပ်နေတဲ့ကျွန်တော်
အယောင်ယောင်အမှားမှားတွေကို သတိထားမိတဲ့ နံ့သာက
"ကိုဖိုးမောင်နေမကောင်းဘူးလား"လို့တောင်မေးယူရတယ်"ကောင်းပါတယ် ဟ
ဘာဖြစ်လို့လဲ"လို့ ရှက်ကိုးရှက်ကန်းနဲ့ ပြန်ဖြေတော့"မသိပါဘူး ကြည့်ရတာ
တစ်ခုခုဖြစ်နေသလိုပဲမို့ စိုးရိမ်လို့မေးတာပါ"တဲ့
နေ့ခင်းဘက် လူနဲနဲရှင်းတော့ ထမင်းတောင်မစားသေးပဲ အကောင့်ဖွင့်လိုက်တော့
သစ်သစ်အကောင့်လေးက မီးဝါပြနေပါပြီ အိပ်သွားပြီထင်ပါတယ် ဒါနဲ့ gtalkကို
ဖုန်းလေးခါလောက်ခေါ်မှ
ဟိုဘက်မှ မီးစိမ်းနဲ့ အတူ"မောင်ရယ် အခုမှလာတာလား သစ်စောင့်နေတာကြာလှပြီ
စောင့်ရင်းနဲ့ အိပ်တောင်ပျော်သွားတယ်"လို့
အိပ်ချင်မူးတူးအသံနဲ့ပြောရှာတယ်။"ဟုတ်တယ်သစ်ရဲ့ အဖေက နိုင်ငံခြားက
သူ့ဧည့်သည်တွေကို သွားကြိုခိုင်းနေလို့ နောက်ကျသွားတာ မောင့်ကို
နားလည်ပေးပါနော်"လို့ လိမ်ညာလိုက်တယ် ။ထိုနေ့က သူနဲ့ကျွန်တော်
အချစ်အကြောင်းတွေပြောပြီး ပျော်နေလိုက်တာ အနီးနားမှ နံ့သာရဲ့ နားမလည်တဲ့
အကြည့်တစ်စုံကိုမြင်မှ ကျွန်တော် သတိဝင်ပြီး ကိုယ်ပြောနေတဲ့စကားများ
သူကြားသွားသလားလို့ စိုးရိမ်ရင်း ရှက်နေမိတယ် ဟုတ်တယ်လေ ကျွန်တော်
သစ်သစ်ကိုပြောနေတဲ့စကားတွေရဲ့ သုံးပုံ နှစ်ပုံဟာ
အလိမ်ညာတွေကြီးပဲကို။အမှန်တရားကိုသာ သစ်သစ်သိရင် ဘယ်လိုခံစားရမလဲ
မုန်းသွားမှာလား ရွံသွားမလား.........အား...မတွေးချင်တော့ဘူးကွာ။

"ဖိုးမောင်လာအုံး" " ဟုတ်ကဲ့မမ" ဆိုင်ကို မမ၀င်လာလာခြင်းခေါ်သံကြောင့်
လုပ်လက်စအလုပ်တွေထားပြီး မမအနားအမြန်ရောက်လာခဲ့ပါတယ် "မင်းသတင်းတွေ
ကြားရတာမကောင်းပါလား အခုတလော မင်း အားအားရှိ အွန်လိုင်းတက်
ဖွန်ပဲကြောင်နေတယ်ဆို ဟုတ်လား အလုပ်ထဲလဲစိတ်မ၀င်စားဘူး တစ်ခါတလေ
ဧည့်သည်များလို့ စက်တွေပြည့်နေရင်တောင် နင်သုံးနေတဲ့စက်ကို မဖယ်ပေးပဲ
စက်ပြည့်နေလို့စောင့်ပါပြောတာလဲအခါခါဆို လူမရှိလို့ နင်အွန်လိုင်းတက်
ငါဘာမှမပြောဘူး အခုဟာက ငါ့စီးပွားရေးကို ထိခိုက်လာပြီ ဒီတော့
နင့်အချိုးတွေပြင် ကြားလား"ရုတ်တရက် ဒီစကားတွေကြားလိုက်ရတော့ "ဟာ မမကလဲ
မဟုတ်ပါဘူး ဘယ်သူပြောလဲ နံ့သာပြောတာမဟုတ်လား" "နင်မဆိုင်တဲ့ နံ့သာကို
သွားမဲမနေနဲ့ ငါဆိုင်မှာ အမြဲမရှိပေမယ့်
ပြန်ပြောမယ့်သူတွေအများကြီးဆိုတာနင်သိထားပါ ဒါပဲ"လို့ စကားကို ဖြတ်ကာ
ဆိုင်အပြင်သို့
စိတ်ဆိုးပြီးထွက်သွားပါသည်။ကျွန်တော်ကလဲ ကျွန်တော်ပါပဲ အခုတလော
မမပြောတဲ့အဖြစ်မျိုးတွေလုပ်မိနေတယ်။ ကျွန်တော် အချစ်ကို တကယ်တွေ့မိလို့
အပြစ်တွေလုပ်နေတာလား ဒါမှမဟုတ် သာယာတဲ့ စကားသံတွေထဲမှာ မြောနေတာလဲ
သေချာကိုမသိသေးပါဘူး။

             "မောင် နောက်တပတ် သစ်မွေးနေ့ရှိတယ်နော် မောင်
ချစ်သက်လက်ဆောင် ဘာပေးမှာလဲဟင် သစ်မောင့်ဆီက တန်ဖိုးကို အဓိကမထားပဲ
အမှတ်တရလက်ဆောင်လေးတော့ လိုချင်တယ်နော် လိပ်စာလဲပေးထားပြီးပြီ
မွေးနေ့အမှီပို့ပေးရမယ်နော်"လို့ သစ်သစ်က ပူဆာပါတယ်
ဘယ်တတ်နိုင်မလဲ စုထားတဲ့ ပိုက်ဆံလေးနဲ့ ၀ယ်ပေးရတော့မှာပေါ့
ကိုယ်ကအစကတည်းက  ပိုက်ဆံရှိ
သားသမီးလို့ ပြောထားတာကို ကိုယ့်အတတ်ကိုယ်စူးတာပေါ့။ထိုအပတ်သူ့ကို
အရုပ်လက်ဆောင်ဝယ်ပြီးပို့ပေးလိုက်တာ စုထားတဲ့ပိုက်ဆံအပြင် မမထံမှ
ကြိုတင်ငွေ လ၀က်စာပါပြောင်သွားပါတယ်။


               "ဖိုးမောင် မျက်နှာလဲမကောင်းပါလား
နေမကောင်းလို့လား"နံ့သာက ဆိုင်မှာကျွန်တော်မှိုင်နေတာ
တွေ့တော့မေးပါသည်။"နေကောင်းပါတယ်ဟာ ဒါပေမဲ့ လကုန်တော့မယ်ဟ"
"လကုန်တော့ ဘာဖြစ်လဲ လကုန်တော့ လစာရမှာမို့ နင်စိတ်ညစ်နေတာလား"လို့
ရွဲ့မေးပါသည်"လစာရမှာတော့ငါ့သိတာပေါ့ ဒါပေမဲ့ဒီလ မမဆီကငါယူသုံးထားတာ
လစာတောင်ကျန်ပါ့မလားမသိဘူး လစာမကျန်ရင် အိမ်ကိုဘယ်လိုအပ်မလဲဟ ဒါကြောင့်
ငါညစ်နေတာ'လို့ အမှန်အတိုင်းပဲ ပြောပြမိတော့"အင်းပါဟာ နင်ဘာတွေသုံးလဲ
အတိအကျမသိပေမယ့် ပစ္စည်းတွေ ခဏခဏ၀ယ်ပြီး နင့်ကောင်မလေးကို ပို့ပေးနေတာတော့
ငါရိပ်မိပါတယ် ဒါပေမဲ့ နင့်ချစ်သူမို့နင်ပို့တာ
အပြစ်မပြောချင်ပေမယ့် ငါတို့ဟာ မရှိဆင်းရဲသား ပြီးတော့မိဘကိုရှာကျွေး
နေရတဲ့သူတွေဆိုတော့
တစ်ခုခုလုပ်မယ်ဆို ကိုယ့်မိသားစုကို အရင်ပြန်ကြည့်ပေါ့ဟာ" နံ့သာပြောတာ
ဟုတ်ပါသည် သစ်သစ်ဆီကို
ကျွန်တော် ၀ယ်ပို့သည့် ပစ္စည်းတွေဟာ နှစ်ကြိမ် သုံးကြိမ်မကတော့ပါ
သစ်သစ်ကလဲကျွန်တော့်ကို တကယ် သူဌေးသားထင်ပြီး ဟိုပွဲရှိရတာနဲ့
ဒီပွဲရှိလို့ မောင်ပေးတဲ့ အ၀တ်အစားလေးနဲ့ တက်ချင်လို့ပါ
ဝယ်ပို့လိုက်ဆိုတော့လဲ မနေနိုင်တဲ့ ကျွန်တော်က ရတဲ့နေရာက ပိုက်ဆံရှာပြီး
ပို့ပေးမိတော့ အခု အိမ်ကို လစာအပ်ဖို့မပြောနဲ့ သူငယ်ချင်းတွေဆီက
ချေးထားတဲ့ ပိုက်ဆံတောင် ဘယ်လိုဆပ်ရမှန်းမသိဖြစ်နေမိသည်။အတွေးတွေနဲ့
စိတ်ညစ်နေတုန်း "ဖိုးမောင်ရယ် အရမ်းလဲ စိတ်ညစ်မနေပါနဲ့ ဒီလငါ့ဆီကနေယူပြီး
အိမ်ကိုပေးလိုက် ပြီးရင် နင်အဆင်ပြေမှငါ့ကိုပြန်ဆပ်ပေါ့ဟာ ဟုတ်ပြီလား
နင်စိတ်ညစ်နေတော့
ငါလဲမပျော်ဘူးဟ"လို့ပြောပြီးထွက်သွားပါတော့သည်။တော်ပါသေးရဲ့ ဒီလတော့
နံ့သာ ကယ်ပေလို့။

           "ဖိုးမောင် မင်းအဖေတော့ ဒုက္ခရောက်ပြီ"
ရပ်ကွက်လမ်းထိပ်ရောက်ရောက်ချင်း အသိတစ်ယောက်က အစမရှိ
အဆုံးမရှိစကားကြောင့် ရင်ထဲထိတ်သွားပြီး"ဘာဖြစ်လို့လဲဗျ အကို့စကားက
အစမရှိအဆုံးမရှိနဲ့ အဖေဘာဖြစ်လို့လဲ""ဒီလိုကွ မင်းအဖေ ညစောင့်လုပ်တဲ့
ဂိုထောင်က
ပစ္စည်းတွေ ညကအခိုးခံရလို့  ပိုင်ရှင်က မင်းအဖေပါ ကြံရာပါလို့ စွပ်စွဲပြီး
ပစ္စည်းတန်ဖိုးတွေ ရော်ခိုင်းနေတယ် တကယ်လို့ မရော်ရင် ရဲတိုင်မယ်
လုပ်နေလို့ မင်းတို့အိမ်မှာ မင်းအမေလဲ အရူးတစ်ပိုင်းဖြစ်နေလေရဲ့
မင်းလဲမြန်မြန်ပြန်"ဆိုပြီး သူလဲ အနားမှ ထွက်သွားပါသည်။ဒါက
မဖြစ်နိုင်ပါဘူး ဒီလူ စတာပဲနေမှာပါလို့ စိတ်ကိုတင်းပြီး
အိမ်သို့အပြေးပြန်ခဲ့ပါသည် အိမ်ရောက်တော့ အမေက ကျွန်တော့်မြင်ပြီး
ပြေးဖက်ကာ"သားကြီးရေ မင်းအဖေသူတော်ကောင်းကြီးကို
ပစ္စည်းခိုးတဲ့သူတွေနဲ့ပေါင်းပြီး ပစ္စည်းတွေခိုးတယ်လို့
သူတို့စွပ်စွဲနေကြတယ် ပစ္စည်းတန်းဖိုးမလျော်ပေးရင် ထောင်ချမယ်လို့လဲ
ပြောနေကြတယ် အမေတို့ဘယ်လိုလုပ်ကြမလဲ"လို့ ငိုကြီးချက်မနှင့်
ရှိုက်သံတွေနဲ့ပြောနေရှာသည်။ အဖေဒီလိုလုပ်မယ့်လူမျိုးမဟုတ်ဘူးဆိုတာ
ကျွန်တော်အကြွင်းမဲ့ ယုံကြည်ပါတယ်။ဒါပေမဲ့လည်း
ကျွန်တော် ခြေလှမ်းများနောက်ပြန်ရင်း ဆိုင်သို့
မမဆီအပြေးလေးလှမ်းလာခဲ့သည် ကံကောင်းချင်တော့မမရှိနေသည်
အကျိုးအကြောင်းပြောပြတော့ မမချက်ချင်းလိုက်လာပြီး သူ့နည်း
သူ့ဟန်ပြဿနာကိုရှင်းလိုက်သည်။ကံကောင်းတာက အဖေလုပ်တဲ့ ဂိုဒေါင်မှာ
CCTVနေတော့ အားလုံးပြန်စစ်လိုက်တော့ သူဌေးသားက
သူ့သူငယ်ချင်းတွေနဲ့ပေါင်းပြီးခိုးခြင်းထင်ရှားသောကြောင့် အဖေဘာမှ
မဖြစ်ခဲ့ပေ။ထိုအဖြစ်အပျက်ကို စာရင်းချူပ်လိုက်တော့ အမေဖွင့်ထားသော
အိမ်ဆိုင်လေးပြောင်သွားသည်။အဖေလဲ အလုပ်ပြုတ်သွားသည်။

            ကျွန်တော့်အဖြစ်အပျက်များကိုသိသော နံ့သာသည် ကျွန်တော့်ကို
အရိပ်တကြည့်ကြည့်နဲ့ ကျွန်တော်မှိုင်နေတာ တွေ့လျှင်ချက်ချင်းလာပြီး
အားပေးစကားပြောကာ နှစ်သိမ့်တတ်ပါသည် ကျေးဇူးပါ နံ့သာရယ်လို့
အကြိမ်ကြိမ်စိတ်ထဲမှာပြောနေမိတယ်။vzoမှာ ကျွန်တော်မျက်နှာကိုတွေ့နေရသော
ကျွန်တော့်ချစ်သူသစ်သစ်သည် ကျွန်တော်ဘယ်လိုခံစားချက်တွေရှိနေတယ်ဆိုတာ
နဲနဲမှမသိတာတော့ ကျွန်တော်အံသြမိပါသည်။ဒီနေ့လဲ ချစ်သူများနေ့အတွက်
လက်ဆောင်ပို့ပေးပါအုံးတဲ့ ချစ်သူဖြစ်တဲ့ သက်တမ်းလေးလလောက်မှာ
သူဘက်ကပို့ပေးတာဆိုလို့ စက္ကူလေးတစ်ရွက်တောင် ကျွန်တော်မရဖူးပါဘူး
ကျွန်တော့ဘက်ကပေးရတာတွေက မနည်းဘူး အကြွေးတွေလည်းမနည်းတော့ဘူး
ဘယ်လိုဆပ်ရမှန်းတောင်မသိသေးတာ လာပြန်ပြီလက်ဆောင်တဲ့ ဘယ်သူ့ဆီထပ်ချေးရမလဲ
သေချင်တယ်။

         "သားလာအုံး အမေပြောစရာရှိလို့"အိပ်ယာဝင်ဖို့ပြင်နေတုန်း
အမေကခေါ်လို့သွားတော့'ဒီနေ့သားရဲ့ဆိုင်ရှင်မမ အမေ့ဆီလာသွားပြီး
အမေ့ကိုကိစ္စတစ်ခုတောင်းဆိုသွားတယ် အမေလဲတစ်ညနေလုံးဒီစကားကို
သားကိုပြောရင်ကောင်းမလား
မကောင်းဘူးလားစဉ်းစားနေတာ""ပြောပါရပါတယ်အမေရဲ့
သားအမိချင်းတွေပဲ"ဒီလိုသားရဲ့ သူက သားကို လက်ထပ်ချင်တဲ့အကြောင်းလာပြောတာ
အသက်အရွယ်က အရမ်းကွာနေတော့ အမေလဲသားကိုပြောမထွက်ဘူး"ကြားလိုက်ရတဲ့
စကားကြောင့် နားကို မိုးကြိုးပစ်ချလိုက်သလိုခံစားလိုက်ရသည်"ဟာအမေကလဲ
သူ့အသက်အရွယ်မှ အားမနာဗျာ အမေကကော ဘယ်လိုပြန်ပြောလိုက်လဲ""အမေလဲ
နားလည်ပါတယ် ဒါပေမဲ့ သူ့ကျေးဇူးတွေက အမေတို့အပေါ်တော်တော်များနေတော့
အမေအပြတ်ငြင်းရမှာအားနာလို့ ကြည့်ကောင်းအောင်
သားပြန်လာရင်မေးလိုက်အုံးမယ်လို့ပြောလိုက်တယ် သားကိုယ်တိုင်စဉ်းစားပေါ့
အမေကတော့ မကန့်ကွက်သလို အားလဲမပေးပါဘူး" အော်သူဘာကြောင့်များ
ကျွန်တော်တို့မိသားစုအပေါ်ဒီလောက်ကောင်းနေလဲလို့ စဉ်းစားနေတာ လက်စသတ်တော့
ဒီအကြံနဲ့ကို
အချစ်နဲ့ မိသားစုကြားမှာ ကျွန်တော်ဘယ်လိုဆုံးဖြတ်ရမလဲနော်။
           ဆိုင်မှာ မမနဲ့တွေ့ မမမျက်နှာက အနည်းငယ်ရှက်သွေးဖြာနေပေမယ့်
ထူးထူးခြားခြားအမူအရာပြောင်းနေတာတော့မရှိ။အမူအရာပျက်ပြီး ဘာလုပ်လို့
ဘာကိုင်ရမှန်းမသိတာကကျွန်တော်ပါ။နံ့သာကတော့ ဒီအဖြစ်တွေဘာတစ်ခုမှမသိရှာပါ။
ညဘက်ဆိုင်ပိတ်တော့ ကိုကြီးတိုးနှင့် အရက်ဆိုင်လိုက်ဖြစ်ပြီး စိတ်ညစ်တာနဲ့
ကိုကြီးတိုးတားပေမယ့်
အရက်စသောက်ဖြစ်သည် ပြီးတော့ ကျွန်တော်ရင်ထဲက အဆင်မပြေမှု့များကို
ဖွင့်ဟပေါက်ကွဲလိုက်သည်။
'မင်းကောင်မလေးကကော မင်းကို ဟိုကိုခေါ်ဖို့
စကားလေးတောင်မဟဘူးလား"ကိုကြီးတိုးမေးတော့ ရင်နာနာနဲ့"အလကားပါဗျာ
ခေါ်ဖို့မပြောနဲ့ သူ့မိသားစုအကြောင်းတောင် ဘာတစ်ခုမှပြောပြတာမဟုတ်ဘူး
အထင်ကြီးပြီး ရင်းလိုက်တာ ပိုက်ဆံလဲ တော်တော်ကုန်နေပြီ"'ဒါဆို
မင်းစဉ်းစားဖို့တော့ သင့်နေပြီ ပြီးတော့ စမ်းသပ်မှု့လဲ
လုပ်သင့်ပြီ""စမ်းသပ်မှု့ အဲ့ဒါက ဘယ်လိုလုပ်ရမှာလဲ
ကျွန်တော်နားမလည်ဘူး"လို့ အာလေးလျှာလေးနဲ့မေးမိတော့"ဟကောင်မင်းကလဲ
လည်မလိုနဲ့ အ လိုက်တာ မင်းသူ့ကို နာမည်တစ်မျိုး အကောင့်တစ်မျိုးနဲ့
ကျူကြည့်ပေါ့ လွယ်လွယ်လေးပဲဟာကို"လို့ အကြံပေးတယ် အင်း
ကိုကြီးတိုးပြောတာဟုတ်တယ် မနက်ဖြန် အဲ့လိုစမ်းရမယ်။ဒီလိုနဲ့
ဟိုအကြောင်းပြောဒီအကြောင်းပြောနဲ့ မသောက်ဖူးတော့ အရမ်းမူးပြီး အိမ်ကို
တော်တော်နောက်ကျမှ ကိုကြီးတိုးတွဲပြီးလိုက်ပို့ရသည်
ကံကောင်းတာအိမ်ရောက်တော့ တစ်အိမ်လုံးအိပ်တော့
ကိုယ့်ဟာကိုမူးပြီးအိပ်ပျော်သွားသည်။
       ဒီနေ့ဆိုင်ရောက်တော့ မနေ့က ကိစ္စကို အကောင်အထည်ဖော်ရသည် သစ်သစ်ကို
အကောင့်သစ်တစ်ခုနဲ့ အက်လိုက်သည်။ထုံးစံအတိုင်း သုံးရက်လောက်မှ လက်ခံသည်
gtalkမှာ စာရိုက်ပြောရင်း သူ့အကြောင်းတော်တော်သိရသည် ဒီတခါနာမည်က ဖူးသစ်စ
မဟုတ်တော့ပါ
စနိုးတဲ့ ရီရလိုက်တာ ကျွန်တော်ခံလိုက်ရပြီပေါ့ သူက gtalkမှစကားပြောမည်ပြောသောအခါ
ကျွန်တော်အကြောင်းအမျိုးမျိုးပြပြီးစကားမပြော တကယ်လို့စကားပြောရင်
ကျွန်တော့်အသံမှတ်မိသွားမည်စိုးသောကြောင့်ဖြစ်ပါသည်။ကံကောင်းတာက
သူကကျူတဲ့အပိုင်းမှာသာ ကျွမ်းကျင်ပြီး နည်းပညာအားနည်းတော့ ကျွန်တော့်
IPကို မဖတ်နိုင်ပါ။

       'သစ် မောင့်ကို သစ်ရဲ့
passwordလေးပေးနိုင်မလား"ဖိုးမောင်အကောင့်နဲ့ သူ့ဆီကတောင်းတော့'ဘာလဲ
မောင်ကသစ်ကိုမယုံလို့လား""မဟုတ်ပါဘူး သစ် သူငယ်ချင်းတွေနဲ့
ချက်တာလေးတွေသိချင်လို့ပါ မောင့် ပတ့် ကျတော့ သစ်ကိုပေးထားရတယ်
သစ်ကကြတော့မပေးဘူး'လို့ဇွတ်အတင်းတောင်းတော့
အကောင့်ပိတ်သွားသည်။နောက်တစ်နာရီလောက်ကြာမှ "sorry အခုဏလိုင်းကျသွားလို့
မောင်ပတ့်လိုချင်လို့လား ရပါတယ် မောင် ဒါကသစ်ပတ့်ပါဆိုပြီး ပတ့်ပေးပါသည်။
ကျွန်တော်အဲလောက်တော့ မအသေးပါ ခုဏအကောင့်ပိတ်ပြီး chat history
တွေကိုဖျက်လိုက်ပြီးမှ ကျွန်တော့်ကို သူ့ passwordပေးတာပါ။ဖွင့်ကြည့်တော့
ထင်သည့်အတိုင်း တခြားအကောင့်နှင့် ချက်ထားတဲ့ဟာမရှိတော့ပါ။အော်
အွန်လိုင်း အွန်လိုင်း သူလဲလိမ် ကိုယ်လဲညာပဲနော်။ဒီဇာတ်လမ်းကို
ရင်နာနာနဲ့ အဆုံးသတ်ဖို့ကောင်းနေပါပြီ။နှစ်ရက်သုံးရက်လောက်စဉ်းစားပြီး
ကျွန်တော် သူ့ကိုစမ်းသပ်တဲ့ အကောင့်နဲ့သူ့ကို vzoချက်မလားမေးပြီး
သူကချက်မယ်ပြောတော့ အကောင့်တစ်ခုပေးပြီး vzoမှခေါ်လိုက်ပါသည်။
သူဖွင့်လိုက်တော့ ပေါ်လာပါပြီ သစ်သစ်မျက်နှာချစ်စရာလေး
ကျွန်တော်အကြာကြီးထိုင်ကြည့်နေတုန်း'ယူ့ ကင်မရာလဲဖွင့်လေ ဒီဘက်ကကြတော့
ဖွင့်ထားပေးရတယ်
ယူကမဖွင့်ရင်တော့ ပိတ်လိုက်မယ်လို့"နှုတ်ခမ်းလေးစူပြီးပြောနေသည်
ကျွန်တော်လဲ ကင်မရာကိုတမင်မဖွင့်ပဲထားတာပါ ဆုံးဖြတ်
ဖိုးမောင်မင်းဆုံးဖြတ်လို့ စိတ်ကအသိပေးနေတော့ နောက်ဆုံး ဆုံးဖြတ်ချက်ချကာ
ကင်မရာကို တုန်ရီနေတဲ့ လက်နဲ့ ဖွင့်လိုက်ပါသည် သူလဲကျွန်တော့် မျက်နှာကို
မြင်လိုက်ရတော့ 'မောင် မောင် မောင်မဟုတ်လားဆိုပြီး"အလန့်တကြားမေးပါသည်
ကျွန်တော်ဘာမှ မဖြေတော့ပဲ အကောင့်ကိုပိတ်လိုက်ပါသည်
သူသေချာကြည့်နေမယ်ဆိုရင်တော့ နောက်ဆုံးအနေနဲ့ ကျွန်တော့်မျက်ရည်စက်တွေကို
သူမြင်ပါလိမ့်မည်။

      'ဖိုးမောင် အခုတလော နံ့သာ သတိထားမိတာ တစ်ခုရှိတယ် ဘာလဲသိလား""ဘာလဲပြော"
"ဖိုးမောင် အင်တာနက်လုံးဝမသုံးတာ တစ်ပတ်လောက်ရှိပြီနော် ဘာလို့လဲ
ကောင်မလေးနဲ့ အဆင်မပြေဘူးလား"လို့မေးတော့ ကျွန်တော် လိမ်ညာရတာ
မုန်းနေမိတော့ အမှန်အတိုင်းပဲ"ဟုတ်တယ်ဟ သူနဲ့ငါပြတ်သွားပြီ"လို့
ဖြေလိုက်တော့ နံ့သာမျက်နှာလေးပေါ်မှာ ဘာကြောင့်မှန်းမသိ ပြုံးသွားသလို ခံစားမိပါတယ်။

      နောက်နဲနဲကြာတော့ ကိုကြီးတိုး ဘယ်ကနေစုံစမ်းလာသည်မသိ သစ်သစ်အကြောင်းကို ကျွန်တော့်ကိုပြောပြပါသည်။သစ်သစ်ဟာ အမေရိကားမှာကျောင်းတက်တာလဲမဟုတ် မိသားစုလဲမရှိ
တကိုယ်တည်းနေပြီး အလုပ်လုပ်နေတဲ့သူပါ အွန်လိုင်းမှာလဲ ကျွန်တော့်လို လူမျိုးတွေဆီက လက်ဆောင်လဲ လိမ်ညာတောင်းပြီး သူ့ဆီရောက်လျှင် လိုတာသုံးပြီး မလိုတာ ပြန်ရောင်းချတယ်လို့လဲသိရပါတယ်။ရိုးသားမှု့မရှိတဲ့ သူနဲ့ကျွန်တော့်အချစ်ဟာလဲ ဘယ်မှာ အချစ်စစ်ဖြစ်နိုင်ပါ့မလဲ သူနဲ့ လမ်းခွဲတော့လဲ ကျွန်တော်မခံစားရပါဘူး တကယ်တော့ သူ့ကိုချစ်တယ်ဆိုတာလဲ အကျိုးအမြတ်ကိုလိုချင်လို့ချစ်ခဲ့တာပဲလေ။သူကလဲ အကျိုးအမြတ်အတွက်ချစ်တာပဲမို့ ဒီပွဲမှာ သရေပါပဲ ကျွန်တော်က ပစ္စည်းတွေဝယ်ပေးရတဲ့ ငွေရှုံးသလို သူကလဲ လိမ်ညာစားတယ်ဆိုတဲ့ ဂုဏ်သိက္ခာရှုံးတာပေါ့။

      အခုဆိုရင် ကျွန်တော့်မိသားစုအခြေအနေဟာ ကျွန်တော်အလုပ်မရှိပဲနေခဲ့သည့်တုန်းက အခြေအနေမျိုးနီးနီးပြန်ရောက်နေပါပြီ အဆင်ပြေတဲ့ဘ၀ဟာ တစ်နှစ်လောက်ပဲ ခံစားခဲ့ရပါတယ်။
လက်ရှိအဖေကလဲ အလုပ်လက်မဲ့ နေ့တိုင်းအရက်ကိုအဖေါ်လုပ်နေတဲ့ အရက်သမားကြီးဘ၀ကိုရောက်နေပါပြီ အမေကလဲ ဘာမှမလုပ်တတ်မကိုင်တတ် အရွယ်မရောက်သေးတဲ့
ညီလေး ညီမလေး ဒီမိသားစုကို အပြေအောင် ဘယ်လိုပြန်လုပ်ရပါ့မလဲနော်။တကယ်ဆို ကျွန်တော် ထမင်းလေးနပ်မှန်တာကို ဘ၀င်လေဟတ်ပြီး လုပ်ချင်တာလုပ်ခဲ့တာက အဓိက တရာခံပါ။ရှေ့ဆက်ဘယ်လိုသွားရတော့မယ်ဆိုတာလဲ ကျွန်တော်မသိတော့ပါဘူးဗျာ။

        ဒီနေ့ ဆိုင်ရှင်မမကို အတိအကျအဖြေပေးရမယ့်ရက်ပါ လက်ထပ်မယ် လက်မထပ်ဘူးဆိုတာကိုပေါ့
ကျွန်တော့် မိသားစု ဘ၀အခြေအနေပြောင်းလဲခြင်းဟာလဲ မမကိုလက်ထပ်ခြင်း မထပ်ခြင်းအပေါ်အများကြီးမူတည်နေပါတယ်။ လက်ထပ်လိုက်ရင် အားလုံးအဆင်ပြေသွားပြီး လက်မထပ်ရင်တော့   အတွေးတောင်မဆုံး မမ ဆိုင်ထဲသို့ ရောက်လာပါသည်။အခြေအနေအားလုံးကို သိထားသော နံ့သာကလဲ ကျွန်တော့်အဖြေက ဘာလဲဆိုတာကို သိချင်လို့ ကျွန်တော်တို့အနားမှာ ရစ်သီ ရစ်သီနဲ့ပေါ့။
"ကဲ ဖိုးမောင် မမတို့ ပွင့်ပွင့်လင်းလင်းပြောကြတာပေါ့ မမရဲ့တောင်းဆိုမှု့ကို မင်းလိုက်လျောလို့ရသလို ငြင်းဆန်လို့လဲရပါတယ် မမအသက်အရွယ်နဲ့ မင်းကအရမ်းကွာနေတော့
မင်းငြင်းရင်လဲ မမစိတ်မဆိုးပါဘူး။မင်းဆီက ရိုးသားတဲ့အဖြေတစ်ခုပဲလိုချင်တယ်"
ဘယ်လိုဆုံးဖြတ်ရမလဲ မိသားစုဘ၀ကလဲရှိသေးတယ် မမကိုယူလိုက်ရင် အခွင့်အရေးအကျိုးအမြတ်တွေကအများကြီး
အကျိုးအမြတ် >>>အကျိုးအမြတ်  ဆုံးဖြတ်လိုက်ပါပြီ။

"မမကို ကျွန်တော်လက်မထပ်နိုင်ပါဘူး ဘာလို့လဲဆိုတော့ အသက်အရွယ်က အဓိက မဟုတ်ပေမဲ့
အဓိက ကမမကို ကျွန်တော်မချစ်လို့ပါပဲ အချစ်မပါပဲ လက်တွဲရမယ့် ကျွန်တော်တို့ ဘ၀ခရီးဟာလဲ ဖြောင့်ဖြူးမယ်လို့ ကျွန်တော်မထင်ပါဘူး ဒါကြောင့် အားနာနာနဲ့ပဲ ငြင်းပါရစေနော်
မမကို ကိုယ့်အမတစ်ယောက်လိုပဲ သဘောထား အားကိုးမိတာပါ"လို့ ပြတ်ပြတ်သားသားပဲ အဖြေပေးလိုက်ပါတော့သည်။အဖြေစကားကိုကြားတော့ မမ မျက်ရည်တွေတောင် ၀ဲနေပါတယ်
အခုတော့ မမ ခံစားနေရပါလိမ့်မယ် ကျွန်တော် မမတသက်တာ မခံစားရအောင်လို့ ဒီလို ဆုံးဖြတ်လိုက်တာပါ။"ပြီးတော့ ကျွန်တော့်ကို အလုပ်ထွက်ခွင့်ပေးပါ မမအပေါ်တင်နေတဲ့ အကြွေးတွေကိုလဲ အလုပ်သစ်ရှာလုပ်ပြီး ကျေအောင်ဆပ်ပါ့မယ် ဒီလိုပြောလို့ ကျွန်တော့်ကို တမျိုးမထင်ပါနဲ့ ဒီမှာဆက်လုပ်နေရင် မမကို အားကိုးတတ်တဲ့စိတ်ကိုဖျောက်လို့မရမှာစိုးလို့ပါ ဒီနေ့ကစပြီး ကိုယ့်အားကိုယ်ကိုးပြီး ရိုးသားတဲ့လူတစ်ယောက်အနေနဲ့ ရပ်တည်ချင်လို့တောင်းဆိုတာပါ ကျွန်တော့်တောင်းဆိုမှု့ကို လိုက်လျောပေးပါ"
ကျွန်တော် ဆုံးဖြတ်ချက်ကို မမကကြားတော့"အင်း ဒါဆိုလဲ ကောင်းပါပြီကွယ် မင်းဆန္ဒကို မမလိုက်လျောပါ့မယ် မမအကြွေးတွေကတော့ အရေးတကြီးဆပ်စရာမလိုပါဘူး မင်းမိသားစုကို အရင်ဆုံးအဆင်ပြေအောင် လုပ်ပြီးမှ မမအကြွေးတွေကို တဖြေဖြေဆပ်ပေါ့ လိုအပ်တဲ့ အကူအညီလိုရင်လဲ အချိန်မရွေးလာတောင်းနိုင်ပါတယ် အလုပ်သစ်ရပြီး အဆင်ပြေပါစေလို့လဲ မမဆုတောင်းပေးပါတယ်"လို့ မမကစိတ်မကောင်းစွာပြောတော့ ၀မ်းတော့ နည်းမိသား ဒါပေမဲ့လဲ မတတ်နိုင်ဘူးလေ။

        စိတ်သစ် လူသစ်နဲ့ ဘ၀ကိုရဲရဲရင်ဆိုင်မယ်လို့ ဆုံးဖြတ်ပြီး ဆိုင်ကနေထွက်လိုက်သည်။ဆိုင်ပြင်ရောက်တော့ အချိန်အကြာကြီးလုပ်ခဲ့သော ဆိုင်လေးကို နှုတ်ဆက်အကြည့်နဲ့ ရပ်ကြည့်နေမိတယ် ဒီဆိုင်လေးက ကျွန်တော့်ဘ၀အတွက် အမှတ်တရအမျိုးမျိုးပေးခဲ့သော ဆိုင်လေးမို့ ခွဲသွားရမယ်ဆိုတော့ လွမ်းမိသလိုပါပဲ...အလွမ်းဆုံးကတော့
သက်ရှိတစ်ဦးတစ်ယောက်ကိုပေါ့ ဟူး မဖြစ်နိုင်မယ့်အတွေးကို အတွေးတော့ပဲ ဆိုင်ကို ကျောခိုင်းပြီး ခြေးလှမ်းဆယ်လှမ်းလောက်တောင်မပြည့်သေး နောက်ဘက်မှ လူပြေးလိုက်လာတဲ့
ခြေးသံကိုကြားလို့ ရပ်မိမလိုဖြစ်တော့ နွေးထွေးတဲ့ လက်လေးတစ်ဘက်က အေးစက်နေတဲ့ ကျွန်တော်လက်လေးကို လှမ်းဆွဲလိုက်တာမို့ လှည့်ကြည့်လိုက်တော့ မျက်ဝန်းမှ မျက်ရည်တွေအပြည့်နဲ့
ကောင်မလေးတစ်ယောက် ကျွန်တော့်ကိုစိုက်ကြည့်နေပါသည်။ရိုးသားတဲ့ ချစ်ခြင်းဆိုတာကို ရင်ဘတ်ထဲက နှလုံးခုန်သံက သက်သေပြနေပါပြီ အချစ်ဆိုတာ ဘာလဲဆိုတာလဲ နားလည်လိုက်ပါပြီ
ခြေလှမ်းသစ်အတွက် ခွန်အားတွေပေးတဲ့ ကောင်မလေးကို ချစ်လဲချစ် ကျေးဇူးလဲတင်ပါတယ်။


လွင်ပြင်လှိုင်းငယ်

ဖြေပေးပါ

                                                   မုန်တိုင်းလှိုင်းတံပိုးတွေကြား
  လူးလွန့်လှေငယ်လေး
 ဘယ်သောင်ပြင်မှာဆိုက်ကပ်ရမလဲ
  ဖြေပေးပါ ။ 
  လေအဟုန်စုန်ဆန်ကာပျံသန်းနေရတဲ
အသိုက်ပျောက်ငှက်ကလေး
  ဘယ်ဆီမှာခိုနားရမလဲ
  ဖြေပေးပါ ။
 ရောင်စုံခြယ် လူတွေကြားထဲ
  အထီးကျန်နေသူလူသားတစ်ဦးလဲ
ဘယ်ဆီမှာ ရှင်သန်ရမလဲ
ဖြေပေးပါ ။
ရေးသားသူ>>>>မိုးစက်ငယ်
(သူငယ်ချင်းမလေး မိုးစက်ငယ်ရဲ့ ရင်တွင်းမှ ကဗျာတစ်ပုဒ်ဖြစ်ပါသည် ။)

ကျေးဇူးပါမေမေ (မွေးနေ့ လက်ဆောင်ပို့စ်)


      
   အရိုးကွဲမတတ် ဆောင်းတစ်ညမှာ ချွေးသီးတွေ အဖြိုင်ဖြိုင်ကျပြီး နာကျင်တဲ့ ဝေဒနာ အံ့ကိုတင်းတင်းကျိတ် ချစ်ခြင်းအတွက်
အသက်ကိုလောင်းကြေးထပ် သေမင်းနဲ့စစ်ခင်းနေတဲ့ သူမရဲ့ မျက်ဝန်းတွေဟာ မောပန်းလွန်းလို့ ပြာဝေနေပါလိမ့်မယ်။
သူ့ဘ၀ထဲမှာ ကြင်နာရမဲ့သူတစ်ယောက်အတွက် နာကျင်တဲ့ဝေဒနာကို ကြည်ဖြူစွာပဲခံစားနေရတဲ့အဖြစ် လပေါင်းများစွာ ရှောင်ရှားရတဲ့ အစားအသောက်
သူလေး လူ့လောကထဲရောက်လာရင် ချို့ယွင်းချက် အပြစ်အနာအဆာမဲ့တပေါက်မှ မရှိအောင် ဂရုစိုက် သွားလာရတဲ့ဒုက္ခတွေကို တဖြေးဖြေးကြီးပြင်းရင့်လာတဲ့
အင်္ကျီပွပွလေးကိုကိုင်ပြီး ဒုက္ခကို သုခလို့အသွင်းပြောင်းပြီး နေလာရတဲ့ လပေါင်းနည်းမှာမဟုတ်ပါဘူး  ။ဒီလိုနဲ့ လူတွေအေးလို့ကွေးနေတဲ့ ဒီဆောင်းညနက်နက်မှာ သူမတစ်ယောက်ကတော့ ရင်သွေးဆိုသော သူလေးအသက်ရှင်လျက် လူ့ဘ၀ကိုရောက်ရှိဖို့ သူမအသက်ကို ကြည်ဖြူစွာရင်း
သေမင်းကိုစိန်ခေါ်ပြီး ရှိသမျှအားအင်ကိုသုံးလိုက်တော့ "မွေးပြီမွေးပြီ သမီးလေးတော့"လို့ ပီတိသံတွေဖုံးလွမ်းရင်းမောပန်း
စွာပြောတဲ့ ဆရာမလေးရဲ့ စကားအဆုံးမှာတော့ မောပန်းပြီး အားအင်ကုန်ခန်း ပြာဝေနေတဲ့ မျက်ဝန်းကချက်ချင်း တောက်ပလာပြီး ကမ္ဘာပေါ်မှာ သူမ တခါမှ မပြုံးဖူးသေးတဲ့ အပြုံးလေးကို သူမ ပြုံးမိပါလိမ့်မယ်။ထိုအပြုံးဟာ ကမ္ဘာပေါ်မှာ အရိုးသားဆုံးနဲ့ အသန့်ရှင်းဆုံး အပြုံးဖြစ်နေမယ်ဆိုတာတော့ ပြောပြစရာလိုလိမ့်မယ်မထင်ပါဘူး။ထိုညက လမ်းမမှာသီဆိုနေတဲ့ခရစ္စမတ်နှုတ်ဆက်တဲ့တေးသံတွေဟာလဲ ကြားဖူးသမျှသီချင်းတွေထဲမှာ နာဝင်အချိုဆုံး သီချင်းလေးတွေပေါ့။သမီးမျက်နှာလေးကိုကြည့်ပြီးအိပ်ရတဲ့ထိုညက သူမအတွက် ဖြတ်သန်းခဲ့တဲ့ ညများစွာမှာ တန်းဖိုးအရှိဆုံးညလေးဖြစ်နေပါလိမ့်မယ်။
ဟောင်းနွမ်းတော့မယ့် နှစ်တစ်နှစ်ရဲ့ အဆုံးသတ်ခါနီး အချိန်လေးမှာ နှစ်သစ်ပေါင်းများစွာအတွက် အားအင်တွေပေမယ့် အဓိပ္ပါယ်ရှိရှိဘ၀ကိုဖြတ်သန်းဖို
ဘုရားသခင်ရဲ့ ဆုလဒ်ကိုရခဲ့တာကတော့ ဒီဇင်ဘာ ၂၈ နေ့မြတ်လေးတစ်နေ့အဖြစ် သူမ ဘ၀မှတ်တမ်းမှာရေးထိုးနိုင်ပါခဲ့တာပေါ့ ။ဘ၀အတွက် နေ့သစ်လေးရဲ့
နံနက်ခင်းမှာ ထူးထူးခြားခြား ရနံ့လေးတစ်ခုက သူမကို နွေးထွေးစွာကြိုဆိုလို့ အပြင်ကို လှမ်းမေးလိုက်တော့ အိမ်ရှေ့က သူမစိုက်ထားတဲ့ စံပယ်ရုံလေးက ပွင့်နေပြီတဲ့လေ ဒီလိုနဲ့ ဖြူဖြူဖွေးဖွေးနဲ့ မျက်စိမဖွင့်သေးပေမဲ့ အပြုံးလေးပွင့်နေတာကတော့ ချိုနေတာပဲပေါ့ သူမကို စံပယ်ချိုးဆိုတဲ့ အမည်လေးပေးဖြစ်ကြောင်း သူမပြောပြတာကို ကျွန်တော်မှတ်မိနေပါသေးတယ်။

               ပိုးဆိုတာဘယ်လိုမွေးရတယ်ဆိုတာမသိပေမဲ့သူမ မေမေကတော့သူမကို ပိုးမွေးတာထက်ခက်ခဲစွာမွေးခဲ့ရတယ်လို့  ကြုံကြိုက်တဲ့အခါ ကျွန်တော့်ကို ပြောပြဖူးပါတယ်။ဒါဆိုမေမေ(သူမ အမေကို ကျွန်တော်လဲ မေမေလို့ခေါ်ပါသည်)အရမ်း ပင်ပန်းမှာလို့ပဲနော်လို့မေးတော့ အေးချမ်းတဲ့အပြုံးလေးနဲ့ မပင်ပန်းပါဘူးကွယ် သူ နေထိုင်မကောင်းပြီး သူပင်ပန်းမှာကိုပဲ စိတ်ပင်ပန်းမိတာပါ မေမေကတော့ သူ့ကိုပြုစုရတာ ကြည်းနူးပါတယ်တဲ့။ဒီလိုနဲ့ ကျောင်းနေရွယ်မှာလဲ ကျောင်းနေပျော်ပြီးစာတော်အောင် ထိန်းသိမ်းပေးရ၊
ပတ်ဝန်ကျင်းမှာ လူတွေကိုဘယ်လိုဆက်ဆံရမယ်ဆိုတာ သင်ကြားပေးရနဲ့ သူမဘယ်လောက်များပင်ပန်းလိုက်မလဲနော်။

      အရွယ်ရောက်လို့ ဘ၀တိုးတက်မှု့အတွက် ရေခြားမြေခြားဆိုတဲ့နေရာကြီးကို မသွားစေချင်ပေမဲ့လဲ
နောင်တစ်ချိန်ဆိုတဲ့ အတွေးနဲ့သူမ နှလုံးသားကို လမ်းခင်ပေးပြီး မစံပယ်လေးလောကအလယ်မှာတင့်တယ်စွာ ကိုယ့်လမ်းကိုယ်လျှောက်နိုင်တဲ့ သမီးရတနာလေးဖြစ်ဖို့ မျက်ရည်တွေကို အဖော်လုပ် သမီးပို့ပေးတဲ့ အမှတ်တရ အရုပ်ကြီးတစ်ရုပ်ကို ဖက်ပြီးအိပ်ခဲ့တဲ့ ညပေါင်းလဲများပါပြီလေ။မစံပယ်လေးဟာ သူမမေမေ့ကို
အရမ်းချစ်သော သမီးလိမ္မာလေးမို့ သူခင်းပေးတဲ့လမ်းအတွက် သူမဂုဏ်ယူနေပါလိမ့်မယ်။တခါတလေ ဖုန်းဆက်တဲ့အခါ သူမပြောလေ့ရှိတာက ကျွန်တို့ ဇနီးမောင်နှံနဲ့အတူတူနေချင်တဲ့အကြောင်း သူ့သမီးလေးကို
ဖက်မအိပ်ရတဲ့တာကြာလို့ သူမကိုဖက်ပြီးအိပ်ချင်ကြောင်း သူ့သမီးလေးကြိုက်တတ်တဲ့ ထမင်း ဟင်းတွေ ချက်ကျွေးချင်ကြောင်း ငိုသံလေးနှင့်ပြောတတ်ရှာသည်။တနေ့နေ့တော့ဖြစ်လာမှာပေါ့ မေမေရယ်လို့ ကျွန်တော့် စိတ်ထဲမှာပြောမိနေပါတယ်။
          မစံပယ်မွေးနေ့ရောက်တိုင်း ပထမဆုံးသတိယမိတာက သူမ မေမေကိုပါ။ဘာကြောင့်လဲဆိုတော့
မျှော်လင့်ချက်တွေမဲ့ပြီး ဘ၀ပန်းတိုင်ပျောက် နေချင်သလိုနေတဲ့ ငတေးလေးကျွန်တော့်ကို မျှော့်လင့်ချက်တွေ
အပြည့် ဘ၀ပန်းတိုင်ဖြောင့်ဖြောင့်ရောက်စေဖို့ ဖေးမကူညီ လမ်းပြသူ နှလုံးသားအရှင်သခင်မကို သူမမွေးဖွားပေးခဲ့သောကြောင့် သူမကို ကျွန်တော် ရိုသေလေးစာ ချစ်ခင်မိပါသည်။
  ချစ်သော ဇနီးလေးလဲ လိုအင်ဆန္ဒတွေ အမြန်ဆုံးပြည့်ဝပါစေလို့  မောင် ဆုတောင်းပေးလိုက်ပါတယ်။

လွင်ပြင်လှိုင်းငယ်


အမှတ်တရ ဒီဇင်ဘာ


 အိပ်မက်လေး >>>
နှစ်တစ်နှစ်ရဲ့ အဆုံးသတ်ဆိုပေမဲ့
အိပ်မက်လေးနဲ့မောင်ရဲ့ နှလုံးသားရင်ခုန်သံအစက ဒီ....ဒီဇင်ဘာ မှာလေ ။
အိပ်မက်လေး >>> နှင်းမှုန်တွေစိုရွှဲနေတဲ့ ဆံနွယ်တွေကြားကလှပတဲ့မျက်ဝန်းလေးတစ်စုံနဲ့စတင်ရင်းနှီုးခဲ့တာလဲဒီ....ဒီဇင်ဘာ မှာပဲလေ။
အိပ်မက်လေး >>>
ခိုက်ခိုက်တုန်အောင်ချမ်းတဲ့ ဆောင်းနံနက်ခင်းတစ်ခုမှာမောင့်ရင်ထဲနွေးထွေးသွားအောင် "ရှင့်ကိုလဲ အရမ်းချစ်ပါတယ်"လို့ချစ်အဖြေစကားကြားခဲ့ရတာလဲဒီ.....ဒီဇင်ဘာ မှာပဲလေ ။

အိပ်မက်လေး>>>
ချစ်သူဘ၀ရဲ့ ညချမ်းအချိန်လေးတွေမှာ သူငယ်ချင်းများနဲ့တစ်အိမ်ဝင်တစ်အိမ်ထွက် ခရစ္စမတ်သီးချင်လေးတွေဆိုရင်းမောင်တို့နှစ်ယောက် ပျော်ရွှင်ကြည်နူးကြတာလဲဒီ......ဒီဇင်ဘာ မှာပဲလေ ။
အိပ်မက်လေး>>>
မြေနီလမ်းလေးပေါ်မှာ မောင့်လက်လေးကို ဆုပ်ကိုင်ပြီပုခုံးထက်မှာ ခေါင်လေးမှီကာ ချယ်ရီပန်းတွေခူးပြီးပန်ပေးဖို့မင်းပူဆာခဲ့တာလဲဒီ......ဒီဇင်ဘာ မှာပဲလေ ။  အိပ်မက်လေး >>>စံပယ်ဖြူကို နမ်းမ၀သူမို့ချမ်းအေးတဲ့ ဆောင်းမနက်နှင်းစက်တွေနဲ့ကစားရင်းစံပယ်တွေခူး သီပြီးပေးခဲ့တာလဲဒီ.....ဒီဇင်ဘာ မှာလေ ။  အိပ်မက်လေး >>>ဒီဇင်ဘာမှာ နှင်းတွေရှိသလိုဒီရင်မှာလဲ မင်းဆိုတာရှိတယ်နေလာရင်း နှင်းပျောက်တတ်ပေမဲ့ဒီရင်မှာ မင်းတစ်ယောက်ကတော့ရင်ခုန်တာမင်းအတွက်မို့ အသက်ပျောက်တောင်အချစ်ကပျောက်မှာ မဟုတ်ပါ ချစ်သော ဒီဇင်ဘာနတ်သမီးအိပ်မက်လေးရာ  ။  လွင်ပြင်လှိုင်းငယ် 

ဒီဇင်ဘာပိတ်ရက်မှာ ဘာလုပ်မယ် (Tag)


TAGပို့စ်ကို တစ်ကြိမ်တခါမှမရေးဖူးပါ သို့ပေမယ့်လဲ ညီမငယ်လေး Candy  နှင့် မွေးစားသမီးလေး အပျိုကြီးလုပ်ချင်နေတဲ့ သမီးစံ က ရေးသားဖို့
တိုက်တွန်းလို့ မရေးတတ် မရေးတတ်(ရေးတတ်ဟုတ်ဖူးနော်)နဲ့ရေး
လိုက်ပါတယ်။

ဒီဇင်ဘာ ဒီဇင်ဘာ
နှစ်တစ်နှစ်ရဲ့နောက်ဆုံးပေမယ့် အချစ်ဆုံးလက ဒီဇင်ဘာပါ။ကျောင်းနေစဉ်ကတည်းက ဒီဇင်ဘာလရောက်ဖို့ ဇွန်လကတည်းကမျှော်နေတာပါ
(ကျောင်းပိတ်ရက်ရှည်ရှိတာကို)စတာပါ ဒီလဟာ ကျွန်တော်ဘ၀အတွက် အမှတ်တရများစွာရှိသလို ဘုရားသခင်ကလဲ ဒီဇင်ဘာမှာမွေးဖွားတဲ့
ဒီဇင်ဘာ နတ်သမီးလေး တစ်ပါးကို ဘ၀အတွက် လက်ဆောင်ပေးပြီးဖြစ်ပါတယ်။ကျွန်တော်နေတဲ့မြို့လေးနဲ့ သူငယ်ချင်းအများစုဟာ
ခရစ်ယန်တွေကြီးလိုလိုမို့ ဒီဇင်ဘာလဟာ ကျွန်တော်အပျော်ဆုံးလဖြစ်ပါသည် ခိုက်ခိုက်တုန်အောင်ချမ်းတဲ့ ညမှာ နှင်းတွေကြားထဲဂစ်တာလေးထမ်း
သူငယ်ချင်းတွေစု သီချင်းတိုက် အိမ်တိုင်းလိုလို(ကျွန်တော့်အိမ်သည် ကျွန်တော်ပါသောရက်တွေ သီချင်းသွားမဆိုပါ အရက်ခိုးသောက်ထားတာ
သိမှာစိုးသောကြာင့်ဖြစ်ပါသည်)သီချင်းလိုက်ဆို မနက်လင်းခါနီးမှပြန် မနက်ကျောင်းသွားလျှင် ညက အိမ်တိုင်းလိုလိုက လက်ဆောင်ပေးလိုက်သော
ချိုချဉ်လေးတွေနဲ့ ကောင်မလေးတွေကိုကျွေး(ဟီး မဒမ်လွင်ပြင်ကိုသွားမပြောနဲ့နော်) ကျောင်းမှာဆိုလျှင်လဲ ခရစ္စမတ်သီချင်းပြုင်ပွဲအတွက် သီချင်းတိုက်ရနဲ့
ကိုလွင်ပြင်တစ်ယောက် ဒီလမှာ တော်တော်အလုပ်များရှာသားနော် ဒီအချိန်မှာတော့ ကျွန်တော်တို့လူဆိုးသူငယ်ချင်းအဖွဲ့ဟာ
ဆရာ ဆရာမတွေရဲ့ အတော်တွေဖြစ်လို့ ဟုတ်တယ်လေ ဒီလိုကိစ္စတွေကို ကျွန်တော်တို့လို လူဆိုး လူပေတွေကပဲ ဒိုင်ခံလုပ်ပေးရတာ လိမ္မာတဲ့သူတွေက
စာကျက်ပျက်လို့ ဘာလို့နဲ့ အကြောင်းအမျိုးမျိုးပြရှောင်နေတော့ လုပ်မယ့်သူကကျွန်တော်တို့ပဲရှိတော့ ဆရာ ဆရာမတွေကကျွန်တော်တို့ပဲခိုင်းရတော့
ခိုင်းကောင်းအောင်ချစ်ပြတာပေါ့။ဘာပဲပြောပြောပါ ဒီလမှာ ကျွန်တော် အရမ်းပျော်ရွှင်ပါတယ်။အပျော်ရွှင်ဆုံးကတော့ ဒီဇင်ဘာ နတ်သမီးလေးကို
ပိုင်ဆိုင်ထားရလို့ပါ။ဒီဇင်ဘာနတ်သမီးလေးရေ မင်းနဲ့အတူတူ နှင်းတွေအုပ်စိုးထားတဲ့ မှိုင်းပျပျတောင်တန်းတွေရှိတဲ့ငါတို့မြို့လေးကို တနေ့တော့ ရောက်ဖြစ်အုံးမယ်ထင်ပါတယ်။

ကဲမေးထားသမျှဖြေပြပါ့မယ်။


ခရစ်စမတ် ရောက်ခါနီးရင် စိတ်လှုပ်ရှား ပျော်ရွှင်မိပါသလား။

ဟုတ်ကဲ့ ပျော်သလားတော့မမေးနဲ့ ဖြတ်သန်းခဲ့တဲ့နှစ်တိုင်း ရင်ခုန်ရလွန်းလို့။

ကိုယ့်ရဲ့ အိမ်ကို ခရစ်စမတ် သစ်ပင်၊ decoration ornaments များနဲ့ အလှဆင်လေ့ ရှိပါသလား။

မြန်မာပြည်တုန်းကတော့ တခါတရံဆင်လေ့ရှိပါတယ်။

နှင်းတွေ အေးခဲနေတဲ့ နေရာကို သွားရောက်လည်ပတ်ချင်ပါသလား။ တကယ်လို့ နှင်းတွေကြားမှာ လက်ရှိနေထိုင်နေရင် နှင်းမပါတဲ့ ခရစ်စမတ်နဲ့ နှင်းဖြူဖြူတွေ ကျရောက်နေတဲ့ ခရစ်စမတ် ဘယ်အရာကို ပိုနှစ်သက်မိလဲ (ရွေးချယ်ခွင့် ရှိမယ်ဆိုရင်ပေါ့)။

နှင်းဖြူဖြူတွေ ကျရောက်နေတဲ့ ခရစ္စမတ်ကိုပဲနှစ်သက်ပါသည်။

ခရစ်စမတ်ပိတ်ရက်ကို ဘယ်လို ဖြတ်သန်းချင်ပါသလဲ။ အဲ့ဒီအချိန်မှာ ခရီးထွက်တတ်ပါသလား။

ခရစ္စမတ်မှာ ချစ်တဲ့ဇနီးလက်ကို ဆုပ်ကိုင်ပြီး သူသွားချင်တဲ့နေရာတိုင်းကို လိုက်ပို့ချင်ပါသည်။(လောလောဆယ်တော့ အလုပ်မအားလို့ နီးနီးနားနား
ကုန်တိုက်လောက်ပဲ လိုက်ပို့ဖြစ်မယ်ထင်ပါတယ်)

ချစ်တဲ့ခင်တဲ့သူတွေကို ဘယ်လို လက်ဆောင်လေးတွေ ပေးဖြစ်လဲ။

စံပယ်ပန်းလေးကိုတော့ အနမ်းလက်ဆောင်ပေးပြီး သူငယ်ချင်းတွေကိုတော့ အွန်လှိုင်းမှ ပုံလက်ဆောင်လေးတွေပေးဖြစ်ပါတယ်။

ခရစ်စမတ်မှာ အမှတ်တရလေးတွေ ရှိခဲ့ဖူးရင် ပြောပြပေးပါ။

အရမ်းရှိတာပေါ့ ဒါပေမဲ့ ကျောပြ၀ူး။

♥နှစ်သစ် အကြိုညမှာ ဘယ်သူတွေနဲ့ အတူတူ ရှိနေချင်ပါသလဲ။

ဇနီးဖြစ်သူနှင့် နာရီသံကို ရင်ခုန်စွာစောင့်ပြီး အွန်လှိုင်းကသူငယ်ချင်းတွေကို happy new yearလို့ လိုက်ပြောမယ်။

New Year Eve မှာ countdown ပြုလုပ်လေ့ ရှိသလား။ အမှတ်တရများ ရှိခဲ့ရင် ပြောပြပေးပါ။

အရင်ကမလုပ်ဖူးပါဘူး။ဒီနှစ်တော့ မလုပ်ဖြစ်ပါဘူး ဟိ ။


နှစ်သစ်ကို ကုန်ဆုံးစေချင်တဲ့ နေရာသီးသန့်မျိုး ရှိပါသလား။ အလည်အပတ် အစီအစဉ် ရှိ၊ မရှိ ဖော်ပြပေးပါ။

အလည်အပတ် အစီအစဉ်တော့ မရှိပါဘူး နှစ်သစ်ကို ကုန်ဆုံးစေချင်တဲ့ နေရာသီးသန့်မျိုးကတော့ ချစ်သူရင်ခွင်ပေါ့

နှစ်သစ်မှာ New Year Resolution အနေနဲ့ ဘာတွေ ဆုံးဖြတ်ချက်ချပြီး အကောင်အထည် ဖော်တတ်ပါသလဲ။

အဲ့လိုတော့မရှိပါဘူး။

နှစ်တစ်နှစ် ကုန်ဆုံးသွားတဲ့ အပေါ် လွမ်းမောတသတာမျိုး၊ အချိန် မကုန်စေချင်တာမျိုး ရှိတတ်ပါသလား။

သူ့ရဲ့အကြင်နာတွေတော့ နှမြောတယ် ဒါပေမဲ့ ကိစ္စမရှိပါဘူး သူက ထာဝရကြင်နာနေမှာမို့ပါ။

နှစ်သစ်ရောက်ရင် ဆွေမျိုး၊ မိတ်ဆွေတွေကို ပို့စ်စကဒ်များ၊ e-card များနှင့် နှုတ်ခွန်းဆက်တာမျိုး ရှိပါသလား

ရှိပါတယ်။

ထပ်ပြီး ဖြည့်စွက် ရေးချင်တာက....။

အားလုံးသောလူသားတွေ ပျော်ရွှင်သောနှစ်သစ်လေးကို ပိုင်ဆိုင်နိုင်ကြပါစေ။

 


လွင်ပြင်လှိုင်းငယ်

ဘ၀ရဲ့ဇာတ်ဆရာ အချစ်ရဲ့မာယာ

             တိုးတက်နေခေတ်ကြီးထဲမှာ မွေးဖွားခဲ့ရပေမဲ့ တိုးတက်မှု့မရှိတာက ကျွန်တော်ပါ ပညာဆိုတာလဲ မိဘကအဆင်မပြေတော့
၁၀တန်းတောင်မဖြေခဲ့ရပဲ ကျောင်းတော်ကြီးကို နှုတ်ဆက်ခဲ့ရလို့ ပညာဆိုတာလဲကျွန်တော့်မှာမရှိပါ။
ဘာတစ်ခုမှ ပြည့်စုံမှု့မရှိတဲ့
အနေအထားနဲ့ အလုပ်ဆိုတာလဲ ကျွန်တော့်မှာမရှိပါ ဘွဲ့လက်မှတ်လေးကိုင်ပြီး အလုပ်လျှောက်ဖို့တန်းစီနေသူများတောင်
ရုံးကူ ပြာတာတောင် အကုန်မရတဲ့ ဒီခေတ်ကြီးထဲမှာ ကျွန်တော်လိုလူတစ်ယောက်အတွက် အလုပ်မရှိတာ မဆန်းပါဘူး။နောက်ဆုံး
လက်သမား ပန်းရန်အလုပ်တောင်ကျွန်တော်အတွက်မရှိတာ ကျွန်တော်အလုပ်ရှာတာ ညံ့လို့လား အလုပ်ကပဲရှားပါးလို့လားမသိပါဘူးဗျာ။
တွေ့သမျှလူကို အလုပ်လေးမရှိဘူးလား အလုပ်ရှိရင်ကျွန်တော့်ကိုပြောပါနော်လို့ ပြောရ မေးရတာလဲ ကျွန်တော့်အတွက် မူပိုင်သီချင်းလို
ဖြစ်နေပါပြီဗျာ။ရှိစုမဲ့စုလေး လမ်းစရိတ်လုပ်အလုပ်ရှာပုံတော်ဖွင့်ရတာလဲ အလုပ်မရတဲ့အပြင် လမ်းစရိတ်ပဲဆုံးတာ လနဲ့ချီနေပါပြီ။
အလုပ်မရတဲ့အဆုံး တပ်ပြန်ခေါက်ပြီး အမေ့အိမ်ကိုပြန်လာလို့ အိမ်ကို ၀င်ဝင်ချင်းပဲ

       "ကိုကြီး ကျွန်တော့်အတွက်မုန့်မပါဘူးလား ဗိုက်ဆာလို့သေတော့မယ်"လို့ ကျွန်တော့်အောက်က ညီငယ်ကမေးပါတယ်။အဖြေစကားတောင်ပေး
သေးခင် အငယ်ဆုံး ညီမလေးကလဲ ပြေးလာပြီး"ကိုကြီး ညီမလေးမှာလိုက်တဲ့ ခဲတံလေးဝယ်လား"လို့မျှော်လင့်ချက်လေးနဲ့မေးပြန်ရော ဒါနဲ့ ညီမလေးကို ပွေ့ချီပြီး
"ဒီနေ့တော့မပါသေးဘူးနောက်ရက်ကိုကြီးဝယ်လေးပေးမယ်နော်" "ဟာ ကိုကြီးပြောလိုက်ရင်ဒီအတိုင်းကြီးပဲ တခါမှလဲမပါလားဘူးမနက်ဖြန်ကျောင်းမှာ
ဘာနဲ့စာရေးရမလဲ"လို့ ငြီးပြီးကျွန်တော့်ကိုယ်ပေါ်မှ ဆင်းသွားပါတယ်။အိမ်ထဲကိုဝင်လိုက်တော့ မီးဖိုချောင်ထဲမှ ဆန်မရှိတဲ့အိုးကို ခြစ်ချုပ်နေတဲ့အမေက
ကျွန်တော့်မျက်နှာမကြည့်ပဲ ကျွန်တော့်လက်ကို ကြည့်ပြီး လက်ဗလာနဲ့ဖြစ်နေတော့ ဘာတစ်ခွန်းမှမမေးတော့ပဲ ဆန်အိုးကိုသာ အံကြိုတ်ပြီးခြစ်နေတာ
ကျွန်တော်မကြည့်ရက်တော့ပဲ အသုံးအဆောင်ပစ္စည်းဘာတစ်ခုမှမရှိတဲ့ ဧည့်ခန်းထောင့်ကမဲ့ပြုံး ပြုံးနေတဲ့ သောက်ရေအိုးစင်ကိုဖွင့်ပြီး ရေကိုသုံးခွက်ဆင့်
အားမနာတမ်းသောက်ချလိုက်တယ်။တော်သေးတယ် ရေတောင် အဘိုးမသေခင် နောက်ဘေးမှာရေတွင်းလေးတူးခဲ့လို့ ၀ယ်မသောက်ရပဲ
အားမနာတမ်း၀၀သောက်နေရတာ။ဝူး.....ဘ၀ကလဲနော်။
မနက်ဖြန်အတွက် ဘယ်သွားပြီးအလုပ်ရှာရင်ကောင်းလဲလို့ စဉ်းစားနေတုန်း သတိယပြီး ပိုက်ဆံအိတ်ထဲက ပိုက်ဆံကိုထုတ်ြပီးရေတွက်ကြည့်လိုက်တော့
မနက်ဖြန်အသွားလမ်းစရိတ်တောင်အနိုင်နိုင်ရယ် ပိုက်ဆံကိုကြည့်ပြီး ငိုတောင်ငိုချင်သွားတယ် ဘယ်တတ်နိုင်မလဲနော် ။
ဟိုးတွေးဒီတွေးနဲ့ ဗိုက်ထဲက သံစုံတီးဝိုင်းရဲ့ လက်စွမ်းပြတာကို မသိချင်ယောင်ဆောင်ပြီးအိပ်ပျော်
ဖို့ကြိုးစားရင်း "၀ုန်း"ဆိုသောအသံကြောင့်လန့်သွားသည် သိလိုက်ပါပြီ
"၀ုန်း"ဆိုသောအသံမှာ တံခါးဖွင့်သောအသံမဟုတ်ပါ အိမ်တွင် အပ်တိုတစ်ချောင်းတောင် ခိုးစရာမရှိသောကြောင့်ဘယ်သူခိုးမှ လာမခိုးလို့တံခါးဆိုတာမရှိလို့ "၀ုန်း "ဆိုသောအသံက ကျွေးဖခင်မူးပြီးပြန်လာပြီး အရက်၏ကန်လိုက်သောဒဏ်ကိုမခံနိုင်သောကြောင့် ကျိုးလုနီးနီးကြမ်းပြင်နှင့် ထိတွေ့သောအသံသာဖြစ်ပါသည် ရောက်လျှင်ရောက်ချင်းပဲ အကြီးဆုံးသားကျွန်တော့်အား"ဖိုးမောင်အသုံးမကျတဲ့ကောင် ဒီအရွယ်ရောက်နေပြီ မိဘကိုကူညီရကောင်းမှန်းမသိဘူးအလုပ်ထွက်ရှာတယ်ဆိုပြီဘယ်အလေလိုက်နေမှန်းမသိဘူးခုထိအလုပ်ဆို
ဆိုတာမရဘူး အသုံးကိုမကျဘူး ငါတစ်ယောက်ထဲလုပ်နေရတာလဲ သနားပါအုံးကွါ ငါပြောရင်လဲအရက်မူးလို့ပြောတယ်လို့ထင်အုံးမယ် ငါအရက်သောက်ချင်လို့သောက်တာမဟုတ်ဘူးကွ ပင်ပန်းလို့သောက်တာမင်းသိလား"ဆိုပြီးသူဖွင့်နေကျဓါတ်ပြားဟောင်းကြီးဖွင့်နေပြီး ခဏကြာတော့အသံတိတ်သွားတယ် အင်း မူးကလဲမူး မောကလဲမောတော့ အိပ်ပျော်သွားပြီထင်ပါတယ်။အဖေအိပ်ပျော်သွားပြီးခဏကြာတော့ အမေအိတ်တစ်လုံးဆွဲပြီ ဖိနပ်တောင်မပါပဲအိမ်ပြင်ထွက်သွားပါတယ် ထုံးစံအတိုင်း ရပ်ကွက်ထဲလှည့်ပြီး မျက်နှာငယ်လေးနှင့် သားသမီးတွေစားဖို့ ဆန်းလိုက်ချေးမှာပေါ့။မတွေးတော့ပါဘူး အဆင်မပြေမှု့တွေကများတော့ ဘာဆက်လုပ်မယ်ဆိုတာတောင်မတွေးချင်ခေါင်းကို အားရပါရကုတ်ပြီး အိပ်လိုက်တာ အိပ်မက်ထဲတော့
အဆင်ပြေသား လိုချင်တာအားလုံးရ ဖြစ်ချင်တာအားလုံးဖြစ်နဲ့အိပ်မက်တောင်မနိုးပဲဆက်မက်နေချင်မိတယ်မနက်လင်းတော့ အိပ်ယာနိုးတော့ မထချင်သေးပဲအိပ်မက်ထဲကမှတ်မိသလောက်အကြောင်းလေးတွေ စဉ်းစားပြီးပြုံးနေတုန်း
"ဟဲ့ ဖိုးမောင်မထသေးဘူးလား ဘယ်အချိန်ရှိနေပြီလဲ ကိုယ့်ဟာကိုယ်သူဌေးသားများမှတ်နေလား ထထ မျက်နှာသစ်အလုပ်ရှာဖို့ပြင် အိုးထဲမှာ ဆန်ပြုတ်လေးရှိတယ် အငယ်တွေစားဖို့ချန်ပြီးစားသွား ဒီနေ့အလုပ်မရရင်တော့ ငတ်ဖို့သာပြင် ဆန်လဲချေးရလွန်းလို့ မချေးဖူးတဲ့အိမ်ဆိုလို့ရပ်ကွက်အပြင်က သူတောင်းစားတဲပဲကျန်တော့တယ် သိလား ထ မြန်မြန်ထ"လို့ ဟစ်ဟော့သီချင်းလို မနားတမ်းပြောသံကြားရတော့ အိပ်မက်အကြောင်းခဏထားပြီး မျက်နှာသစ် ရေချိုး ဆန်ပြုတ်လေးမ၀တ၀သောက်ပြီး အ၀တ်စားလဲ(အ၀တ်စားလဲဆိုလို့ အထင်မကြီးနဲ့ ကျွန်တော်ပိုင်ဆိုင်တာဆိုလို့ ပုဆိုးနှစ်ထည် အကျီင်္နှစ်ထည်နှင့် ဘောက်ဘီရှည်တစ်ထည်သာရှိပါသည်)
ပြီးတော့ အိမ်မှ စိတ်ပျက်လက်ပျက်ထွက်ခွါလာပါတော့သည် ဘတ်ကားဂိတ်ရောက်တော့ ဘယ်နေရာအလုပ်သွားရှာမယ်စဉ်းစားနေ
တုန်း"ဟေ့ကောင် ဖိုးမောင် ဘယ်သွားမလို့လဲ"ဆိုပြီး ဟိုဘက်ရပ်ကွက်မှ အသိကိုကြီးတိုးကနှုတ်ဆက်ပါတယ်။
"ထုံးစံအတိုင်း အလုပ်ရှာပေါ့ဗျာ"လို့ စိတ်ပျက်လက်ပျက်နဲ့ပြန်ဖြေလိုက်တော့"အလုပ်ဆိုလို့ ခုမှသတိယတယ်ငါတို့ရပ်ကွက်ထဲမှာ  အင်တာနက်ဆိုင်သစ်တစ်ဆိုင်ဖွင့်တာ ဆိုင်ရှင်အမျိုးသမီးက ငါ့ကို အလုပ်လုပ်ချင်တဲ့သူခေါ်လာပေးလို့ပြောထားတယ် မင်းလုပ်ချင်လား လုပ်ချင်ရင်အခုသွားမေးရအောင် တကယ်လို့ အလုပ်ရရင်တော့ငါ့ကို ဘီယာတိုက်ရမယ်နော်"လို့ပြောတော့ ကျွန်တော် ရင်ခုန်သံမြန်သွားစေပေမဲ့"လုပ်တော့လုပ်ချင်ပါတယ်ကိုကြီးတိုးရာ ဒါပေမဲ့ ကျွန်တော်က၁၀တန်းလဲမအောင်ဘူး ကွန်ပျူတာဆိုတာမြင်ဖူးပြီးမကိုင်ဖူးတဲ့လူတစ်ယောက်ကို အင်တာနက်ဆိုင်ကအလုပ်ပေးပါ့မလားဗျာ"လို့အားလျော့စွာပြောတော့ "မင်းကလဲ စစ်မရောက်ခင်မြှားကုန်နေပြန်ပါပြီ အလုပ်ကသွားမဗျုးရသေးဘူး မဖြစ်ဘူးဆိုတာနဲ့စနေပြီ အလုပ်ပေးတာမပေးတာက ဆိုင်ရှင်အလုပ် အလုပ်သွားဗျူရမှာကမင်းအလုပ် ဗျူလို့မရတော့လဲ အရင်းပေါ့ကွာ ဘတ်ကားခကုန်တာမှတ်လို့ လမ်းလျှောက်သွားယုံပဲဟာ"လို့ပြောပြီး ကျွန်တော်လက်ဆွဲခေါ်သွားတော့ ကျွန်တော်လဲ မထူးပါဘူး ရတော့လဲအမြတ်ပေါ့ဆိုပြီးလိုက်သွားပါတယ်။

         ၁၅မိနစ်လောက် စကားတပြောပြောနဲ့လမ်းလျှောက်လာလိုက်တာ "-----------"ဆိုင်းဘုတ်ရှေ့ရောက်တော့"ဒီဆိုင်ကွ ဆိုင်ရှင်ကအမျိုးသမီး သဘောကောင်းပါတယ်သူလဲအလုပ်သမားမရသေးတော့ တစ်ယောက်တည်းဒုက္ခများနေတာ မင်းကလဲ ငယ်ငယ်ချောချာလေးအ၀တ်အစားကသာစုတ်ပြတ်နေလို့ကောင်းကောင်းဝတ်စားလိုက်ရင်ရုပ်ရှင်တောင်ရိုက်
လို့ရသေးတယ်လို"လို့ကိုကြီးတိုးကပြောပြီးရှေ့ကနေဦးဆောင်ဝင်သွားပါတယ် ဟုတ်တော့ဟုတ်ပါတယ်
အရာရာမပြည့်စုံပေမဲ့ ကျွန်တော်ရုပ်ရည်ကတော်တော်ကြည့်ကောင်းတာ တစ်ခုတော့ပြည့်စုံပါသည်။ကိုကြီးတိုးနောက်မှ ကပ်လိုက်ရင်း ဆိုင်အခြေအနေကိုကြည့်လိုက်တော့
မဆိုးပါဘူး ကွန်ပျူတာက၁၀လုံး ဆိုင်လေးကလဲ သပ်သပ်ရပ်ရပ်နှင့်တော်တော်ကြည့်ကောင်းပါတယ် ကောင်တာလို့ထင်ရတဲ့ စာပွဲတလုံးမှာတော့ လူတစ်ယောက်ကျောပေးထိုင်နေပါတယ် ကိုကြီးတိုးက ကျွန်တော်လက်ဆွဲသွားပြီး ကောင်တာနားရောက်တော့"မမ ဟိုနေ့ကမမရှာခိုင်းထားတဲ့ အလုပ်သမားရလို့လာပြတာပါ"လို့ ရိုရိုသေသေပြောလိုက်တော့ ဆုံလည်ကုလားထိုင်လေးကျွန်တော်
တို့ဘက်လှည့်လာပါတယ်။ကိုကြီးတိုးခေါ်တော့ မမတဲ့ အသက်က ကျွန်တော်အမေထက် ၂နှစ်လောက်ပဲငယ်မယ်ထင်ရတဲ့ အမျိုးသမီးတစ်ယောက် မျက်နှာမှာလဲ မိတ်ကပ်အပြည့် နှုတ်ခမ်းနီးရဲရဲနဲ့ အဒေါ်ကြီးတစ်ယောက်က ခပ်တည်တည်နဲ့
"နာမည်"စကားသံကလဲမာလိုက်တာ ကျွန်တော်ဘာဖြေရမယ်မသိ ကျောက်ရုပ်လိုရပ်နေတုန်း
"ဖိုးမောင်ပါမမ"လို့ ကိုကြီးတိုးက ကြားမှဝင်ဖြေပေးသည်။မင်းကိုမေးတာမဟုတ်ဘူး သူ့ကိုမေးတာ သူဖြေပါစေ ဒါနဲ့"ဖိုးမောင်ပါ အန်တီ"လို့ တုန်တုန်ရင်ရင်နဲ့ပြန်ဖြေတော့ ဆိုင်ရှင်အမျိုးသမီးမျက်နှာက တည်ရာမှ တင်းလာသလိုထင်ရပါတယ် .။ကျွန်တော်ကြောက်နေတာတော့အမှန်ပါ အလုပ်ရှာနေတာကြာပြီဆိုပေမဲ့ နဖူးတွေ့ဒူတွေ့ လက်တွေ့အလုပ်ဗျူးဖူးတာ ပထမဆုံးအကြိမ်မို့ ကြောက်နေခြင်းဖြစ်ပါသည် ဘေးနားမှ ကိုကြီးတိုးက ကျွန်တော်ဖြေသံကိုကြားတော့
ခြေထောက်ကို သူ့ခြေထောက်နဲ့နင်းလိုက်သည် ဘာများဖြေတာမှားလဲလို့ သူ့ကိုလှည့်ကြည့်လိုက်တော့
ပါးစပ်မှ အသံမထွက်ပဲ ပွစိပွစိလုပ်ပြနေတာကြည့်ပြီး နားမလည်ပဲ ခဏလေးကြာမှသူ့ပါးစပ်အဓိပ္ပါယ်ဖော်ကြည့်မှ သဘောပေါက်သွားပါတယ်။"နာမည်အရင်းလား" "နာမည်အရင်းက ဖြိုးမောင်ပါမမ ရပ်ကွက်ထဲမှာဖြိုးမောင်ကို ခေါ်ပါများတော့ ဖိုးမောင်ဖြစ်သွားတာပါမမ"လို့အရဲစွန့်ဖြေလိုက်တော့ ဆိုင်ရှင်အမျိုးသမီး မျက်နှာတော့ နဲနဲလျော့သွားတယ်"အသက်ကကော""၁၈နှစ်ပြည့်တော့မယ်ဗျ"လို့ရိုရိုသေသေလေးပြောလိုက်တော့
"ကျောင်းနေသေးလား""ဟုတ်ကဲ့ မိဘကစီးပွားရေးအဆင်မပြေလို့ ၁၀တန်းနဲ့ ကျောင်းထွက်လိုက်ရပါတယ်"လို့ဝမ်းနည်စွာပြောတော့"ပြီးရောဒါကအရေးမကြီးပါဘူး ဆိုင်ကိစ္စကသင်ပေးရင်တတ်ပါတယ် မခက်ပါဘူး လစာက---လောက်ရမယ် ဆိုင်ကိုမနက်၁၀နာရီဖွင့်ရမယ် ည၁၂နာရီပိတ်ရမယ် တကယ်လို့ ၁၂နာရီထိုးလို့ လူရှိသေးရင် လူပြန်သွားတဲ့အထိစောင့်ပြီးမှဆိုင်ပိတ်ရမယ် အဆင်ပြေမလား"လစာကမဆိုးပါဘူး လောလောဆယ်အိမ်ကိုတော့ နဲနဲအထောက်အကူဖြစ်မှာမို့
"ဟုတ်ကဲ့အဆင်ပြေပါတယ်'"ဒါဆိုမင်းကို အစမ်းသုံးကြည့်မယ် ကြိုက်ရင်ဆက်သုံးမယ် ဒီနေ့မင်းကို လုပ်ရမယ့်ဟာတွေသင်ပေးမယ် ညနောကမှပြန်ပေါ့ လစာကတော့ မနက်ဖြန်မှစတွက်မှာနော်"
လို့ပြောပြီးဆိုင်မှာလုပ်ရမယ့်အလုပ်တွေကိုသင်ပေးရင် ညနေရနာရီလောက်ကျတော့မနက်ဖြန်
ဆိုင်ဖွင့်ဖို့ သော့တစ်ချောင်းအပိုပေးပြီးပြန်ခိုင်းလိုက်ပါတယ်။
ကျွန်တော်နှင့်ကိုကြီးတိုး ဆိုင်မှအတူတူပြန်လာပြီး ကိုကြီးတိုးကို ကျေးဇူးတင်ကြောင်းလစာထုတ်ရင်ဘီယာအ၀တိုက်မဲ့အကြောင်းပြောပြီး အိမ်သို့ သွတ်လက်သောခြေအစုံနှင့်ပြန်လာခဲ့ပါတော့သည်။

         ရပ်ကွက်ကုန်စုံဆိုင်ရှေ့ရောက်တော့ သတိယပြီး ဒီနေ့ဘတ်ကားခလေးနဲ့ ဆန်ကိုရသလောက်ဝယ်ပြီးအိမ်ပြန်လာခဲ့ပါတယ် အလုပ်ကနီးတော့ လမ်းလျှောက်သွားလဲရတာမို့ ကားခမကုန်တော့မှာဖြစ်လို့ ကားခလေးကိုဆန်ဝယ်လိုက်ခြင်းဖြစ်ပါသည်။အိမ်ထဲကကိုလှမ်းဝင်လိုက်တော့ ညီလေးနဲ့ညီမလေးနှစ်ယောက်က ကစားနေရင်းကျွန်တော့်ကိုမြင်တော့ အရင်ရက်တွေကလိုတောင် ဘာပါလားလဲလို့တောင်မမေးတော့ပဲ ကစားမပျက်ဆက်ကစားနေကြပါတယ်။
အမေကတော့ ပြဲနေတဲ့အဖေ့ပုဆိုးလေးကိုချူပ်နေရင်းကျွန်တော့်ကိုကြည့်တောင်မကြည့်ပဲ
"ဖိုးမောင်ဗိုက်ဆာနေပြီလား အိုးထဲမှာဆန်ပြုတ်နဲနဲချန်ထားတယ်စားလိုက်လေ" လို့ပြောတော့ ကျွန်တော်
ဗိုက်ကပျော်ပြီးမဆာတာလားမသိစားချင်စိတ်မရှိပဲ အမေ့ဘေးကပ်ထိုင်ဆန်ထုပ်လေးရှေ့ချပြီး "အမေ ၀မ်းသာစရာပဲ ကျွန်တော်အလုပ်ရပြီဗျ"လို့ ၀မ်းသာအားရပြောတော့ အမေက မော့ကြည့်ပြီး"တကယ်လားဖိုးမောင် ဘာအလုပ်ရတာလဲ အလုပ်က အဝေးကြီးလား သူဌေးကကော သဘောကောင်းမယ့်ပုံပေါ်လား"စသည့်လားပေါင်းများစွာပါသော မေးခွန်းကို မျည်ရည်ဝဲ၀ဲ
ဝမ်းသာသောအသံနှင့်မေးရှာသည်"တကယ့်ပေါ့ အမေရ အင်တာနက်ဆိုင်မှာပါ အလုပ်ကမဝေးပါဘူး ကိုကြီးတိုးတို့ရပ်ကွက်ထဲတင် လစာကတော့----လောက်ရမယ် ဆိုင်ရှင်ကအမျိုးသမီး အမေတို့လောက်ရှိမယ် သဘောကောင်းမယ့်ပုံပါပဲ စိတ်မပူပါနဲ့ လောလောဆယ် လစာသိပ့်မများပေမဲ့ အိမ်စရိတ်လေးနဲနဲထောက်နိုင်တော့ အဖေလဲ အသက်ရူချောင်တာပေါ့ ဒီမှာဆန်လေး မနက်ဖြန်ဘတ်ကားစီးစရာမလိုတော့ ကားခလေးနဲ့ဆန်ဝယ်လာတာ"လို့ပြောပြီး ဆန်ထုပ်လေးပေးပြီး ထကာ တန်းပေါ်မှာတင်ထားသော ဘောင်းဘီရှည်လေးကို သေချာခေါက်ပြီး အိပ်ယာအောက်ထိုးထည့်ထားလိုက်တယ် မနက်ဖြန်ဒီဘောင်ဘီရှည်လေးဝတ်သွားရမယ်မဟုတ်လား။
ဒီနေ့ည ထူးထူးခြားခြားအဖေလဲ စောစောပြန်ရောက်လာတယ် အရက်လဲနဲနဲပဲသောက်ထားတယ်ထင်တယ်(နဲနဲဆိုတာလဲ သောက်စရာပိုက်ဆံမရှိတော့လို့လား တိုက်မယ့်သူ
မရှိလို့လားတော့မသိ)ဒီလိုနဲ့ ညစာထမင်းဝိုင်းလေးကို ငပိရည်တို့စရာနဲ့ မြိန်ရှက်စွာစားရင် အလုပ်ရပြီ
ဖြစ်ကြောင်းပြောပြတော့ အဖေက"ဒီအလုပ်ကို သေချာဂရုစိုက် ကိုယ့်အလုပ်လိုသဘောထားပြီးလုပ် အလုပ်မရှိရင် ဘယ်လောက် ဒုက္ခရောက်တယ် အလုပ်ရှာရတာဘယ်လောက်ခက်တယ်ဆိုတာမင်းလဲသိလောက်ပြီဆိုတော့ ဘာဖြစ်ဖြစ်သီးခံပြီးလုပ်ကြားလား"လို့ဆုံးမရှာတယ်။စားသောက်ပြီး အိပ်ယာဝင်တော့ ညီမလေးကသူ့ကို
ကွန်ဘာဘူးလှလှလေးဝယ်ပေးရမယ်နော်လို့ ပူဆာပြီးဘေးနားမှာ ကွေးကွေးလာအိပ်နေတယ်။

        မနေ့ညက သောက ကင်းကင်းအိပ်ရလို့လားမသိဘူး တခါတည်းအိပ်ပျော်သွားတာ မနက်အမေနိုးမှပဲထဖြစ်တယ် အိပ်မက်တောင်မမက်တော့ဘူး။ဒါနဲ့ ရေချိုး အ၀တ်စားလဲပြီး ဆိုင်လေးဆီသို့တက်ကြွတဲ့ခြေလှမ်းအစုံနဲ့ သွက်သွက်လေးလျှောက်လှမ်းလာခဲ့တယ်။ဆိုင်ရောက်တော့ ဆိုင်ဖွင့် သန့်ရှင်းရေလုပ် သင်ထားတဲ့အတိုင်းစက်တွေလိုက်ဖွင့် အင်တာနက်ကစားသမားများများလာပါစေလို့ ဘုရားမှာဆုတောင်းပြီး ဆိုင်လာမဲ့လူတွေကိုမျှော်နေပါသည်
လာပါပြီဗျာ ကလေးတွေ ဂိမ်းကစားဖို့ သူတို့လေးတွေကို စက်တွေဖွင့်ပေးပြီး လုပ်စရာရှိတာလုပ်ရင်း
ညနေ၅နာရီလောက်ကြတော့ ဆိုင်ရှင်မမရောက်လာပြီး လိုအပ်တာတွေသင်ပေးမှာကြားပြီး ၇နာရီလောက်
ကျတော့ပြန်သွားလေသည်။ဒီလိုနဲ့ တပတ်လောက်ကြာတော့ ဆိုင်ကိုလူနဲနဲသိလာပြီး ဆိုင်လေးက စည်ကားစပြုလာပါပြီ ကောင်မလေးတွေကလဲ ကျွန်တော်က ကြည့်ပျော်ရှု့ပျော်နဲ့ ဆက်ဆံရေးကောင်းတော့ ဆိုင်ကိုအမြဲလိုလိုလာရောက် အားပေးကြပါသည်။ကိုကြီးတိုးကတော့ အလုပ်ပြီးရင် ကျွန်တော်ဆိုင်မှာကြီးလိုလိုနေဖြစ်ပါတယ်။ဆိုင်ရှင်မမကလဲ ကျွန်တော်ရောက်လာမှ သူ့ဆိုင်စီးပွါးရေးကောင်းလာတယ်ဆိုပြီ လကုန်တော့ လစာကိုပိုပေးသည့်အပြင် အိမ်အတွက် စားစရာသောက်စရာများလဲထည့်ပေးလိုက်လို့ ညီလေးညီမလေးတို့အကြိုက်ပေါ့။
အော် ကံတရားအဆင်ပြေချင်တော့လဲ ခဏလေးပါလားနော်။
                  ဘာလိုလိုနဲ့ ကျွန်တော်ဆိုင်မှာအလုပ်လုပ်တာ ၆လတောင်ရှိသွားခဲ့ပြီနော် ဆိုင်မှာအလုပ်လုပ်သည့်ကာလအတွင် အိမ်စရိတ်ထောက်နိုင်သာမက ညီလေး ညီမလေးတို့ကျောင်းစရိတ်ပါထောက်ပံ့နိုင်သောအနေအထားသို့ရောက်ခဲ့ပါပြီ။အခုဆို ကျွန်တော့်မှာ ကိုကြီးတို့ရပ်ကွက်ထဲက သူငယ်ချင်းတွေပါမက အွန်လှိုင်းမှာလဲသူငယ်ချင်းများစွာရှိနေပါပြီ ကိုကြီးတိုးဆိုရင် အလုပ်အားတာနဲ့ ဆိုင်လာပြီး ကောင်မလေးတွေကိုကြောင်ရတာနဲ့ အွန်လှိုင်းမှာကြောင်ရတာနဲ့ နားကိုမနားရပါဘူး တခါတလေ ညဆိုင်ပိတ်ကူပြီး ကျွန်တော့်ကို ဘီယာတိုက်ခိုင်း ဘီယာသောက်ပြီး အိမ်ပြန်လိုက်ပို့ပေးတတ်ပါသည်။
ဒီလိုအဆင်ပြေသွားတာ သူ့ကျေးဇူးနဲ့ မကင်းဘူးဆိုတော့ တလတခါ ဘီယာမဟုတ်တောင် အရက်တော့
ကြုံရင်ကြုံသလိုတိုက်ပါတယ်။

           ဒီလိုနဲ့ဆိုင်မှာ အလုပ်လုပ်ရင်းပျော်နေတော့ ဆိုင်ရှင်မမနဲ့လဲ တော်တော်ရင်းနှီးနေပြီး တခါတလေ အစားအသောက် ရံဖန်ရံခါ အ၀တ်အစားတွေကို လမ်းကြုံလို့ဝယ်လာတာဆိုပြီးဝယ်ပေးတဲ့အ၀တ်အစားတွေနဲ့
ကျွန်တော်လဲ တော်တော်ကြည့်ကောင်းယုံမက အားတိုင်းအွန်လှိုင်းတက်နေတော့ ကျူတဲ့နေရာမှာတောင်
ဆရာတစ်ပါးဖြစ်နေပါပြီ။တနေ့အွန်လှိုင်းသုံးနေတုန်း သူငယ်ချင်းတစ်ယောက်က ကောင်မလေးအကောင့်ကွ ချောလဲချောတယ် u.s.aမှာနေတာ မင်းကျူကြည့်ပါလားပြောတော့ ကောင်မလေးအကောင့်ကိုတောင်းပြီး ကောင်မလေးအကောင့်-------@gmail.comကို အက်ထားလိုက်တယ် အက်ထားချင်းစစတော့ လက်မခံသေးပဲ နောက်ရက်ကျတော့
လက်ခံထားတာတွေ့တာနဲ့ ထုံးစံအတိုင်း ဟိုင်း ဘာညာ သာရကာပေါ့
အစပိုင်းတော့ ကောင်မလေးက မေးတာကိုပြန်မဖြေသေးပဲ သုံးရက်လောက်ကြာမှ သူ့နာမည် ဖူးသစ်စ(နာမည်ရင်းဟုတ်မဟုတ်မသိပါ) ဆိုတဲ့အကြောင်း အသက်က၂၀ ကျွန်တော်ထက်ကြီးသည် အမေရိကားမှာ ကျောင်းတက်နေသောစသည့်အကြောင်းအရာနဲနဲကိုပြောပြပါသည် သူက အမေရိကားမှာနေတာဆိုတော့ မာနကြီးတာလဲဖြစ်နိုင်ပါသည်။ဒီအကြောင်းကိုကြီးတိုးကိုပြောပြတော့"ဆက်ကျူကွာ အဆင်ပြေသွားရင် မင်းကိုတောင် အမေရိကားခေါ်ချင်ခေါ်မှာ ငါ့သူငယ်ချင်းတွေဆို အွန်လှိုင်းကအဆင်ပြေပြီး နိုင်ငံခြားထွက်ပြီး အဆင်ပြေနေတာအများကြီးပဲ"လို့ အားပေးတာလား ပို့တာလားတော့မသိကျွန်တော့်ကိုပြောသည်။

        ဒါနဲ့ပဲကျွန်တော်လဲ အဟုတ်ကြီးမှတ်ပြီး ကျူဇယားကို ကောင်းကောင်းခင်းပါတော့သည်။တပတ်လောက်ကြာတော့ သူက"ယူ့နာမည်အရင်းကကော ကျောင်းတက်တာလား အလုပ်လုပ်နေပြီလား"လားလို့ရုတ်တရက်ထမေးတော့ ကျွန်တော်လဲ ဘာဖြေရမှန်းမသိတာနဲ့"နာမည်က ဖြိုးမောင်ပါ တက္ကသိုလ်တက်ဖို့စောင့်နေရင်း အိမ်ကဖွင့်ပေးထားတဲ့ အင်တာနက်ဆိုင်မှာ အပျင်းပြေလုပ်ကူနေပါတယ်"လို့ လိမ်ညာပြီး လွယ်လွယ်ကူကူပဲဖြေလိုက်တယ်
ဟုတ်တယ်လေ အင်တာနက်ဆိုင်မှာ အလုပ်လုပ်နေတဲ့အလုပ်သမားဆို အထင်သေးပြီးဆက်မခင်တော့ရင် ဘယ်လိုလုပ်မလဲ။သစ်သစ်(ခင်သွားတော့ သူ့ကိုကျွန်တော် သစ်သစ်လို့ခေါ်ပါသည်)နဲ့ ကျွန်တော် ခင်မင်ပြီး တစ်လလောက်ကြာတော့ "သစ်သစ် ကျွန်တော့်ကို ဖြိုးမောင်လို့ခေါ်ရတာရှည်ပါတယ် မောင် လို့တစ်လုံးထဲခေါ်ပါ့လား"လို့ စသလိုနဲ့ သွေးတိုးစမ်းလိုက်တော့ သစ်သစ်မျက်နှာလေး ရှက်သွေးတွေဖြာသွားပါတော့တယ် ဒီအချိန်မှာပဲ
ဟိုက် သေပါပြီ ကွန်နက်ရှင်ကလဲကောင်းခန်းရောက်မှကျသွားရတယ်လို့ကွာ။


ဆက်ရန်>>>>

 အပိုင်း(၂)ကို ဆက်လက်အားပေးကြပါနော်

စာဖတ်သူအားလုံးကို လေးစားလျက်
                    
                                             လွင်ပြင်လှိုင်းငယ်

ငိုရမလို ရီရမလို

               ပုံပြင်မဟုတ်တဲ့ ကိုယ်တိုင်ကြုံခဲ့တဲ့အကြောင်းလေးပါ။ မြန်မာနိုင်ငံမှ လူတော်တော်များများဟာ
 အကြောင်းအမျိုးမျိုးကြောင့် ရေကြည်ရာ မြက်နုဆိုသလိုပဲ စီးပွားရေး အခက်အခဲ ပညာရေးအဆင့်မြင့်တင်ဖို့
တိုးတက်တဲ့ နိုင်ငံတွေသွားပြီး စီးပွားရှာကြ ပညာရှာကြရင်း ဘ၀ကိုဖြတ်သန်းကြရပါတယ်။ ဒီလိုဘ၀ကိုရုန်းကန်
တဲ့နေရာမှာ အများအားဖြင့် သဌေးပေးတဲ့ အိမ်တွေမှာနေကြသလို တချို့ကလဲ ကိုယ်ပိုင်အိမ်တစ်လုံးငှားရမ်း
နေထိုင်ကြရတာပေါ့။မိသားစုများတဲ့သူတွေကတော့ အိမ်တစ်လုံးလုံးငှားပြီးနေကြသလို မိသားစုနဲတဲ့သူနဲ့
မိသားစုမရှိတဲ့သူတွေကတော့ အိမ်တစ်လုံးငှားပြီး နေချင်တဲ့သူတွေကို ပြန်ငှားစားကြရပါတယ်။အိမ်ပြန်ငှားစားတဲ့သူတွေကိုတော့ မလေးရှားမှာ အိမ်သူကြီးလို့ခေါ်ကြပါတယ်။ပြောပြချင်တဲ့ အကြောင်းအရာက အိမ်သူကြီးအကြောင်းမဟုတ်ပါဘူး။ကျွန်တော်နေဖူးတဲ့ အိမ်လေးက မိသားစုလေး တစ်စုအကြောင်းပါ။
သူတို့မိသားစုက သုံးယောက်ရှိပါတယ်။ယောက်ျားနာမည်က မောင်လှဖြစ်ပြီး အမျိုးသမီးနာမည်ကတော့
မမြဖြစ်ပါတယ် သူတို့မှာ စကားအလွန်တတ်သောချစ်စရာကောင်းတဲ့ သုံးနှစ်ကျော်သမီးလေးတစ်ယောက်
ငယ်ငယ် ဆိုတာရှိပါတယ်။  သူတို့အကြောင်းလေးသိသမျှနဲနဲပြောပြပါ့မယ်။


              မောင်လှဟာ ရည်ရည်မွန်မွန်ရြှိပီး အလုပ်အကိုင်ကောင်းသလို အပြောလဲချိုတဲ့သူပါ။
ဘာအလုပ်အကိုင်လုပ်လဲ အတိအကျမသိပေမဲ့ အများအပြောကတော့ ပွဲစားလုပ်တဲ့လို့ဆိုပါတယ်။
အပြောကောင်းသလို အမြဲတမ်းပျော်ပျော်နေတတ်သူဆိုတဲ့ မောင်လှကို ချစ်ခင်တဲ့သူများတာပေါ့။
မမြကတော့ သဘောကောင်းမဲ့ရုပ်ရည်ကို ပိုင်ဆိုင်ထားပြီး မောင်လှအပေါ်တော်တော်ချစ်ခင်တွယ်တာ
မယ့်ပုံစံမျိုးပါပဲ တနေ့တနေ့ မောင်လှနဲ့သူ့သမီးအတွက် ချက်လိုက် ပြုတ်လိုက် လျောက်လိုက် ဖွတ်လိုက်နဲ့
သူ့ပုံစံက တော်တော်သနားဖို့ကောင်းပါတယ်။ညနေပိုင်းရောက်တော့လဲ အချိန်ပိုင်းအလုပ်လေးကိုပြေးလုပ်ရသေးတယ်သူအလုပ်သွားချိန်တော့ ကလေးကိုအိမ်မှာရှိတဲ့သူနဲ့အပ်ခဲ့ပါတယ် ညဘက်အားလို့ သူ့ယောက်ျားပြန်မလာသေးရင် သူ့သမီးနဲ့
အခန်းထဲမှာ အင်တာနက်လေးကြည့်ပြီး အပြင်ကို လုံးဝမထွက်ပဲနေတတ်သူပေါ့။
ငယ်ငယ်ကတော့ ကလေးနဲ့မတူအောင်ကို သွက်လက်ချက်ချာပြီး စကားအလွန်တတ်သော ကလေးဖြစ်သော
ကြောင့် အိမ်ကလူတွေရဲ့ အချစ်တော်လေးပါပဲ။သူတို့ မိသားစုလေးဟာ မြင်သူတကား အားကျရလှအောင်
သာယာဖွယ်ကောင်းတဲ့ မိသားစုလေးပေါ့။


            တနေ့ထူးထူးခြားခြား စကားတောင်တိုးတိုးလေးပဲပြောတတ်ကြတဲ့ မောင်လှနဲ့မမြဟာ အော်ကြီးဟစ်

ကျယ်နဲ့ ရန်ဖြစ်နေတာကို ဘေးခန်းမပြောနဲ့ အိမ်ပတ်ဝန်းကျင်က အိမ်တွေတောင်ကြားရပါတယ်။အကြောင်းရင်းကတော့ ရိုးတယ်အတယ်ထင်ရတဲ့ မောင်လှမယားငယ်နေတာကို
မမြသိသွားလို့ ပြဿနာတက်ကြတာပေါ့ ကြားက မြေဇာပင် ငယ်ငယ်လေးကတော့ ဘာမှမသိပဲ မျက်နှာငယ်လေးနဲ့ ငိုနေတာတွေ့ရတယ်။ဒီလိုနဲ့ မောင်လှလဲ အလုပ်သွား ညနေဘက်မမြလဲ အလုပ်သွားတော့ ငယ်ငယ်တစ်ယောက် ဧည့်ခန်းလာထိုင်ပြီး အခန်းဘေးက အကိုကြီးတစ်ယောက်ကို သူ့မိဘတွေဘာကြောင့်ရန်ဖြစ်ကြောင်းမေးပါတော့သည်။ကျွန်တော်ကတော့ သူတို့ဘေးနားမှာငြိမ်ငြိမ်လေးထိုင်ပြီး သူတို့ပြောတာကို ဘာတခွန်းမှ မပြောလဲ စိတ်မကောင်းစွာရှိနေပါတယ်
ဘာမှဝင်မပြောခြင်းမှာ ငယ်ငယ်ကို့ နှစ်သိပ့်စကားပြောချင်ပေမဲ့ စကားအမှားပါပြီး ကလေးတစ်ယောက်ရဲ့စိတ်ထဲ ဒဏ်ရာရသွားမှာကို စိုးရိမ်းသောကြောင့် ဘာမှမပြောခြင်းဖြစ်ပါသည်။ ကဲ စပါပြီ သူတို့စကားဝိုင်း
"ဦးဦး သမီး အဖေနဲ့အမေဘာလို့ရန်ဖြစ်တာလဲဟင်"
"ဒီလိုပေါ့ သမီးရယ် သမီးအဖေက မယားနေတာ သမီးအမေကသိသွားလို့ရန်ဖြစ်တာပေါ့"
"မယားငယ်နေတယ်ဆိုတာဘယ်လဲဟင်ဦးဦး"ဟိုက် သေပါပြီ မေးခွန်းကလဲ
ဟိုတစ်ယောက်ဘယ်လိုဖြေမယ်ဆိုတာ ကျွန်တော် ရင်တုန်ပန်းတုန်နဲ့စောင့်နေပါ၏
သူလဲတော်တော် စဉ်းစားပြီးမှ
"'ဒီလိုသမီးရဲ့ မယားငယ်နေတယ်ဆိုတာ လွယ်လွယ်ပြောရရင် သမီးအမေမဟုတ်တဲ့ သူစိမ်းအမျိုးသမီးကိုကြင်နာပြတာပေါ့ကွယ်"လို့ ဖြေပြီးသက်ပြင်းချသံကြားရသည် ဟုတ်လဲဟုတ်ပါတယ် ဒီမေးခွန်းကဖြေရတော်တော်ခက်ပါတယ် သိတတ်တဲ့သူကိုဖြေရတာအကြောင်းမဟုတ်ပေမဲ့ မသိတတ်သေးတဲ့ ကလေးတစ်ယောက်ကိုရှင်းပြရတာ တော်တော်ခက်ပါလိမ့်မည်။ဒီလိုနဲ့ ငယ်ငယ်တစ်ယောက်ငြိမ်ပြီးစဉ်းစားကာ
"ဒါဆို မေမေလဲ မယားငယ်နေတာပေါ့" ဟာ သူပြောလိုက်မှ လန့်တောင်လန့်သွားတယ်(မှတ်ချက်။   ။ကလေးဆိုတော့ လင်ငယ်နေတာကို ပြောချင်ပေမဲ့မပြောတတ်သောကြောင့် ရှေ့ကစကားကိုနင်းပြီး မယားငယ်နေသည်ဟုပြောခြင်းဖြစ်ပါသည်။)ဒါနဲ့ဘေးအခန်းက အကိုကြီးကလဲ အလောတကြီးနဲ့
"သမီးဒီလိုမပြောရဘူး သူများတွေကြားရင်အဟုတ်ထင်နေအုံးမယ်" လို့ပြောတော့
"ဟုတ်ပါတယ်သေချာပါတယ်"လို့ပြန် အတွန့်တက်ပါလေရော ကျွန်တော်တို့သိသလောက်ကတော့ မမြဟာ ရိုးရိုးအေးအေး နေတတ်တဲ့အမျိုးသမီးပါ ဘယ်လိုကြောင့်လင်ငယ်နေရမလဲ မဖြစ်နိုင်ပါဘူး
 ဒီကောင်မလေး ပေါက်တတ်ကရပြောဆိုနေခြင်းဖြစ်ပါမည်ဟုတွေးတုန်းရှိသေး
 "ဘာကြောင့်သမီးက လင်ငယ် အဲ့ဟုတ်ပါဘူး မယားငယ်နေတာလဲလို့ပြောရတာလဲ"လို့
သိချင်စိတ်နဲ့ အကိုကြီးကမေးပါရော ကျွန်တော်လဲ တော်တော်သိချင်နေပါတယ် ငယ်ငယ်အဖြေလဲကြားရော
ကျွန်တော်ကော ထိုအကိုကြီးပါ ရီရမလို ငိုရမလိုဖြစ်သွားပါတယ် သူဖြေတာကိုလဲကြည့်အုံးလေ
 "ဦးဦးတို့မသိလို့ ညညဖေဖေအိမ်ပြန်မခင်ဆို မေမေက သမီးကိုအတင်းအိပ်ခိုင်းပြီး တီဗီ(ကွန်ပျူတာကိုမခေါ်တတ်သောကြောင့် တီဗီဟုခေါ်ချင်းဖြစ်သည်)နားကိုလုံးဝမလာခိုင်းဘူး ဒိလိုလုပ်တာအမြဲပဲ ဒီလိုနဲ့တရက်တော့ သမီးကအရမ်းသိချင်နေတာနဲ့ အိပ်ချင်ယောင်ဆောင်ပြီး ခိုးကြည့်တော့ ဘာတွေ့တယ်မှတ်လဲ မေမေက ဖေဖေမဟုတ်တဲ့သူတစ်ယောက်က တီဗီထဲက ထမင်းခွံကျွေးတာကို ဒီဘက်ကနေပါးစပ်ကြီး ဟ ပြီး စားပြသလိုလုပ်နေတာ  တော်တော်ရီရတယ် တကယ်လဲမစားရပဲနဲ့ ဒါကြောင့်ပြောတာပေါ့ ဖေဖေမဟုတ်တဲ့တခြားလူနဲ့မေမေကကြင်နာနေတော့ မေမေလဲမယားငယ်နေတာပဲပေါ့"
 လို့ပြောပါတယ် သူ့အဖြေစကားက ရီရမလို ငိုရမလိုပါပဲ။ဒီလိုနဲ့ တဘက်ခန်းမှ အကိုကြီးလဲ ဘာမှဆက်မမေးတော့ပဲ သူ့အခန်းထဲပြန်ဝင်သွားပါတော့တယ် ကျွန်တော်ဘက်လှည့်လာစိုးသောကြောင့် ကျွန်တော်လဲ မြန်မြန်လစ်တော့တာပေါ့ တော်တော်မလွယ်တဲ့ကလေး။

                သူတို့မိသားစုနောက်ပိုင်းဘယ်လိုဆက်ဖြစ်သွားတယ်ဆိုတာတော့ စာဖတ်သူတို့သိချင်မှာပေါ့နော်
သူတို့မိသားစု ဘာမှမဖြစ်ပါ။မဖြစ်ရခြင်းအကြောင်းကတော့ မောင်လှ မယားငယ်နေခြင်းမှာ ပတ်ဝန်းကျင်မှ
အထင်မြင်လွဲပြီးပြောသောစကားများဖြစ်ကြောင်း မောင်လှနှင့်တွဲနေသော အမျိုးသမီးမှ လာရောက်ရှင်းပြသောကြောင့်ဖြစ်ပါသည် ထိုအမျိုးသမီးမှာ မောင်လှသူငယ်ချင်း၏ချစ်သူသာဖြစ်ပြီး သူငယ်ချင်းအတွက် သူ့ချစ်သူကို အစစအရာရာကူညီရာမှ ပတ်ဝန်းကျင်ကလိုရာဆွဲတွေးပြီးပြောဆိုခြင်းသာဖြစ်ပါသည်။ငယ်ငယ်ထင်သော သူ့အမေလင်ငယ်နေဆိုခြင်းမှာလဲ vz0မှ ကျောင်းနေဘက် ငယ်သူငယ်ချင်းနဲ့ တွေ့ရာမှ သူငယ်ချင်းက စနောက်ပြီး ထမင်းခွံကျွေးသလိုလုပ်သည်ကို ငယ်ငယ်မှတွေ့ပြီး သူထင်တာကို လျှောက်ပြောခြင်းဖြစ်ပါသည်။
သူတို့မိသားစု အခုတော့ ဒီမှာမရှိတော့ပါ မိသားစုလိုက် လွန်းခဲ့သော ၂နှစ်လောက်က မြန်မာပြည်သို့ ပျော်ရွှင်စွာပြန်သွားကြပါပြီ။

           သူတို့အကြောင်းကိုကြည့်ပြီး ကျွန်တော် ဘာရခဲ့သလဲဆိုတော့ ပတ်ဝန်းကျင်စကားကို မစူးစမ်း မတွေးတော မလေ့လာပဲ ပြောသမျှယုံရင် မဖြစ်သင့်တာဖြစ်မည်ဖြစ်ပြီး။ပတ်ဝန်းကျင်မရှိသော အရပ်တွင်နေလျှင်လဲ(ပတ်ဝန်းကျင်သိပ့်မရှိသောအရပ်မှာ အွန်လှိုင်းလိုမျိုးပေါ့ သူအကြောင်းကိုယ်မသိကိုယ့်အကြောင်းသူမသိပြောသမျှအဟုတ်ထင်ရသောနေရာဖြစ်ပါသည် အိမ်ထောင်ရှိသောသူလဲ မိန်းမ အလုပ်သွားချိန် လူပျိုပြောလဲ ပတ်ဝန်းကျင်မရှိသောကြောင့် ယုံသောသူမှာအပြစ်မရှိပါ)အမှောင်ထဲတွင် လမ်းလျှောက်နေသောသူနှင့်တူမည်။ထို့ကြောင့် အရာရာကို ကိုယ်ပိုင်းအတွေးကော ပတ်ဝန်းကျင်အမြင်ကော အားလုံးပေါင်းစပ်ပြီး ဆုံးဖြတ်သင့်တယ်လို့ကျွန်တော်ထင်ပါသည်။

လွင်ပြင်လှိုင်းငယ်

နင့်အတွက်ငါရဲ့ ဆန္ဒမှန်

မိုးမြင့်ထက်ဆီ
တိမ်တိုက်တွေ စစ်ခင်းလို့
ရှုံးနိမ့်မှု့ရဲ့ရလဒ်
အက်စစ်မိုးစက်တွေအဖြစ်
ကမ္ဘာမြေပေါ်သို့
မိုးသီးတွေပါ တပါတည်းခေါ်ဆောင်လာပြီး
ခပ်ပြင်းပြင်း အငြိုးကြီးစွာ ရွာချတဲ့ မိုးစက်တွေကို
ကောင်းကင်ကို ငါမော့
မျက်တောင်တစ်ချက်လေးမှ မခတ်ပဲ
စူးစိုက်ပြီး ကြည့်နိုင်ပါတယ် ချစ်သူ  
သို့သော်
ငါ့အတွက်နဲ့ နင်နာကျင်စရာမှသည်
နားကျည်းစရာ ဝေဒနာသို့ကူးပြောင်း
နင့်နှလုံးသားမှာ ခိုအောင်းပြီး
နာကျင်ခြင်းရဲ့ သက်သေ
ဒီမျက်ရည်စက်တွေတော့
အမြင်မျက်လုံးနဲ့မပြောနဲ့
ပုံဖော်ကြည့်ရတဲ့ အတွေးနဲ့တောင်
မကြည့်နိုင်ပါဘူး ချစ်သူ  ။

အရိုးကွဲမတတ်
အေးစက်တဲ့ ဆောင်းညနက်နက်မှာ
ရေခဲတောင်တက် ခရီးဆက်ရဲပေမဲ့
အေးတဲ့ဆောင်းညက
အနွေးဓါတ်ပေးတဲ့
မီးလင်းဖိုဘေးနား
ခပ်ကွေးကွေးလေးအိပ်နေတဲ့မင်းကို
စောင်မှခြုံရဲ့လားလို့
ညညထစမ်းရတာ
ဆောင်းတွင်းရဲ့ ညတိုင်းပါ ချစ်သူ  ။

နွေ နေမင်းရဲ့
အငြိုးကြီးစွာ ကမ္ဘာမြေပြင်ကို
စူးရှရှအကြည့်ရဲ့ဒဏ်
 သဲပြင်တွေမီးထတောက်
အာခေါင်တွေကွဲအက်လည်း
ဒီခရီးကြမ်း ငါလှမ်းရဲပေမယ့်
နင်မရှိတဲ့လမ်း
နင်မရှိနဲ့နေရာ
နင်မပါတဲ့ဘဝ
နတ်ပြည်ကို အုပ်ချူပ်မင်းလုပ်ဖို့
ခေါ်ရင်တောင်
နင်မပါတဲ့ခရီး
အတွေးနဲ့တောင်မလှမ်းချင်ဘူး ချစ်သူ ။

လွင်ပြင်လှိုင်းငယ်

ပြီးပြည့်စုံတဲ့ဘ၀ အိမ်ထောင်သည်အလှ

                  
                  အိမ်ထောင်ကျတယ် အိမ်ထောင်ကျတယ်နဲ့ စကာလုံးတွေကို ခွဲခြားတွေးပြီး အိမ်ထောင်ပြုရမှာ ရင်လေးနေတတ်ကြတယ်ထင်ပ။
တကယ်တော့ လူတွေက အိမ်မှာထောင်ကျတယ်လို့ မှတ်ယူပြီးတော့ အိမ်ထောင်ပြုရမှာဝန်လေးနေတာလဲ
ဖြစ်နိုင်ပါတယ် ။
လူအမျိုးမျိုးစိတ်အထွေထွေဆိုသလိုပဲ ကိုယ်ထင်တာ ကိုယ်တွေးပြီး ရင်လေးတာ အပြစ်ပြောလို့မရပါဘူး။
လူမျိုးမျိုးထဲမှာ လူဖြစ်တဲ့ လွင်ပြင်အတွေးက ဒီလိုဗျ။
အိမ်ဆိုတာက ကိုယ်ချစ်တဲ့သူနဲ့ အတူနေပြီး မိဘအထောက်အပံ့အားလုံးကို စွန့်လွှတ်ပြီး ဆင်းရဲအတူ ချမ်းသာမကွဲပဲနှစ်ယောက်သားဘ၀ကို ကောင်းတူဆိုးဘက် ရင်ဆိုင်ဖို့ ဘ၀ရှေ့တန်းက ခံတပ်စခန်းတစ်ခုကို တည်ဆောက်ပြီးနေထိုင်တဲ့  တည်နေရာပေါ့  ။
ထောင်ကိုယ့်မှာ ပိုင်ဆိုင်တဲ့ ချစ်ခြင်း၊ ကြင်နာခြင်း၊ယုယတွယ်တာခြင်း၊မြတ်နိုးမှု့အစုစု၊ဂရုစိုက် အားကိုယ်လိုမှု့ ဘယ်မိန်းကလေးကိုမှ  ပေးအပ်လို့မရတဲ့
ခံစားချက်အ၀၀တို့ကသစ္စာအထုပ်ထဲထည့်သံယောဇဉ်ကြိုးနဲ့ခိုင်ခိုင်တုတ်ပြီး တည်ငြိမ်တဲ့စိတ် ခိုင်မာတဲ့ဆုံးဖြတ်ချက်နဲ့ ကိုယ်ချစ်တဲ့ ချစ်သူရဲ့ နှလုံးအိမ်ထဲကို လွတ်ရက်မလိုချင်ပဲ တသက်တာအတွက် တုနှိုင်းမမှီတဲ့ လောကရဲ့အခန်းနားဆုံးအဆောက်အဦးအဖြစ်ကိုယ်တိုင်ဝင်ခဲ့တယ်လို့သဘောထားပေးပါ။
တနည်းအားဖြင့် ဒုက္ခတွေအပြည့်နဲ့ မကောင်းတဲ့သူတွေ အပြစ်ပေးတဲ့ ထောင်လို့မမြင်ပဲ    အသစ်သဘောနဲ့ ချစ်သူကိုခြင်ကိုက်မှာစိုးလို့ ထောင်ပေးထားတဲ့ ခြင်ထောင်လို            အန္တရာယ်အသွယ်သွယ်ကာကွယ်ပေမယ့် ထောင်လို့မြင်ကြည့် ပေးပါ ။
                                        အိမ်ထောင်ပြုလိုက်ရင်လွတ်လပ်မှု့တွေပျောက်ဆုံးကုန်တယ်သွားချင်ရာသွားလို့မရ နေချင်သလိုမနေရလို့ စသည့် အကြောင်းပြချက်အမျိုးမျိုးကလဲအိမ်ထောင်ပြုရမှာကို ကြောက်စေပါတယ်။တကယ်တော့ လွတ်လပ်မှု့ဆိုတာ အတိုင်းအတာတခုပဲကောင်းပါတယ် ။
လွတ်လပ်မှု့နောက်ကွယ်က မကောင်းမှု့အမျိုးမျိုးနဲ့ ပျက်ဆီးခြင်းဆိုတာ ခဏတာတောင်မကောင်းပါဘူး။
အိမ်ထောင်ကျလို့ လွတ်လပ်မှု့တွေဆုံးရှုံးသွားတယ်ဆိုတာ
ကလဲ မဟုတ်ပါဘူး။ထိန်းသိမ်းမှု့ရဲ့အောက်က စည်းကမ်းသတ်မှတ်ချက်နဲနဲလေးပါပဲ
စည်းကမ်းထားတယ်ဆိုတာကလဲ ချစ်ခြင်းစာအုပ်ထဲက စာမျက်နှာတချို့ပါပဲ အမျိုးသမီးတွေဟာ မိမိခင်ပွန်းကို စိုးရိမ်စိတ်ကြီးစွာနဲ့ လုပ်ငန်းတာဝန်ပြီးဆုံးချိန်မှာ
မိမိရဲ့ မျက်စိရှေ့မှာထားပြီးတော့ လိုအပ်သမျှလုပ်ပေးမယ် လင်ယောကျာ်းရဲ့ အကြင်နာကို အပြည့်အ၀လိုချင်တဲ့ ချစ်ခြင်းရဲ့ အတ္တအတွက် ဟိုမသွားရဘူး
ဒီမလာရဘူးလို့ သတ်မှတ်တာကို အပြစ်လို့မမြင်ပဲ ကိုယ့်အတွက်ပြောပါလားလို့ဖြည့်တွေးပေးရင် လွတ်လပ်မှု့မရှိဘူးဆိုတဲ့ စာမျက်နှာဟာ အိမ်ထောင်ရေးကျမ်းမှာ အလိုလိုပျောက်သွားပါလိမ့်မယ်  ။အိမ်ထောင်ရှင်တွေဟာ မိန်းမပဲဖြစ်ဖြစ် ယောက်ျားပဲဖြစ်ဖြစ် စိုးရိမ်စိတ်ကြီးတတ်ကြပါတယ်။
အမျိုးသမီးဟာလဲ အိမ်မှာအိမ်အလုပ်လုပ်နေပေမဲ့ စိတ်က ချစ်လင်အပေါ်မှာ အမြဲရောက်ပြီး အိမ်က ယောကျာ်းထွက်သွားကတည်းက ကျောပြင်ကိုကြည့်ပြီး
လမ်းသွားရင် ဘာများဖြစ်မလဲ ကားတွေများတဲ့လမ်းမှာဆိုကားအန္တရာယ်ကိုစိုးရိမ်ရ လူပြတ်တဲ့လမ်းသွားရင် လူဆိုးတွေနဲ့များတွေ့မလား လုယက်မှု့များခံရပါ့မလားနဲ့ လူကအိမ်မှာ စိတ်ကယောကျာ်းနောက်လိုက်ပြီးပူပန်နေကြရတာပေါ့ စားချိန်ရောက်ရင်လဲ သူစားကောစားပြီးပြီလား အိမ်ပြန်စားတဲ့သူဆို စားချိန်မှပြန်မရောက်ရင် ဘာလို့လဲ အလုပ်ထဲမှာအဆင်မပြေလို့ နောက်ကျနေတာလားဆိုတဲ့အတွေးတွေနဲ့စိတ်ကို အမြဲပူပင်စေတာပေါ့။ယောကျာ်းတွေလဲ အတူတူပါပဲ မိန်းမသာအိမ်မှာထားပြီး အလုပ်လုပ်နေပေမဲ့ စိတ်ကတော့ မိန်းမအိမ်မှာတစ်ယောက်တည်း ကြောက်နေမလား ပျင်းနေမလား ဒီအချိန်သူဘာများလုပ်နေမလဲ အ၀တ်လျော်နေလို့ ရေချိုးခန်းထဲများ ချော်လဲမလား ထမင်းဟင်းချက်ရင်း အပူလောင်မလား ဂတ်အိုးတွေကလဲလုံပါ့မလား တခုခုဆိုတဲ့ အတွေးတွေနဲ့ လူပင်ပန်း စိတ်ပင်ပန်းနဲ့ပေါ့။တစ်နေ့တာရဲ့ လူပင်ပန်း
စိတ်ပင်ပန်းမှု့တွေဟာ အလုပ်ပြီး အိမ်အပြန် တစ်ယောက်မျက်နှာ တစ်ယောက်တွေ့တော့လဲ အလိုလိုပျောက်ပြီး ကြည်နူးမှု့အပြည့်နဲ့ နေ့ရက်တွေကို ကုန်ဆုံးစေတာဘယ်လောက်ကြည်နူးဖို့ကောင်းလဲနော်။
 လင်ရယ်မယားရယ်လို့ဖြစ်လာရင် ထောက်ထားညှာတာမှု့နဲ့ နောက်ပြန်ကြည့်တတ်တဲ့ စာမျက်နှာတစ်ခု ဘ၀စာမျက်နှာမှာ အလိုလိုတိုးလာ
ခဲ့တယ် ထောက်ထားညှာတာ နောက်ပြန်ကြည့်တတ်တယ်ဆိုတာကတော့ မကောင်းမှု့တစ်ခုခုလုပ်တော့မယ် ဆိုရင် ငါတကယ်လို့ တစ်ခုခုဖြစ်သွားရင်
ငါ့မိန်းမတော့ လောကအလယ်မှာ အားကိုးရာမဲ့မျက်နှာငယ်နေတော့မှာ
ပဲဆိုတဲ့စိတ် အရှက်ကွဲအကျိုးနဲစေမဲ့ အလုပ် ဥပမာ မယားငယ်နေတာပဲဖြစ်ဖြစ်
ခိုးဝှက် မကောင်းမှု့ဒုစရိုက်စတာတို့ကိုလုပ်လို့ ပေါ်သွားရင် ပတ်ဝန်းကျင်မှာ ငါ့မိန်းမတော့မျက်နှာငယ်နဲ့ ဘ၀ကိုဖြတ်သန်းရတော့မှာပဲဆိုတဲ့ ရှေ့ဖြစ်လာမယ့်အရာကို နောက်ပြန်မိန်းမကိုလှည့်ကြည့်လာတတ်တာတွေကြောင့် အိမ်ထောင်ရှင်တွေဟာအမှားနည်းလာကြတယ်လို့ထင်ပါတယ် ။စားတဲ့နေရာမှာပဲဖြစ်ဖြစ် သွားတဲ့နေရာမှာပဲဖြစ်ဖြစ် အိမ်ထောင်ရှင်တွေဟာ တကယ့်ကို
ကြည်နူးစရာကောင်းသလို အားကိုးရာနဲ့ အားကိုးခံပီတိလေးတွေကတော့ အိမ်ထောင်မဲ့တွေထက် အနှိုင်းဆမဲ့သာပါတယ် ။အစားစားရင်လဲ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ငပိနဲ့စားရပေမဲ့လဲ ပီတိလေးခတ်ထားတဲ့ဟင်းဆိုတော့ အရသာက သာမညမဟုတ်တော့ပဲ အဟာ၇အပြည့်နဲ့
နတ်သုဒ္ဓါနဲ့ ဘယ်လဲနိုင်ပါ့မလဲ( နတ်သုဒ္ဓါဘယ်လောက်ကောင်းတယ်ဆိုတာ မစားဖူးတော့မသိပေမဲ့ သူချက်တဲ့ ငပိတခွက်ကတော့ တော်တော်ကောင်းပါတယ်)ဒါကလဲ စကားအဖြစ်ပြောတာပါ မိန်းမတွေဟာ သူတို့တာ ဖြစ်သလိုစားချင်စားမယ် ကိုယ့်ယောက်ျားကိုတော့
ကောင်းသထက်ကောင်းတဲ့ ဟင်းကိုပဲချက်ကျွေးပြီး ယောက်ျားက အရမ်းစားကောင်းတာပဲလို့ပြော သူတို့မျက်နှာက အာဖရိက ကစိန်တစ်တုံးရသလိုပဲပျော်နေတတ်ကြတာ အိမ်ထောင်ရှင် မိန်းမတွေပါ။
လူ့ဘ၀ဆိုတာ အခက်အခဲတော့ရှိတတ်ကြတာပါပဲလေ ဘာပဲဖြစ်ဖြစ် ကြုံလာမဲ့ လောကဓံကို ကြံ့ကြံ့ခံပြီး
ဘ၀တစ်ခုကို ရဲရဲရင်ဆိုင်နိုင်ဖို့လဲလိုပါတယ် လွင်ပြင်ဖြတ်သန်းခဲ့တဲ့ဘ၀မှာ နှစ်ယောက်အတူ ကြက်ဥတစ်လုံး
နှစ်ယောက်အတူစားရတဲ့ မနက်စာတွေရှိသလို ကြည့်စရာTVမရှိလို့ ဇနီးသည်ပျင်းနေမှာစိုးလို့ စာအုပ်အဟောင်းလေးတွေ သူများဆီတောင်းပြီးဖတ်ပြရတဲ့ ညလဲမနည်းပါဘူး။အပျင်းပြေ ဆော့စရာ ဂိတ်စက်မရှိတဲ့ဘ၀မို့ စာရွက်လေးမှာ အကွက်ဆွဲပြီး ကျားကွက်နှစ်ယောက်အတူကစားပြီး ပျော်ခဲ့တာလဲမမေ့ပါဘူး။ဘာပဲဖြစ်ဖြစ် ကြိုးစားမှု့တိုင်းမှာ သူ့မျက်နှာလေးရှိနေတော့ စိတ်ဓါတ်ကျ အားငယ်နေတဲ့ အချိန်တောင်မရှိခဲ့ပါဘူး။
အရာရာတိုင်းမှာ သူ့အတွက်သူ့အတွက်ဆိုတဲ့စိတ်နဲ့ ရိုးသားစွာကြိုးစားပါ မပြည့်စုံတဲ့ဘ၀ ခဏလေးနဲ့ပျောက်သွားပါလိမ့်မယ်။
ဘာပဲဖြစ်ဖြစ် တစ်ကိုယ်တည်းအထီးကျန်ဆန်ပြီး တိုင်ပင်ဖော်မရှိတဲ့ ဘ၀ကြီးထဲမှာ အသက်ရှင်ရပ်တည်မဲ့အစား  အိမ်ထောင်ပြုမယ့် အရွယ်ရောက်ရင် ကိုယ်ချစ်တဲ့သူနဲ့ ဘ၀ကို ကြည်နူးစွာ ရင်ဆိုင်ဖြတ်သန်းတာဟာ လူ့လောကရဲ့ အလှတစ်ခုပါပဲလေ  ။


(မှတ်ချက်။  ။သိသမျှ လက်တွေ့ခံစားရတဲ့ ဘ၀ထဲမှ မရေးတတ်ပဲ အတွေးများကို မျှဝေခြင်းဖြစ်ပါသည်။)

ကျေးဇူးပါ အိပ်မက်လေး




ကောင်မလေးရေ
မင်းဝင်ရောက်လာတုန်းက
ငါ့နှလုံးသားတံခါးဟာ
အတ္တ မာန်မာန ယုံကြည်ခြင်းကင်မဲ့စွာ
 သေချာသော့ခတ်ထားတာပါ  ။

အချစ်ဆိုတာ အပြောလွယ်
အလွယ်ပြောပြီး
လက်တွေ့ဘ၀မှာ 
သူတောင်းစားဆီက ခွက်တစ်လုံးလောက်တောင်
တန်ဖိုးမထား တန်ဖိုးမဲ့စွာ
ခပ်ပျက်ပျက် နှလုံးသားနွံ့မှာနစ်ခဲ့ဖူးတဲ့
လူတစ်ယောက်အတွက်ကတော့
အချစ်ဆိုတာ 
လမ်းဘေး ကွမ်းယာဆိုင်လာတောင်ထင်မိမှာပါ ။

ဂီတကို နားမလည်တဲ့ လူတစ်ယောက်ရှေ့မှာ
ဂစ်တာတီးပြလဲ တီးတဲ့သူလက်နာပြီး
နားထောင်တဲ့သူကတော့ နားညည်းနေမဲ့တူတူ
ကိုယ်တိုင်းတီး ကိုယ်တိုင်ဆိုပြီး
ကိုယ်တိုင်နားဆင်တာ အကောင်းဆုံးပါပဲလေ ။

ကဗျာဆိုတာ
စာရေးပျင်းတဲ့သူတွေ ရေးတဲ့
စာတိုပေစတွေလားလို့ မေးတတ်တဲ့လူအများကို
ခံစားမှု့ရင်ဘတ်ထဲက စကာလုံးတွေချပြနေမဲ့အစား
နှလုံးသားခံစားမှု့ တချို့တ၀က်ကို
နားလည်ပေနိုင်မဲ့ လူအချို့ရှေ့မှာ
ငါ့ကဗျာတွေ ရေးချတာက
ကဗျာတစ်ပုဒ်တန်ဖိုးပေါ်လွင်စေတာပေါ့ ။
 
အကြောင်းစုံကို ပေါင်းဆုံပြီးတွေးကြည့်လိုက်တော့
မချစ်တတ်သူကို
အချစ်ငတ်ပြနေမဲ့အစား
ချစ်တတ်သူကို
ဘ၀ပေးပြီး
အချစ်ရူးလို့ပြောချင်ပြောပါစေ
မင်းတစ်ယောက်ကိုပဲ
ငါ့အသက်ထက် ချစ်သွားမယ်  ။
 
မင်းဝင်လာစတုန်းက
ငါ့နှလုံးသားတံခါးဟာ
သုံးမရပဲ သံချေးတောင်တက်နေပါပြီး
မင်းကတော့အေးအေးဆေးဆေးပဲ
အချစ်ဆိုတဲ့ သော့တစ်ချောင်းမသုံးသေးပဲ
လေးဖြူသီချင်းခပ်အေးအေးလေးညည်းပြီး
သံယောဇဉ် သံယောဇဉ်ဆိုပြီး
နှလုံးသား သံချေးတွေဆေး
နွေးထွေးတဲ့ လက်တစ်စုံကိုသုံး
ပြုံးပြုံးလေးပဲ
ရိုးသားခြင်းသော့တစ်ချောင်းနဲ့
နှလုံးသားသော့ခလောက်ကို
ဖွင့်ဝင်လာလိုက်တာ
ငါ့နှလုံးသားနန်းဟာ
အထီကျန်မှု့တွေပျောက်
သာယာမှု့တွေရောက်ပြီး
ခုတော့
အချစ်ဆိုတာ အဖိုးမဖြတ်နိုင်တဲ့
ခံစားမှု့ရပ်ဝန်းဆိုတာ
သင်ပြပေးတဲ့ အိပ်မက်လေးကို
သူစိမ်းဆန်တယ်မထင်မှတ်စေချင်ဘူး
စိတ်ရင်မှန်နဲ့ ပြောပါရစေလား
ကျေးဇူးပါ ချစ်သူ  ။

လွင်ပြင်လှိုင်းငယ်

စိတ်ကိုအိမ်သာတက်ခြင်း

              လူ့ဘ၀မှာ အရေးကြီးဆုံးက ဘာလဲ?ငွေကြေး ပိုက်ဆံလား?အာဏာ?အောင်မြင်ကျော်
ကြားမှု့လား?တီထွင်နိုင်မှု့စွမ်းအား?
လူအမျိုးမျိုး စိတ်ထွေထွေဆိုတာမျိုးပါပဲ လက်ချောင်းလေးတွေမတူညီသလို လိုအင်ဆန္ဒတွေလဲဘယ်သူညီနိုင်ပါ့မလဲ။သို့ပေမဲ့လဲ လူသားတိုင်းအတွက် အရေးကြီးဆုံးနဲ့ လူအင်ဆန္ဒထပ်တူကျတာတစ်ခုတော့ရှိတယ် အဲ့ဒါဘာလဲဆိုတော့ ကျန်းမာရေးပါပဲ။ဆင်းရဲသူဖြစ်ဖြစ် ချမ်းသာသူဖြစ်ဖြစ် အုပ်ချူပ်သူကော အုပ်ချူပ်ခံ အတန်းအစားမရွေး ဘာသာမရွေး လူမျိုးမရွေးတောင်းတ လိုချင်တာကတော့ ကျန်းမာရေးကောင်းဖို့ပါပဲ။ကျန်းမာရေးကောင်းမှလဲ လူတွေဟာ စိတ်သွားတိုင်းကိုယ်ပါ လိုချင်တဲ့ခရီး သွားလိုရာပန်းတိုင် ဖြောင့်ဖြောင့်လေးလှမ်းနိုင်မယ်မဟုတ်လား။ကျန်းမာရေးဆိုတာကလဲ ငွေရှိတိုင်းကောင်းနိုင်တာမဟုတ်တဲ့ ဘက်မလိုက်တဲ့အရာဖြစ်နေတော့ ဥစ္စာကံစောင့် အသက်ကို ဥာဏ်စောင့်ဆိုတဲ့ဆိုရိုးစကားပေါ်လာတာပေါ့။ထို့ကြောင့်လူတွေဟာ ကျန်းမာရေးကောင်းဖို့အတွက် ကိုယ်လက်လှုပ်ရှားမှု့တွေလုပ်တယ် ဆေးဝါးတွေမှီဝဲကြတယ် ကိုယ်နဲ့ တည့်မဲ့အစားအစာတွေကိုရွေးစားကြတယ် ဒီလိုနဲ့ကောင်းမာရေးကောင်းအောင်အမျိုးမျိုး ကာကွယ်ခြင်းရင်းနဲ့ကုသခြင်းတွေလုပ်ကြတာပေါ့။အဓိကလုပ်တာကတော့ အစာအိမ်အတွက်ပါပဲ အာဟာရပြည့်ဝတဲ့ အစားအစာတွေစားမှ ကျန်းမာဝဖြိုးအလှတိုးမှာဖြစ်သောကြောင့် ဆေးလဲအစာ အစာလဲဆေးမို့လူတွေဟာ နေ့စဉ်အာဟာရဖြစ်မဲ့အစာကိုစားသုံးကြတယ် အစာမစားရင် အသက်မရှင်နိုင်တာမို့ ကြီးကြီးငယ်ငယ်အားလုံးဟာ အဓိကကျတဲ့ အစာကို စားသုံးကြတယ် အစာကိုစားသုံးပြီး နောက်ဆက်တွဲကတော့ အစာချက်ပြီးရင် လိုအပ်တဲ့အရာတွေ သက်ဆိုင်ရာအစိတ်အပိုင်သို့ပို့ပေးပြီး မလိုတဲ့အရာတွေကိုတော့ မစင်ဆိုပြီးစွန့်ထုတ်ဖို့ အိမ်သာတက်ကြရတာပါပဲလေ။လူတွေအားလုံးဟာ အိမ်သာကို နေ့စဉ် တနေ့တကြိမ်တော့ တက်ကြရတာပဲ တကယ်လို့ တနေ့တကြိမ်မှ ၀မ်းမသွားရင် ဗိုက်ထဲကအောင့်ပြီး မအီမသာနဲ့ နေမထိထိုင်မသာဖြစ်ပြီး အမျိုးမျိုးအိမ်သာတက်ချင်အောင် ဆေးခန်းပြ ဆေးစားနဲ့ အညစ်အကြေးကို အမျိုးမျိုးစွန့်ထုတ်တတ်ကြပါတယ် င်္ဒီလိုစွန့်ထုတ်နိုင်မှလဲ နေသာထိုင်သာရှိပြီး ကျန်းမာရေးကောင်းနိုင်မယ်မဟုတ်လား။ထို့ကြောင်းလူသားတွေဟာ အိမ်သာကို တနေ့တခါတော့အနည်းဆုံးတက်သင့်ပါတယ်။ဆိုလိုသာကတော့ လူတွေဟာ ကျန်းမာရေးအတွက်အိမ်သာရပါမယ်။နောက်တစ်ချက် နှလုံးသားလှဖို့ စိတ်ထားလှဖို့ မကောင်းတဲ့အရာတွေများများမလုပ်ဖို့ ကျန်းမာရေးအတွက် အိမ်သာတက်သလို စိတ်ထားအတွက် လူသားတိုင်း စိတ်ကိုအိမ်သာတက်ခိုင်းရင်ကောမကောင်းဘူးလား။
               စိတ်ကိုအိမ်သာတက်တယ် ဒီလိုပြောရင် ရီစကားများဖြစ်နေမလားမသိဘူးနော် တကယ်တော့ စိတ်ကို အိမ်သာတက်ဖို့လိုမယ်လို့ ကျွန်တော်တော့မြင်တယ် ဘာကြောင့်လဲဆိုတော့ လူတွေဟာ နေ့စဉ်ဝမ်းရေးအတွက် အလုပ်လုပ်ရင်း မကောင်းတဲ့စိတ်တွေ လိမ်ညာတဲ့စိတ်တွေနဲ့ ကိုယ်ခန္ဒာမှာပြည့်နေပါလိမ့်မယ် ဒါကြောင့်နေ့စဉ်မှန်မှန် ညမအိပ်ခင် ၁၀မိနစ်လောက်ထိုင် မျက်စိလေးမှိတ်ပြီး ဒီနေ့ငါဘာတွေကောင်းတာလုပ်ခဲ့လဲ မကောင်းတာတွေကို ဘာလုပ်ခဲ့လဲ ပြန်တွေးပြီး ကောင်းတာလုပ်တဲ့စိတ်တွေကို နှလုံးသားထဲထည့် မကောင်းတာလုပ်ခဲ့တဲ့ စိတ်အညစ်အကြေးတွေကို စွန့်ထုတ်လိုက်မယ်ဆိုရင် မနက်ဖြန်အတွက် ယနေ့ရဲ့စိတ်အညစ်အကြေးတွေကင်းစင်သွားနိုင်ပါတယ်။လူ့ဘ၀မှာ အရေးကြီးဆုံးက စိတ်ကို လွတ်လပ်ပေါ့ပါးပြီး စိတ်ထားလေးဟာ မညစ်နွမ်းပဲ ဖြူစင်နေရင် မြင်မြင်သမျှဟာလဲ အပြစ်ပြောစရာမရှိတဲ့ အသစ်အတိုင်းပဲ မြင်နေပါလိမ့်မယ် ရှင်သန်ခြင်းရဲ့ သက်တမ်းမှာ စိတ်ထားကို မြင့်သထက်မြင့် လှသထက်လှအောင်နေသွားမယ်ဆို၇င် သောကများများ ရောဂါများများနဲ့အထီးကျန်ရင်း ဘ၀ကိုဖြတ်သန်းစရာမလိုတော့ပါဘူး။လူတစ်ယောက်ဟာ အဓိက စိတ်လှဖို့ပါ ရုပ်လှပေမဲ့ စိတ်မလှတဲ့သူကို သင်မြင်ဖူးပါလိမ့်မယ် သူ့အလှဟာသူ့စိတ်ကိုမသိခင် ခဏတာပဲ လှပပြီးတော့ သူ့စိတ်ကို သင်သိရာမှစလို့ သူဟာ ဘယ်တော့မှ သင့်မျက်စိနဲ့ ပတ်ဝန်းကျင်မျက်စိမှာ အကျည်းတန်ရုပ်ဆိုးနေပါ့လိမ့်မည်။ ရုပ်မလှပေမဲ့ စိတ်လှတဲ့ သူကတော့ ဘယ်အချိန်ပဲကြည့်ကြည့် ကြည့်မ၀တဲ့ ပန်းချီးကားတချပ်လိုပါပဲ။စိတ်ဆိုတာ ပြုပြင်ပြောင်းလဲယူလို့ရတဲ့ အရာမို့ စိတ်ကို အမြဲတမ်းဆန်းစစ်ပြီး မကောင်းတဲ့စိတ်တွေကိုထုတ် ကောင်းတဲ့စိတ်တွေကို နှလုံးသားမှာစုပြီး ဘ၀ကို လှပစွာ ကြည်နူးစရာအပြည့်နဲ့ လှမ်းလျှောက်လိုက်ပါ။

             စိတ်ကို အိမ်သာတက်ခြင်းသည် တနေ့ ၁၀မိနစ်လောက်ဆိုပေမဲ့လဲ အကျိုးကျေးဇူးကတော့ ဖော်ပြလို့မရတဲ့ အတိုင်းအသာအထိ သင့်ကို အကျိုးကျေးဇူးပြုပါလိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ဒီတော့  ဒီနေ့မှ စလို့ စိတ်ကို အိမ်သာတက်ကြည့်ရအောင်လား   ။

(မရေးတတ်ပေမဲ့ တွေးစတာလေးကို လေးစားရပါသော သင်ဆရာ မြင်ဆရာ ၀ါသနာတူများကို ရေးချပြတာဖြစ်လို့ အမှားအယွင်းရှိပါက လွင်ပြင်ကို နားလည်ပေးနိုင်ကြပါစေ)

လွင်ပြင်လှိုင်းငယ်

လက်စွမ်းပြနေသူများ

You can replace this text by going to "Layout" and then "Page Elements" section. Edit " About "

Blogger templates

ဆုံဆည်းရာလေး

သူတို့ရဲ့ အမြင်လေးများ

အဖြူရောင်သံဇဉ်

Powered by Blogger.

ရေးခဲ့သမျှ မှတ်တမ်း